
TWB – The Wise Believers ဆိုတာဘာလဲ။
TWB – The Wise Believers ဆိုတာ ပညာသတိရှိသောယုံကြည်သူများ လို့အမည်ရပါတယ်။ ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၅း၄ ရှိ ပညာသတိရှိသောသတို့သမီး ၅ယောက်ကိုပုံဆောင်ယူထားပါတယ်။
The Wise Believers လို့ ဘာလို့နာမည်ပေးရတာလဲ။
ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းခေတ်ကာလတွေကနောက်ဆုံးသောကာလကိုဦးတည်နေပြီဖြစ်ပါတယ်။သမ္မာကျမ်းစာဖေါ်ပြထားချက်အရကျွန်တော်တို့ကယ်တင်ရှင်ယေရှုခရစ်တော်ဟာကျွန်တော်တို့မသိသော၊သတိမမူမိသောအချိန်တွင်ကြွလာမှာဖြစ်တယ်။ဒီလိုအခြေအနေတွေကိုသတိမူကြပြီးမိမိတို့အသက်တာတွေမှာ”ဆီ”တွေဖြည့်ထားဆောင်ထားကြပြီးပညာသတိရှိစွာဖြင့်အသက်ရှင်ကြဖို့ဖြစ်တယ်။ဒါကြောင့် TWB – The Wise Believers (ပညာသတိရှိသောယုံကြည်သူများ)အမည်ကိုပေးထားခြင်းဖြစ်ပါတယ်။
The Wise Believers ရဲ့ ရူပါရုံကဘာလဲ။
The Wise Believers ရဲ့ ရူပါရုံက ယုံကြည်သူတိုင်းဟာ နောက်ဆုံးသောကာလအတွက် အစဉ်သင့်ဖြစ်ကြဖို့ “ဆီ” များကို အစဉ်ဆောင်ထားကြပြီး ပညာသတိရှိကြဖို့ဖြစ်ပြီး လောကမှာအသက်ရှင်စဉ်မှာ ဘုရားသခင်ဘုန်းတော်ထင်ရှားသောအသက်တာဖြစ်ကြဖို့ ဖြစ်ပါတယ်။
The Wise Believers ရဲ့ မစ်ရှင်လုပ်ဆောင်ချက်တွေကဘာလဲ။
The Wise Believers ရဲ့ မစ်ရှင်လုပ်ဆောင်ချက်တွေများကတော့အထူးသဖြင့် နေ့စဉ်သမ္မာကျမ်းစာဖတ်ကြားကြဖို့တိုတ်တွန်းအားပေးသွားမည်။
နေ့စဉ်မည်သည့်ကျမ်းပိုဒ်များကိုဖတ်ရမလဲဆိုတာကိုအချိတ်အဆက်မိမိနေ့စဉ်၊လစဉ်၊နှစ်စဉ်ဖေါ်ပြပေးသွားမည်။
နေ့စဉ်ဖတ်ရမည့်ကျမ်းပိုဒ်များကိုFacebook, Viber, Messenger, SMS တို့နှင့်အခြားသမ္မာကျမ်းစာပျံ့နှံ့စေမည့်မည်သည့်စနစ်ကနေမဆိုအစဉ်ပို့ဆောင်ဝေမျှပေးသွားမည်။
နေ့စဉ်ဖတ်ကျမ်းပိုဒ်များထဲမှ ခွန်အားပေးချက်များကိုနေ့စဉ်ဝေမျှသွားမည်။
သမ္မာကျမ်းစာအနက်ဖွင့်များကိုဝေမျှပေးသွားမည်။
ရွှေကျမ်းချက်များကို နေ့စဉ်ဝေမျှပေးသွားမည်။
Bible Study အစီအစဉ်များ ပြုလုပ်သွားမည်။
သမ္မာကျမ်းစာနှင့်ဆန့်ကျင်သော အယူဝါဒအလွဲများကို ယုံကြည်သူများသတိပြုနိုင်ပြီးဆန့်ကျင်သွားပြီးအခြားသောယုံကြည်သူများကိုလည်းဝေမျှပေးပြီးသတိပြုသွားနိုင်ကြနိုင်ရန် ဝေမျှပေးသွားမည်။
ဆုတောင်းခြင်းအစီအစဉ်များလုပ်ဆောင်သွားမည်။
နှုတ်ကပတ်တော်ဝေမျှမှုvideoများဝေမျှပေးသွားမည်။
ဧဝံဂေလိကဏ္ဍကိုလည်းမြင့်တင်သွားမည်။
ယုံကြည်သူများနှင့်အတူလက်တွဲလျက်ဧဝံဂေလိကိုမြန်မာနိုင်ငံအနံ့ဝေမျှပေးသွားမည်။
မေတ္တာရပ်ခံချက်
The Wise Believers အတွက် ဆုတောင်းပေးပါ။မိမိတို့အတွက်ပဲဖြစ်ဖြစ်အခြားယုံကြည်သူတို့အတွက်ပဲဖြစ်ဖြစ်လိုအပ်လောက်မည့်၊ဝေမျှပေးသင့်သောအချက်များကိုဖေါ်ပြပေးသွားနိုင်သည်။အခြားသောအကြောင်းအရာများအားဖြင့်လည်းအားဖြည့်ပါဝင်ကူညီဆက်ကပ်အစေခံနိုင်သည်။
အယောက်ဆီတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေ။
The Wise Believers