၁ရှင်ပေတရု - ၁

1-2ယေရှုခရစ်၏တမန်တော် ငါပေတရုသည်၊ နားထောင်ခြင်းကျေးဇူး၊ ယေရှုခရစ်၏ အသွေးတော်နှင့် ဖျန်းခြင်းကျေးဇူးကို ခံရမည်အကြောင်း၊ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ရောက်၍၊ ခမည်းတော် ဘုရားသခင်၏ အနာဂတံသဉာဏ်တော်အတိုင်း ရွေးကောက်တော်မူသော သူတည်းဟူသော၊ ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ ကွဲပြားသော ဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌များပြားပါစေသော။
ရှင်သန်သောမျှော်လင့်ခြင်း
3အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မျှော်လင့်ခြင်းအကြောင်းရှိစေခြင်းငှာ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသော ကရုဏာတော်နှင့်အညီ ငါတို့ကို တစ်ဖန် ဖြစ်ဖွားစေတော်မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။- 4-5ထိုအမွေတော်သည်ကား၊ နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှာ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့အဖို့ ကောင်းကင်ဘုံ၌ သိုထားလျက်ရှိသော အမွေတည်း။- 6-7အရည်ကျို၍ စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သော ရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ် ပေါ်ထွန်းတော် မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော် အလိုငှာဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ် ရှိကြ၏။- 8ထိုသခင်ကို သင်တို့သည် မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခုမှာလည်း မမြင်ဘဲလျက်၊ ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍မမီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊- 9စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်းဟူသော ယုံကြည်ခြင်း၏အကျိုးကို ခံရကြ၏။
10ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့ စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ ခံရသော ကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။- 11ခရစ်တော်ခံတော်မူရသော ဆင်းရဲကိုလည်းကောင်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကိုလည်းကောင်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သော သူကိုလည်းကောင်း၊ အဘယ်သို့သော အချိန်ကာလကိုလည်းကောင်း ဆိုလိုတော်မူသည်ဟု မေးမြန်းရှာဖွေကြ၏။- 12ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဖို့ မဟုတ်၊ သင်တို့အဖို့ ဖြစ်သည်ဟု ထိုသူတို့အား ဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှ စေလွှတ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်ပါလျက်၊ သင်တို့အား ဧဝံဂေလိတရားကို ဟောပြောသောသူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ။ ထိုအရာတို့ကို ကောင်းကင်တမန်တို့သည် စေ့စေ့ကြည့်ရှု စဉ်းစားချင်သော စေတနာစိတ် ရှိကြ၏။
သန့်ရှင်းခြင်းရှိကြလော့
13သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့ဆီသို့ရောက်လတ္တံ့သော ဆုကျေးဇူးကို အဆုံးတိုင်အောင် မျှော်လင့်ကြလော့။- 14အထက်က သင်တို့သည် မှောင်မိုက်ထဲမှာကျင့်သော တပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ၊ နားထောင်တတ်သော သူငယ်ကဲ့သို့ ဖြစ်၍၊- 15သင်တို့ကိုခေါ်တော်မူသော သူသည် သန့်ရှင်းတော်မူသည်နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်း ရှိကြလော့။- 16အကြောင်းမူကား၊ ငါသည် သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာလာသတည်း။-ဝတျ၊ ၁၁း၄၄-၄၅၊ ၁၉း၂၊ ၂၀းရ။ 17လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသောသူတို့၏ အကျင့်အတိုင်း စီရင်တော်မူသောခမည်းတော်ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင်၊ ဧည့်သည်ဖြစ်စဉ်ကာလပတ်လုံး ကြောက်ရွံ့သောစိတ်နှင့် ကျင့်နေကြလော့။- 18မိစဉ်ဘဆက် ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန် ပျက်စီးတတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ်။- 19အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။- 20ထိုခရစ်တော်ကား၊ ဤကမ္ဘာမတည်မရှိမီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့အဖို့၊ ဤနောက်ဆုံးသောကာလ၌ ထင်ရှားတော်မူပြီ။- 21သင်တို့သည် ဘုရားသခင်ကို ထောက်လျက် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းရှိစေခြင်းငှာ၊ ထိုသခင်ကို ဘုရားသခင်သည် သေခြင်းမှထမြောက်စေ၍ ဘုန်းအသရေကို ပေးသနားတော်မူပြီ။
22သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဖွားသည်မဟုတ်၊- 23မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဖွားသောကြောင့်၊ ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်းအလိုငှာ စိတ်ထဲမှာသမ္မာတရားကို နားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့် အညီ၊ စင်ကြယ်သောစိတ်နှင့် အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာ ရှိကြလော့။- 24လူမျိုးရှိသမျှသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။- 25ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား၊ ကာလအစဉ်အမြဲ တည်၏။ ထိုနှုတ်ကပတ်တော်သည်၊ သင်တို့အား ဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။

၁ရှင်ပေတရု - ၁ (အနက်ဖွင့်)

၁။ ယုံကြည်သူ၏ရပိုင်ခွင့်နှင့်ဝတ္တရား(::၁၀)

(ကနှုတ်ခွန်းဆက်ခြင်း (:)

          : ငါးညှီစော်နံသော တံငါသည်က သူ့ကိုယ်သူ ယေရှုခရစ်တော်၏ တပည့်တော် ပေတရုအဖြစ် နှစ်လိုဖွယ်ရာ မိတ်ဆက်ထားသည်။ သခင်ယေရှုကိုယ်တော်တိုင်က တပည့်တော်(၁၂)ယောက် အဖြစ်ရွေးချယ်ရာတွင် ပါဝင်သောသူဖြစ်သည်။ ကောင်းကြီးမင်္ဂလာနှင့် ကြွယ်ဝသော သံတော်ပါးအဖြစ် ပြောင်းလဲသောသူဖြစ်သည်။ သခင်ဘုရားကလူများသောတံငါတာဝန် ထမ်းရွက်စေသူဖြစ်သည်။

ယုံကြည်သူများသည် ခရစ်တော်ဘုရားကစိတ်ဝင်တစားရွေးချယ်ထားသော လောကသား များဖြစ်ပါသည်။ မိမိတို့မွေးရပ်မြေတွင်ဖြစ်စေ၊ရပ်ဝေးမြေခြားတွင်ဖြစ်စေ သာသနာပြုများဖြစ်စေ ချင်သည်။ ခရစ်တော်၏ နောက်လိုက်တပည့်များအနေနှင့် ကိုယ်တော်၏ထိုစကားသည် အဓိကထား ရှိရမည့် ရည်ရွယ်ချက်ခံယူချက် ဖြစ်ရသည်။

သြဝါဒစာစောင်က သာဝက ခရီးသည်များ နေထိုင်ရာ၊ ပုန္တုပြည်၊ ရလာတိပြည်၊ ကပ္ပဒေကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်များ၌ နှံ့ပြားစေချင်သည်။ ထိုအရပ်မှာမည်သူတွေ့ရှိသနည်း။

ဧည့်သည်အာဂန္တုများဟု ဆိုထားသဖြင့် ပျံ့နှံ့နေသော ယုဒယုံကြည်သူများဟု ယူဆရသည်။ အဘယ်ကြောင့်ဆိုသော ရှင်ယာကုပ်ကလည်း ဣသရေလ (၁၂)မျိုးနွယ်စုအား ခေါ်ဝေါ်ရာတွင် ထိုစကားလုံးကိုပင် သုံးသည် (ယာ၁:၁)။ (ယော၇:၃၅)တွင်လည်း တစ်ပါးအမျိုးသားများ အကြားတွင် ရောက်ရှိနေသော ယုဒလူမျိုးများ ခေါ်ဝေါ်ရာတွင် ထိုစကားလုံးကို သုံးသည်။

သို့သော်လည်း ပေတရုက စုံစမ်းနှောင့်ယှက်ခြင်း ပြင်းစွာခံစားနေရသော ပတ်ဝန်းကျင်ရှိ တစ်ပါးအမျိုးသားများကို အထူးသဖြင့် ရေးသားခြင်းဖြစ်သည်။ ထိုသို့ဖြင့်ဘုရားသခင်၏ လောကလူ သားများဘုရားသခင် လူ့ဘောင်သစ်၊ အသင်တော်အဖြစ်ဖော်ဆောင်သည်။ ဘုရားသခင်ရွေးကောက် သောသူ၊ မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်၊သန့်ရှင်းသောလူမျိုး၊ ဘုရားပိုင်ဆိုင်သောမျိုးနွယ်စု (၂:၉) အဖြစ်ခွဲခန့်စီရင်ခဲ့သည်။ တစ်ပါးအမျိုးသားများထံသို့ ရေးရသည့်အကြောင်း (၃)ချက်ရှိသည်။ အချည်းနှီး ကျင့်ကြံသောဘဝမှ အဓိပ္ပါယ်ရှိသောဘဝကို ရောက်ရမည့်အကြောင်း (၁:၁၄-၁၈)ရေးသည်။ အတိတ်တွင် ဘုရားသခင်၏ အပေါင်းအသင်း မဟုတ်ခဲ့ကြပုံကို (၂:၁၀) ရေးထားသည်။ (၄:၃) တွင်ရှေးယခင်က တစ်ပါးအမျိုးသားများကဲ့သို့ နေထိုင်ခဲ့ကြသော်လည်း ရှင်ပေတရု၏ သြဝါဒပေးစာကြောင့် ရပ်ဝေးမြေခြားသာသနာနှင့် ကိုယ့်မင်းကိုယ်ချင်းသာသနာ များသည်တစ်ပါးအမျိုးသားများရှေ့တွင် အပြောင်းလဲကြီးပြောင်းလဲနေရသည်။ အကယ်၍ ရှင်ပေတရု၏ သြဝါဒပေးစာကြောင့်ရပ်ဝေးမြေခြားသာသနာနှင့် ကိုယ့်မင်းကိုယ်ချင်း သာသနာများ သည်တစ်အမျိုးသားများရှေ့တွင် အပြောင်းလဲကြီးပြောင်းလဲနေရသည်။ အကယ်၍ရှင်ပေတရု၏ သာသနာခရီးသည် ယုဒလူမျိုးများအတွက်သာ ရည်ရွယ်ထားလျှင် သာဝကခရီးစဉ်တွင် တပါးအမျိုးသားများလည်း ပါဝင်လာစရာအကြောင်းမရှိပါ။ တစ်ပါးအမျိုးသားရှင်ပေါလုကို ယုဒလူမျိုး အကြားတွင် အချိန်ကုန်လွန်မည်မဟုတ်။

: ဝိညာဉ်ရေးရာနိုးထမှုရှိစေရန် သုံးပါးတဆူဘုရားရှင်တော်အကြောင်းကို အဆင့်(၄)ခု ဖြင့်သွန်သင်ထားသည်။

ပထမဦးစွာ ခမည်းတော်ဘုရားသခင်၏ အနာဂတ်ဉာဏ်တော်အတုင်း ရွေးကောက်ထားခြင်း အကြောင်းဖြစ်သည်။ လွန်ခဲ့သောအတတ်ကာလမှစ၍ ဘုရားသခင်ကအထံတော်ပါးသို့ ရှိနေကြရန် ရွေးကောက်ထားပါသည်။ ဘုရားသခင်၏ ဤရွေးကောက်ထားခြင်း တရားသည် အမြဲတမ်းကျော်ကြား ခေတ်စားခြင်း မရှိသော်လည်း ဘယ်သောအခါမှ တန်ဖိုးမလျော့ပါ။ ဘုရားသခင်ဖြစ်သော ကြောင့်တည်း။ လူကသာလျှင် ဘုရားသခင်၏ အုပ်စိုးမှုအောက်မှ ရုန်းကန်လွတ်မြောက်သွားသည်။ လူ၏အတွေးအခေါ်သည် လူ၌သာရှိသဖြင့်ဘုရားသခင်၏ ပြန်လည်စည်းရုံးနေ့သည်လည်း အခက်အခဲ အကြပ်အတည်းရှိသည်။ သမ္မာကျမ်းစာက ထိုကဲ့သို့အတွေး (၂)မျိုးရှိကြောင့် သွန်သင်ထားရာ ထိုအတိုင်းရှိနေကြသည်။ ခံယူချက် တစ်ယောက်တစ်မျိုးစီ ရှိနေသည်။

ဘုရားသခင်က အနာရဂတံဉာဏ်တော်ဖြင့် ရွေးကောက်ထားပါသည်။ အချို့ကဤစကား တော်သည် ကယ်တင်ရှင်သခင်ဘုရားကို သိကျွမ်းသူများကို ရည်ညွန်းသည်ဟုဆိုသည်။ အချို့ကမူ ဘုရားသခင်သည် အလုံးစုံကို သိကျွမ်းတော်မူသောကြောင့် အပြစ်မရှိသူများသာလျှင်ကယ်တင်ရှင်ကို ယုံကြည်ကြရမည့်အကြောင်း အနာဂတံဉာဏ်တော်ဖြင့် ကျေးဇူးတော်ခံစာမည့်သူများ ခွဲခန့်ထား ကြောင်းဆိုကြသည်။ ဘုရားသခင်က ထိုသို့မြွက်ဆိုခြင်းမပြုထားသဖြင့် ထိုသို့ယူဆခြင်းသည် သင့်လျော်မှန်ကန်ခြင်းမရှိပါ။

ဒုတိယအဆင့်အနေဖြင့် ကယ်တင်ခြင်းသည်ဝိညာဉ်တော်ဖြင့် သန့်ရှင်းခြင်းရှိရမည်။ ထိုသန့်ရှင်ခြင်းဆိုသည်မှာ ပြောင်းလဲခြင်းမရှိ သန့်ရှင်းရမည့်အကြောင်းဖြစ်သည်။ သန့်ရှင်းသောဝိ ညာဉ်တော်၏အမှုတော်ဖြစ်၍ ဘုရားသခင်၏လူများဖြစ်သည် (၂သက် ၂:၁၃ကိုကြည့်ပါ)။ အဘဘုရားသခင်က ရွေးကောက်ခြင်းဆိုသည်မှာ ယုတ္တိယုတ္တာကျပါသည်။ ထာဝရဘုရားသခင်သည် အာဂတံဘုရားရှင်ဖြစ်၍ ရွေးကောက်ထားခြင်းဖြစ်သည်။ ထိုအချိန်တွင် သန့်ရှင်သောဝိညာဉ်တော်က ထိုရွေးချယ်ထားသူများ အသီးသီး၏အသက်တာ၌ ပါဝင်လှုပ်ရှာခြင်းဖြစ်သည်။

တတိယအဆင့်မှာ အပြစ်သားများ၏စိတ်ဝိညာဉ်ကယ်တင်ခြင်းဖြစ်၍ သန့်ရှင်းသော ဝိညာည်တော်သို့ တုံ့ပြန်ရမည့် ဝတ္တရားဖြစ်သည်။ သခင်ယေရှုခရစ်တော်အား နာခံခြင်းဟုလည်း ဆိုသည်။ ဆိုလိုသည်မှာ မိမိအပြစ်ကိုနောင်တရ၍ ခရစ်တော်အားကယ်တင်ရှင်အဖြစ် လက်သင့်ခံ သည့်ဧဝံဝေလိသတင်းကောင်းခံယူခြင်းဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် ဧဝံဂေလိသတင်းကောင်းများ သည်တစ်ခုတည်းဖြစ်ပါသည် (ရော ၂:၈၊၂သက် ၁:၈ တို့ကိုကြည့်)။

နောက်ဆုံး၌ အသွေးတော်ဖြန်းခြင်းဖြစ်သည်။ကယ်တင်ခြင်းရရှိသောသူသည် ဘုရားသခင် ယေရှုအသွေးတော်ဖြင့် အမှန်တကယ် ဖြန်းရသည်ဟုတထစ်ချမယုံကြည်ရပါ။ သီးခြားအဓိပ္ပါယ်ရှိ သည်။ ဧဝံဂေလိသတင်းစကားခံယူပြီးသည်နှင့်တပြိုင်နက် ကရာနီးကုန်းပေါ်တွင် ခရစ်တော် သွန်းလောင်းခဲ့သော အသွေးတော်ကိုမည်သို့ အဖြန်းခံနိုင်မည်နည်း။ ကယ်တင်ရှင်၏အသွေးတော် သည်နှစ်ပေါင်း ၁၉၀၀ခန့်ကလူသားအားလုံးအတွက် သွန်းလောင်းသည်။ဘယ်သောအခါမှ နောက်ထပ်တစ်ကြိမ် သွန်းလောင်းမည်မဟုတ်။ သို့သော်ထိုအမှုတော်ကို လက်ခံသည်နှင့် တပြိုင်နက် အပြစ်ခွင့်လွှတ်ခြင်း၊ ရွေးနှုတ်ခြင်းနှင့် အခြားမရေတွက်နိုင်သော ကောင်းကြီးမင်္ဂလာများစွာ ခံစားရပါသည်။

ထိုအဆင့်(၄)ဆင့် ပြည့်စုံပြီးသည်နှင့်ဝိညာည်ရေးရာ၌ အသစ်မွေးဖွားကြခြင်းဖြင့် ကျေးဇူးတော်အား ကယ်တင်ခြင်းဖြင့်၎င်း ၊ အကျိုးဆက်ငြိမ်းသက်ခြင်းအား ဘုရားသခင်၌၎င်း ခံစားကြရသည်။ ထို့ကြောင့်နေ့စဉ်နှင့်အမျှ ထိုကျေးဇူးတော်သည် ခရစ်ယာန်အသက်တာတွင် ရှင်သန်နေရမည်။ ထိုအချက်သည်အဓိကသွန်သင်ချက်ဖြစ်သည်။ James Denny က “ကျေးဇူးတော် ဟူသောစကားလုံးသည် ဧဝံဂေလိတရား၏ ပထမဆုံးနှင့် နိဂုံးစကား၊ ငြိမ်သက်ခြင်းဟူသော စကားသည်ပြည့်စုံသောဝိညာဉ်ရေးရာ သက်ပြင်းချသံ ကျေးဇူးတော်၏အဆုံးသတ်စကာလုံး” ဟုဆိုသည်။

(အမှုတော်တွင်ပေတရု၏အခန်းကဏ္ဍ (:၁၂)

          : အငယ် ၃-၁၂ တွင်ကယ်တင်ခြင်း၏ဝိသေသကောင်းကြီးမင်္ဂလာထူခြားပုံကိုရှင်း ပြသည်။ ကယ်တင်ခြင်းရရှိသောကြောင့် အဘဘုရားသခင်နှင့်သခင်ယေရှုခရစ်တော် အားချီးမွမ်း စကားဆိုထားသည်။ အဘဘုရားသခင်နှင့် သခင်ယေရှု၏ဆက်စပ်မှုကို အချက်(၂)ခုရှိသည်။ သခင်ဘုရားယေရှုခရစ်တော်၏ လူ့ဇာတိခံယူ၍ ကယ်တင်ရှင်ဖြစ်သည့်အကြောင်းနှင့်အဘခမည်း တော်၏သားတော်အပြည့်အစုံကို ရှင်းပြပါသည်။

သခင်။ စိတ်ပါကိုယ်ပါစီမံခန့်ခွဲသူ၊

ယေရှု။ သူ့လူများအား အပြစ်သားဘဝမှရွေးနှုတ်သူ

ခရစ်တော်။ ကောင်းကင်နိုင်ငံ၏ အမြင့်ဆုံးနေရာတွင်စိုးစံသော ဘုရားသခင်မှ ဘိသိမင်္ဂလာပေးထားသူ။

          ယေရှုခရစ်ကိုသေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့် ကြီးစွာသော ကရုဏာတော်နှင့် အညီငါတို့ကို တဖန်ဖြစ်ဘွားစေတော်မူသောအားဖြင့် ဘုရားသခင်၏ ကရုဏာတော်နားလည်ခွင့် ရကြပါသည်။ ကယ်တင်ခြင်း၏ အရင်းအမြစ်အရှင်သခင်သည် ဘုရားရှင်တော်ဖြစ်သည်။ ဘုရားရှင် တော်၏ မဟာကရုဏာတော်အားဖြင့် ကယ်တင်းခြင်းရရှိပါသည်။ အသစ်တဖန်မွေးဖွားခြင်း လည်းဖြစ်သည်။ အသက်ရှင်ခြင်းနှင့် စပ်ဆိုင်သော မျှော်လင့်ချက်လက်ဆောင်လည်းဖြစ်သည်။ ယေရှုခရစ်တော်၏ ရှင်သန်ထမြောက်ခြင်းသည် ကယ်တင်ခြင်း၏ ဖြောင့်မတ်မှန်ကန်ခြင်းလည်းဖြစ် ၍အသက်ရှင်ခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်း၏ အကြောင်းအရင်းလည်းဖြစ်သည်။

အပြစ်သားများ၏ မျှော်လင့်ချက်သည် သုဿန်မှလွဲ၍ တခြားမရှိပါ။ အပြစ်စီရင်ခြင်းနှင့် စက်ဆုတ်ရွံရှာခြင်းသာ ရှိသည်။ ပထမဖန်ဆင်းခြင်း၌ ပါဝင်သူများဖြစ်သောကြောင့်သေခြင်မိန့်တော် အောက်၌ရှိကြသည်။ သို့သော်လည်း ခရစ်တော်၏ရွေးနှုတ်ခြင်းအမှုတော်ကြောင့် ဘုရားသခင်က ဖြောင့်မတ်ခြင်းသို့ရောက်စေပါသည်။ ကျွန်ုပ်တို့၏အပြစ်အဖိုးအခများကို ခရစ်တော်ကပေးချေပေး ခဲ့ပါသည်။ အားလုံးနေသားတကျရှိကြပါပြီ။ ဖြောင့်မတ်မှန်ကန်မှုရှိသောကြောင့် ဧဝံဂေလိသတင်း စကားလက်ခံသူတိုင်း ကောင်းကြီးမင်္ဂလာခံစာရပါသည်။ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းဖြင့် သားတော်၏ ယဇ်ပူဇော်သက္ကာ အမှုသည် ပြည့်စုံသွားပါသည်။ သခင်ဘုရား၏ “အမှုပြီးပြီ” ဟုကြွေး ကြော်သံမှစ၍ ရှင်ပြန်ထမြောက်ရမည့်အကြောင်း အာမခံသည်။ ထိုအာမခံချက်သည် ကျွန်ုပ်တို့၏ အသက်ရှင်ခြင်းနှင့် ဆိုင်သောမျှော်လင့်ချက် ဖြစ်သည် မိမိတို့နေအိမ်မှ ကောင်းကင်နိုင်ငံသို့တိုင်အောင် ခရစ်တော်ကဲ့သို့ ခရစ်တော်နှင့်အတူ အသက်ရှင်ရမည့် အကြောင်းဖြစ်သည်။ အသက်ရှင်ခြင်းနှင့် ဆိုင်သော မျှော်လင့်ချက်ကို FB Meyer က “မျက်မှောက်ကာလနှင့် အနာဂတ်အကြား ပေါင်းကူးတံ တား”ဟုဆိုသည်။

: အငယ်၄-၅ တွင်ကယ်တင်ခြင်း၏ အနာဂတ်သွင်ပြင်ကို ရှင်းပြထားသည်။ အသစ်တစ် ဖန်မွေးဖွားခြင်းခံရသူတိုင်းသည် ကောင်းကင်နိုင်ငံ၏ အမွေတော်ခံများ ဖြစ်သည်။ အမွေတော်ခံဆို သည်မှာ ယုံကြည်သူတိုင်းခရစ်တော်အားဖြင့် ကောင်းကင်နိုင်ငံတွင်ထာဝရစိုးစံပျှော်ရွင်ရမည့်ဟု ဆိုလိုသည် (ဆာ ၁၆:၅)။ ထိုအမွေသည်မပျက်စီးနိုင် မစင်ကြယ်ခြင်းမရှိနိုင်၊ ညှိုးနွမ်းခြင်းမရှိနိုင်။ (မပျက်စီးနိုင် ဆိုသည်မှာ တဖြည်းဖြည်းပျက်စီးခြင်း၊ ကွဲအက်ခြင်း၊ ဆွေးမြေ့ခြင်းအလျဉ်းမရှိ ကြောင်းအာမခံသည်။ (၂) မစင်ကြယ်ခြင်းမရှိနိုင် ဆိုသည်မှာထိုအမွေတော်သည် ပြည့်စုံသောအရည် အသွေးရှိသည်။ သံချေးမတက်နိုင် အပြောက်အစက်မရှိ၊ ဖားဉလည်းမစွဲနိုင်ပါ။ အနာအဆာအာမခံ ဖြစ်သည်။ (၃) ညှိုးနွမ်းခြင်း မရှိနိုင်ဆိုသည်မှာ တန်ဘိုးကျဆင်းခြင်းမရှိ၊ လှပကျက်သရေရှိနေမည် ဟုဆိုခြင်းဖြစ်သည်။ အချိန်အာမခံခြင်းဖြစ်သည်။

လောကအမွေများသည် အကောင်းဆုံးအနေအထားရှိနေမည်ဟု အာမခံချက်မပေးနိုင်ပါ။ ကုန်ဈေးနှုန်း အတက်အကျကြောင့် ဗြန်းကနဲကျသွားတတ်သည်။ တခါတရံအမွေလုကြရသည်။ တခါတလေ လက်လွှတ်ဆုံးရှုံးရတတ်သည်။ ကောင်းကင်အမွေတော်သည် နွေမိုးဆောင်းပြောင်းသော် လည်း ပြောင်းလဲခြင်းမရှိနိုင်။ ယုံကြည်သူများလွတ်ထွက်သွားမည့်အကြောင်းလည်းမရှိ။ ဘုရားသမီများအတွက် ကောင်းကင်နိုင်ငံ အာမခံဌာနမှ အာမခံပေးထားပါသည်။

: အမွေတော်ကို ခံစားရမည့်အကြောင်းသာ မဟုတ်ပါ။ ခံစားနိုင်ဖို့ရန်ထိုသူများကိုလည်း စောင့်ရှောက်ထားပါသည်။ လူ့လောကတွင်မူ အမွေရပိုင်ခွင့်ရှိသော်လည်း အမွေမရလိုက်ဘဲ ကွယ်လွန်နိုင်သည်။ ယုံကြည်သူများသည် အမွေတော် ဆက်ခံခွင့်ရသကဲ့သို ဆက်လည်းဆက်ခံရမည်။ ဘုရားသခင်က ရွေးကောက်ထားသူများပီပီ ပြဿနာတက်စရာ အကြောင်းမရှိနိုင်။ ထာဝရကာလအတွက် အာမခံချက်ရှိသည်။ ခရစ်တော်၌တည်သော ယုံကြည်သူများသည်ထာဝစဉ်လုံခြုံမှုရှိသည်။

သာမန်လူသားဖြစ်သော်လည်း ဘုရားသခင်၏ ဘုန်းတန်ခိုးဖြင့် ထာဝရလုံခြုံခြင်းရရှိသည် ဘုရားသခင်၏ တန်ခိုးတော်ဖြင့် စောင့်ရှောက်တော်မူသည်။ ဘုရားသခင်ပြုသော အပြုသောအမှုတော် ဖြစ်သည်။ သို့သောလူ့ဘက်မှ ယုံကြည်ကိုးစားဖို့လိုသည်။ ထို့သို့ပြောရာတွင် လူ့ယုံကြည်ကိုးစားဖို့ လိုသည်။ ထို့သို့ပြောရာတွင် လူ့ယုံကြည်မှုရှိနေသရွေ့ ကယ်တင်ခြင်းရရှိမည်ဟုမဆိုလိုပါ။ အမှန်တကယ် ယုံကြည်မှုရှိမှသာလျှင် အကျိုးသက်ရောက်ပါသည်။ အကြောင်းရှိမှ အကျိုးလာသည်။ ကယ်တင်ခြင်းသည် ထာဝရကာလအတွက်ဖြစ်သည်။

ဘုရားသခင်၏ သားသမီးများသည် ဘုရားသခင်၏တန်ခိုးတော်ဖြင့် နောက်ဆုံးကာလတိုင် အောင် စောင့်ရှောက်ပါသည်။ ဤကျမ်းစကားက ကယ်တင်ခြင်းကိုအနာဂတ်စကားအဖြစ်ပြောပါ သည်။ ကယ်တင်ခြင်းကိုကာလသုံးပါဖြင့် မကြာခဏရှင်းပြလေ့ရှိပါသည်။ (၁) ခရစ်ယာန်တစ်ဦး သည်အပြစ်ဒဏ်မှကယ်တင်ခဲ့ပြီးဖြစ်၍ ဦးစွာကယ်တင်ရှင်ကိုယုံကြည်ရမည် (ဧ ၂:၈)။ (၂) အပြစ်ဒဏ်မှ ကယ်တင်ပြီးဖြစ်သောကြောင့် မျက်မှောက်နေ့စဉ်အသက်တာတွင်လည်း ကယ်တင်ရှင် အားသူ့ဘဝထဲ၌ ရှင်သန်ခွင့်ပြုရမည် (ရော ၅:၁၀)။ (၃) ဘေးဒဏ်ကြီးကာလတွင်လည်း ကယ်တင်ထားပြီးဖြစ်ပါသည်။ (ဟေဗြဲ ၉:၂၈)။ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်ခြည်းပြောင်းလဲပြီး ကောင်းကြီးမင်္ဂလာနှင့် ပြည့်စုံမည်။ အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့် ကင်းရှင်းမည်။ ဤအနာဂတ် ကယ်တင်ခြင်းသည် သန့်ရှင်းသူများ ခရစ်တော်နှင့်အတူ ဘုရားသားသမီးများ လာရောက်တွေ့ဆုံ ခြင်းလည်းဖြစ်သည် (၁ယော ၃:၂)။

          : ထိုခန္ဓာကိုယ်အားရွေးနှုတ်ခြင်း မျှော်လင့်ချက်သည် ကောင်းကြီးမင်္ဂလာအမွေတော်ခံရာ ဖြစ်၍ယုံကြည်သူများသည် စုံစမ်းနှောင့်ယှက်ခြင်း ဝဲသြဃအကြားတွင်ပင်လျှင် ပျော်ရွှင်ကြမည့် သူများဖြစ်သည်။ ပေတရုစာရေးသော ခရစ်ယာန်များသည်ခရစ်တော်၏ သက်သေခံလုပ်ဆောင် ကြသောကြောင့် ဆင်းရဲဒုက္ခခံနေရသူများဖြစ်သည်။ ဝေဒနာသက်သာစေခြင်းငှာ ဝမ်းနည်းခြင်းအ လယ် ပေတရုကပျော်ရွှင်မှု ပေးဆက်ခြင်း ဖြစ်သည်။ အခြားတစ်ဘက်တွင် အမွေတော်ခံအဖြစ် ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံရသူများဖြစ်သောကြောင့် ပျော်ရွှင်ခြင်း ရရှိနိုင်သည်။ နောက်တစ်ဘက်တွင် စုံစမ်းနှောင့်ယှက်အမျိုးမျိုး ခံစားရသော်လည်း ထိုဆင်းရဲဒုက္ခသည် တဒဂ်သာ ဖြစ်၍ ထာဝရခံစားရမည့်ကောင်းကြီးမင်္ဂလာကို သိရှိထားကြသည် (၂ကော ၄:၁၇)။ မျက်မှောက် ကာလတွင်ခံစားရသော ဆင်းရဲဒုက္ခပင်လယ်မှ ပျော်ရွှင်ဖွယ်ရာတွေ့ရှိခြင်းအကြောင်းကို J.H Jowett က “ကတိတော်သာမပြုထားလျှင်အချည်းအနှီးနေရာတွင် ရေတံခွန်တွေ့ရှိနိုင်မည်ဟု မမျှော်လင့်ရဲပါ” ဟုရေးထားသည်။

: သန့်ရှင်းသူများ၏ ခံစားရသောစုံစမ်းနှောင့်ယှက်ခြင်းသည် ရည်ရွယ်ချက်မရှိဘဲ အသီးအပွင့်မရှိဘဲ အချည်းအနှီးသက်သက် ခံစားရသည်မဟုတ်။ ဆင်းရဲဒုက္ခသည် ဘုရားသခင်နှင့် မစပ်ဆိုင်၊ ထာဝရခံစားရမည့် အပယ်ငရဲအား နမူနာမြည်းစမ်းခြင်းဖြစ်သည်ဟု တချို့က ဆိုသည်။ ထိုအယူအဆသည် ခရစ်ယာန်များအတွက် မမှန်ပါ။ ဘုရားသခင်တွင် ရည်ရွယ်ချက်များစွာရှိသည့် အနက်ဘုရားသခင်သားသမီး၏ ယုံကြည်ချက်အားစမ်းခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း ကိုရွေနှင့်ခိုင်းနှိုင်းသည်။ သိကြသည့်အတိုင်း လူကိုအဓိက ပျက်စီးစေသောအရာမှာ ရွှေဖြစ်သည်။ ရွှေသည် အရည်ကျိုစုံစမ်းခြင်းကို ခံနိုင်သော်လည် ပျက်စီးတတ်သည်။

စစ်မှန်သောယုံကြည်ခြင်းကား မပျက်စီးနိုင်။ ယုံကြည်သူများသည် စုံစမ်းနှောင့်ယှက်ခြင်း၊ စစ်ကြောခြင်း အမျိုးမျိုးခံရသောအခါ ယုံကြည်မှုပျက်စီးမည့်အစား ယုံကြည်ခြင်းခိုင်မာမှုအတွက် အာဟာရအဖြစ်မှီဝဲရသည်။ ယောဘသည် တခြားလောကသားများထက် ကြီးလေးသော စုံစမ်းစစ် ကြောခြင်းကို တစ်နေ့ပြီးတစ်နေ့ ပိုမိုစမ်းသပ်ခံခဲ့သည်။ သို့သော်လည်း “ငါမြော်လင့်စရာ မရှိသော်လည်း ရှေ့တော်၌ ကိုယ်အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည် ” (ယော ၁၃:၁၅)ဟု ဆိုနိုင်သည်။ ဗာဗုလုန် မီးဖိုကြီးထဲကလူ (၃)ယောက်သည်လည်း မီးဖြင့် စမ်းသပ်ခဲ့ပါသည်။ ယုံကြည်ချက်စစ်မှန် ကြောင်းမီးခဲ မီးလျှံများက ထောက်ခံခဲ့သည် (ဒံ ၃:၁၂-၃၀)။ မီးလျှံကြားထဲမှာ ရှိနေကြစဉ် “ဘုရားသခင်သားကဲ့သို့သော” အဖော်တစ်ယောက်ရောက်လာသည်။ စစ်မှန်သောယုံကြည်ခြင်း သည် မီးကသက်သေထူ ပေးနိုင်ပါသည်။ အထက်ကသာဓကများကို လက်ခံယုံကြည်သူသည် ခရစ်ယာန်ကောင်းတစ်ဦးဖြစ်သည်။ ခရစ်တော်ဘုရား ပရိတ်သတ်ဗိုလ်ပုံအလယ်တွင် ဆင်းရဲဒုက္ခ ဝေဒနာပြင်းပြစွာခံစားနေစဉ်တွင် နောက်လိုက်တော်များသည် ပရိသတ်အကြားမှကြက်ပျောက်၊ ငှက်ပျောက်ပျောက်ကုန်သည်။ အဖိုးမတန်ပါ။ အဖိုးအခပေးဆပ်ခြင်းမပါသော ယုံကြည်ခြင်းသည် အချည်းအနှီးဖြစ်သည်။ ထိုယုံကြည်ခြင်းမျိုးသည် ယာကုပ်စကားအရပြောရလျှင် ပြစ်တင်ရှုတ်ချ ခြင်းခံရသော ဘာသာရေးမျှသာဖြစ်သည်။

စစ်မှန်သောယုံကြည်ခြင်းသည် ယေရှုခရစ်တော်ပြန်လည်ကြွရောက်လာသောအခါချီးမွမ်း ခြင်း၊ ဂုဏ်ပြုခြင်းကောင်းကြီးပေးခြင်းခံရမည်။ ဘုရားသခင်က ဆုလက်ဆောင် ချီးမြှင့်ချင်သော ဆုလက်ဆောင်နှင့် ထိုက်တန်ခြင်း ရှိမရှိ စစ်ဆေးခြင်း ဖြစ်သည်။ ဆင်းရဲဒုက္ခအကြားမှ ပျော်ရွှင်နိုင်သူများကို ချီးမွမ်းမည်။ စုံစမ်းနှောင့်ယှက်ခြင်းများကြားမှ ယုံကြည်ခြင်းသစ္စာရှိသူများကို ဂုဏ်ပြု ချီးမွမ်းမည်။

ဤအကြောင်းအရာများသည် ကမ္ဘာမြေသို့ခရစ်တော်တဖန်ကြွလာ၍ ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်အဖြစ် စိုးစံသောအခါ လောကအရာကို ငြင်းပယ်သူများသည် ဘုရားသခင်၏ သားများအဖြစ် တွေ့ကြရမည့်အကြောင်း ဖြစ်သည်။ ဆုလက်ဆောင်ကိုချီဆောင်ခြင်း ခံရပြီးနောက် ပလ္လင်ဖြူတရားစီရင်ခြင်း၌ ချီးမြှင့်ပါမည်။ သို့သော်ဤ ဆုလက်ဆောင်များသည် ခရစ်တော် ဒုတိယအကြိမ် ကြွလာမှသာ ရရှိမည်။

: ကယ်တင်ခြင်း၌ ဝမ်းမြောက်သည့်အကြောင်း ဖော်ပြထားသည်။ ခရစ်တော်ကိုယုံကြည် ခြင်းဖြင့်ရနိုင်သည်။ မျက်စိဖြင့် မမြင်ဖူး ကြသော်လည်း ကိုယ်တော်ကိုယုံကြည်ကြသည်။ ထိုအကြောင်းသည် ကောင်းကြီးမင်္ဂလာ ခံစားရခြင်း ဖြစ်ကြောင်း သောမသို့ ပြောသည့် “သင်သည် ငါ့ကိုမြင်သောကြောင့်ယုံခြင်းရှိ၏။ ငါ့ကို မမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏” (ယော ၂၀:၂၉) စကားတော်အားဖြင့်သိရ၏။

Willian Lincoln ကလည်းဤသို့ရေးသားသည်။ လူတွေကချစ်ခြင်းမေတ္တာအကြောင်းပြော ကြသောလည်း စင်စစ်တွင်ဘုရားသခင်နှင့် ခရစ်တော်၏ အချစ်စစ်စမ်းသပ်ရာ၌ “ဘုရားရှင်အတွက် အပြုံးမျက်နှာ မေတ္တာမပျက် ကိုယ်တော်၏ ခံစားရသောဝေဒနာထက် ခံစားပါမည်” ဟူသော စကားမျိုး ဖြစ်ရသည်။ ချစ်ခြင်းမေတ္တာသည် လောကထင်ပေါ်ကျော်ကြား အသိအမှတ်ပြုခြင်းထက် ဘုရားသခင်၏ အပြံးမျက်နှာ ရရှိခံစားခြင်း ဖြစ်သည်။ ထိုစုံစမ်းခြင်းမျိုး ယုံကြည်သူတိုင်းသို့ ရောက်လာသည်။ ဂျုံစပါးခွံ ဆန်ခါချသကဲ့သို့ ရွှေကိုမီးဖြင့် စစ်ကြောသကဲ့သို့ စစ်မစစ်ဆန်းစစ်ရသည်။

ကိုယ်တော်ကိုယုံကြည်ခြင်း သည် ဖော်ပြ၍ မကုန်နိုင်သော ဝမ်းမြောက်ခြင်းကောင်းကြီး မင်္ဂလာအဖြာဖြာ ပြည့်စုံစေပါသည်။ ယုံကြည်စိတ်ချစွာ အထံတော်ပါးသို့ ပူးပေါင်းခြင်းသည် ဘယ်အရာကမှ ဝင်ရောက် မဖျက်ဆီးနိုင်သောထာဝရ ကောင်းကြီးမင်္ဂလာ ခံစားပျော်ရွှင်ရာ ဖြစ်သည်။ ခရစ်ယာန်များ၏ ပျော်ရွှင်ခြင်းသည် လောကစည်းစိမ်သာယာမှု အပေါ်တွင် မမူတည်ပါ။ သေခြင်းမှ ရှင်ပြန်ထမြောက်၍ လက်ျာတော်ဘက်၌ စိုးစံတော်မူသောသူ၌သာ မူတည်ပါသည်။ ထိုသန့်ရှင်းသူ၏ ပျော်ရွှင်ခြင်းကို မည်သူကမှဓားပြမတိုက်နိုင်။ သခင်ဘုရား၏ ပလ္လင်တော်မှပေးသော ကောင်းကြီး မင်္ဂလာများကိုလည်း မလုယူနိုင်။

          : ဤကျမ်းပိုဒ်တွင် ယုံကြည်ခြင်း၏ အကျိုးဆက်ဝိညာဉ်ကယ်တင်ခြင်းအကြောင်း ရေးထားသည်။ ရုပ်ခန္ဓာကိုယ် ကယ်တင်ခြင်းသည် အနာဂတ်ကိစ္စဖြစ်သည်။ သန့်ရှင်းသူများအတွက် ခရစ်တော် ကြွရောက်လာသောအခါ ကြုံတွေ့မည်။ သို့သော် ခရစ်တော်အားကိုးယုံကြည်ခြင်း ရှိလျှင်မူ ချက်ချင်းလက်ငင်း ဝိညာဉ်ကယ်တင်ခြင်း ရရှိပါသည်။ ဤနေရာတွင် ကိုင်တွယ်ထိတွေ့နိုင်သော ရုပ်ဝတ္ထုမပါပါ။ သေလွန်ချိန်တွင် ခန္ဓာကိုယ်နှင့် ဝိညာဉ်ခွဲခြား၍ ကယ်တင်မည့်အကြာင်း ဖြစ်သည်။ ဝိညာည်ဟုဆိုရာတွင် ဘုရားသခင်ပေးသော စိတ်ဝိညာဉ်လည်း ပါသည်။ စိတ်ဝိညာည်သည်အသစ်တဖန် မွေးဖွားသည့်အခါ ကယ်တင်ပြီး ဖြစ်ပါသည်။

:၁၀  ဤကယ်တင်ခြင်း သည် ရှေးဦးစွာပရောဖက် များကရှာဖွေခဲ့ကြသည်။ ဘုရားသခင်၏ ပရောဖက်ပြုချက်များကို ခံယူခဲ့ကြသည်။ သို့သော်လည်းပရောဖက်တိုင်းသည် ဖော်ပြသမျှကို အကုန်အစင် နားမလည်ကြပါ (ဒံ ၁၂:၈ကိုကြည့်)။

          :၁၁ အကုန်အစင်နားမလည်နိုင် (၁)မေရှိယအဖြစ်ဖော်ပြသည့်အထောက်အထား(၂) ကိုယ်ထင်ပြသည့်အချိန်ကာလ။ သန့်ရှင်းသောဝိညာဉ်တော်ဖော်ပြသည့်အချိန်ကာလ။ သန့်ရှင်းသော ဝိညာဉ်တော်ဖော်ပြသည့် မေရှိယဆင်းရဲဒုက္ခခံရမည့်အကြောင်း သိကြသော်လည်း ထိုအဖြစ်အပျက် နှစ်ခုသည် နှစ်ပေါင်း ၁၉၀၀ မျှအဘယ်ကြောင့် ကွာခြားကြောင်း မသိကြပါ။ နိမိတ်ပုံရိပ်ပြခဲ့သည့် အတိုင်းနှစ်ခြမ်း ကွဲသည်ကိုသာ မြင်ခဲ့ကြသည်။ (က) ခရစ်တော်ဆင်းရဲဒုက္ခခံစားခဲ့ရသောကရာနီ ကုန်းတော် (ခ) ဘုန်းစည်းစိမ်နှင့်ကြွယ်လာမည့်သံလွင်တောင်။ သို့သော်လည်းထိုတောင်နှစ်ခု အကြားချိုင့်ဝှမ်းကြီးပမာ ဖြစ်နေသော ယခုကျေးဇူးတော်ကာလကိုမမြင်ခဲ့ကြ။ ထိုသူများထက် ယနေ့လူသားများက အတိတ်လွင်ပြင်နှင့် အနာဂတ်၏ မနက်ဖြန်ကိုပို၍ သိမြင်သင့်သည်။

:၁၁ ထိုသူများသည်နောက်မျိုးဆက်သစ်များအတွက်ဘုရားသခင်ဝိညာည်တော်၏ ဖွင့်ပြချက်ဖြင့် ဟောကြားခြင်း ဖြစ်သည်။ ပရောဖက်များ၏ ဟောကြားချက်များသည် ထိုကာလတွင် အဓိပ္ပါယ်ရှိသော်လည်း အဓိပ္ပါယ်အပြည့်အစုံ နားမလည်ကြပါ။

ထို့ကြောင့် ရှေးဟောင်းပရောဖက်များသည် ယုံကြည်ခြင်းဖြင့် သမ္မာတရားအား ဖြောင့်မတ် စင်ကြယ်ခြင်း မပြုနိုင်ကြဘူးလားဟု မေးဖွယ်ရှိပါသည်။ အဘယ်ကြောင့် ကျွန်ုပ်တို့ကယ်တင်ခြင်း ရမည့်အကြောင်းကို နားမလည်ကြသနည်း။ သူတို့ကိုယ်သူတို့ထက် ကျွန်ုပ်တို့အတွက်မည်သည့် သဘောဖြင့် အပှုတော်ပြုကြသနည်း။

Willian Lincoln ကဤသို့ဆိုထားပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်သည် ခရစ်တော် ပေါ်ထွန်းလာသည့်အချိန်ထိ လုံးလုံးလျားလျား ပြည့်စုံခြင်းမရှိသေး။ အပြစ်သားများအား ဧနောက်ကဲ့သို့ ဘုရားသခင်က ကယ်တင်နိုင်သည်။ သို့သော် ခရစ်တော်အသေခံပြီး ပြန်လည်ထ မြောက်သည့်ကာလ မရောက်ခင်ထိ စုစည်းမှုမရှိသေး။ အို့ဘုရားသခင်ရယ်သားတော်၏ အမှုတော် သည်ကြီးမြတ်လှပါတကား။

ရှေးပရောဖက်များက ကုလားကာဖြင့်ဖုံးကွယ်ထားသမျှသည် ယခုအခါတွင်မူ ရှင်းလင်းစွာ မြင်ရပါပြီ။ သန့်ရှင်းသောဝိညာဉ်တော်သည် ပင်တေကုတ္တေနေ့တွင် ကောင်းကင်မှ ဆင်းသက်လာလျက် တပည့်တော်များအား နာဇရက် ယေရှုသည်မေရှိယသခင် ခရစ်တော် ဖြစ်ကြောင်း လူသားများ၏ အပြစ်အတွက် အသေခံကြရန်တန်ခိုးအားအင် ဖြည့်ဆည်းခဲ့သည်။ ကယ်တင်ခြင်းသည် ခရစ်တော်ကို ယုံကြည်ခြင်းဖြင့် အခမဲ့ရရှိသော ဆုလက်ဆောင်ဖြစ်ကြောင်း လိုက်လံကျေညာကြသည်။ ထိုခေတ် ကာလတွင် ဘုရားသခင်၏ ရည်ရွယ်ချက်သည် နာမတော်မြတ်၌ လူမျိုးနွယ်အပေါင်းအား စုစည်း ကြရန် သခင်ယေရှုသည် တစ်နေ့သောအခါ အာဏာစက်သခင်အဖြစ် ပြန်လည်ရောက်ရှိ၍ ကမ္ဘာမိုးမြေ ကိုအုပ်စိုးမည့်အကြောင်း ကြားသိစေရန်ဖြစ်သည်။

ထိုခေတ်ကာလ ယုံကြည်သူများသည် ရှေးပရောဖက်များ၏ ကုလားကာ နောက်ကွယ်မှ အနက်ကိုရှင်းလင်းစွာ သဘောမပေါက်ကြပါ။ ကောင်းကင်တမန်များက ကယ်တင်ခြင်း တရားတွေ့ မြင်ချင်ကြပုံကိုလည်း နားမလည်ကြ၊ ကောင်းကင်တမန်များသည် ဓမ္မဟောင်းနှင့်ဓမ္မသစ်ကာလနှစ် ခုစလုံးတွင် ထင်ရှားသူများ ဖြစ်သည်။ ခရစ်တော်ဖွားမြင်တော်မူခြင်း၊ စုံစမ်းသွေးဆောင်မှုခံခြင်း၊ ဂေသရှေမန်ဉယျာဉ်တွင် ပြင်းစွာသောဝေဒနာခံစားခြင်းနှင့် ပြန်လည်ထမြောက်ခြင်း အကြောင်းတို့တွင် တွေ့ရသည်။ သို့သော်လည်း ကောင်းကင်တမန်များ ကျဆင်းပါက ပြန်လည်ရွေးနှုတ်သည်ဟု မသိရပါ။ ခရစ်တော်သည် ကောင်းကင်တမန်များအကြား ရောက်လာခြင်းမဟုတ်။ အာဗြဟံ၏ သားမြေးစဉ်ဆက်တွင်သာ ဝင်ရောက်လာသည် (ဟေဗြဲ ၂:၁၆)။ အသင်းတော်သည် ကောင်းကင်တမန်များအတွက် သင်ခန်းစာအဖြစ် ရည်ရွယ်ထားသည်။ ဘုရားသခင်၏ ဉာဏ်ပညာ ကြီးမားပုံဖော်ရာဖြစ်သည် (ဧ၃:၁၀)။ သို့သော်သူတို့အတွက် မဟုတ်။ ကယ်တင်ခြင်း၏ ပျော်ရွှင်မှု အရသာသိရှိရန်သာဖြစ်သည်။

(အလင်းရောင်ထဲမှ ညွှန်ကြားချက် (:၁၃:)

          :၁၃ ကယ်တင်ခြင်းသည် ကောင်းကြီးမင်္ဂလာအကြောင်းဖြစ်သည်။ ဤတိုက်တွန်းနှိုးဆော် ချက်နှင့်ပတ်သက်၍ Jowett က “ဤကျမ်းချက်သည် ဧဝံဂေလိလုပ်ငန်း၏ နိဒါန်းဖြစ်သည်။ ခေတ်ကာလ၏ အတက်အကြွဆုံးအရာသည် ဝိညာဉ်ရေးရာ နှိုးထရေးဖြစ်သည်။ ဧဝံဂေလိလုပ်ငန်း ဆောင်ရွက်ရန် စိတ်စေတသိက်၌ နှိုးဆွတပ်လှန့်ခြင့်းခံရသည်” ဟုဆိုထားသည်။

သန့်ရှင်းသူများအား ခါးတောင်းကျိုက်ရန်တပ်လှန့်ထားသည်။ ဘာကြောင့်ခါးတောင်းကျိုက် ခိုင်းပါသနည်း။ စိတ်ဝင်စားဖွယ်ကောင်းသည်။ အရှေ့တိုင်းမှာ လူများသည် အဝတ်အစားကို တွဲလောင်း ချဝတ်တတ်ကြသည်။ သင်တိုင်း ရှည်ရှည်ဝတ်ကြသဖြင့် လမ်းလျှောက်ရာတွင် အဟန့်အတား အနှောင့်အယှက် ဖြစ်သည်။ သို့ကြောင့် ခါးပတ်သဖွယ်ခါးတွင် ပတ်စည်းထားသည် (ထွ ၁၂:၁၁ကိုကြည့်) ဤကျမ်းစာကမူ စိတ်နှလုံး စခါးပန်းကိုစည်း၍ သမ္မာသတိရှိကြလော့ ဟုတိုက် တွန်းထားသည်။ ယုံကြည်သူများ ရက်စက်ကြမ်းကြုတ်သော လောက အလယ်သို့ လျှောက်လှမ်းရသော အခါအလန့်တကြား အာရုံများခြင်းမဖြစ်စေဖို့ စေ့ဆော်ခြင်း ဖြစ်သည်။ စုံစမ်းနှောင့်ယှက်ခြင်းပေါများ ထူထဲသော ထိုကာလ၌အရှုပ်အထွေး အခက်အခဲပြဿနာများ အမြဲတမ်းလိုလို ကြုံတွေ့နေရသည်။ စိတ်နှလုံး ခါးပန်းစည်းခြင်းသည် စိတ်နှလုံးတည်ငြိမ်အေးဆေးစွာ ပေါ်ပေါက်လာသော ပြဿနာအား ရင်ဆိုင်ဖြေရှင်းရန် အသင့်ပြင်ဆင်ခြင်း အာရုံထွေပြားခြင်းကို မတိမ်းရှောင်ဘဲလာမည့်ဘေးပြေးတွေ့ စေခြင်းဖြစ်သည်။

ဤအခက်အခဲပြဿနာများကို ရင်ဆိုင်ကျော်လွှားဖို့ရန် သမ္မာသတိရှိဖို့ တိုက်တွန်းအားပေး ထားပါသည်။ သမ္မာသတိဆိုသည်မှာ မိုက်ရူးရဲမလုပ်ဘဲ၊ ဆင်ခြင်တုံတရားနှင့် ကြံ့ကြံ့ခံဖို့ဖြစ်သည်။ သမ္မာသတိစိတ်ဓာတ်သည် တည်ငြိမ်သည် ၊ ရင့်ကျက်သည်။

နောက်တချက်မှာ သန့်ရှင်းသူများသည်အကောင်းမြင်ဝါဒရှိရသည်။ အရှည်ကိုမျှော်တွေး ရသည်။ ယေရှုခရစ်တော် ပေါ်ထွန်းတော်မူသောအခါ သင်တို့ ဆီရောက်လတံ့သောဆုကျေးကို အဆုံးတိုင်အောင် မျှော်လင့်ကြလော့ ဟုတိုက်တွန်းအားပေးထားသည် ဘဝမုန်တိုင်းထန်၍ ဆင်းရဲဒုက္ခလှိုင်းတံပိုးထန်ပါစေ၊ ခရစ်တော်ပြန်လည်ကြွလာမည့်အချိန်ကို ရည်ရွယ်ချက်ရှိရှိ ဖွဲအပြည့်ဖြင့် စောင့်မျှော်နေရမည်။ ယေရှုခရစ်တော်၏ ဗျာဒိတ်တော်မှာ ခရစ်တော်ပြန်ကြွလာပြီး လူ့လောကကြီးကို ကောင်းကြီးမင်္ဂလာချမ်းသာစေမည့်အကြောင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ကိုယ်တော်၏သန့်ရှင်းသူများအတွက် ခရစ်တော်ပြန်လည်ကြွရောက်လာသောအခါ ချီဆောင်ခြင်း ခံရပါမည်။

:၁၄ အငယ် ၁၄မှ၁၆တွင် နာခံခြင်းအကြောင်းတိုက်တွန်းထားသည်။ နာခံသောသားသမီးတို့သည် အပြစ်ပုံဟောင်းထဲ၌ မနေကြတော့ပါ။ အကျင့်သီလဆောက်တည် ထိန်းကျောင်းကြသည်။ ယုံကြည်သူ ခရစ်ယာန်များ ဖြစ်ကြသည်နှင့်အညီ ဘဝတစ်သက်တာသည် ကယ်တင်ရှင်အတွက်သာ ဖြစ်ကြသည်။ လောကီသားများသည် ကောင်းကင်အကျင့်သီလ၌ မွေ့လျော်ခြင်း မရှိကြ။ အတိတ်က မသိနားမလည်၍ လုပ်မှားကိုင်မှားများကိုလည်း သန့်ရှင်းသော ဝိညာဉ်တော်ပြသမှုဖြင့် နားလည်  သဘောပေါက်လာကြပါပြီ။ အကျင့်ဟောင်းဆိုသည်မှာ မှောင်မိုက်ဘဝ၌ ကျင်လည်နေခဲ့စဉ် ဘုရားတရား မသိရှိခြင်းဖြစ်သည်။

:၁၅ လောကစည်းစိမ်သာယာမှုကို ကျီးမိုက်ကဲ့သို့ တပ်မက်နေမည့်အစား ကိုယ်တော်ဘုရား ဖြစ်စေချင်သော သန့်ရှင်းသူကဲ့သို့ ကျင့်ကြံပြုမှုသင့်သည်။ ဘုရားသခင် အလိုတော်နှင့်အညီနေသင့်သည်။ အလိုတော်ဟူသမျှသည် စင်ကြယ်သည်။ အလိုတော်နှင့်အညီ ပြောဆိုပြုမှုကျင့်ကြံသမျှသည် စင်ကြယ်သည်။ ဘုရားရှင်တော်ကဲ့သို့ မစင်ကြယ်နိုင်သော်လည်း ကိုယ်တော်၏အစွမ်းတန်ခိုးအား ဖြင့်ဖြစ်နိုင်ပါသည်။

:၁၆ ဘုရားရှင်တော်ကသူ့လူများအားကိုယ်တော်ကဲ့သို့ဖြစ်စေချင်သည်။ ဓမ္မဟောင်း (ဝတ်၁၁:၄၄)တွင် ဘုရားသခင်က “ငါသည် သန့်ရှင်းသောကြောင့် သင်တို့လည်း ကိုယ့်ကိုကိုယ်သန့်စေ၍ သန့်ရှင်းခြင်း ရှိကြရမည်” ဟု ဆိုထားပါသည်။ ခရစ်ယာန်များသည် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်စိုးစံခြင်းဖြင့် အသက်တာ စင်ကြယ်နေရသည်။ ရှေးဦးသန့်ရှင်းသူများသည် ဤကောင်းကြီး မင်္ဂလာကိုမခံစားလိုက်ရကြရှာ။ ယခုကာလမှာမူ ထိုအခွင့်အရေးထူးရရှိကြသည်ဖြစ်၍ ရပိုင်ခွင့်ရှိ သည်နှင့်အမျှဝတ္တရားလည်းကြီးမားလာသည်။ ဝတ်ပြုရာကျမ်းမှလိုအပ်ချက်များကို ဓမ္မသစ်ကျမ်း တွင်ကြွေးမြီးသစ်အဖြစ်ယူဆောင်ပြဋ္ဌာန်းလာသည်။ အချက်အချာကျသည်။ ဓမ္မဟောင်းကာလတွင် စင်ကြယ်ခြင်းသည် ဘုရားသခင်အမှုသာဖြစ်သည် ။ယနေ့ခေတ်ကာတွင်မူ နေ့စဉ်အသက်တာ၌ သန့်ရှင်းစင်ကြယ်ရပါသည်။

:၁၇ သန့်ရှင်းခြင်းသာမက စင်ကြယ်ခြင်း ရှိရန်လည်းနှိုးဆော်သည်။ ဆိုလိုသည်မှာ ဘုရားသခင်အားချစ်ကြောက်ရိုသေရန် တိုက်တွန်းခြင်းဖြစ်သည်။ အဘဘုရားသခင်၏ဉာဏ်တော် နှင့်အပြစ်စီရင်ခြင်းအကြောင်းသိရှိကြပြီးဖြစ်သောကြောင့် ဘုရားသခင်စိတ်တော်နှင့်မထိတွေ့သော အရာများကို မလုပ်ဆောင်မိဖို့ ကြောက်ရွံ့စိုးရိမ်ရမည်။ အဘခမည်းတော် အပြစ်စီရင်သူအား ချစ်ကြောက်ရိုသေသည်နည်းတူ သားတော်ကိုလည်းရိုသေရမည် (ယော ၅:၂၂)။

Lincoln က “ကိုယ်တော်သည်အရာခပ်သိမ်းကိုကြည့်ရှုသတိပြုနေရကား၊ လုပ်ဆာင်သမျှ သည်ရည်ရွယ်ချက်ရှိရှိအလိုတော်နှင့်အညီလုပ်ပါသလားဟု ကြည့်နေသည်” ဟုဆိုသည်။

ကျွန်ုပ်တို့သည်လောကဧည့်သည်များဖြစ်နေသရွေ့ကာလပတ်လုံးကြောက်ရွံ့သောစိတ်ရှိ နေကြရမည်။ ဤကမ္ဘာမြေသည် ခရစ်ယာန်များ၏ ဘူမိနက်သန်မဟုတ်ပါ။ ဤအာဂန္တုတိုင်းရပ်ဌာ နေဖြစ်သည်။ ထာဝရနေမည့် အရပ်ဒေသမဟုတ်သောကြောင့် နေသားတကျ နေရဖို့မရှိ။ သို့သော် လောကသားများအကျင့်စရိုက်ကဲ့သို့မပြုရပါ။ ရှေးကုသိုလ်ဖန်ထားသော ကောင်းကင်နိုင်ငံသားများ ဖြစ်သည့်အားလျော်စွာကောင်းကင်အကျင့်စရိုက်ရှိရမည်။

:၁၈ အသက်တာပြောင်းလဲခြင်း မရှိခင်တွင်ယုံကြည်သူများ၏ အသက်တာသည် လောက သားများနှင့်မထူးခြားပါ။ အရေမရအဖတ်မရ စကားများပြောတတ်ကြသည်။ မပြောင်းလဲသူ၏ နေ့ရက်တာသည် မိစဉ်ဘဆက် ကျင်လည်သော အချည်းအနှီးကျင့်ကြံပြုမူခြင်းဖြစ်သည်။ သို့သော် ယခုတွင်မူ အဖိုးကြီးကြီးပေး၍ ရွေးနှုတ်ထားပြီးပြီ။ အဖိုးအခပေးချေပြီး လောကကျေးကျွန်ဘဝမှ ရွေးနှုတ်ကယ်တင်ထားသည်။ ရွေးနှုတ်ကယ်တင်ထားသည်။ ရွေးနှုတ်ခအဖြစ်ရွှေသော်၎င်း၊ ငွေသော်၎င်း မိမိကိုယ်တိုင်ပေးရသည်မဟုတ် (ထွ ၃၀:၁၅ကိုကြည့်)။

:၁၉ ယေရှုခရစ်တော်၏ အသွေးတော်ဖြင့်ရွေးနှုတ်ခြင်းဖြစ်သည်အပြစ်မရှိ၊သိုးသူငယ် အသွေးဖြစ်သည်။ ခရစ်တော်သည် အပြစ်မြူတမမရှိခြောက်ပြစ်ကင်းသဲလဲစင်သည်။ ပြင်ပလက္ခဏာ အဇ္စုတ္တအတွင်းပိုင်း လက္ခဏာအားလုံး စင်ကြယ်သည်။ အကယ်၍ယုံကြည်သူသည်လောက သာယာမှု ကိုစွဲလမ်းသည်။ လောကသားများ သံယောဇဉ်မဖြတ်နိုင်လျှင် အသွေးတော်သွန်းလောင်း၍ ရွေးနှုတ်ပေးသော ခရစ်တော် ခင်းပေးသောတံတားကို ဖျက်ဆီးသည်သာမက ကယ်တင်ရှင်အားမရိုး မသားသစ္စာဖောက်ခြင်းဖြစ်သည်။

မဟာပူဇော်သက္ကာပြုခြင်းမှ အပြစ်နောက်သို့ပြန်သွားရခြင်းအကြောင်းကို ဆင်ခြင်ပါ။ ထို့နောက် ထာဝရကာလအတွက် ဘုရားသခင်သားတော်ပေးဆပ်ရသောဘဝအတွက် ဆုံးဖြတ်ပါ။

:၂၀ ခရစ်တော်သည်နောက်ပေါက်ရွှေကြာပင်မဟုတ်။ ကမ္ဘာဖန်ဆင်းခြင်းမစမှီကတည်း ကပင် ရှိသော်မူသည်။ သို့သောကာလအချိန်ကုန်ဆုံးသောအခါ ပဋိညာဉ်လည်း ကုန်ဆုံးမည်။ ထိုအချိန်တွင် သန့်ရှင်းသူများအားကယ်တင်ရန်ကောင်းကင်မှကိုယ်တော်ကြွဆင်းလာမည်။ ထိုအကြောင်းနှင့်ပတ်သက်၍ Lincoln က “ထိုနောက်ဆုံးကာလမှာ လောကသမိုင်းကြောင်းသည် ခရစ်တော်၏ လက်ဝါးကပ်တိုင်ဖြင့် နိဂုံးချုပ်သွားမည်။ ပကတိရှိသည့်အတိုင်း ဘုရားသခင်မျက် မှောက်တော်သို့ရောက်သွားကြမည်” ဟုဆိုထားပါသည်။

ကယ်တင်ခြင်း အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်လေးလေးနက်နက် စဉ်းစားဆင်ခြင်အပ် ကြောင်း တိုက်တွန်း နှိုးဆော်ထားပါသည်။ ကျွန်ုပ်တို့သည် လောကကြီးမှာ နေရသော်လည်း လောကအရာများမဟုတ်ပါ။ အသစ်ဖန်ဆင်းခြင်းမရှိသော အဟောင်းအနွမ်းများကဲ့သို့ မနေအပ် သည့်အပြင် ဧဝံဂေလိသတင်းစကားကို ယူဆောင်ပေးသွားရသည်။ လောကသားများနှင့် မဖြစ်မနေ ပတ်သက် ဆက်ဆံနေရသော်လည်း သူတို့ပြုသော အမှုထဲသို့မူ မပါဝင်ရပါ။ အကျွန်ုပ်တို့သည် ဘုရာသား သမီးဖြစ်သည့်အကြောင်း ပြသရသည်။ သက်သေခံချက်အားနည်းလျှင် ကျွန်ုပ်တို့သည်လည်း သူတို့ကဲ့သို့ဖြစ်ပွားမည်။ ထိုသူများနှင့် ထူးမခြားနား ဖြစ်နေလျှင် ဆွဲဆောင်စရာမက်လုံးလည်း ပေးနိုင်မည်မဟုတ်။ ကျွန်ုပ်တို့အသက်တာကို ပို၍ပြုပြင်ပြောင်းလဲပေးရမည်။

:၂၁ သခင်ယေရှု၌ သစ္စာရှိလိုလျှင် ကိုယ်တော်အားဖြင့် ဘုရားသခင်ကို ယုံကြည်ကိုးစား ရမည်။ ကိုယ်တော်သာလျှင် အဘဘုရားသခင်၏ အလိုတော်ကို ဖွင့်ပြပေးနိုင်သူ ဖြစ်သည်။ W.T.P Wolston ၏ “ဘုရားသခင်ကို သိကျွမ်းခြင်းသည် ဖန်ဆင်းခြင်းဖြင့်မဟုတ်၊ တိုင်းနိုင်ငအားဖြင့်လည်း မဟုတ်သကဲ့သို့ ပညတ်တော်များအားဖြင့်လည်း မဟုတ်ပါ။ ခရစ်တော်အားဖြင့်သာ ဖြစ်ပါသည်” ဟူသောစကားအတိုင်းဖြစ်သည်။ သခင်ခရစ်တော်ဘုရား သေလွန်သူများထဲမှ ထမြောက်ပြီး ကောင်းကင်နိုင်ငံ အမြင့်ဆုံးသောနေရာ၌ စိုးစံရသောအမှုတော်အားဖြင့် ဖြစ်သည်။ ထိုအမှုတော်ကြောင့် ဘုရားသခင်အား ယုံကြည်၍ မျှော်လင့်အားထားရခြင်း ဖြစ်သည်။ ထိုကောင်းကြီးမင်္ဂလာသည် ကျွန်ုပ်တို့နေထိုင်သော ပစ္စုပ္ပန်ကာလ၊ လူ့လောက၌ မတည်၊ ကိုယ်တော်၌သာတည်ပါသည်။

:၂၂ တဖန်ချစ်ခြင်းမေတ္တာစိတ် ရှိကြရန် တိုက်တွန်းနှိုးဆော်ထားသည် (၁:၂၂-၂:၃)။ ပထမဦးစွာ အသစ်တဖန်မွေးဖွားခြင်း ရရှိရန်နှင့် ထိုမွေးဖွားခြင်းဖြင့် ညီအစ်ကိုများအား ချစ်ခြင်း မေတ္တာရှိကြသည် (ငယ် ၂၂က)။ အိမ်ထောင်မိသားစု၌ နှစ်နှစ်ကာကာမေတ္တာထားရှိရန် တွန်းအားပေးသည် (ငယ် ၂ခ)။ တဖန်အသစ်မွေးဖွားခြင်း ခံရသူများသည် နှုတ်ကပတ်တော်၌ ကျင်လည်ကြီးထွားမည့်အကြောင်း (၁:၂၃-၂၅) တိုက်တွန်းသည်။ နောက်တစ်ခါ နှုတ်ကပတ်တော် အတိုင်းအချင်းချင်းကျေးဇူးပြုကြရမည့်အကြောင်း မီးမောင်းထိုးပြထားသည်။

၁:၂၂ အစပိုင်းတွင် အသစ်တဖန်မွေးဖွားခြင်း ရှင်းပြသည်။ သင့်စိတ်ဝိညာဉ် သန့်ရှင်းစင်ကြယ်ခြင်း ရှိသည့်အချိန်မှာစ၍” ဟူသောစကားသည် ကယ်တင်ခြင်း ရရှိချိန်မစ၍ ဘုရားသခင်၏ သန့်ရှင်း စင်ကြယ်ခြင်းကို ဆိုလိုသည်။ လူသည်မိမိအစွမ်းအစဖြင့် စင်ကြယ်ခြင်း မဖြစ်နိုင်သော်လည်း ဤနေရာတွင် စင်ကြယ်ခြင်းဆိုသည်မှာ ယုံကြည်ခြင်းဖြင့် ဖြစ်နိုင်ပါသည်။

သန့်ရှင်းစင်ကြယ်သည့် နည်းလမ်းမှာ သစ္စာတရားနာခံခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ထပ်မံရေးသားခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ထပ်မံရေးသားခြင်းဖြစ်သည် (၁:၂ကိုကြည့်)။ ရောမသြ ဝါဒစာတွင်လည်း ရှင်ပေါလုကနှစ်ကြိမ် သုံးသည်။ ယုံကြည်ခြင်းနှင့် နာခံခြင်းသည် ခွဲခြား၍မရနိုင်ပါ။ အမှန်တကယ်ယုံကြည်လျှင် အမှန်တကယ်နာခံရသည်။ သို့မှသာလျှင် ဝိညာည်တော်နှင့် ပြည့်ဝနိုင် မည်။

အသစ်တဖန်မွေးဖွားသူသည် ညီအစ်ကိုမောင်နှမများအား နှစ်နှစ်ကာကာ ချစ်ခင်သည်။ ကယ်တင်ခြင်းသည် ညီအစ်ကို မောင်နှမများအား ခွင့်လွှတ်သောမေတ္တာ ဖြစ်သည်။ ထိုချစ်ခြင်းမေတ္တာ သည်သေခြင်းကို ကျော်လွန်၍ အသက်ရှင်ခြင်းအကြောင်း ဖြစ်သည် (၁ယော၃:၁၄)။ ထိုသို့ပြုမူခြင်း အားဖြင့်ကျွန်ုပ်တိုသည် ယေရှုခရစ်တော်၏ တပည့်သားမြေးများဖြစ်ကြောင်း ပတ်ဝန်းကျင်က သိရှိလာမည် (ယော ၁၃:၃၅)။

ထို့ကြောင့်ကျွန်ုပ်တို့သည် တစ်ယောက်နှင့် တစ်ယောက်စိတ်သဘော ဖြူစင်စွာ အသဲလှိုက် အူလှိုက်ချစ်ခင် ကြမည်။ ဓမ္မသစ်ကျမ်းသွန်သင်ချက်များစွာထဲမှအခြေခံအကျဆုံး သွန်သင်ချက် ဖြစ်သည်။ သင်စိတ်ဝိညာဉ်ကို သန့်ရှင်းစင်ကြယ်စေပြီးဖြစ်၍ ညီအစ်ကိုများကို စင်ကြယ်စွာချစ်လော့ ဟုမိန့်မှာသည်။ လက်တွေ့ကျသော အကျိုးအကြောင်းများဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် နွေးထွေးရသည်၊ အသဲလှိုက်အူလှိုက်ဖြစ်ရသည်။ ရှိရှိသမျှ ခွန်အား၊ အစွမ်းကုန် မရပ်မနားချစ်ရသည်။ ဖြူစင်ရသည်။

အချင်းချင်း ချစ်ခင်ကြလော့ဆိုသည်မှာ အထူသဖြင့်စုံစမ်းစစ်ကြောခြင်း ခံရသူများကို ဦးစားပေးသည်။ ထိုသူများသည် မပြောပလောက်သော ဆင်းရဲဒုက္ခအမျိုးမျိုးထဲ၌ပင် ဒုက္ခပင်လယ် ဝေသူများဖြစ်သည်။

:၂၃ အသစ်မွေးဖွားခြင်းသည် နှုတ်ကပတ်တော်၌ မျိုးစေ့တည်ကြောင်းသွန်သင်ထားသည်။ (၂:၁-၃)တွင်လည်း သွန်သင်ထားသည်။

အသစ်မွေးဖွားခြင်းသည် ဖောက်ပြန်ပျက်စီးတတ်သောမျိုးစေ့ မဟုတ်။ ဇာတိပကတိ အသီးအပွင့်များမသီးတတ်။ လူ့ဇာတိသည် ယိုယွင်းပျက်စီးတတ်သောနိယမတရားကို နာခံသော ကြောင့် အဆုံးတွင် သေကြေပျက်စီးခြင်းသို့ ရောက်သည်။ ရုပ်ခန္ဓာအသစ်မွေးဖွားခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ တည်သည်။ သမ္မာကျမ်းစာအားဖြင့်ဖြစ်စေ၊ ဖတ်ရှုခြင်းဖြင့် ဖြစ်စေကြောင်းသိရသောအခါ အပြစ်များကို ရှုမြင်လာသည်။ ခရစ်တော်ဘုရားသည် လုံခြုံစိတ်ချရသော ကယ်တင်ရှင်သခင်ဖြစ်ကြောင်း နာလည်သိရှိပြီး ဘုရားသခင်ကို သိကျွမ်းစေသည်။ မဖောက်ပြန် မပျက်းစီးနိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကဲ့သို့သောအရာ ဘာမှမရှိပါ။

The Numerical သမ္မာကျမ်းစာတွင် Samuel Ridout ဤသို့မှတ်စုရေးထားသည်။

အခန်းတစ်တွင် မဖောက်ပြန် မပျက်စီးနိုင်သောအရာ (၃)ခုတွေ့ရသည်။ မပျက်စီးနိုင် သောအမွေတော် (ငယ်၄)၊ မဖောက်ပြန်နိုင်သော ရွေးနှုတ်ခြင်း (ငယ်၁၈-၁၉)၊အသစ်တဖန်မွေးဖွား သောအခါ မဖောက်ပြန်မပျက်စီးနိုင်သော နှုတ်ကပတ်တော် (ငယ် ၂၃)တို့ဖြစ်သည်။ စွန်းထင်း၊ ယုတ်လျှော့ခြင်းမရှိနိုင်သော အမွေတောသည် ဘယ်သောအခါမှ တန်ဘိုးကျဆင်းပျောက်ဆုံးခြင်း မရှိနိုင်သော ရွေးနှုတ်ခြင်း (ငယ်၁၈-၁၉)၊ အသစ်တဖန်မွေးဖွားသောအခါ မဖောက်ပြန်မပျက်စီးနိုင် သောနှုတ်ကပတ်တော် (ငယ် ၂၃)တို့ဖြစ်သည်။ စွန်းထင်း၊ ယုတ်လျှော့ခြင်းမရှိနိုင်သော အမွေတော် သည်ဘယ်သောအခါမှ တန်ဘိုးကျဆင်း ပျောက်ဆုံးခြင်း မရှိနိုင်သော ရွေးနှုတ်ခြင်းအပေါ်တွင် အခြေခံသည်။ ထိုအရာများသည် ဖောက်ပြန်ပြောင်းလဲခြင်း မရှိနိုင်ကြောင်း တံဆိပ်တုံးခပ်နှိပ်ထားရာ ဘုရားသခင်ရှေ့တွင် နူးညံ့ငြိမ်သက်သော စိတ်သဘောရှိကြရမည် (၃:၄)။

အသက်ရှင်၍ထာဝရတည်မှီခြင်း ဟုဆိုထားသည်မှာ ကောင်းကင်နှင့် မြေကြီးမတည်မြဲ သော်လည်း နိစ္စထာဝရတည်မြဲနေမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ကောင်းကင်နိုင်ငံတွင် စနစ်တကျနေ သားကျနေမည်။ အသက်လည်း ထာဝရရှိနေမည်။ အသစ်တဖန်မွေးဖွာ သူသည် ထာဝရကာလရှိနေ မည့်အကြောင်းဖြစ်သည်။

လူ့သဘာဝအရမွေးဖွားခြင်းသည် ကလေးသဘာဝသာ ရရှိစေပါသည်။ မျိုးစေ့ကဲ့သို့ ပေါက်ဖွားရှင်သန်ရသည်။ မျက်မှောက်လူ့ဘဝသည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့မှ ပေါက်ဖွားသောကြောင့် မျိုးစေ့အတိုင်း ဖောက်ပြန်တတ်ကြသည်။

          :၂၄ (ဟေရှာ ၄၀:၆-၇) ကိုကိုးကား၍ လူ့သဘာဝအကြောင်းကို ပြန်လည်ဖောက်သည်ချ သည်။ လူ့ဘဝသည် တောမြက်ပန်းကဲ့သို့ တစ်ခဏသာခံသည်။ ရုပ်ခန္ဓာလှပခြင်းသည် တောမြက်ပန်း ပမာသာခံနိုင်ရည် ရှိသည်။ မြက်ပင်ညှိုးနွမ်းသောအခါ အပွင့်သည်လည်း ခြောက်သွေ့သွား၏။

          :၂၅ ထိုမြက်ပန်း၏ ဆန့်ကျင်ဘက်ဖြစ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ထာဝရကာလ တည်တံ့သည် (ဟေရှာ ၄၀:၈)။ သို့ကြောင့် အသစ်တဖန်မွေးဖွားသူသည် နှုတ်ကပတ်တော်နှင့် အတူဘယ်သောအခါမှ ဖောက်ပြန်ပျက်စီးခြင်း မရောက်နိုင်။ ထိုကျမ်းစကားသည် အဓိက သွန်သင်သိကြားစေလိုသော ကျမ်းပိုဒ် ဖြစ်သည်။ ထာဝရအသက်ရှင်ခြင်း၏ အကြောင်းရင်း၊  အရင်းအမြစ် ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။