1. ယေရှုခရစ်၏ဘုရားဇာတိ The Deity of Jesus Christ

သင်ခန်းစာ အမှတ် (၁)


သမ္မာကျမ်းစာသင်ခန်းစာ

 

ယေရှုခရစ်၏ဘုရားဇာတိ” 

The Deity of Jesus Christ

 

နိဒါန်း”

 

“ခရစ်ယာန်ဘာသာ” တစ်ခုလုံးသည် ခိုင်မာသော အဆိုတစ်ရပ်အပေါ်၌အခြေပြုရပ်တည်လျက်ရှိသည်။  ၎င်းအဆိုပါ “ယေရှုခရစ်”သည် ဘုရား သခင်၏ သားဖြစ်တော်မူ၍၊ ဘုရားနှင့် စပ်ဆိုင်သောဂုဏ်အင်္ဂါရပ်များနှင့် စီရင်ခွင့်ရှိသမျှတို့ကိုပိုင်သတော်မူသော အနန္တတန်ခိုးရှင်ဖြစ်သည်။


ဤသင်ခန်းစာ၏ အရေးကြီးသောကဏ္ဍ 

The Importance of this lesson.

 

“ခရစ်ယာန်ဘာသာသည်၊ အကျင့်စာရိတ္တနှင့်ဆိုင်သော လောကနီတိကျမ်း၊ နည်းဥပဒေများဖြင့် စီရင်ထုံးဖွဲ့ထားသောကျင့်ထုံးတစ်ရပ်မဟုတ်ပေ။ “အသက်ရှင်ခြင်း”နှင့်ဆိုင်သော အကြောင်းတရားပင်ဖြစ်သည်။ “ယေရှုခရစ်အား” မိမိတို့၏ ကယ်တင်ပိုင်ရှင်နှင့် အရှင်သခင်အဖြစ် ယုံကြည်ကိုးစားသောသူအပေါင်းတို့၏ အသက်တာ၌ ဝမ်းမြောက်စွာပိုင်ဆိုင်ထင်ရှားလျက်ရှိ “ယေရှုခရစ်”၏ အသက်ရှင်ခြင်းပင်ဖြစ်သည်။ “ယေရှုခရစ်၏အမည်ကိုခရစ်ယာန်ဘာသာမှ ပယ်နှုတ်လိုက်ပါက၊ လုံးဝဥသုံ အဓိပ္ပါယ်ကင်းမဲ့လျက်၊ အနှစ်သာရအားဖြင့် တန်ဘိုးမရှိသောဗလာနတ္တိပင်ဖြစ်ပေသည်။ “ယေရှုခရစ်”၏ ဘုရားဇာတိ “ခရစ်တော်”သည်သာမန်အားဖြင့် လောကဓံတရား၏ အံ့သြဖွယ်ဖြစ်ရပ်တစ်ခုသော်၎င်း၊ ထူးခြားပြောင်မြောက်လှသော ဆရာတစ်ပါးသော်၎င်း မှားယွင်းစေသောအယောင်ဆောင် ပုဂ္ဂိုလ်တစ်ဦးသော်၎င်း ဖြစ်ခဲ့လျှင်“ခရစ်ယာန်ဘာသာ” တစ်ခုလုံး၏ အခြေခံတိုက်မြစ်သည်ကျိုးပဲ့ကြေမွလျှက် ပြိုကွဲပျက်စီးမည်ဖြစ်သည်။ “ခရစ်တော်”သည် ဘုန်းတန်ခိုးနှင့် ပြည့်စုံတော်မူသောဘုရားမဟုတ်၊ မစင်ကြယ်သော အမျိုးသမီး တစ်ဦးထံမှတရားဝင်ခြင်းမရှိဘဲ၊ မွေးဖွားလာသော ခလေးပင်ဖြစ်ပေလိမ့်မည်။


“ခရစ်တော်”သည်ဘုရားနှင့် မစပ်ဆိုင်ပါက၊ သူပြုခဲ့သမျှသော အံ့သြဖွယ်ရာများသည်၊ ရှေးဟောင်းပုံပြင်များသာဖြစ်ပေမည်။ သူ၏နုတ်ထွက်စကား များသည် မှားယွင်းချွတ်ချော်နေလျှင်၊ စင်္ကြာဝဠာတစ်ခုလုံးနှင့် ဆိုင်သောလူသားများသည် မှားယွင်းနေလျှင်၎င်းတို့၏ အပြစ်မှရွေးနှုတ်ကယ်တင်ခြင်းအကြောင်းကို ဘယ်ကဲ့သို့ဖြေရှင်းနိုင်မည်နည်း။


“ခရစ်တော်”သည် ဘုရားသခင်၏သားတော်မဟုတ်ပါက လစ်လပ်နေသော ဂူသင်္ချိုင်းတွင်းမှထွန်းတောက်လျက်ရှိသော ဘုန်းတော်ရောင်ခြည်များလည်း ထွက်ပေါ်လာမည်မဟုတ်ပေ။ အပြစ်တရား၊ သေခြင်းတရားနှင့် ငရဲကိုလည်း အောင်နိုင်ကျော်လွှားနိုင်မည်မဟုတ်ပေ။ ခရစ်ယာန်တို့မျှော်လင့်တောင့်တလျက်ရှိသော ဘုန်းတော်ဝင်စားရမည့်အနာဂတ်ကာလမှာလည်း၊ ပြိုကွဲပျက်စီးရလိမ့်မည်။ ယုံကြည်သူတိုင်းသည်အပြစ်နွံထဲ၌ နစ်မြုပ်နေလျှက်၊ အခြားသောသူအပေါင်းတို့ထက်သာ၍ ဆင်းရဲသောသူများ ဖြစ်ရကြလိမ့်မည်။ အသက်ထက်ဆုံး အရေးကြီးသော သတင်းစကားဖြစ်သည့်မျှော်လင့်ခြင်းနှင့် ငြိမ်သက်ခြင်းသည်လွင့်စင်ကွယ်ပျောက်လျက်၊ ကြေကွဲဝမ်းနည်းမှုနှင့် ကြုံတွေ့ရပေ

မည်။ (၁ကော ၁၅း၁-၂၆ ကိုဆက်ပါ။)


ခရစ်တော်ဘုရားဇာတိကိုထင်ရှားစေသော သက်သေခံချက်များ”

 

Christ Deity is Attested To


(၁) ကိုယ်တိုင်သက်သေခံချက်များအားဖြင့်

(By His Claims)


၁။ ဓမ္မဟောင်းကျမ်းများက “ယေရှုခရစ်”အား – “မေရှိယ”အဖြစ်သက်သေခံထားခြင်း(ယော ၅း၃၉)


၂။ “အာဗြဟံ”မတိုင်မီရှိတော်မူ၍ “ငါဖြစ်သည်”အတိုင်း ငါဖြစ်၏ဟု မိန့်တော်မူခဲ့သည်။

(ထွက်၃း၁၃၊ ၁၄၊ ၆း၃) “ငါဖြစ်သည်”ဟူသော အမည်မှာ “ယေဟောဝါဘုရား” အတွက် ဖြစ်ပြီး

ဘုရားသခင်၏ပင်ကိုယ်သဘောအားဖြင့် အလိုအ လျောက်တည်ရှိနေခြင်းကို ဆိုလိုသည်။ (ယော

၈း၅၇-၅၆)


၃။ “ယေရှုက ငါသည်အသက်မုန့်ဖြစ်၏”ဟု (ယော ၆း၃၅၊ ၄၈)တွင် မြွက်ကြားခဲ့ပြီး၊ သူ့ကိုယုံကြည်သောသူအပေါင်းတို့သည်ဆာလောင် မွတ်သိပ်ခြင်းနှင့်အစဉ်ကင်းလွတ်ရမည်ဟု မှာကြားခဲ့သည်။


၄။ ယေရှုက “ငါသည်၊ သိုးဝင်သော တံခါးဝဖြစ်၏”ဟု (ယော ၁၀း၈)တွင်မိန့်ဆိုခဲ့ပြီး၊ ထိုတံခါးဝမှဝင်သောသူတို့သည်ကယ်တင်ခြင်းကိုရလိမ့်မည်။ (ယော ၁၀း၉)


၅။ ယေရှုက “ငါသည်ဤလောက၏အလင်းဖြစ်၏”ဟူ၍ မိန့်တော်မူခဲ့သည်။ (ယော ၈း၁၂၊ ၉း၅)


၆။ ယေရှုက “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏”ဟု မိန့်တော်မူခဲ့ပြီး၊ သူ့ကိုအမှီမပြုလျှင်အဘယ်သူမှ ခမည်းတော်ထံသို့မရောက်နိုင်ဟု မြွက်ကြားခဲ့သည်။ (ယော၁၄း၆)


၇။ ယေရှုက “ငါသည်ထမြောက်ခြင်းအကြောင်းဖြစ်၏” ငါ့ကိုယုံကြည်သောသူအပေါင်းတို့သည်

သေခြင်းနှင့် အစဉ်မပြတ်ကင်းလွှတ်၍ သေလွန်သော်လည်း၊ ရှင်လိမ့်မည်”ဟု သက်သေခံထား

ကြောင်း (ယော ၁၁း၂၅)တွင်တွေ့ရသည်။


၈။ ယေရှုက “ငါသည်ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်”ဟု မိန့်တော်မူ၏။ (ယော ၁၀း၃၀-၃၃၊ ၁၄း၈၊၉)။


၉။ ယေရှုက “ဤကမ္ဘာမတည်ရှိမီ- ရှိနေကြောင်း “အခိုင်အမာပြောဆိုခဲ့သည်။ (ယော ၁ရး၅)


(၂) လုပ်ဆောင်ချက်များအားဖြင့်


၁။ အပြစ်လွှတ်ခဲ့သည်။ (မဿး ၉း၂-၆) (မာကု ၂း၅-၇) (လု ရး၄၇-၅၀)ကျမ်းပြုဆရာအချို့က

“ယေရှု”အား လွန်ကျူးစွာ ပြောဆိုသည်ဟု စွပ်စွဲကြသည်။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်မှ

တစ်ပါး အဘယ်သူမျှ အပြစ်ကိုမလွတ်နိုင်ကြောင်း နားလည်ထားကြသည်။ သို့ဖြစ်၍ “ခရစ်တော်”သည်ဘုရားသခင်သို့တည်းမဟုတ်လွန်ကျူးစွာပြောဆိုတတ်သူဖြစ်ပေမည်။


၂။ “ယေရှု”သည်ဘုရားသခင်မှတစ်ပါးအဘယ်သူမျှ မပြုနိုင်သော အံ့ဘွယ်ရာများကို ပြုခဲ့သည်။


(က) သေသောသူကို၊ ရှင်ပြန်ထမြောက်စေသည့် (လူ ရး၁၂-၁၅) (လု ၈း၅၂-၅၅) (ယော ၁၁း၄၁-၄၄)


(ခ) မျက်စိကန်းသောသူကိုမြင်စေသည်။ (ယော ၉း၄-၈)


(ဂ) ရေမှစပျစ်ရေသို့အသွင်ပြောင်းခဲ့သည်။ (ယော ၂း၇-၁၁)


(ဃ) လူ(၅၀၀၀)ငါးထောင်အား မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကျွေးခဲ့သည်။ (မ၁၄း၁၅-၂၀)


(င) ရောဂါအမျိုးမျိုးကိုကင်းငြိမ်းစေခဲ့သည်။ (မ ၁၂း၁၀-၁၁) (လု၆း၁၇-၁၉)


(စ) ပင်လယ်နှင့်လှိုင်းတံပိုးတို့ကို ငြိမ်သက်စေခဲ့သည်။ (လု၈း၂၂-၂၄) (မ ၈း၂၃-၂၇)


(၃) ဂုဏ်အင်္ဂါရပ်များအားဖြင့်

 

၁။ “အဓိပ္ပါယ်ရှင်းလင်းချက်” ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများမှာ သုံးပါးတစ်ဆူ

ဖြစ်တော်မူသော ဘုရားသခင်၏ မပြောင်းလဲသော ဂုဏ်သတ္တိများနှင့် စီရင်ပိုင်ခွင့်တန်ခိုး

အာဏာစက်တို့ပင်ဖြစ်သည်။


၂။ ဂုဏ်အင်္ဂါရပ်များကိုနှစ်မျိုးနှစ်စားပိုင်းခြားထားလျှက်ရှိသည်။


(က) သဘာဝဂုဏ်အင်္ဂါရပ်များ။

ဘုရားသခင်နှင့် စပ်ဆိုင်သောလက္ခဏများအားဖြင့် ဖွင့်ပြသော ဂုဏ်အင်္ဂါရပ်များ၊၎င်းတို့မှာ အလိုတော်နှင့် မသက်ဆိုင်ဘဲ အကြွင်းမဲ့ရပ်တည်လျက်ရှိသော လက္ခဏာများပင်ဖြစ်သည်။


(ခ) လောကဓံတရားအားဖြင့်ထင်ရှားသောဂုဏ်အင်္ဂါရပ်များ-

ဘုရားသခင်၏ ဖန်ဆင်းလက်ရာဖြစ်သော သတ္တဝါ အပေါင်းတို့အား ထင်ရှားစွာ

ပြတော်မူသော ဂုဏ်အင်္ဂါလက္ခဏာများ။


၃။ သဘာဝဂုဏ်အင်္ဂါရပ်(၉) မျိုးနှင့် လောကဓံတရားအားဖြင့် ထင်ရှားသော ဂုဏ်အင်္ဂါ (၉)

မျိုးရှိပါသည်။


(က) သဘာဝဂုဏ်အင်္ဂါရပ်(၉) မျိုးမှာ အောက်ပါအချက်များနှင့်စပ်ဆိုင်သည်-


(၁) ဘုရားသခင်သက်တော်စဉ်(THE LIEE OF GOD) အသက်တာ(LIFE) ဝိဉာဉ်ရေးရာ

(SPIRITUALITY) နှင့်မပြောင်းလဲခြင်း(IMMUTABLLITY)


(၂) ပုဂ္ဂိုလ်ဖြစ်တော်မူ သောဘုရား (THE PERSON OF GOD ) တလုံးတဝတည်းဖြစ်ခြင်း

(UNITY) ထာဝရဖြစ်ခြင်း (ENTERNITY) နှင့်မပြောင်းလဲခြင်း (IMMUTABILITY )


(၃) ဘုရားသခင်၏အခွင့်တန်ခိုး ( THE POWER OF GOD ) အလုံးစုံသိခြင်း

(OMNISCIENCE ) အနန္တတန်ခိုးနှင့်ပြည့်စုံခြင်း (OMNIPOTENCE )နှင့်ခပ်သိမ်းသော

အရပ်တို့၌ရှိခြင်း (OMNIPRESENCE )


(ခ) လောကဓံတရားအား ဖြင့်ထင်ရှားသော ဂုဏ်အင်္ဂါရပ်များမှာ အောက်ပါအချက်များ နှင့်စပ်

ဆိုင်သည်။


(၁) ဘုရားသခင်၏ သဘောသဘာဝ (THE NATURE OF GOD )ချစ်ခြင်းမေတ္တာ (LOVE ) ကျေးဇူးတရား ( GRACE ) နှင့်ဂရုဏာတော်(MERCY )


(၂) ဘုရားသခင်၏ပင်ကိုယ်လက္ခဏာ (THE CHARACTER OF GOD )သန့်ရှင်းခြင်း (HOLINESS) ဖြောင့်မတ်ခြင်း (RIGHTEOUSNESS ) နှင့် သစ္စာရှိခြင်း

(FAITHFULNESS )


(၃) ဘုရားသခင်၏အုပ်စိုးခြင်း (The Government of God) ဉာဏ်ပညာ (Wisdom)

သမ္မာတရား (Truth) နှင့်အချုပ်အခြာအာဏာစက်(Sovereignty)


မှတ်ချက်။ ။ ရှေ့သင်ခန်းစာများတွင် ဤဂုဏ်အင်္ဂါရပ်များနှင့် ပတ်သက်သောအချက်အလက်များကို သုံးပါးတစ်ဆူဖြစ်တော်မူသော ဘုရားအကြောင်းကို လေ့လာရာ၌၊အသေးစိတ် ဖော်ပြတင်ပြသွားပါမည်။ ဤသင်ခန်းစာ၌မူ “ယေရှုခရစ်”သည်၊ဘုရားဖြစ်တော်မူ၍ ထာဝရဘုရားသခင်၏ဂုဏ်အင်္ဂါရပ် (၁၈)ပါးတို့နှင့် ပြည့်စုံကြောင်းဝမ်းမြောက်စွာဖြင့်ဖော်ပြလိုပေသည်။


(၄) သရုပ်ဖော်ပြချက်-


(က) “ခရစ်တော်”သည်၊ ထာဝရဖြစ်၏ (ယော ၁း၁-၃) ကောလောသဲ (၁း၁၇)၊(ဟေဗြဲ ၁း၁၀-၁၂) (ဗျာ ၁၁း၈း၁၀)


(ခ) “ခရစ်တော်”သည်ပြောင်းလဲခြင်းမရှိ(ဟေဗြဲ ၁း၁၁-၁၂) (ဟေဗြဲ ၁၃း၈)


(ဂ) “ခရစ်တော်”သည် ခပ်သိမ်းသောအရာတို့ကိုသိသော ဉာဏ်ပညာနှင့်ပြည့်စုံတော်မူ၏။


* (မ ၉း၄) “သူတို့၏ စိတ်ကိုသိမြင်တော်မူမည်”


* (ယော၆း၆၄) မည်သူက သူ့ကိုယုံကြည်လက်ခံ၍၊ မည်သူကိုသစ္စာဖောက်မည်ကို သိတော်မူ၏။


* (ယော ၅း၂၂) တရားစီရင်ခြင်းအခွင့်ရှိသမျှသည် သူ၌ အပ်ထား

တော်မူ၏။


* (ဗျာ ၂၀း၁၁) အပြစ်သားအားလုံးကိုတရားဆုံးဖြတ်မည်။


* (၁ကော ၄း၅) စိတ်နှလုံး အကြံအစည်များကိုသိတော်မူ၏။


* (ကော ၂း၃) နက်နဲသောအရာ၌ ပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာရှိသမျှကိုဝှက်ထားတော်မူ၏။


(ဃ) “ခရစ်တော်”သည်အန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၏။


* (ကော ၁း၁၆၊ ၁၇) “ခပ်သိမ်းသောသူတို့ကို ဖန်ဆင်းတော်မူ၍၊ တန်ခိုးတော်အားဖြင့်တည်ကြ၏”


* (မ ၂၈း၁၈) “စီရင်ပိုင်ဆိုင်သောအခွင့်တန်ခိုးရှိသမျှကိုအပ်နှံခြင်းခံရ၏”


* (ဟေဗြဲ ၁း၃) “တန်ခိုးနှင့် ပြည့်စုံသော မိမိအမိန့်တော်အားဖြင့်ခပ်သိမ်းသောအရာတို့ကိုမစတော်မူ၏”


* (မ ၁၄း၁၉-၃၁) “ဖန်ဆင်းခြင်းတန်ခိုးအာနိသင်နှင့်ပြည့်စုံ၏။


* (လု ၈း၂၄) (မ၁၄း၂၆) “သဘာဝတရားတို့အပေါ်၌ လွှမ်းမိုးအုပ်စိုးနိုင်

၏”


(င) “ခရစ်တော်”သည်ခပ်သိမ်းသောအရပ်တို့၌ရှိတော်မူ၏။


* (မ ၁၈း၂၀) “အကြင်အရပ်၌ လူနှစ်ဦးသုံးဦးစည်းဝေးလျက်ထိုအရပ်၌ရှိ၏”


* (မ၂၈း၁၉-၂၀) “ကပ်ကမ္ဘာကုန်သည့်တိုင်အောင် ကျွန်ုပ်တို့နှင့်အစဉ်မပြတ်ရှိမည်။”


* (ယော ၃း၁၃) “မြေကြီးပေါ်မှာ အကျွန်ုပ်တို့နှင့်အတူ ရှိသကဲ့သို့ကောင်းကင်ဘုံ၌ရှိတော်မူ၏”


(စ) “ခရစ်တော်”သည်ခပ်သိမ်းသောအရာတို့ကိုအစိုးရတော်မူ၏။


* (ယော ၅း၂၁၊၂၂) “အလိုရှိသမျှသောသူတို့ကိုအသက်ရှင်စေ၏”


* (မသဲ ၂၈း၁၈) “စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှကိုပိုင်ဆိုင်၏”


* (ဖိ၂း၁၀၊ ၁၁) “ယေရှုဘွဲ့နာမတော်ကိုခပ်သိမ်းသော သတ္တဝါအပေါင်းတို့သည်၊ ဒူးထောက်ရ၏”


(၄) ရှင်ပြန်ထမြောက်ခြင်းအားဖြင့်


(ရောမ ၁း၄) ကိုအထူးမှတ်သားပါ၊ ဤအကြောင်းအရာသည်အလွန်လေးနက်ကျယ်ပြန့်သဖြင့်၊ ရှေ့ဆက်လက်သင်ကြားပို့ချရမည့် သင်ခန်းစာတစ်ခုတွင် သီးခြားအကျယ်အဝန်းရှင်းပြပါမည်။ ယခုသင်ခန်းစာတွင် “ယေရှုခရစ်”၏ ဘုရားဇာတိသည်၊ ခရစ်ယာန်ယုံကြည်ခြင်း။ အခြေခံအုတ်မြစ်ဖြစ်၍။ ရှင်ပြန်ထမြောက်

တော်မူခြင်းသည် ဝမ်းမြောက်ဘွယ်ရာသတင်းစကား၏ “ထောင့်အမြစ်ကျောက်” ဖြစ်ကြောင်းသိရန်ဖြင့် လုံလောက်ပေသည်။


(၅) ကိုးကွယ်ခြင်းကိုလက်ခံသောအားဖြင့်


စစ်မှန်သောကိုးကွယ်ခြင်းမည်သည်“ဘုရားသခင်” တစ်ဦးတည်းအတွက် သီးသန့်သတ်မှတ်ထားသောအရာဖြစ်၍ “ခရစ်တော်” အနေဖြင့် ဤကဲ့သို့ ပြတ်ဝပ်ကိုးကွယ်ခြင်းကို လက်ခံခြင်း၊ အမိန့်ပေးခြင်းအားဖြင့် “ဘုရား” ကဲ့သို့ဖြစ်စေသည် (သို့တည်းမဟုတ် ) ကိုယ့်ကိုကိုယ်အထူးသိဒ္ဓိတင်ခြင်းနှင့်မာနထောင်လွှားခြင်းတည်းဟူသောကြီးမားသော အပြစ်ကျူးလွန်မူကို

သက်ရောက်စေသည်။


( မ ၁၄း၃၃ ) “လှေသားတို့သည်“ယေရူ”ထံပါးသို့ချဉ်းကပ်၍ညွှန်ပြလျှက်ကိုးကွယ်ကြသည်။”


(ယော ၂၀း၂၈) “သောမကလည်း အကျွနု်ပ်၏အရှင် အကျွနု်ပ်၏ဘုရား သခင်ပါတကားဟု လျှောက်၍ “ယေရူ” အား ကိုးကွယ်လေ၏။


(ဖိ ၂း၁၀၊၁၁ ) ခပ်သိမ်းသော သတ္တဝါအပေါင်းတို့ သည်လည်း“ယေရူ”၏ဘွဲ့နာမတော်ကို ဒူးထောက် ၍ကိုးကွယ်လေ၏။


“နိဂုံး” လေ့ကျင့်မှတ်သားပြီး “ယေရူ”၏ ဘုရားဇာတိအကြောင်းကို လက်ဆင့်ကမ်း ဝေဌသက်သေခံပါ။


ဤသင်ခန်းစာတွင်အခြားသော အကြောင်းအရာများကို ထပ်ဆင့်ထည့်သွင်းဖော်ပြနိုင်သော်လည်း ကြည်ညိုသော စိတ်နှလုံးဖြင့် သမ္မာတရားကိုစေ့စေ့ စပ်စပ်ရှာဖွေသူတို့အတွက် ဤမျှလောက်ဖြင့် လုံလောက်မူရှိကြောင်း အခိုင်အမာတင်ပြလိုပါသည်။

မေးခွန်းများ