ဓမ္မရာဇဝင်စတုတ္ထစောင် - ၂၂
ဓမ္မရာဇဝင်စတုတ္ထစောင် - ၂၂ (အနက်ဖွင့်)
(ဃ) ယောရှိဘုရင် (၂၂:၁–၂၃:၃၀)
အာမုန်ဘုရင်၏ သားတော် ယောရှိမင်း သည် ဘီစီ ၆၄၁-၆၀၉ ထိ နှစ်ပေါင်း (၃၁) နှစ်တိုင်အောင် ယုဒဘုရင် အဖြစ် နန်းစံခဲ့သည် (၆ရာ ၃၄-၃၅)။
၁။ ဗိမာန်တော်ပြုပြင်ခြင်း (၂၂:၁–၇)
၂၂:၁–၇ ယောရှိမင်းလက်ထက် တွင် ပရောဖက်ဇေဖနိ (ဇေ ၁:၁) နှင့် ပရောဖက် ယေရမီ (ယေ ၂၅:၃) ပေါ်ထွန်းကြသည်။ ပရောဖက် ဟဗက္ကုက်လည်း အဖျားမှီလိုက်သည်။ ယောရှိမင်းသည် ယုဒနိုင်ငံပြန်လည် ပြုပြင်သော နောက်ဆုံးဘုရင်ဖြစ်သည်။ ရုပ်တုဘုရား ကိုးကွယ်ခြင်းကို ဆန့်ကျင်ပြီး ယဇ်ပရောဟိတ်များအား ထာဝရဘုရားသခင်ထံသို့ ချဉ်းကပ်ကြဖို့ တိုက်တွန်းသည်။ နန်းစံ (၁၈)နှစ် ကာလအတွင်း၊ အသက်တော် (၂၆)နှစ်တွင် ဗိမာန်တော် ပြုပြင်မွမ်းမံခြင်း စတင်လုပ်ဆောင်သည်။ ဗိမာန်တော် ပြင်ဆင်ရေးရန်ပုံငွေများကို အလုပ်သမားနှင့် ပစ္စည်း ပစ္စယဝယ်ယူဖို့ အကုန်ပေးလိုက်သည်။ အထွေအထူး စီစစ်ကြပ်မတ်စီစစ်ခြင်းမပြု။ အဘယ်ကြောင့်ဆိုသော် လက်သမားနှင့် ပန်းရံသမားများသည် စာရင်းစစ်ဆေးစရာမလိုအောင် ဖြောင့်မတ်စိတ်ချရသည်။
၂။ ပညတ်တော်ကျမ်း ပြန်တွေ့ခြင်း (၂၂:၈–၂၀)
၂၂:၈–၂၀ ဗိမာန်တော်မွမ်းမံပြင်ဆင်နေစဉ် ယဇ်ပုရောဟိတ်ကြီး ဟိလခိက ကူးယူထားသော ပညတ်တော်ကျမ်းစာအုပ် (Pentateuch သို့မဟုတ် တရားဟောရာ ကျမ်းဖြစ်နိုင်သည်) ဗိမာန်တော်ထဲမှ ပြန်လည်တွေ့ရှိသည်။ သို့ဖြင့် ယောရှိမင်းကြီး ရှေ့တော်သို့ ယူဆောင်၍ ရွတ်ဖတ် ပြသည်။
၂၂:၁၁–၁၃ ယောရှိမင်းသည် ဘုရားသခင် စကားတော်များကို ကြားသိသောအခါ ဘိုးဘေးများ၏ မှားယွင်းချွတ်ချော်မှုများ၊ ရှေးလူများ၏လမ်းလွဲမှုများအတွက် ဝမ်းနည်းသဖြင့် ဝတ်လုံတော်ကို ဆုတ်ဖြဲလိုက်သည်။ ထိုကြောင့် ယုဒလူကြီးမင်း ငါးယောက်ကိုဆင်ခေါ်၍ ဘုရားသခင်၏ အမျက်ဒေါသကို မေးမြန်းစေတော်မူသည်။
၂၂:၁၄–၂၀ ထိုကာလ၌ ယေရုရှလင်မြို့ပင်၌ အချုပ်ဝန် ရှလ္လုံ၏မယား ပရောဖက်မ ဟုလဒ ရှိသည်။ ထိုလူကြီးမင်းများသည် ပရောဖက်ယေရမိထံသို၎င်း၊ ပရောဖက်ယေရမိ၏ ဒေါ်လေးတော်စပ်သူ (အငယ် ၁၄နှင့်ယေ ၃၂:၂၇ ကို ယှဉ်ဖတ်ပါ) ပရောဖက်မ ဟုလဒက ယောရှိမင်း၏ စိုးရိမ်မှုကို အတည်ပြုပေးသည်။ ယုဒလူမျိုးများသည် လမ်းလွဲသွားနေကြသောကြောင့် မကြာမီ အရေးယူခြင်းခံရမည်။ သို့သော်လည်း ယောရှိမင်းလက်ထက်တွင် မဟုတ်။ ယောရှိမင်း၏ အောက်ကျို့နှိမ့်ချမှုကြောင့် ယောရှိမင်းလွန်မှ ကျရောက်မည်ဟုဆိုသည်။
ယောရှိမင်းသည် နောင်တွင်တိုက်ပွဲ၌ ကျဆုံး (၂၃:၂၉) သော်လည်း ဤအရေးယူချက်နှင့် အကျုံးမဝင်။ အပိုဒ်ငယ် ၂၀တွင် “သင့်ကို ဘိုးဘေးစုဝေးရာ သို့ပို့ဆောင်၍ သင်သည်ငြိမ်ဝပ်စွာ သင်္ချိုင်းသို့ ရောက်ရလိမ့်မည်” ဟုကျမ်းစကား သက်သေရှိသည်။ သို့သော် ဤကျမ်းစကားသည် ဗာဗုလုန်ကို ဖျက်စီးခြင်းမှ လွတ်မြောက်ခြင်းကို ဆိုလိုသကဲ့သို့ ဘုရားသခင်ထံသို့ ငြိမ်သက်စွာ သေမည့်အကြောင်းလည်းဖြစ်နိုင်သည်။ (သာမန်လူများ သေသကဲ့သို့ မဟုတ်မည်မှာ သေချာသည်)။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။