၂ကော - ၂

1ထိုမှတစ်ပါး၊ ဝမ်းနည်းခြင်းနှင့်တကွ သင်တို့ဆီသို့ နောက်တစ်ဖန် ငါလာမည်ဟု ငါစိတ်ပြဋ္ဌာန်းခဲ့ပြီ။- 2အကြောင်းမူကား၊ ငါသည် သင်တို့ကို ဝမ်းနည်းစေလျှင်၊ ထိုသို့ ဝမ်းနည်းစေသောသူတို့မှတစ်ပါး အဘယ်သူသည် ငါ့ကိုဝမ်းမြောက်စေမည်နည်း။- 3ငါဝမ်းမြောက်ခြင်း၏ အကြောင်းသည် သင်တို့ရှိသမျှ၏ ဝမ်းမြောက်ခြင်းအကြောင်းဖြစ်သည်ကို ငါသဘောကျသည်ဖြစ်၍၊ ငါရောက်သောအခါ ငါ့ကို ဝမ်းမြောက်စေအပ်သောသူတို့သည် ဝမ်းနည်းခြင်း အကြောင်းကို မပြုစေခြင်းငှာ၊ အထက်စာကို ငါရေး၍ ပေးလိုက်၏။- 4အလွန်ညှိုးငယ်ပူပန်သောစိတ်နှင့် မျက်ရည်အများကျလျက်၊ သင်တို့အား ငါရေး၍ ပေးလိုက်၏။ သင်တို့ကို စိတ်နာစေခြင်းငှာ ငါရေးသည်မဟုတ်။ ငါသည် သင်တို့အား အလွန်ချစ်သောမေတ္တာစိတ်ကို သင်တို့ သိစေခြင်းငှာ ငါရေး၏။
ပြစ်မှားသူကိုအပြစ်လွှတ်ခြင်း
5တစ်စုံတစ်ယောက်သောသူသည် ဝမ်းနည်းခြင်းအကြောင်းကို ပြုသည်မှန်လျှင်၊ သင်တို့တွင် အချို့သော သူတို့အားဖြင့်သာ ငါ့ကို ဝမ်းနည်းစေ၏။ သင်တို့ရှိသမျှကို ကျပ်တည်းစွာ မစီရင်လို။- 6အများသောသူတို့စီရင်သော ဒဏ်သည် ထိုသူ၏အပြစ်နှင့် တန်ပြီ။- 7သို့ဖြစ်၍ ထိုသို့သောသူသည် ဝမ်းနည်းခြင်း အားကြီးလျက်၊ မိန်းမောတွေဝေခြင်း မရှိစေခြင်းငှာ၊ သင်တို့သည် ခြားနားသောအားဖြင့် သူ၏အပြစ်ကို လွှတ်၍ သူ့ကိုနှစ်သိမ့်စေခြင်းငှာ ပြုသင့်၏။- 8ထိုကြောင့် သင်တို့သည် သူ့ကို အမှန်ချစ်ကြသည်ကို ထင်ရှားစွာပြမည်အကြောင်း ငါတောင်းပန်၏။- 9ထိုမှတစ်ပါး၊ သင်တို့သည် အရာရာ၌နားထောင်သည်၊ နားမထောင်သည်ကို ငါသိလို၍၊ သင်တို့ကို စုံစမ်းသောအားဖြင့် အထက်က ရေး၏။- 10အကြင်သူ၏အပြစ်ကို သင်တို့သည် လွှတ်၏၊ ထိုသူ၏အပြစ်ကို ငါသည်လည်း လွှတ်၏၊၊ အကြောင်းမူကား၊ ငါသည် တစ်စုံတစ်ယောက်သောသူ၏ အပြစ်ကို လွှတ်ဖူးလျှင်၊ သင်တို့ကိုထောက်၍ ခရစ်တော်၏အခွင့်နှင့် လွှတ်ဖူး၏။- 11သို့မဟုတ်လျှင်၊ စာတန်သည် ငါတို့ကိုနိုင်မည်ဟု စိုးရိမ်စရာရှိ၏။ သူ၏အကြံအစည်များကို ငါတို့သိကြ၏။
တရောမြို့တွင်စိတ်ပူပန်ရခြင်း
12ထိုမှတစ်ပါး၊ ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောခြင်းငှာ တရောမြို့သို့ ငါရောက်၍၊ သခင်ဘုရားသည် ငါ့အားတံခါးကို ဖွင့်တော်မူသောအခါ၊- 13ငါ့ညီတိတုကို ငါမတွေ့သောကြောင့် စိတ်မသက်သာသဖြင့်၊ ထိုသူတို့ကို အခွင့်ပန်ပြီးမှ မာကေဒေါနိပြည်သို့ ထွက်သွားလေ၏။
ခရစ်တော်၌အောင်မြင်ခြင်း
14ငါတို့သည် ခရစ်တော်နှင့်အတူ အောင်ပွဲကို အစဉ်ခံစေခြင်းငှာလည်းကောင်း၊ ထိုသခင်ကို သိခြင်း၏ အမွှေးအကြိုင်သည် ငါတို့အားဖြင့် အရပ်ရပ်တို့၌ နှံ့ပြားစေခြင်းငှာလည်းကောင်း၊ ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းရှိစေသတည်း။- 15အဘယ်သို့နည်း ဟူမူကား၊ ငါတို့သည် ကယ်တင်သော သူတို့၌လည်းကောင်း၊ ဆုံးရှုံးသော သူတို့၌လည်းကောင်း၊ ဘုရားသခင်အား ခရစ်တော်၏ အမွှေးအကြိုင်ဖြစ်ကြ၏။- 16ဆုံးရှုံးသောသူတို့၌ကား၊ သေခြင်းတိုင်အောင် သေခြင်း၏အမွှေးအကြိုင် ဖြစ်ကြ၏။ ကယ်တင်သော သူတို့၌ကား၊ အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင်ခြင်း၏အမွှေးအကြိုင် ဖြစ်ကြ၏။ သို့ဖြစ်၍ ဤအမှုအရာတို့နှင့် အဘယ်သူ ထိုက်တန်သနည်း။- 17ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မှောက်လှန်သောသူများတို့နှင့် ငါတို့သည်မတူဘဲ ကြည်ဖြူသောစိတ်ရှိ၍ ဘုရားသခင်၏ အလိုတော်နှင့်အညီ၊ ဘုရားသခင့်ရှေ့တော်၌ ခရစ်တော်၏တရားကို ဟောပြောကြ၏။

၂ကော - ၂ (အနက်ဖွင့်)

: အခန်း(၁)၏ အဆက်ကျမ်းပိုဒ် ဖြစ်သည်။ မူလစီစဉ်ထားသည့် အတိုင်းမလာဖြစ်ခြင်းသည်ကောရိန္သုသားများအား အပြစ်မတင်လိုသောကြောင့် ဖြစ်သည်။ လာဖြစ်ခဲ့လျှင် အမြင်မတော်သည်များကို ပြောဆိုရမည် ဖြစ်သောကြောင့် စိတ်မကောင်းစရာများဖြစ်ကုန်မည်။ နောက်တခေါက်မလာချင်၊လာလျှင် လည်း စိတ်မရွှင်စရာ မဖြစ်လိုဟုပထမ ခရီးစဉ်နှင့် ဆက်စပ်၍ (တ ၁၈:၁-၁၇) တွင်ရေးသားထားသည်။ နောက်တခေါက် ထပ်မံစီစဉ် ထားသည့်အကြောင်းကို (၁၂:၂၄နှင့်၁၃:၁) တို့တွင် ထပ်မံရေးထားသည်။

: အကယ်၍ ကောရိန္သုသို့ သွားဖြစ်လျှင် အပြစ်တင်ခြင်းဖြင့် စိတ်မကောင်းဖြစ်မည်။ ဝမ်းနည်း၊စိတ်ထိခိုက်ကြမှာ သေချာသည်။ ကောရိန္သု သားများသည် ပေါလုအား ပျော်ရွှင်စေသူ၊ ကြည်နူးစေသူများဖြစ်သည်။ ထိုသို့ မိမိကို ပျော်ရွှင်စေသူများအား ဝမ်းမနည်း စေလို။  Ryrieက” မင်းတို့ကို ဆင်းရဲဒုက္ခပေးလျှင် ငါ့ကို ဘယ်သူ ပျော်ရွှင် စေတော့်မည်နည်း၊ စိတ်ချမ်းသာမှု အဘယ်မှာ ရနိုင် မည်နည်း” ဟုဆိုသည်။

: ပေါလု ကို ပျော်ရွှင်စေသူများအား သွားရောက်လည်ပတ်သောအခါ ကောရိန္သုသားများ၏ အကျင့်ဆိုးကို ပြောဆိုမိမည်။ ကောရိန္သုသားများ၏ ဝမ်းနည်းကြေကွဲကြမည်။ ထိုကြောင့် နောက်တခါ သွားရောက် လည်ပတ်သောအခါ အပြစ်မဆိုမိစေရန် ပထမသြဝါစာစောင်အား ရေးသားပေးပို့ခြင်း ဖြစ်သည်။ ထိုသို့ ပေးစာကို ကောရိန္သု သားများ ဖတ်ရူလိုက်နာကြလျှင် နောက်တခါက်သွားလည်ရာတွင် အပြစ်ပြောဆိုစရာ ရှိမည်မဟုတ်။ ပျော်ရွှင်စွာ ဆုံတွေ့ကြမည် ဟုမျှော်လင့်ခဲ့သည်။

ဤကျမ်းပိုဒ် ပထမပိုင်းသည် ကောရိန္သု သြဝါဒ ပထမစာစောင် သို့မဟုတ် အခြားစာစောင် တခုခုကို ဆိုလိုသလား ။ ကျမ်းစာလေ့လာ သူအများစုက ကောရိန္သု သြဝါဒပထမစာစောင် မဖြစ်နိုင်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် အပိုဒ်(၄) တွင်စိတ်နှလုံ:နာကြဉ်းထိခိုက်ခြင်း၊ ဝမ်းနည်း၍ မျက်ရည်ကျခြင်း စသည့်အကြောင်းများပါရှိသောကြောင့် အခြားစာစောင်ဖြစ်တန်ရာသည်ဟု ယူဆကြသည်။ အချို့ကမူ  ပထမသြဝါဒစာစောင်မှ ပထမသြဝါဒစာစောင်ဟု တထစ်ချပြောကြသည်။ စိတ်နာဖွယ်ကောင်းသော အရေးအသားဖြစ်ကြောင်း သေချာသည်။ အလည်အပတ်သွားရာမှ ကြေကွဲ စွာ ပြန်လည်ရောက်ရှိလာပြီး နောက် (၂ကော ၂:၁) တိတုကို စေလွှတ်ခြင်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ အပိုဒ်ငယ်(၃) အရပေါလုအလည်မသွား ဖြစ်သည့်အကြောင်းမှာ သူကိုပျော်ရွှင်စေ သူများအား မငိုစေလိုခြင်း ဖြစ်သည်။ သူ့ကို ပျော်ရွှင်ခြင်းပေးသူများ အား ပျော်ရွှင်ခြင်းသာ ပြန်ပေးလိုသည်။ ကျမ်းပိုဒ်၏ အနှစ်သာရမှာအသင်းတော်တွင် စည်းကမ်းတကျ ရှိနေခြင်းဖြင့် ပြဿနာများကို ဖြေရှင်းနိုင်၍ ဝမ်းမြောက်ပျော်ရွှင်ကြမည့် အကြောင်း ဖြစ်သည်။

: ကျမ်းပိုဒ်တွင် အမှုတော်ဆောင်တဦး၏ စိတ်နှလုံးဌာပနာကို တွေ့မြင်ရသည်။ ကောရိန္သုအသင်းတော်ထဲတွင် ဗရုတ်ဗရက်ဖြစ်မှုသည် ပေါလု၏ စိတ်နှလုံ:အားရိုက်ခွဲကြေမွစေသည်။ ပူပန်သောကရောက်စေသည်။ မျက်ရည်စီး ကျစေသည်။ ကောရိန္သုယုံကြည်သူများ၏ အပြစ်အတွက် သူတို့ကိုယ်တိုင် ဝမ်းနည်းခြင်းထက် ပေါလုက ပိုမိုကြေကွဲ ဝမ်းနည်းခြင်းထက် ပေါလုက ပိုမို ကြေကွဲ ဝမ်းနည်းသည်။ ပေါလု၏ ခံစားချက်ကိုနားမလည်သော်လည်း အသင်းတော်အပေါ် ထားရှိသည့် ပေါလု၏ ချစ်ခြင်းမေတ္တာကို အလေးအနက်ထားသည်။ သူ့စာကို ဖတ်ရူခြင်းဖြင့်  အသက်တာ ပြင်ဆင်ကြမည်။ နောက်တခေါက် အလည်အပတ်သွား သောအခါ အကျင့်ဆိုးတွေ ပြင်ထားပြီး ဖြစ်သောကြောင့် ပျော်ရွှင်စရာဖြစ်မည်ဟု မျော်လင့်သည်။ “သစ္စာရှိခြင်းသည် မိတ်ဆွေတို့၏ ဒဏ်ရာ ဒဏ်ချက်ဖြစ် သည်”။ ဘုရားတရား မသိသူဟု စွပ်စွဲခံရလျှင် မခံချင်ကြ။ ထို့ကြောင့် ဤအဖြစ်အပျက်မျိုးသည် စိတ်ဝင်စားဖွယ် ဖြစ်သည်။ သို့သော် ဘုရားသခင်၏ဖြောင့်မတ်ခြင်း ၌ အပြစ်တင်ခြင်းသည် ကောင်းစေလိုသောစေတနာ ဖြစ်သဖြင့် ဝမ်းသာဂုဏ်ယူစရာ ဖြစ်သည်။

: အပိုဒ်၅-၁၁ တွင် ပိုခက်သောပြဿနာများ တင်ပြထားသည်။ ကျေးဇူးတော်၏ အဆုံးစွန်တရားနှင့်ခရစ်ယာန်အသက်တာ ဖြစ်သည်။ ဝမ်းနည်း ဖွယ်ရာသည် တကြိမ်တခါ တည်းနှင့် မပြီးဆုံ:ပါ။ တစုံတယောက် သောသူသည် ဝမ်းနည်းခြင်းအကြောင်းကို ပြုသည် မှန်လျှင် ဟုဆိုထားသည်။ ထိုစကားသည် (၁ကော ၅:၁) ကာမတဏှကျူးလွန်သူ သို့မဟုတ်အသင်းတော်ထဲတွင် ခလောက်ဆန်သူ ဟုရည်ညွှန်းခြင်းဖြစ်နိုင်သည်။ ပထမလူ ဖြစ်နိုင်သည်။ သို့သော် ပေါလုက ထိုအကြောင်းကို ဂဃနနမပြော။ သူ့ကို တိုက်ရိုက် မထိခိုက်သော်လည်း ယုံကြည်သူ အားလုံးအတွက်ဝမ်းနည်းစရာ ဖြစ်တတ်သည်။

          : စည်းကမ်းဖောက်ဖျက်သူအား အရေးယူရန် ကောရိန္သုယုံကြည်သူမျာက သဘောတူကြသည်။ထိုသူအား မောင်းထုတ်ဝိုင်းကြဉ်ခြင်းကြောင့် ထုသူ နောင်တရလာပြီး သခင်ဘုရား ထံပြန်လည် ရောက်လာဖို့ဖြစ်သည်။ ပေါလု ကလည်း ထိုကိစ္စအတွက် မှတ်ချက်မပေးလိုပါ။ “ဆုံးဖြတ်ချက် ပြည့်စုံလုံလောက်ပါသည်” ဟုဆိုသည်။ ကျမ်းပိုဒ်နောက်ပိုင်းတွင် ဖေါ်ပြထားသော” ထိုသူ၏အပြစ်”ကိုအချို့က ကြီးမားသော အပြစ်ဟုယူဆကြပြီး၊ အချို့က ကြီးမားသည် ဟု ယူဆကြသည်။ ကြီးမားသော အပြစ်ကို အသင်းတော်က စီရင်ခြင်းဖြင့် မလုံလောက်ပါ။ ဘုရား သခင်၏ ဝိညာဉ်တော်က အရေးယူရန် ခွင့်မပြုပါ။

: ထိုသူသည် အပြစ်နောင်တရ၍ ပြန်လည် မိဿဟာယ ဖွဲ့လာလျှင် အသင်းတော်က ခွင့်လွှတ်၍ လက်ခံ ခွန်းအားပေးနှစ်သိမ့် ရသည်။” အကယ်၍ အသင်းတော်က ထိုသို့ လက်မခံဘဲ ဆက်လက်ငြင်းပယ်နေလျှင် ထိုသူသည်ဝမ်းနည်းကြေကွဲစရာ ဇာတ်လမ်း ကမြိုချသွားမည်။ ပို၍ ပျက်စီးသွားမည်။ ”

ထိုသူအား ချစ်ခြင်းမေတ္တာပြ၍ စိတ်သဘောထား ကျယ်ပြန့်စွာ ပြန်လည် လက်ခံရသည်။

: ပထမသြဝါဒစာစောင်သည် ကောရိန္သုသားများ၏ နာခံမှုကို ဆန်းစစ်ခြင်းဖြစ်သည်။ သခင်ဘုရား၏ နှုတ်ကပတ်တော်နှင့် သွန်သင်ချက်များကို နာခံခြင်းရှိ မရှိ စမ်းသပ်ခြင်းဖြစ်သည်။ ထိုကာလတွင် ကာရိန္သုအသင်းတော်သည် စည်းကမ်းဖောက်ဖျက်သူ တဦးအား အသင်းတော်မှ မောင်းထုတ်သည့်အခါ သမယဖြစ်သည်။ ထိုသို့ မောင်းထုတ်ခြင်းသည် ပေါလု၏ သွန်သင်ချက် အား အတိအကျ လိုက်နာကြောင်း သက်သေ ပြခြင် ကြသည်။ တဖန်ပေါလုက စာမေးပွဲ ထပ်စစ်သည်။ ထိုသူအား ပြန်လည် လက်ခံခိုင်းခြင်းဖြင့် ဆန်းစစ်သည်။

:၁၀ ဤကျမ်းပိုဒ်ကို ဖိလိပ္ပိက “အကယ်၍ တစုံတဦး၏ အပြစ်ကို ခွင့်လွှတ်လျှင် ငါကလည်း သင့်အပြစ်ကို အမှန်တကယ် ခွင့်လွှတ်မည် ။တစုံ တဦး၏ အပြစ်ကို လွှတ်ဘူးလျှင် ခရစ်တော် ရှေ့မှောက်၌ အပြစ်ခွင့်လွှတ်ခြင်း ခံရမည်” ဟုဆိုသည်။ ပေါလု၏ ဆိုလိုရင်းမှာ ထိုမောင်းထုတ်ခံရသော အပြစ်သား အား အသင်းတော်က ခွင့်လွှတ်၍ ပြန်လည် လက်ခံစေချင်သည်။ ကောရိန္သုအသင်းတော်က ခွင့်လွှတ်လျှင် ပေါလုက လည်း ခွင့်လွှတ်မည်။ ခရစ်တော်ရှေ့  လည်း ထိုသူသည် ခွင့်လွှတ်ခြင်း ရရှိမည်။

          အသင်းတော်အတွက် သွန်သင်ချက် စည်းကမ်းဖြစ်၍ အရေးကြီးသည်။ ယနေ့ ဧဝေဂေလိအသင်းတော်များတွင် ဤကျမ်းပိုဒ်ကို မေ့လျော့နေကြသည်။ သမ္မာကျမ်းစာသည် ဝိညာဉ်တော်မှုတ်သွင်းထား သည်ဟု လက်ခံယုံကြည်ကြသော်လည်း လက်တွေ့ လိုက်နာ ရာတွင် ဝန်လေးနေကြသည်။

:၁၁ အသင်းတော် စည်းကမ်းအရ အရေးယူအပြစ်ပေးခြင်း မရှိလျှင် အသင်းတော် အတွက် စိုးရိမ်စရာ ရှိသကဲ့သို့ အပြစ်ခွင့်လွှတ်ခြင်းမရှိလျှင် လည်း ပို၍ ကြောက်စရာကောင်းသည်။ စာတန် သည်အသင်းတော်ထဲသို့ ဝင်ရန် ဉာဏ်နီဉာဏ်နက် သုံ:၍ ချောင်းကြည့် နေသည်။ အသင်းတော်အား သွေခွဲရန် ကြံစည်အားထုတ်နေသည်။ ပထမခြေလှမ်းတွင် အသင်းတော်အား အပြစ်များကို ပဲ့ပြင်ထိန်းခြင်း မပြုနိုင် အောင်လုပ်သည်။ ဒုတိယအဆင့် အနေဖြင့် အပြစ်နောင်တရသူအား ပိုမို ဝမ်းနည်းစေသည်။ တတိယအချက်အနေဖြင့် အသင်းတော်က ထိုသူအား ပြန်လည် လက်မခံလျှင် အသင်းတော်အား တနုံ့နုံ့ ၊တစိမ့်စိမ့် စိတ်ဆင်း ရဲစေသည်။

ကျမ်းစပညာရှင် J.Sidlow Baxter  က စာတန်၏ သွေးဆောင်ခြင်းနည်းလမ်းကို မသိလျှင် ခက်မည့် အကြောင်း အောက်ပါ အတိုင်းရှင်းပြသည်။

စာတန်သည်ဝိညာဉ်များအား သမ္မာတရားနှင့် ကင်းဝေးကြရန် လက်နက်အစုံ စွမ်းအားအကုန်ဖြင့် ဖျားယောင်းသွေး ဆောင်လျက်ရှိသည်။ (လု၂၂:၃၁) လှည့်စားသည်။ ဆူးပင်ပေါင်းပင် များဖြင့် ဆို့သည်(မ ၁၃:၂၂)။ ပရိယာယ်သုံးသည်(ဧ ၆:၁၁)၊ ခြင်င်္သေ့ ကဲ့သို့ ဟိန်းဟောက် ခြိမ်းခြောက်သည်(၁ပေ၅:၈)။ ကောင်းကင်တမန် အယောင်ဆောင်သည်(၂ကော ၁၁:၁၄) ထောင်ချောက်ဖြင့် ဖမ်းဆီးသည်(၂တိ၂:၂၆)။

:၁၂အပိုဒ်ငယ်(၄)ပါကောရိန္သုသို့ မသွားဖြစ်မည့်အကြောင်းကို စကားပြန်ကောက်သည်။ ကောရိန္သုသို့ သွားရန် ရှောင်ကြဉ် သည့်အကြောင်းရင်းသည် ကောရိန္သု သားများအား မုန့်မပေးဘဲ၊ ဒုတ်ပေးမိမည် စိုးသောကြောင့် မသွားခြင်းဖြစ်သည်ဟု အထက်ပါ ကျမ်းပိုဒ်များတွင် ဆိုပြီးဖြစ်သည်။ ကျမ်းပိုဒ်(၁၂-၁၇) တွင် ထိုသို့ မသွားဖြစ်သည့်အကြောင်းသည် အမှုတော်လုပ်ငန်းစဉ်တွင် အရေးကြီးသော အချက် ဖြစ်ကြောင်း အသေးစိတ်ဖော်ပြသည်။ ပေါလုသည် တိတုနှင့် တွေ့ဆုံရန် မျှော်လင့်ချက် ဖြင့် ဧဖက်မှ တရောမြို့သို့ ထွက်သွားသည်။ ထိုနေရာတွင် တိတုထံမှ ကောရိန္သု အသင်း သတင်းကောင်းများ ကြားသိစေမည် ဟု အာခဲထားသည်။ တာရောမြို့သို့ရောက်သော အခါ အံ့မခန်းလိလိ  ဟောပြောခွင့် ကြုံရသည်။

:၁၃ ထိုသို့ ဧဝေဂေလိသတင်းကောင်း ဟောပြောရန် ရွှေတံခါးကြီးဖွင့်ထားသော်လည်း ပေါလု၏ စိတ်ဝိညာဉ် သည် မအီမသာ ဖြစ်နေသည်။ တိတု ရောက်မလာပါ။ကောရိန္သု အသင်းတော်၏ ဝန်ထုတ်ဝန်ပိုးများသည် ပေါလု၏ စိတ်ဝိညာဉ် ကို ဖိစီးလေပြီ။ ရသမျှ အခွင့်အရေးကို လက်မလွှတ်စေဘဲ တရောမြို့ တွင် တရားဟောနေရမည်လား။ မာကေဒေါနိသို့ ခရီးဆက်နှင် ရမည်လား။ ပေါလု၏ စာကို ကောရိန္သုသားများက မည်ကဲ့သို့ ခံယူတုံ့ ပြန်ကြမည်နည်း ။ ပေါလုက အသေ အချာ သွန်သင်ခဲ့လျက်နှင့် မလိုက်နာခြင်းအား ပြန်လည် ထောက်ပြသောအခါ အရှက်ရ၍ ဝမ်းနည်းကြမည်လား၊ ဧဝဂေလိသတင်းကို သွေဖီခြင်းဖြင့် ထို သူများ၏ ဝိညာဉ်ရေးရာမည်သို့ ရှိပါ့မယ့်လဲ။

          :၁၄ ပေါလုသည် အရှုံ:သမား မဟုတ်ပါ။ ခရစ်တော်၌ အမှုတော်ထမ်းဆောင်ခြင်း ဖြစ်သောကြောင့်ဝေဖန် ပုတ်ခတ်ခြင်းများကို ဂရုစိုက်။ ကျေးဇူးတော်သာ အစဉ် ချီးမွမ်းသည်။ ဘုရားသခင်က အစဉ်ဦးဆောင်၍ ယေရူခရစ်တော်အားဖြင့် အောင်ပွဲအလီလီ ခံရသောကြောင့် ကျေးဇူးတော်အစဉ် ချီးမွမ်းသည်။ ထို အကြာင်းကို Robertsonက ဤသို့ ဆိုသည်။

ပေါလု၏ အောင်ပွဲခံခြင်း သည် အထွေအထူး ဖေါ်ကျူးစရာ မလို။ လေပျော်ငှက်ကဲ့သို့ မိုးမြင့် ယံမှာ တေးတကြော်ကြော်ဖြင့် ပျော်ရွှင်နေသည်။ ရွှေလင်းယုန်ငှက်၏ နူးညံ့သေ အသံဖြင့် ဟစ်ကြွေးသည်။ လွင်ပြင်နှင့် ချိုင်ဝှမ်း အထက်မှာ အောင်ပွဲခံသည်။

ပေါလု၏ အောင်ပွဲခံခြင်းသည် ရောမအင်ပါယာ ဧကရဇ်မင်းအောင်ပွဲ ခံနေပြည်တော်ပြန်ခြင်း၊ အခမ်းအနားမျိုးဖြစ်သည်။ လမ်းဘေးဝဲယာမှ သောင်းသောင်း ဖျဖျ ကြိုဆိုသည်။ နံ့သာမွှေးရနံ့များ ပျက်ဖျန်း၍ ၎င်း၊ မွှေးတိုင်ထွန်း၍ ၎င်း  ဂုဏ်ပြုကြသည်။ ပေါလုသည်လည်း အောင်နိုင်သူပမာ တရောမြို့မှ မာကေဒေါနိသို့ရထားလုံးဖြင့် ချီတတ်သည်။ ဘုရားသခင်သည် အစေခံများ သွားရာတွင် ပါရှိသောကြောင့် ရောက်လေရာမှာ အောင်ပွဲခံစမြဲဖြစ်သည်။ ခရစ်တော်ကို သိရှိခြင်း၊ မွှေးရနံ့သည် တမန် တော်ကြီးရောက်လေရာမှာ သင်းပျံ့သည်။ ထိုအကြောင်းကိုF.B.Meyer က ဤသို့ဆိုသည်။

သွားလေရာမှာ ယေရူခရစ်တော်ကို ပိုမိုသိကျွမ်းကြသည်။ သခင်ဘုရား၏ ကိုယ့်ကျင့်သိက္ခာများကို ပိုမိုထင်ရှားစေကြသည်။

ပေါလုသည် စာတန်ကိုအောင်နိုင်သူမဟုတ်ပါ။ သို့သော်လည်း သခင်ဘုရားက ခွန်အား မျှဝေပေးသောကြောင့် အောင်ပွဲခံသည်။

:၁၅ ပေါလုတို့၏ အောင်မြင်မှုသည် အောင်ပွဲခံယူ၏ သင်းရနံ့နှင့် တူသော်လည်း ဖမ်းဆီးချုပ်နှောင်ခြင်း ခံရသူများထံသို့လည်း သင်းပျံ့သည်။ ဧဝံဂေလိ သတင်းကောင်းသည် နှစ်ဖက်သွားသကဲ့သို့ အကျိုးသက်ရောက်မှုရှိသည်။ ကယ်တင်ခြင်းရရှိသူများထံသို့ ၎င်း၊ ပျက်စီးလုနီးပါးဖြစ်သူများထံသို့ ၎င်း မွှေးကြိုင် သည်။ ထိုရနံ့ရရှိသူများသည် အနာဂတ်အခွင့်အရေး ရရှိသူများဖြစ်၍ အခြားသူများသို့ လည်း ဝေငှနိုင်သူများ ဖြစ်သည်။ ဘုရားသခင်သည် အမှုအရာတိုင်းတွင် ကျေးဇူးတော် မွှေးရနံ့သင်း ပျံ့စေရန် ဘုန်းတန်ခိုးပေးထားပါသည်။ ထိုအကြောင်းကိုF.B.Meyer ကဤသို့ စာပန်းချီ ချယ်ထားသည်။

ဘုရားသခင်၏ မွှေးရနံ့ သတင်းကောင်းဟောပြောလျှင် ယေရူခရစ်တော်ကဲ့သို့ ဘုရားသခင်၏ စိတ်တော်နှင့် ထိတွေ့သူများဖြစ်သွားသည်။ ထိုသို့ ဖြစ်သည့်အားလျော်စွာ နေ့ရက်စဉ်ဆက် ဘုရားသခင်က စောင့်ရှောက်ကြည့် ရှုနေသည်။ အထဲတွင် ယေရူရှင် ကိန်းဝပ်ကြောင်းတွေ့ရသည်။ ကောင်းကြီး မင်္ဂလာနှင့် ပြည့်စုံသော မွှေးရနံ့ဖြင့် ဘုရားသခင်အား ပူဇော်ရန် အမြဲ သတိပေးသည်။

:၁၆ ထိုအမွှေးအကြိုင်သည် ကယ်တင်ခြင်းရရှိသူများအတွက် အသက်ရှင်ခြင်း မွှေးရနံ့ဖြစ်၍ ၊ ပျက်စီးသူများအတွက် သေစေတတ်သော အပုပ်နံ့ဖြစ်သည်။ အသက်ရှင်သူများအတွက် အသက်ချမ်းသာ ရွှင်လန်းခြင်းဖြစ်၍ သေလုဆဲများအတွက် အပုပ်နံ့ဖြစ်သည်ဟု နှစ်ဖက်မျက်နှာရှိသည်။ ထိုသို့ နှစ်ဖက်သွားရှိပုံ ကို ဓမ္မဟောင်းကျမ်းတွင် တွေ့ရသည်။ ဖိလိပ္ပိလူတို့ထဲတွင် ပဋိညာဉ်သေတ္တာတော်ရှိနေသည့် ကာလပတ်လုံးလူများ တဖြုတ်ဖြုတ် သေကြသည်။(၁ရာ ၅)။ သို့သော် သြဗေဒုံအိမ်သို့ ပဋိညာဉ်သေတ္တာတော် ရောက်သော အခါ ကောင်းကြီးမင်္ဂလာတိုးပွားပြီးတိုးပွါးနေကြသည်(၂ရာ ၆:၁၁)။ ထိုကဲ့သို့ ဧဝံဂေလိတရားသည် လက်ခံခြင်းနှင့် ငြင်းပယ်ခြင်း အပေါ်တွင် ကျေးဇူးတုံ့ပြန်သည် ဟု ပေါလုဆိုခြင်း နှင့် ငြင်းပယ်ခြင်း ဖြစ်သည်။ မည်သည့်အရာကို ရွေးချယ်၍  မည်သည့်ရနံ့ နှင့် ထိုက်တန်ကြသနည်း။

          :၁၇ အပိုဒ်ငယ်၁၆နှင့်၁၇ ကို”ကျွန်ုပ်တို့” ဟူသောဝေါဟာရဖြင့် ဆက်စပ်ရလျှင် ကျွန်ုပ်တို့သည် မည်သည့်ရနံ့နှင့် ထိုက်တန်လက်ခံကြသနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှောက်လှန်သူများ မဖြစ်စကောင်းပါ။ (ဤ ကျမ်းပိုဒ်သည် ၃:၅ နှင့် ဆက်စပ်သည်) မှောက်လှန်သောသူများ ဆိုသည်မှာ ကောရိန္သုသားများအား တမန်တော်များနှင့် ကင်းဝေးအောင် လုပ်ဆောင် နေကြသည့် ယုဒဝါဒီများကို  ရည်ညွှန်းခြင်းဖြစ်သည်။ ထိုယုဒဝါဒီများသည် မည်သူတွေနည်း။ ပေါလုကခေါင်းရွက်ဗျက်ထိုးကျ ဘမ်းစျေးသည်များသည် ဘုရားသခင်၏နှုတ်ကပတ်တော် များကို ရောင်းဝယ်ဖောက်ကားသူများ ဖြစ်သည်ဟုဆိုသည်။ အခကြေးစားများ ဖြစ်သည်။ အမှုတော်လုပ်ငန်း ကို ငွေကြေးစီးပွါးရေးရှာ စားရာအဖြစ် အလွဲ သုံ:စား ကြသည်။ ကြုံရာကျဘမ်း ဟူသော စကားသည် အညံ့စား လမ်းဘေးအရက်ဟုလည်း အဓိပ္ပါယ်ရသည်။ ထို့ကြောင်း ထိုမှားယွင်းသော ဆရာများသည် ကိုယ်ပိုင်အတွေးဉာဏ်ထပ်ထည့်ခြင်းဖြစ်၍ ဘုရားရှင်၏ နှုတ်ကပတ်တော်များကို လမ်းဘေးစကားအဖြစ်သို့ ပို့ဆောင်ကြသည်။ ပညတ်တရားနှင့် ကျေးဇူးတော်ကို မခွဲခြားတတ်ဘဲ ရောနှော မွှေနှောက်ကြသည်။

ပေါလုသည် ထိုအမျိုးအစားထဲတွင် မပါဝင်ပါ။ ဟောကြားသော နှုတ်ကပတ်တော် များသည် ဂုဏ်အသရ(၄) ချက်နှင့် ပြည့်စုံသည်။ ပထမဦး ဆုံးအချက်မှာ ဖြူစင်သည်။ အရောအနှော မပါ။ ဖြည့်စွက်ခြင်း မရှိ၊ တရားတော်သက်သက် ဖြစ်သည်။ မုသာစကား မပါ။ မုသာ မပါ လင်္ကာမချော မလုပ်။ Robestson က”ပေါလု၏ ဗာရီးသီးများသည် အောက်ဆုံးအသီးဖြစ်သော်လည်း ထိပ်ဖျားအသီးကဲ့သို့ အရသာကောင်းသည်’ ဟုဆိုသည်။

ဒုတိယချက် အနေဖြင့် ဘုရားရှင်ထံမှလာသော စကားတော်များ ဖြစ်သည်။ တနည်းအားဖြင့် ဘုရားစကားများ ဖြစ်သည်။ နှုတ်ကပတ်တော်ပိုင်ရှင် သည် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်က ပြောပြသော ကြောင့် လူများကို ထပ်ဆင့်ဖောက်သည် ချခြင်း ဖြစ်သည်။ နောက်တချက်မှာ ဘုရားသခင်၏ အလိုတော်နှင့် အညီ ဖြစ်သည်။ ဆိုလိုသည်မှာ သခင်ဘုရား၏ အမှုတော်ထမ်းဆောင်ရာတွင် သူချည်းသာ လုပ်ဆောင်သည်မဟုတ်၊ ဘုရားသခင်က ကြည့်ရှု လမ်းညွှန်း နေ သည်။ ဘုရားသခင်၏ မျက်မှောက်တော်၌ ဖုံ:ကွယ်နိုင် သော အရာ မရှိပါ။ အကုန်အစင် သိမြင်သည်။ နတ္ထိလောကီ ရဟောနာမ ဟုဆိုသည်။နောက်ဆုံ:အချက်မှာ ဘုရားသခင်၏ ရှေ့တော်၌ ခရစ်တော်၏ အကြောင်းကို ဟောပြောခြင်း ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

[post-views]

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။