ဓမ္မရာဇဝင်စတုတ္ထစောင် - ၈

ရှုနင်မြို့သူပြန်လာခြင်း
1တစ်ဖန် ဧလိရှဲသည် အထက်က အသက်ရှင်စေသော သူငယ်၏အမိကိုခေါ်၍၊ သင်သည် အိမ်သူအိမ်သားနှင့်တကွ ထသွားလော့။ တည်းခို၍နေနိုင်သောအရပ် တစ်စုံတစ်ရပ်၌ တည်းခို၍နေလော့။ ထာဝရဘုရားသည် အစာခေါင်းပါးရာကာလကို မှာလိုက်တော်မူပြီ။ တစ်ပြည်လုံး၌ ခုနစ်နှစ်ခေါင်းပါးလိမ့်မည်ဟု သတိပေး၏။ 2ထိုမိန်းမသည် ဘုရားသခင့်လူ၏စကားကို နားထောင်သဖြင့်၊ အိမ်သူအိမ်သားတို့နှင့်တကွ သွား၍ ဖိလိတ္တိပြည်၌ ခုနစ်နှစ်နေ၏။ 3ခုနစ်နှစ်စေ့သောအခါ၊ ဖိလိတ္တိပြည်မှပြန်လာ၍ ကိုယ်အိမ်၊ ကိုယ်မြေကိုရအံ့သောငှာ အသနားတော်ခံမည့်အကြံနှင့် ရှင်ဘုရင်ထံသို့ သွား၏။ 4ထိုအခါ ရှင်ဘုရင်သည် ဘုရားသခင့်လူ၏ကျွန်ဂေဟာဇိနှင့်နှုတ်ဆက်လျက်၊ ဧလိရှဲပြုသောအံ့ဩဖွယ်သော အမှုအလုံးစုံတို့ကို ပြောပါလော့ဟု မိန့်တော်မူ၍၊ 5ဧလိရှဲသည် သေသောသူ အသက်ရှင်စေကြောင်းကို ဂေဟာဇိသည် ပြန်လျှောက်စဉ်တွင်၊ အသက်ရှင်စေသော သူငယ်၏အမိသည် ကိုယ်အိမ်၊ ကိုယ်မြေကိုရအံ့သောငှာ အသနားတော်ခံလေ၏။ ဂေဟာဇိကလည်း၊ အရှင်မင်းကြီး၊ ဤမိန်းမကား ယခုပြောသောမိန်းမ၊ ဤသူငယ်ကား ဧလိရှဲအသက်ရှင်စေသောသူငယ်ဖြစ်ပါသည်ဟု လျှောက်လျှင်၊ 6ရှင်ဘုရင်သည် မိန်းမကိုမေး၍ မိန်းမလည်းသက်သေခံ၏။ ထိုအခါရှင်ဘုရင်က၊ သူ၏ဥစ္စာရှိသမျှကိုလည်းကောင်း၊ ပြည်တော်က ထွက်သောနေ့မှစ၍ ယခုတိုင်အောင် သူ့မြေ၌ဖြစ်သမျှကိုလည်းကောင်း ပြန်ပေးစေဟု မိန့်တော်မူလျက်၊ သူ၏အမှုကို စောင့်စေခြင်းငှာ အရာရှိတစ်ယောက်ကို ခန့်ထားတော်မူ၏။
ဧလိရှဲနှင့်ရှုရိဘုရင်ဗင်္ဟာဒဒ်
7တစ်ဖန် ဧလိရှဲသည် ဒမာသက်မြို့သို့သွား၏။ ထိုအခါ ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် နာနေ၏။ ဘုရားသခင်၏လူရောက်ကြောင်းကို နားတော်လျှောက်လေသော်၊ 8ဟာဇေလကိုခေါ်၍၊ သင်သည် လက်ဆောင်ကိုဆောင်လျက် ဘုရားသခင်၏လူကို ခရီးဦးကြိုပြုပြီးလျှင်၊ ငါသည်ဤအနာမှ ထမြောက်မည်လောဟု သူအားဖြင့် ထာဝရဘုရားကို မေးလျှောက်လော့ဟု စေလွှတ်သည်အတိုင်း၊ 9ဟာဇေလသည် ကုလားအုတ်လေးဆယ်အပေါ်မှာ ဒမာသက်ဥစ္စာများကိုတင်၍၊ လက်ဆောင်ကိုဆောင်သဖြင့်၊ ဘုရားသခင်၏လူကို ခရီးဦးကြို ပြုခြင်းငှာသွား၍ ရှေ့တော်၌ရပ်လျက်၊ ကိုယ်တော်၏သား ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်က၊ ငါသည် ဤအနာမှထမြောက်ရမည်လောဟု မေးမြန်းစေခြင်းငှာ၊ ကျွန်တော်ကိုစေလွှတ်ပါသည်ဟု ဆို၏။ 10ဧလိရှဲကလည်း၊ အကယ်စင်စစ် ကိုယ်တော်သည် ထမြောက်နိုင်ပါ၏ဟု ပြန်လျှောက်လော့။ သို့သော်လည်း ဆက်ဆက်သေရမည်အကြောင်းကို ထာဝရဘုရားသည် ငါ့အားပြတော်မူပြီဟုဆိုလျက်၊ 11စေ့စေ့ကြည့်ရှု၍ ဟာဇေလသည်မျက်နှာပျက်လေ၏။ ဘုရားသခင်၏လူသည်လည်း မျက်ရည်ကျ၏။ 12ဟာဇေလကလည်း၊ သခင်သည် အဘယ်ကြောင့် မျက်ရည်ကျတော်မူသနည်းဟု မေးလျှင် ဧလိရှဲက၊ သင်သည် ဣသရေလအမျိုးသားတို့၌ ပြုလတ္တံ့သောဘေးဥပဒ်တည်းဟူသော သူတို့၏ရဲတိုက်များကို မီးရှို့ခြင်း၊ လုလင်များကို ဓားနှင့်သတ်ခြင်း၊ သူငယ်များကို မြေပေါ်မှာ ဆောင့်ဖွပ်ခြင်း၊ ကိုယ်ဝန်ဆောင်သောမိန်းမများ၌ ဝမ်းခွဲခြင်းကို ပြုလိမ့်မည်ဟု ငါသိမြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြောသော်၊ 13ဟာဇေလက၊ ကိုယ်တော်ကျွန်သည် ခွေးဖြစ်လျက်နှင့် ဤမျှလောက်ကြီးသောအမှုကို ပြုရပါလိမ့်မည်လောဟု မေးပြန်သော်၊ ဧလိရှဲက၊ သင်သည် ရှုရိနိုင်ငံကို စိုးစံရလိမ့်မည်အကြောင်းကို ထာဝရဘုရားသည် ငါ့အားပြတော်မူပြီဟုဆို၏။ 14ဟာဇေလသည်သွား၍ မိမိသခင့်ထံသို့ရောက်သောအခါ၊ သခင်က၊ ဧလိရှဲသည် အဘယ်သို့ဆိုသနည်းဟုမေးလျှင်၊ ကိုယ်တော်သည် အနာမှဆက်ဆက်ထမြောက်တော်မူမည် ဆိုပါသည်ဟု လျှောက်လေ၏။ 15နက်ဖြန်နေ့၌ ဟာဇေလသည် သိုးမွေးအဝတ်ကို ရေ၌နှစ်ပြီးလျှင်၊ ရှင်ဘုရင်၏ မျက်နှာကိုဖုံးအုပ်သဖြင့်၊ ရှင်ဘုရင်သေ၍ ဟာဇေလသည် နန်းထိုင်လေ၏။
ယုဒဘုရင်ယဟောရံ
(၆ရာ၊ ၂၁:၁-၂၀)
16ဣသရေလရှင်ဘုရင် အာဟပ်သားယောရံ နန်းစံငါးနှစ်တွင်၊ ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟောရံသည် နန်းထိုင်လေ၏။ 17အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ ယေရုရှလင်မြို့၌မင်းပြု၍ ရှစ်နှစ်စိုးစံ၏။ 18အာဟပ်သမီးနှင့် စုံဖက်သဖြင့်၊ ဣသရေလရှင်ဘုရင်တို့လိုက်ရာလမ်းသို့ အာဟပ်အမျိုးကဲ့သို့လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ 19သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိသောသားမြေးတို့၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ကတိတော်ရှိသောကြောင့်၊ ဒါဝိဒ်၏ မျက်နှာကိုထောက်၍၊ ယုဒပြည်ကိုမဖျက်ဆီးဘဲ ထားတော်မူ၏။ 20ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သည် ယုဒရှင်ဘုရင်ကိုပုန်ကန်၍ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ 21ယဟောရံမင်းသည် ရထားစီးသူရဲအပေါင်းတို့နှင့်တကွ၊ ဇာဣရမြို့သို့စစ်ချီ၍ ညအခါဝိုင်းသော ဧဒုံလူများ၊ ရထားအုပ်များကို လုပ်ကြံသဖြင့်၊ ဧဒုံလူတို့သည် မိမိတို့နေရာသို့ပြေးကြ၏။ 22သို့သော်လည်း၊ ဧဒုံပြည်သည် ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန်၏။ ထိုကာလ၌လိဗနပြည်သည်လည်း ပုန်ကန်၏။ 23ယဟောရံပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ 24ယဟောရံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာခဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ယုဒဘုရင်အာခဇိ
(၆ရာ၊ ၂၂:၁-၆)
25ဣသရေလရှင်ဘုရင် အာဟပ်သားယောရံ နန်းစံဆယ်နှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ယဟောရံသား အာခဇိသည် နန်းထိုင်လေ၏။ 26အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊ မင်းပြု၍ ယေရုရှလင်မြို့၌ တစ်နှစ်စိုးစံ၏။ မယ်တော်ကား၊ ဣသရေလရှင်ဘုရင်ဩမရိမြေး အာသလိအမည်ရှိ၏။ 27အာခဇိသည် အာဟပ်၏သမက်ဖြစ်သဖြင့်၊ အာဟပ်အမျိုးလိုက်ရာလမ်းသို့ လိုက်၍၊ အာဟပ်အမျိုးကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ 28အာဟပ်၏သားယောရံနှင့် ဝိုင်းလျက်၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိရှင်ဘုရင်ဟာဇေလကို တိုက်ရာတွင် ရှုရိလူတို့သည် ယောရံကိုထိခိုက်ကြ၏။ 29ထိုသို့ ရာမုတ်မြို့၌ ရှုရိဘုရင်ဟာဇေလကိုတိုက်၍၊ ရှုရိလူထိခိုက်သောအနာပျောက်စေခြင်းငှာ၊ ယောရံမင်းကြီးသည် ယေဇရေလမြို့သို့ ပြန်သွား၍ နာလျက်နေစဉ်တွင်၊ ယုဒရှင်ဘုရင်ယဟောရံသားအာခဇိသည်လည်း၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်းငှာ ထိုမြို့သို့ ဆင်းသွားလေ၏။

ဓမ္မရာဇဝင်စတုတ္ထစောင် - ၈ (အနက်ဖွင့်)

၁၁။ ဆင်းရဲသားရှုနင်သားတို့ ပြန်လည်နလံထလာခြင်း (:)

:  ထိုပြည်တွင် မိုးခေါင်၍ အစာရေစာငတ်မွတ် ခေါင်းပါးခြင်း (၇)နှစ်ကျရောက်သည် (၄:၃၈)တွင် ပါရှိသည့် ငတ်မွတ်ဘေးဖြစ်နိုင်သည်)။ ဧလိရှဲက ကြိုတင်သတိပေးထားသည့် အတိုင်း ဧလိရှဲ အသက်ပြန်ရှင်စေသော ကလေး၏ မိသားစုသည် ဖိလိတ္တိပြည်သို့ သွားရောက်ပုန်းရှောင်ကြသည်။ ငတ်မွတ်ဘေးကုန်လွန်သောအခါ မိမိပြည်သို့ ပြန်လာကြသည်။ ထိုကာလတွင် ဧလိရှဲ၏ ကျွန် ဂေဟာဇိသည် ဘုရင့်နန်းတော် တွင်ရှိသည်။ ဧလိရှဲက သေသွားသောကလေး၏ အသက်ပြန်ရှင်ကြောင်း ဣသရေလ ဘုရင်အား လျှောက်လဲနေစဉ် ထိုသားအမိလည်း ရောက်လာကြသည်။ (နှစ်အတွင်း ပြည်ပသို့ ထွက်သွားစဉ် ကျန်ရစ်ခဲ့သော မိမိပစ္စည်းများ ပြန်လည်ရရှိလိုကြောင်း လျှောက်လဲရာ ဘုရင်မင်းကလည်း ပြန်လည်ပေးအပ်သည်။

 

၁၂။ ဟာဇေလမင်းအား ဧလိရှဲပရောဖက်ပြုခြင်း (:၁၅)

:၁၂  ရှုရိဗိုလ်ချုပ်နေမန်သည်  ဧလိရှဲထံသို့ ရောက်သောအခါ ဧလိရှဲက အနာရောဂါ ကင်းငြိမ်း စေခဲ့ဘူးသဖြင့် (အခန်း ၅) ယခုရှုရိဘုရင် ဗင်္ဟာဒဒ် နာမကျန်းဖြစ်နေသည့်အခါတွင် ထိုနည်းတူ အနာရောဂါ ကင်းငြိမ်းစေပေးရန် ဗင်္ဟာဒဒ်သည် တပည့် ဟာဇေလအား ဆုလက်ဆောင်ကြီးများနှင့် အတူ ဒမာသက်မြို့ရှိ ဧလိရှဲထံသို့ စေလွှတ်သည်။ ဟာဇေလက သူ့သခင် ဗင်္ဟာဒဒ်မင်း ပြန်လည်ကျန်းမာလာမည့် အရေးမေးမြန်းရာ နေကောင်းသွားမှာပါ ဟု မဆိုင်းမတွ ဖြေလိုက်သည်။ ဆက်ဆက်သေရမည့်အကြောင်းကို ထာဝရဘုရား ပြတော်မူပြီဟု ဆက်ဆိုသည်။ ထိုစကား၏ အဓိပ္ပါယ်မှာ ဗင်္ဟာမင်းသည် ပြန်လည်နေကောင်း ကျန်းမာလာမည် ဖြစ်သော်လည်း ဟာဇေလက လုပ်ကြံသတ်ဖြတ်မည့်အကြောင်း ပရောဖက်ပြုခြင်း ဖြစ်သည်။ ဧလိရှဲသည် ဟာဇေလ၏ မျက်နှာကို စေ့စေ့ကြည့်လျှက် မျက်နှာညှိုးရော်သည်။ ထို့သို့ မျက်နှာ မသာမယာ ဖြစ်ခြင်းမှာ ဟာဇလက ဣသရေလ ကလေးသူငယ်များ ရက်စက်စွာ ဆောင့် ဖွပ်ကြ၍ ကိုယ်ဝန်ဆောင် မိန်းမ ဗိုက်ခွဲခြင်း ပြုလုပ်မည်ကို ကြိုတင်သိမြင်သည်။

:၁၃၁၅ ဟာဇေလက သူသည် ခွေးဖြစ်ပါလျှက် ထိုမျှကြီးမားသော အမှုအရာကို အဘယ်သို့ ပြုနိုင်မည်နည်းဟု ပြန်မေးသည်။ William က ဤသို့ရှင်းပြသည်။

ကျွန်ုပ်သည် လမ်းဘေးခွေးဝဲစားဖြစ်ပါလျှက် ရှုရိပြည်ရာဇပလ္လင်ပေါ်သို့ အဘယ်သို့ စိုးစံနိုင်မည် နည်း။ ထိုမျှကြီးမြတ်သော ရာထူးစည်းစိမ်မည်သို့ ခံနိုင်မည်နည်း။၁၀

ဟာဇေလသည် ရှရိဘုရင်ဖြစ်လာမည့် အကြောင်းဘုရားသခင်က ဧလိရှဲအား ကြိုတင်ပြောပြပြီး ဖြစ်သည်။ ဟာဇေလသည် နန်းတော်သို့ ပြန်ရောက်သော် ဗင်္ဟာဒဒ်မင်းအား ပြန်လည်နေကောင်း ကျန်းမာမည်ဟု နှုတ်မှပြောလျှက် စိတ်ထဲတွင်မူ ကြိတ်ကြံနေသည်။ နောက်တနေ့သော် သိုးမွှေးစောင်ထူကို ရေတွင်စိမ်လျှက် ဘုရင့်မျက်နှာကို အုပ်ပြီး အသက်ရှုကြပ်အောင် ဖိသတ်ပစ်သည်။

ဧလိရှဲ၏ ပရောဖက်ပြုချက်များသည် တခုပြီးတခု ပြည့်စုံလာကြောင်း အောက်ပါကျမ်းပိုဒ်များတွင် တွေ့နိုင်သည်။

ဗင်္ဟာဒဒ်မင်းကို စောင်ဖိအုပ်သတ်ပြီးနောက် ဟာဇေလသည် ရာမုတ်၊ ဂိလဒ်အရပ်တွင် ယောရံနှင့် အာခရိတို့၏ တပ်ပေါင်းစုကို တိုက်ခိုက်သည် (:၂၈၊ ၂၉၊ :၁၄၁၅) ယေဟုမင်းကိုလည်း တိုက်ခိုက်အောင် မြင်ရာ မြောက်ပိုင်းတွင် ဗာရှန်၊ တောင်ပိုင်းတွင် အာနုန်ထိ ယော်ဒန်မြစ်တလျှောက် တိုင်းပြည်ကျယ်ဝန်းသွားသည် (၁၀:၃၂၃၃) ယေဟု၏ လက်ထောက် ယောခတ် (Jehoahaz) အုပ်စိုးစဉ် တဖန် ထပ်မံတိုက်ခိုက်ပြန် သည် (၁၃:၃၊ ၂၂၊ ၂၃) အနောက်တောင်ပိုင်းရှိ ပါလက်စတိုင်းဒေသရှိ ဂဒ်လူမျိုးများကိုလည်း တိုက်ခိုက် အောင်မြင်သည်။ ယေရုရှလင်ကိုလည်း တိုက်ခိုက်သိမ်းပိုက်ဖို့ စစ်ပြင်ဆင်နေစဉ် ယုဒဘုရင် ရွှေငွေ လက်ဆောင်များ လာဘ်ထိုးလိုက်သောကြောင့် တကယ်မတိုက်ဖြစ် (၁၂:၁၇၁၈၊ ၆ရာ ၂၄:၂၃၊၂၄) ဟာဇေလမင်း လွန်၍ ဟာဇေလ၏သား တတိယဗင်္ဟာဒဒ်မင်း လက်ထက်တိုင်အောင် ဣသရေလတို့သည် ရှုရိတို့၏ စောင့်ကြည့်လက်အောက်ခံနိုင်ငံဖြစ်ခဲ့သည် (၄ရာ ၁၃၂၄၊၂၅)၁၁

 

(ယုဒဘုရင်ယောရံ (:၁၆၂၄)

ယောရှဖတ်၏သားယောရံ (Jehoram သို့ Joram) သည် ဘီစီ ၈၅၃-၈၄၁ တွင် ()နှစ်ကြာ ယုဒဘုရင် အဖြစ် စိုးစံသည်။ (၆ရာ ၂၁:၄-၂၀ နှင့် ယှဉ်ဖတ်ပါ)။

:၁၆၁၇  အပိုဒ်ငယ် ၁၆ ကို ၃ ရာ ၂၂:၄၂၊ ၅၁:၂၊ ၄ရာ ၃:၁၊ ၄ရာ ၈:၂၅ တို့နှင့် ယှဉ်ဖတ်ရသည်။ ယောရံသည် ဖခင်ယောရှဖတ်နှင့် အတူ ()နှစ်တွဲဘက် ဘုရင်အဖြစ် နန်းစံခဲ့သည်။ နောက်တချက်မှာ ယောရှဖတ်သည် တိုင်းပြည်ကိုလည်း နယ်မြေကန့်သတ် အုပ်စိုးနိုင်သည်။ ထို့ကြောင့် ဟာဇိယနှင့် ယောရံ နန်းသက်ရေတွက်ရာတွင် ယောရှဖတ်၏ နန်းသက်ထဲတွင် ပါဝင်နေသည်ကို သတိပြုရမည်။

:၁၈၁၉  ယောရံ သည် အာဟပ်၏ သမီး အာဿလိ အပြင် ယေဇဗေလ နှင့်လည်း စုံဖက်သည်။ အာဟပ်သမီးနှင့် စုံဖက်ခြင်းသည် တပြည်နှင့် တပြည် သံတမန်ဆက်သွယ်ခြင်း အဖြစ် ဖခင်ယောရှဖတ် အကြံအစည်ဖြစ်ကြောင်း ထင်ရှားသည်။ မည်သို့ပင်ဖြစ်စေ ထိုသို့တပါးအမျိုးသားနှင့် အိမ်ထောင်ပြုခြင်းသည် မြောက်ပိုင်း ဣသရေလနိုင်ငံသားများကဲ့သို့ ဘုရားသခင်ရှေ့၌ ရုပ်တုကိုးကွယ်ခြင်း ဒုစရိုက်ပြုခြင်း ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်သည် ဒါဝိဒ်မင်းထံသို့ သားမြေးတို့၏ မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ကတိတော်ပြုခဲ့သောကြောင့် ယုဒပြည်ကို မဖျက်ဆီးဘဲ ချန်ထား၏ (၃ရာ ၇:၁၂-၁၆)။

:၂၀၂၄  ယောရံမင်းလက်ထက်တွင် ဧဒုံလူများသည် ပုန်ကန်သောင်းကျန်း ကြသည်။ ပြီးတဖက်သက် လွတ်လပ်ရေး ကြေညာသည်။ သူပုန်များ အား နှိမ်နှင်းရန် ဇာဣရမြို့သို့ ယောရံမင်းချီတက် စခန်းချစဉ် ညအချိန်တွင် ဧဒုံသားများက ဝိုင်းဝန်းကြသည်။ ယောရံမင်းက တိုက်ခိုက်နှိမ်နှင်းရာ ဧဒုံလူများသည် ခွေးပြေးဝက်ပြေး ပြေးကြပြန်သည်။ ထိုအချိန်မှစ၍ ဧဒုံလူများသည် ယုဒလူများအား စစ်ဦးကျိုးသွားသည်။ ထိုအဖြစ်အပျက်မှာ ပရောဖက် သြဗဒိက ယောရံမင်းအား ဧဒုံမင်းတို့ ပုန်ကန်မည့် အကြောင်း ပရောဖက်ပြုချက် ပြည့်စုံခြင်းဖြစ်နိုင်သည်။

ဖိလိတ္တိပြည်အနီး လိဗနအရပ်တွင်လည်း ပုန်ကန်ခြားနားမှုရှိသည်။ ထိုသို့ အရပ်ရပ်တွင် ပုန်ကန်သောင်းကျန်းခြင်းမှာ ယုဒမင်းအုပ်ချုပ်မှု ညံ့ဖျင်းသည့် နိမိတ်လက္ခဏာဖြစ်သည်။ လိဗနသည် လေဝိမြို့ဖြစ်သည်။ ထို့သို့ ပုန်ကန်ခြားနားသည့် အကြောင်းကို ၆ရာ ၂၁:၁၀-၁၁ တွင် တွေ့ရသည်။ နောက်ပိုင်းတွင်မူ ယုဒတို့ ထိန်းချုပ်နိုင်ကြသည် (၁၉:၈)။

 

()  ယုဒဘုရင် အာခဇိ (:၂၅၂၉)

ယောရံ၏သား အာခဇိသည် ဘီစီ ၈၄၁ ခုနှစ်တွင် တစ်နှစ်ကြာ ယုဒရှင်ဘုရင် အဖြစ် စိုးစံခဲ့သည် (၆ရာ ၂၂:၁-၉)

:၂၅၂၇  အာခဇိသည် သြမရိ၏မြေး အာသလိ၏သား ဖြစ်သည်။ ဤအာခဇိသည် ၆ရာ ၂၁ နှင့် ၂၂:၆ တို့တွင် ပါရှိသည့် အာခဇိနှင့် အတူတူဖြစ်သည်။ ဣသရေလဘုရင် ယောရံ၏မြေးလည်း တော်စပ်သည်။ မယ်တော်အာသလိသည် အာဟပ်မင်း၏ သမီးနှင့် ဣသရေလယောရံ၏နှမ ဖြစ်သည်။ နာမည်တူရှိသောကြောင့် သမိုင်းတွင် မှတ်ရခက်ပြီး ရှုပ်ရှက်ခက်တတ်သည်။ ဣသရေလဘုရင် အာဟပ်မင်း၏ သားတော်နှစ်ပါး အာခဇိနှင့် ယောရံသည်လည်း ရှင်ဘုရင်ဖြစ်လာကြသည်။ ယုဒဘုရင် ယောရှဖတ်တွင်လည်း ယောရံဟူသော သားတော်ရှိ၍ ခမည်းတော်နောက်တွင် နန်းတက်သည်။ ဤယောရံ၏ ရာဇပလ္လင်ကို သားတော်အာခဇိက နန်းထီးနန်းမွေ ဆက်ခံသည်။ သို့ဖြင့် ဣသရေလပြည်တွင် အာခဇိနှင့် ယောရံ နန်းစံချိန်တွင် ယုဒပြည်၌လည်း ယောရံနှင့် အာခဇိထီးနန်း ပြိုင်စိုးစံကြသည်။

 

ဣသရေလ                                                                                          ယုဒ

အာခဇိ                                                                                               ယောရံ

ယောရံ                                                                                               အာခဇိ

 

ယုဒဘုရင် အာခဇိသည် ထီးနန်းတက်ချိန်တွင် အသက်(၂၂)နှစ် ရှိသည်ဟုဆို၍ ၆ရာ ၂၂:၂ တွင်မူ (၂၄)နှစ်ဟု မှတ်တမ်းတင်ထားသည်။ (၂၂)နှစ် မှန်ဖို့များသည်။ အခြားကျမ်းပိုဒ်များသည် စာကူးယူစဉ် မှားယွင်းခြင်း ဖြစ်သည်ဟု ယူဆရပါသည်။

:၂၈၂၉  အာခဇိမင်းသည် ဦးလေးတော်စပ်သူ ဣသရေလဘုရင် ယောရံနှင့် လက်တွဲ၍ ရာမုတ်ဂိလဒ် ဒေသတွင် ရှုရိလူများကို တိုက်ခိုက်ကြသည်။ ယောရံမင်း သည် တိုက်ပွဲတွင် ဒဏ်ရာရရှိသဖြင့် ယေဇရေလ၌ ဆေးဝါးကုသရသည်။ အာခဇိမင်းက သွားရောက်ကြည့်ရှု အားပေးသည်။ ယောရံ၏ခမည်းတော်သည် ထိုရာမုတ် ဂိလဒ်တွင် သေဆုံးခဲ့ဘူးသည် (၃ရာ ၂၂)။ အာခဇိ၏ဘိုးတော် ယောရှဖတ်သည် မလိမ်မိုးမလိမ္မာ အာဟပ်မင်းနှင့် ပေါင်းဖက်၍ စစ်တိုက်သဖြင့် ထိုရာမုတ်ဂိလဒ် ဒေသတွင် အသက်ဖက်နှင့် ထုပ်၍ ပြေးခဲ့ရဘူးသည်။ သူကိုယ်တိုင် ဣသရေလဘုရင်များနှင့် မဟာမိတ်ပြု ပေါင်းဖက်၍ စစ်တိုက်ပြန်သဖြင့် နောင်တွင်ကျဆုံးကြောင်း တွေ့ရမည် (အခန်း ၉၊၁၀)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။