၂ယော - ၁

1-2အသက်ကြီးသူသည် မြတ်သော သခင်မကိုလည်းကောင်း၊ သားသမီးတို့ကိုလည်းကောင်း ကြားလိုက်ပါ၏။ ငါတို့၌တည်၍ ငါတို့တွင် အစဉ်မပြတ်ရှိလတ္တံ့သော သမ္မာတရားကြောင့်၊ ငါမှစ၍ သမ္မာတရားကို သိသောသူအပေါင်းတို့သည်၊ သခင်မနှင့် သားသမီးတို့၌ မှန်ကန်သောချစ်ခြင်းမေတ္တာ ရှိပါ၏။- 3ခမည်းတော်ဘုရားထံတော်ကလည်းကောင်း၊ ခမည်းတော်၏ သားတော်ယေရှုခရစ် အထံကလည်းကောင်း၊ သမ္မာတရား၊ မေတ္တာတရားနှင့်တကွ၊ ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
သမ္မာတရားနှင့်မေတ္တာတရား
4ငါတို့သည် ခမည်းတော်ဘုရားထံ၌ ပညတ်တော်ကို ခံရသည်အတိုင်း၊ သင်၏သားသမီးအချို့တို့သည် သမ္မာတရား၌ ကျင်လည်၍ နေသည်ကို ငါတွေ့သောအခါ၊ အလွန်ဝမ်းမြောက်ခြင်း ရှိ၏။- 5ယခုတွင် ပညတ်တော်သစ်ကို မရေးဘဲလျက်၊ ငါတို့၌ ရှေ့ဦးစွာကပင်ရှိသော ပညတ်တော်ကိုရေးထား၍၊ သခင်မ၊ အချင်းချင်းချစ်ခြင်း မေတ္တာရှိကြကုန်အံ့ဟု ငါတောင်းပန်၏။- 6ပညတ်တော်တို့အတိုင်း ကျင့်စောင့်ခြင်းအရာသည် ချစ်ရာရောက်၏။ သင်တို့သည် ပညတ်တော်နှင့် အညီကျင့်မည်အကြောင်း၊ ရှေ့ဦးစွာကပင် သင်တို့ ကြားရသည်အတိုင်း၊ ပညတ်တော်သည် ထိုသို့သော သဘောရှိ၏။
7လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသောသူအများတို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူ ဖြစ်၏။ အန္တိခရစ်လည်း ဖြစ်၏။- 8ငါတို့သည် ကိုယ်ပြုစုသောအရာ မပျောက်မပျက်၊ စုံလင်သောအကျိုးကို ရမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြု၍ စောင့်ရှောက်ကြလော့။- 9ခရစ်တော်၏ဒေသနာ၌ မတည်ဘဲ လွန်ကျူးသောသူမည်သည်ကား၊ ဘုရားသခင်ကိုမသိ။ ခရစ်တော်၏ဒေသနာ၌ တည်သောသူသည် ခမည်းတော်နှင့် သားတော်ကိုသိ၏။- 10ထိုဒေသနာတော် မပါသောသူသည် သင်တို့ထံသို့လာလျှင်၊ သူ့ကို သင့်အိမ်၌ လက်မခံနှင့်။ မင်္ဂလာရှိစေသောဟု နှုတ်မဆက်နှင့်။- 11မင်္ဂလာရှိစေသောဟု ထိုသူကိုနှုတ်ဆက်လျှင်၊ သူ၏ဆိုးယုတ်သောအကျင့်တို့နှင့် ဆက်ဆံရာသို့ ရောက်၏။
နိဂုံးချုပ်စကား
12သင်တို့အား ငါရေးစရာအကြောင်း အများရှိသော်လည်း၊ စက္ကူပေါ်၌ မင်နှင့်ရေးခြင်းငှာ အလိုမရှိ၊ သင်တို့ဆီသို့ ငါလာ၍၊ အချင်းချင်း အားရဝမ်းမြောက်ခြင်း စုံလင်မည်အကြောင်း၊ သင်တို့နှင့် နှုတ်ဆက်၍ စကားပြောမည်ဟု မျှော်လင့်လျက်နေ၏။- 13သင်၏မြတ်သောညီမ၏ သားသမီးတို့သည် သင့်ကို နှုတ်ဆက်ကြ၏။
ရှင်ယောဟန်ဩဝါဒစာဒုတိယစောင်ပြီး၏။

၂ယော - ၁ (အနက်ဖွင့်)

၁။  တမာန်တော်၏ နှုတ်ဆက်ပဏ္ဍာ ကျေးဇူးတော် ကရုဏာတော်နှင့် ငြိမ်သက်ခြင်း( :)

:    ရှင်ယောဟန်က သူ့ကိုယ်သူ သင်းအုပ်သဖွယ်မိတ်ဆက်ထားသည်။ ထိုလေသံအရ အသင်းတော်တွင် သင်းအုပ် သို့မဟုတ် မိဘဖြစ်နိုင်ဖွယ်ရှိသည်။ ထိုကာလတွင် ရှင်ယောဟန်သည် သခင်ခရစ်တော်၏ နောက်ဆုံးလက်ကျန် တပည့် တော်ဖြစ်သည်။ ဂိုဏ်းအုပ် သို့မဟုတ် စောင့်ရှောက်သူ ဖြစ်တန်သည်။ သို့သော် အဘယ်ရာထူးက အမှန်ဖြစ်သည်ကိုတော့ ပြောစရာမလိုပါ။

ကျမ်းစာပါ မြတ်သောသခင်မ ကိုရှင်းပြရန် မလွယ်သော်လည်း (၃)မျိုး ဖြင့်တင်ပြလိုသည်။

(၁) အချို့က မြတ်သောသခင်မ ဆိုသည်မှာ ခရစ်တော်၏ သူတို့သမီးဟုခေါ်သော ဒေသန္တရ အသင်းတော် ဖြစ်သည်ဟု ယူဆကြသည်။

(၂)  နောက်တစ်ချက်မှာ” the elect kyria ” ဖြစ်သည်။ နာမည်ကိုက kyria ဖြစ်သည်။ ထိုနာမည်သည် ဂရိနှင့် အာရမီ ဘာသာစကားဖြင့် Martha ကို ခေါ်ခြင်းဖြစ်၍ နှစ်ခုစလုံး ” Lady ” ဟု အဓိပ္ပါယ်ရသည်။

(၃)  နောက်တစ်ခုမှာဘုရားသခင်ရွေးကောက်ထားသောယုံကြည်သူ ခရစ်အမျိုးသမီးတစ်ဦးဦး၏ နာမည်ဖြစ်မည်ဟု ယူဆကြသည်။ ကမ္ဘာမတည်ရှိမီကတည်းက ခရစ်တော်၌ ရွေးကောက်ထားသူဖြစ်မည်။

နောက်ဆုံး ထင်မြင်ယူဆချက်ကို သဘောတူချင်ပါသည်။ ဆိုလိုသည်မှာ နောင်အခါပေါ်လာမည့် အန္တီခရစ်ယာန် မိစ္ဆာဒိဋ္ဌိများကို သတိပေးခြင်း ဖြစ်နိုင်သည်။ စာတန်မာရ်နတ်သည် မိန်းမသား ဧဝအား လိမ်ညာခြင်းဖြင့် ဤလောကသို့ ဒုစရိုက်အဖြစ် စတင်ဝင်ရောက်စေခဲ့သည်။ ” အာဒံသည် လှည့်ဖြားခြင်းကို မခံ၊ မိန်းမသည် လှည့်ဖြား ခြင်းကို ခံ၍ လွန်ကျူး၏။ ”(၁ တိ ၂:၁၄)။ ရှင်ပေါလုကလည်း မိစ္ဆာဒိဋ္ဌိများအား သတိထားရမည့် အကြောင်းကို ”ဒုစရိုက် အပြစ်ကိုထမ်းရွက်၍ အထူးထူးအခြားခြားသော လောဘကိလေသာ သွေးဆောင်ရာသို့ လိုက်၍ အစဉ်သင့် သော်လည်း သမ္မာတရားကို လေ့ကျင့်ခြင်းသို့ အလျဉ်းမရောက်နိုင်သော မိန်းမမိုက်တို့ကို အိမ်ထဲသို့ဝင်၍ ဘမ်းသွားသောသူတို့ သည် ထိုသူတို့ အဝင်ဖြစ်ကြ၏။ ”(၂ တိ ၃:၆-၇)ဟုဆိုထားပါသည်။ ယနေ့ ခေတ်ကာလတွင်လည်း အိမ်ထောင်ဦးစီး ယောက်က်ျား အလုပ်သွားနေသည့်အချိန်တွင် အိမ်ထဲသို့ ဝင်ရောက်လာတတ်ကြသည်။ ထိုမိစ္ဆာဒိဋ္ဌိများနှင့် မပတ်သတ် စေရန် ကလေးငယ်များကို ထိန်းသိမ်းရမည်။

ရှင်ယောဟန်က ဤမြတ်သော သခင်မကို၎င်း၊ သားသမီးကို၎င်း တကယ်ချစ်မြတ်နိုးကြောင်း ရှင်းပြထားသည်။  အံ့ဩဖွယ်ရာ မိဿဟယအားဖြင့် မိမိကိုယ်ကို ကယ်တင်ခြင်းရရှိသူဟု ယူဆခြင်း၊ တစ်ခါမှ မေတ္တာမထား ရှိနိုင်သူများ ကိုလည်း မေတ္တာထားရှိခြင်းများသည် ဘုရားသခင်၏ သမ္မာတရားချစ်ခြင်းမဟုတ်ပါ။ ဘုရားသခင်ကို ယုံကြည်ခြင်း သည်စိတ်နှလုံးတလုံးတဝတည်းရှိခြင်းဖြစ်၍၊ထိုစိတ်နှလုံးအားလုံးသည် သမ္မာတရားကို နားလည် သိရှိကြသည်။

:     သမ္မာတရားကို ဤသို့ ရှင်းပြပါမည်။ သန့်ရှင်းသူများကို ချစ်ခင်သည့်ရည်ရွယ်ချက် သို့မဟုတ် ရှင်ယောဟန်၏ ဤဩဝါဒစာရေးသည့် သဘောထားမျိုးဖြစ်ချင်ဖြစ်မည်။ နှစ်ခုစလုံးလည်းဖြစ်နိုင်သည်။ သမ္မာတရားသည် ငါတို့၌တည်၍ ငါတို့တွင် အစဉ်မပြတ်ရှိလတ္တံ။ ဤနေရာတွင် သမ္မာတရားကို-

  • သခင်ယေရှုက ”ငါသည်သမ္မာတရားဖြစ်၏။ ”(ယော၁၄:၆)ဟုဆိုထားသည်။
  • သန့်ရှင်းသော ဝိညာဉ်တော်” ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၏”( ၁ယော ၅:၆၊ယော ၁၄:၁၆-၁၇)
  • သမ္မာကျမ်းစာ ” နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်၏။ (ယော ၁၇:၁၇)ဟုဆိုထားပါသည်။

ဤသမ္မာကျမ်းစာပါ (၃)ချက်ထက် ကမ္ဗည်းတင်စွဲမှတ်စရာမရှိတော့ပါ။ ထိုသမ္မာတရား(၃)ချက်သည် ငါတို့နှင့်အစဉ် မပြတ် ရှိပါစေ။

:” ကျေးဇူးတော်၊ကရုဏာတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသား” ဟုနှုတ်ခွန်းဆက်ထား ပါသည်။ ကျေးဇူးတော်သည် ကိုယ်တော်အား ဆန့်ကျင်ပုန်ကန်သူများနှင့် မသက်ဆိုင်ပါ။ ဂရုဏာတော်သည် အပြစ်သားများနှင့် ပျက်စီးသူများအား သနားခြင်းဖြစ်သည်။ ငြိမ်သက်ခြင်း သည်ကျေးဇူးတော်နှင့် ဂရုဏာတော်၏ စုပေါင်းအကျိုးဆက်ဖြစ်သည်။ ဤကောင်းကြီးမင်္ဂလာ (၃)ဖြာစလုံးသည် အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်၏ ပေးသနားဖြစ်သည်။ အဖဘုရားသခင်သည် စမ်းရေထွက်ဖြစ်၍ သားတော်သည် ရေပြွန်ဖြစ်သည်။ ထိုသခင်နှစ်ပါးသည် သမ္မာတရားနှင့်ယှဉ်၍ ချစ်မြတ်နိုးခြင်း ဖြစ်သောကြောင့် ထိုကောင်းကြီးမင်္ဂလာများသည် ဘယ်သောအခါမှ ယုတ်လျှော့ ကျဆင်းခြင်းမရှိနိုင်။

၂။  တမာန်တော်၏ပျော်ရွှင်ရာ နာခံသောသားသမီးများ( :)

          သားသမီးအချို့သည်  သမ္မာတရား၌ ကျင်လည်သည်ဟု ကြားရသောကြောင့် ဝမ်းသာသည်။ သမ္မာတရားသည် တချို့တစ်ဝက်ကိုသာ လိုက်နာဖို့မဟုတ်၊ အသက်တာတွင် အချိန်နှင့်အမျှ လိုက်နာကျင့်ကြံရန် ဖြစ်ပါသည်။ သခင်ယေရှု ကိုယ်တော်တိုင် လောကမှာ ရှိနေစဉ် ထိုအတိုင်းပြုကျင့်ခဲ့သည်မှာ နမူနာပြခြင်း ဖြစ်သည်။ ထို့ကြောင့်ခရစ်တော်နှင့် တူချင်လျှင် နေ့စဉ်အသက်တာတွင် သမ္မာတရားကို အပြည့်အဝ ကျင့်ကြံမွေ့လျော်ရသည်။

၃။  တမာန်တော်၏ညွှန်ကြားချက်ချစ်ခြင်းမေတ္တာခံယူခြင်း:)

          : အငယ်၅ မှ၉ ထိသည် ပထမဩဝါဒစာစောင်အား အကျဉ်းချုံး၍ပြန်လည်ရည်ညွှန်းသည်။ ဩဝါဒ စာစောင်တွင် အသက်တာကို ဆန်းစစ်ဖို့ သွန်သင်ခဲ့သည့်အတိုင်း ဤအပိုဒ်တွင်လည်း ပြန်လည်ဆန်းစစ်ရန် (၃)ကြိမ် တိုက်တွန်းထားပါသည်။

ချစ်ခြင်းမေတ္တာဆန်းစစ်ခြင်း (၁:၅)

နာခံမှုဆန်းစစ်ခြင်း( ၁:၆)

အခြေခံယုံကြည်မှု သဘောထားဆန်းစစ်ခြင်း( ၁:၉) တို့ဖြစ်သည်။

(:ဦးစွာယုံကြည်သူအချင်းချင်း မေတ္တာထားရှိဖို့ သွန်သင်ချက်ကို ဆန်းစစ်သည်။ ချစ်ခြင်းမေတ္တာ ဆိုသည်မှာ မိမိအကျိုးကို လုံးဝဖယ်ရှားပြီး သူတစ်ပါး၏ အကျိုးကို ဆောင်ရွက်လိုခြင်းသက်သက်ဖြစ်သည်။ ” ဘာရမည်လဲ” ဆိုခြင်းထက် ” ဘာပေးရမည်လဲ” ဆိုရသည်။ ပညတ်ချက်များကို လိုက်နာ စောင့်ထိန်းခြင်း ဖြစ်သည်။  တရားတော၌ ကျင်လည်ပြီး ၊ သွန်သင်ချက်များအား နာခံခြင်းမရှိလျှင် အလိုတော်နှင့်ညီသော ချစ်ခြင်းမေတ္တာမရှိနိုင်။

၄။  တမာန်တော်၏ပူပင်သောက အန္တီခရစ်နှင့်လိမ်ညာသူများ( :၁၁)

: ဤကျမ်းပိုဒ်သည် အခြေခံယုံကြည်ချက်အား ဆန်းစစ်ခြင်း ဖြစ်သည်။ အဓိကမေးခွန်းမှာ ” ဘုရားသခင်သည် ယေရှုခရစ်တော်အဖြစ် လူ့ဘဝကို ခံယူ၍ ဤလောကသို့ အမှန်တကယ်ရောက်လာပါသလား” ဟူသော အချက် ဖြစ်သည်။ အဖြေကတောပဲ့တင်သံ ထပ်အောင်” မှန်သည်” ဟုဖြေရပါမည်။ မိစ္ဆာဒိဋ္ဌိသမားများ က ခရစ်တော်သည် နာဇရက်သား ယေရှုထံသို့ အချိန်အကန့်အသတ်အားဖြင့် ပူးကပ်သည်ဟု ယုံကြည်လက်ခံကြသည်။ သမ္မာကျမ်းစာ ကမူ ယေရှုခရစ်တော် သည် ဘုရားသခင်၌ တည်ရှိသည်ဟု ဆိုထားပါသည်။

: ထို့ကြောင့်ကျမ်းစာက ” ကိုယ်ပြုစုသောအရာ မပျောက်မပျက်၊ စုံလင်သောအမျိုးကိုရမည့် အကြောင်း သင်တို့သည် ကိုယ်ကို သတိပြု၍ စောင့်ရှောက်လော့” ဟု သတိပေးသည်။ တနည်းပြောရလျှင် ခရစ်တော်အမှု၌ ခိုင်မြဲစွာရပ်တည်လျှင် ပင်ပန်းရကျိုးနပ်မည်ဖြစ်၍ ဆုလက်ဆောင်အပြည့်အဝခံစားရသည်။

: ခရစ်တော်၏ ဒေသနာတော်၌ မတည်ဘဲ၊ လွန်ကျူးသောသူ မည်သည်ကား၊ ဘုရားသခင်ကိုမသိ ဟူသောကျမ်းစကားသည် မှားယွင်းသောဆရာများကို ရည်ညွှန်းသည်။ လွန်ကျူးခြင်းဆိုသည်မှာ ရှိသင့်ရှိအပ်သော စည်း၏တစ်ဘက်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ ဘုရားသခင်နှုတ်ကပတ်တော်၌ ပါသောစကားများကို ဘာသာရေး သမားများက ဖော်ကျူးကြသည်။ ခရစ်တော်၏ ဗျာဒိတ်တော်နှင့် မူဝါဒတွင် မတည်ဘဲ အထူးသဖြင့် ခရစ်တော်၏ သွန်သင်ချက်များနှင့် တသဘောတည်း မရှိဘဲ သွန်သင်ကြသည်။ သမ္မာကျမ်းစာ တစ်အုပ်လုံးသည် ခရစ်တော် အကြောင်းသွန်သင်ခြင်း ဟုတ်ပါသလားဟု ကပ်သီးကပ်သတ် မေးတတ်သည့် ဘာသာရေးသမားများသည် ဘုရားကို သိကြသော်လည်း ယေရှုခရစ်၏ ဇာခံတိတော်ကိုမယုံကြည် ဘုရားသခင် အဖြစ် လက်မခံကြသည်။ ယေရှုခရစ်တော်သည် သားတော်ဖြစ်ကြောင်း ဘုရားသခင်သာလျှင် နားလည်သည်။ ” ငါကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံ သို့မရောက်နိုင်” (ယော ၊ ၁၄:၆)ဟု ယေရှုက ဆိုထားပါသည်။

          :၁ဝ၁၁ ဤဩဝါဒစာစောင်လုံး၏ အဓိကအနှစ်သာရဖြစ်သည်။ မှားယွင်းသောဆရာများကို ထောက်ပြသည်။ ထိုသူများကို ဧည့်ဝတ်ပြုရမည်လား။ ထောက်ပံ့ရမည်လားသူတို့ စာအုပ်များဝယ်ယူရမည်လား။ လက်မခံရပါ။  အားမပေးရပါ။ ထိုသူများသည် ခရစ်တော်၏ ရန်သူများဖြစ်သည်။ ထိုသူများအား ဧည့်ခံခြင်းသည် ရန်သူအားပေးရာ ရောက်ပါသည်။ တခါတရံကျွန်ုပ်တို့သည် ထိုလူမျိုးကိုမခွဲခြားတတ်ဘဲဧည့်ခံတတ်ကြသည်။ ထိုသို့ မသိနားမလည်၍ ဧည်ခံခြင်းကို အပြစ်ဟု မဆိုသာပါ။ မှားယွင်းသောဆရာမှန်းသိလျက်နှင့် ဧည့်ခံအားပေးလျှင် ဘုရားသခင်အား သစ္စာဖောက်ရာ ရောက်ပါသည်။ မယုံကြည်သူများ လည်း မကြာခဏ အိမ်လည်လာတတ်သည်။ ထိုသူတို့ကို ခရစ်တော်သို့ အနိုင်ယူခေါ်ဆောင်သွားသင့်သည်။ ဤနေရာတွင် ယေရှုခရစ်၏ ပကတိတော်နှင့် လူ့ဇာတိခံယူခြင်းကို ငြင်းပယ်သော မှားယွင်းသည့် ဆရာများအား C.F.Hogg ၏ရှင်းပြချက်ဝေငှလိုက်သည်။

”ခရစ်တော်၏ဇာတိတော်အား ဆန့်ကျင်နိုင်သည့် ကြီးမားသောအရာ မရှိလိုပစ်ပယ်နိုင်သည့် လွှမ်းမိုးသော အကြောင်းတရားလည်း မရှိနိုင်။

၅။  တမာန်တော်မြော်လင့်ချက်ပုဂ္ဂလိကခရီးစဉ် (:၁၂၁၃)

          :၁၂ မြတ်သော သခင်မအကြောင်းကို ပိုမိုပြောပြချင်သော်လည်း မျက်နှာချင်းဆိုင် တွေ့မှသာ ပြောပြမည်ဟု ဆိုကာ ရပ်ထားသည်။ စက္ကူကုန်မှင်ခန်း ရေးသားနေခြင်းထက် မျက်နှာချင်းဆိုင်ပြောဆိုခြင်းသည် ပိုမိုထိရောက် အကျိုးဖြစ်ထွန်းပါသည်။ ယခုအချိန်တွင် စိတ်ဖြင့်မှန်း၍ ကယ်တင်ရှင်အား ယုံကြည်ခြင်းဖြင့် ကိုးကွယ်ခြင်းထက် မျက်နှာချင်းဆိုင်ဖူးတွေ့ခြင်းသည် မည်မျှသာ၍ ကောင်းလေမည်နည်း။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် အမှန် တကယ်ပြည့်စုံလာ ပါမည်။

          :၁၃ သင်၏မြတ်သောညီမ၏ သားသမီးများတို့သည် သင့်ကိုနှုတ်ဆက်ကြသည်။ မည်သူတွေဖြစ်မည် ဟုအတိအကျမသိသော်လည်း တမာန်တော်ယောဟန် ရေးသားသည့်အတိုင်း အကောင်းဆုံးမှာ သခင်ဘုရားထံ၌ ထိုသူများကို ဝမ်းမြောက်ရွှင်လန်းစွာ တွေ့ကြရမည့် အကြောင်းဖြစ်သည်။

မှတ်စု

(V.1) ဂရိဝေါဟာရ (Eklekte,Electa) ကိုတစ်ဦးပိုင်နာမ်အဖြစ် ” Lady”ဟူသော စကားလုံးနှင့်တွဲကာ” Lady Electa”ဖြစ်လာသည်။

(V.3) အဓိကကျမ်း NU နှင့်အများစုကျမ်း M က”us” ဟုဆိုသည်။ you/we/,you/us,yours/our တို့သည်ဂရိဝေါဟာရ၌ တခုနှင့်တခု ဗျည်းတလုံးသာကွဲပြားသည်။ (V.8) ၌NUကwe မသုံးဘဲyou ဟုအသုံးပြုသည် ကိုကြည့်ပါ)။

(V.7) မိစ္ဆာဒိဋ္ဌိနှင့်ပတ်သက်၍ ကောလောသဲကျမ်းစာ နိဒါန်းကိုကြည့်ပါ။

(V.9) TR နှင့်အခြားအဓိကကျမ်းများသုံးသည့် ”transgresses”(parabainon) အစား NUကျမ်းက ”goes ahead” တနည်း” progresses”(proagon) ဟုအသုံးပြုသည်။

(v 10,11) C.F.Hogg,What Saith the Scriptures?,p.143.

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။