ဓမ္မရာဇဝင်ပဌမစောင် - ၃၁

ရှောလုနှင့်သားများကွယ်လွန်ခြင်း
(၅ရာ၊ ၁၀:၁-၁၂)
1ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို စစ်တိုက်၍၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာပြေးသဖြင့်၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ၍သေကြ၏။ 2ဖိလိတ္တိလူတို့သည် ရှောလုမင်းနှင့် သူ၏သားတို့ကိုပြင်းထန်စွာလိုက်၍၊ ရှောလု၏သားယောနသန်၊ အဘိနဒပ်၊ မေလခိရွှတို့ကို သတ်ကြ၏။ 3စစ်တိုက်ရာတွင် ရှောလုသည် အလွန်ခံရ၏။ လေးသမားတို့ပစ်သော မြားမှန်၍ အလွန်နာသောကြောင့်၊ 4လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင် သင့်ဓားကိုထုတ်၍ ငါ့ကိုထိုးလော့။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသောလူတို့သည် လာ၍ ငါ့ကိုထိုးပြီးမှ မရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆိုသော်လည်း၊ လက်နက်ဆောင်လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုဓားကိုယူ၍ ထောင်ပြီးလျှင်၊ ဓားဖျားပေါ်မှာလှဲ၍ သေလေ၏။ 5ရှောလုသေသည်ကို လက်နက်ဆောင်လုလင် မြင်လျှင်၊ သူသည်လည်း ထိုဓားကိုထောင်၍ ရှောလုနှင့်အတူ ဓားဖျားပေါ်မှာလှဲ၍ သေ၏။ 6ထိုသို့ရှောလုမှစ၍ သူ၏သားသုံးယောက်၊ သူ၏လက်နက်ဆောင်လုလင်၊ သူ၏လူအပေါင်းတို့သည် ထိုနေ့ချင်းတွင် အတူသေကြ၏။
7ဣသရေလလူ ပြေးကြောင်း၊ ရှောလုနှင့် သူ၏သားသေကြောင်းကို ချိုင့်တစ်ဖက်၊ ယော်ဒန်မြစ်တစ်ဖက်၌ နေသော ဣသရေလလူတို့သည် သိမြင်လျှင်၊ မြို့ရွာတို့ကို စွန့်ပြေးသဖြင့်၊ ဖိလိတ္တိလူတို့သည် လာ၍နေကြ၏။ 8နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့သည် အသေကောင်တို့၌ အဝတ်တန်ဆာကို ချွတ်ခြင်းငှာလာသောအခါ၊ ဂိလဗောတောင်ပေါ်မှာ၊ ရှောလုနှင့် သူ၏သားသုံးယောက်တို့သည် လဲသေလျက်ရှိသည်ကို တွေ့မြင်ကြ၏။ 9ရှောလု၏ခေါင်းကိုဖြတ်၍ လက်နက်တော်ကိုချွတ်ပြီးမှ သူတို့ ရုပ်တုကျောင်းများ၌လည်းကောင်း၊ လူများတို့၌လည်းကောင်း၊ သတင်းကျော်စောစေခြင်းငှာ ဖိလိတ္တိပြည်အရပ်ရပ်သို့ ပေးလိုက်ကြ၏။ 10လက်နက်တော်ကိုလည်း အာရှတရက်ကျောင်း၌ထား၍ အလောင်းတော်ကို ဗက်ရှန်မြို့ရိုး၌ ဆွဲထားကြ၏။
11ရှောလု၌ ဖိလိတ္တိလူတို့ ပြုသောအမှုကို ဂိလဒ်ပြည် ယာဗက်မြို့သားများကြားလျှင်၊ 12သူရဲအပေါင်းတို့သည် ညအခါထသွား၍၊ ရှောလု၏အလောင်းနှင့် သူ၏သားအလောင်းတို့ကို ဗက်ရှန်မြို့ရိုးမှချပြီးလျှင်၊ ယာဗက်မြို့သို့ဆောင်ခဲ့၍ မီးရှို့ကြ၏။ 13အရိုးတို့ကိုလည်းယူ၍ ယာဗက်မြို့မှာ သစ်ပင်အောက်၌ သင်္ဂြိုဟ်ပြီးမှ ခုနစ်ရက်ပတ်လုံး အစာရှောင်ကြသည်။

ဓမ္မရာဇဝင်ပဌမစောင် - ၃၁ (အနက်ဖွင့်)

၄။ ရှောလုသေခြင်း (အခန်း ၃၁)

          ၃၁: ဒါဝိဒ်အောင်ပွဲဆင်နေချိန်တွင် ရှောလုစစ်ရှုံးနေသည်။ ရှောလုကိုယ်တိုင်ပြင်းထန်စွာ ဒဏ်ရာရရှိပြီ။ သားသုံးယောက်လည်း ကျဆုံးကုန်ပြီ။ ဖိလိတ္တိတို့၏ စော်ကားကဲ့ရဲ့ ညှဉ်းပန်းမှုမခံလိုသဖြင့် သူ့တပည့်အား သူ့အပေါင်းကို ဂိလဗောတောင်ပေါ်မှာ မြှုပ်နှံခိုင်းသည်။ သူ့ကိုယ်သူအဆုံးမစီရင်နိုင်သဖြင့် ဓါးကိုထောင်၍ ဓါးပေါ်မှာမှောက်ချအသေခံသွားသည်။ သူ့တပည့်သည်လည်း ဆရာ့နည်းလမ်းအတိုင်း သူ့ဘဝကို အဆုံးစီရင်သွားသည်။

၃၁:၁၃ ဣသရေလတပ်ဖွဲ့သည် စိတ်ဓာတ်ပျက်ပြားလျက် ကစဉ့်ကလျား ထွက်ပြေးကုန်သည်။ ဣသရေလတို့ ထွက်ပြေးကြကြောင်း တွေ့သောအခါ ဖိလိတ္တိတို့သည် တိုက်ပွဲနေရာအား ရှင်းလင်းကြရာ ရှောလုနှင့်သားသုံးယောက်၏ အလောင်းတို့ကို တွေ့ရှိကြ၍ ခေါင်းဖြတ်ယူသွားကြသည်။ ဖိလိတ္တိလူတကာ သိရှိကြရန် ရှောလု၏ ဦးခေါင်းကို လှည့်ပြကြသည်။ အလောင်းကို ဗက်ရှန်မြို့ရိုးသစ်တိုင်ပေါ်တွင် ချိတ်ဆွဲထားကြသည်။ ဂိလက်ပြည် ယာဗက်မြို့သားတို့ ကြားသိ၍ ရှောလု၏ အလောင်းကိုညအချိန်တွင် လာဖြုတ်ယူသွားပြီး ဆယ်မိုင်အကွာရှိ ယာဗက်မြို့သို့ ယူဆောင်သင်္ဂြိုဟ်ကြသည်။ ထိုမြို့သားများသည် ရှောလုနန်းတက်ခါစတွင် အမ္မုန်တိုက်ပွဲ၌ အကြီးအကျယ်အောင်မြင်ခဲ့ပုံကို သတိရလေးစားကြဟန်ရှိသည် (အခန်း၁၁)။ ဣသရေလထုံးစံတွင် မီးသင်္ဂြိုဟ်လေ့မရှိကြပါ။ ဤနေရာတွင်မူ ဖိလိတ္တိတို့၏အန္တရာယ် မကြုံတွေ့ရအောင် ခြေရာဖျောက်ခြင်းဖြစ်သည်။

ရှောလုအပေါ် ဘုရားသခင်၏ တရားစီရင်ချက်သည် ပြီးပြည့်စုံသွားသည် (၅ရာ ၁၀ မှ မှတ်စုကိုလည်း ကြည့်ပါ)။ ရှောလုက ဒါဝိဒ်အား ဖိလိတ္တိတို့လက်ချက်ဖြင့် သေအောင်ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သည်။ သို့သော် မသေ။ ဖိလိတ္တိတို့ လက်ချက်ဖြင့်သေသူမှာ သူကိုယ်တိုင်ဖြစ်သည်။ ဘုရားသခင် ဘိသိက်ပေးသည့်အတိုင်း ဒါဝိဒ်အပေါ် စိတ်ကောင်းစေတနာ ကင်းမဲ့သည့်အတိုင်း ကံတူအကျိုးပေးခံစားရသည်။

မှတ်စု

၁။        (နိဒါန်း) ယုဒပညာရှင် Abarbanel က ဤသို့ရှင်းပြသည် “ကျမ်းစာပါအကြောင်းအရာများသည် တကယ့်ဖြစ်ရပ်မှန်များဖြစ်သည်။ ရှောလုနှင့် ဒါဝိဒ်နှစ်ဦးစလုံးသည် ရှမွေလက ဆီလူး ဘိသိက်ပေးထားသူများဖြစ်သည်။” (quoted by Erdmann, “The Book of Samuel” (Lange’s Commentary on the Holy Scripture; p.1).

၂။         (နိဒါန်း) Eugene H.Merrill, “I Samuel.” The Bible Knowledge Commentary, P.432.”

၃။        (၁:၁၁-၁၈) Bishop Hall, quoted in Spurgeon’s Devotional Bible, p.222.

၄။        (၁:၁၉-၂၈) Gesenious and other Hebrew Scholars believed the name means name (Shem) of God.

၅။        (၃:၁-၃) George Williams, “The Student’s Commentary on the Holy Scripture, p.140.

၆။        (၆:၁၉-၂၁) Flavius Josephus (Ant. vi 1:4) p.178.

၇။        (၆:၁၉-၂၁) C.F.Keil and F.Delitzsch, “The Books of Samuel”, Biblical Commentary on the Old Testament, VII:68.

၈။        (၁၀:၇-၉) အချို့ဧဝံဂေလိဆရာများက ရှောလုအား ယုံကြည်သူအဖြစ် လက်ခံကြသော်လည်း စိတ်ရူးဖောက်ပြန်သူဟု ဆိုကြသည်။ တချို့ကအရည်အချင်းမပြည့်မီသူအား ဣသရေလဘုရင်အဖြစ် ဘုရားသခင်က ရွေးချယ်မည်မဟုတ်ဟု ဆင်ခြေပေးကြသည်။

၉။        (၁၀:၁၇-၁၉) Matthew Henry, “I Samuel” in Matthew Henrys Commentary on the whole Bible, 11:334,35.

၁၀။      (၁၂:၁-၁၃) ရှေးဦးကျမ်းများတွင် Bedan နှင့် Barak နာမည်ဆင်တူရိုးမှားဖြစ်သည်။ “d” (alet) နှင့် “r” (resh) တို့သည် စာကူးယူရာတွင် မကြာခဏမှားတတ်သည်။ ထိုကဲ့သို့ပင် “n” (nun)သည်လည်း “K” (kaph) နှင့် ခဏခဏမှားတတ်သည်။

၁၁။      (၁၃:၁) ဓမ္မဟောင်းကျမ်းတွင် မကြာခဏမှားယွင်းကူးယူတတ်သော စာလုံးပေါင်းဖြစ်သည်။ (ရာဇဝင်ချုပ်နိဒါန်းတွင် အသေးစိတ်ဖော်ပြထားသည်)။

၁၂။      (၁၃:၂-၅) အထက်စာပိုဒ်အတိုင်းဖြစ်သည်။

၁၃။      (၁၄:၁၆-၂၃) ၁၈၈၅ ခုနှစ်ထုတ် RV ကျမ်းမူဟောင်းတွင် “သင်တိုင်းကို ယူဆောင်ခိုင်း၍ ဣသရေလလူများရှေ့တွင် ဝတ်ဆင်သည်” ဟု ရေးထားသည်။

၁၄။      (၁၅:၁၃-၃၅) Christian F.Erdmann “The Books of Samuel” in Lange’s Commentary on the Holly Scripture, Critical, Doctrinal and Homilectical, III.209.

၁၅။      (၁၆:၁၄-၂၃) Arthur Rendel Short, The Bible and Modern Medicine, p.71.

၁၆။      (၁၇:၅၅-၅၈) Septuagint တွင်ဤကျမ်းပိုဒ်များမပါရှိပါ။

၁၇။      (၁၇:၅၅-၅၈) Williams, Student’s Commentray, p.152.

၁၈။      (၁၇:၅၅-၅၈) Michael Griffith, Takes My Life, p.128.

၂၀။      (၂၃:၁၃-၁၈) ပုဂ္ဂိုလ်ရေးအရ မှားယွင်းမှန်းသိသော်လည်း ဖခင်ဘက်မှသစ္စာပျက်ရာရောက်သည်။

၂၁။      (၂၆:၂၁-၂၅) အဓိပ္ပါယ်တစ်မျိုးကောက်နိုင်သည်။ အခြားတဘက်တွင် ရှောလုသည် အပြစ်ဒုစရိုက်ပြုမှားသော်လည်း ဘုရားသခင်၌ ယုံကြည်ခြင်း စိတ်မပျောက်ဟု နားလည်နိုင်သည်။

၂၂။       Keil နှင့် Delitzsch တို့က နှစ်ပေါင်း(၅၀)အုပ်စိုးခြင်း မဖြစ်နိုင်ဟုဆိုကြသည်။ ၃ရာ ၂:၃၉ တွင်လည်း ထိုသဘောတည်းရှိသည် (“Samuel”, VII:255).

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။