ဓမ္မရာဇဝင်စတုတ္ထစောင် - ၂၀
ဓမ္မရာဇဝင်စတုတ္ထစောင် - ၂၀ (အနက်ဖွင့်)
၆။ ဟေဇကိမင်း ဖျားနာခြင်းနှင့် နလံပြန်ထခြင်း (၂၀:၁–၁၁)
၂၀:၁–၇ အခန်း(၂၀) သည် အခန်း (၂၈) ပါ အဖြစ်အပျက် အစပိုင်းကာလဖြစ်သည်။ သနာခရိပ်က ပထမအကြိမ် ကျူးကျော် စော်ကားပြီးကာလ (အငယ် ၆) ဖြစ်သည်ဟု တွက်ဆရသည်။ ဟေဇကိမင်း အသဲအသန် ဖျားနေ၍ သေခါနီးတွင် ပရောဖက် ဟေရှာယက အမွေခံမှာစရာရှိသည်များကို မှာခဲ့ပါ ဟု ဆိုသည်။ ဟေဇကိမင်းသည် ဝမ်းနည်းအားငယ်စွာဖြင့် အသက်ဆက်ရှင်ဖို့ ဘုရားသခင်ထံဆုတောင်းရာ နောက်ထပ် (၁၅)နှစ် သက်တမ်းထပ်တိုးခွင့် ရရှိသည်။ ထိုအချက်ကို Whitcomb က ဤသို့ ထောက်ခံသည်။
ဘုရားသခင်က နောက်ထပ် (၁၅)နှစ် အသက်ရှင်ခွင့် ထပ်တိုးပေးလျှင် မည်ကဲ့သို့ အသုံးပြုရမည် နည်း။ ဟေဇကိမင်းသည် မည်ကဲ့သို့ အသုံးပြုသနည်း။ သမ္မာကျမ်းစာက ထိုနေ့ရက် ကာလများကို သနာခရိပ်၏ နှိပ်စက်ခြင်း ခံရဖို့ပြင်ဆင်ပေးသည်ဟု မဆိုလိုပါ။ ဘီစီ ၇၀၁ ခုနှစ်မှာ သနာခရိပ်၏ စော်ကားမော်ကား ပြုခြင်းခံရသည်ကို ကြည့်ပါ။ ထိုသို့ နှစ်တိုးပေးခြင်းမှာ ဟေဇကိမင်းတွင် အမွေဆက်ခံမည့် သားရတနာမရှိခြင်း အချက်တချက် ဖြစ်နိုင်သည် (၆ရာ ၂၁:၁) ဟေဇကိမင်း၏ သားတော် မနာရှေသည် အသက် (၁၂)နှစ် အရွယ်တွင် နန်းစံသည်ကို သတိပြုတွက်ချက် နိုင်သည်။ မနာရှေသည် ခမည်းတော် ဟေဇကိမင်း မင်းနှင့် (၁၀)နှစ်ကြာ တွဲဖက်နန်းစံသည်။ သို့မဟုတ်လျှင် နန်းစံသက် (၁၅)နှစ် ဖြစ်သွားမည်။ ဗာဗုလုန်တို့၏ ဖမ်းဆီးမှုခံရခြင်းနှင့် ယုဒသမိုင်းယှဉ်ကြည့်လျှင် ထိုသို့နန်းသက် ထွက်လာပါသည်။
၂၀:၈–၁၁ ဟေဇကိမင်းကျန်းမာလာ၍ ဗိမာန်တော်၌ ဘုရားရှိခိုးနိုင်မည့် အမှတ်လက္ခဏာမှာ အရိပ်ကို ဆယ်ချက်တိုးရမည် (ဟေဗြဲကျမ်းတွင်မူ ခြေလှမ်းဆယ်လှမ်း) ဟုဆိုသည်။ အာခတ်၏နေ့တိုင်း နာရီပေါ်တွင် ဆယ်ချက်နောက်ပြန်ရွှေ့စေသည် (အပိုဒ်ငယ် (၇)သည် အပိုဒ်ငယ် ၈-၁၁ နောက်တွင် သာရသည်)။
၂ရာ ၃၂:၃၁ တွင်မူ ထိုဖြစ်စဉ်သည် သဘာဝလွန်ဖြစ်ရပ်ဖြစ်သောကြောင့် ဗာဗုလုန်ပြည်ထိအောင် ပျံ့နှံ့သွားသည်ဟုဆိုသည်။ ဗာဗုလုန်သားများသည် သဘာဝထက် ဆန်းကြယ်သော မိုးကောင်းကင်ဖြစ်စဉ်များကို စွဲလန်းကိုးကွယ်သူများဖြစ်သည်။ ဟေဇကိမင်းအပေါ်တွင် ကျရောက်သော စကားတော်သည် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သည်။
၇။ဟေဇကိမင်း၏ မိုက်မဲသောဝါကြွားမှု (၂၀:၁၂–၂၁)
၂၀:၁၂–၁၈ ဟေဇကိမင်းပြန်လည် ကျန်းမာလာသောကြောင့် ဗာဗုလုန်ဘုရင် မေရောဒဗာလဒန် က နှုတ်ခွန်းဆက်ဂုဏ်ပြုသည်။ သူ၏ရည်ရွယ်ချက်မှာ အာရှုရိတို့အား ပူးပေါင်းတိုက်ခိုက်ဖို့ဖြစ်သည်။ ဟေဇကိမင်းသည် ဗာဗုလုန်ဘုရင်စေလွှတ်လိုက်သော သံတမန်များကို နွေးထွေးစွာဧည့်ခံ ပြီးနောက် မဆီမဆိုင် ဘုရင့်ဘဏ္ဍာတိုက်ထဲ ရှိသမျှကို ထုတ်ဖေါ်ပြသ ဝါကြွားလိုက်သည်။ (၆ရာ ၃၂:၃၁) တွင်မူ ဘုရားသခင်က ဟေဇကိမင်း၏ စိတ်သဘောရင်း စုံစမ်းခြင်းဖြစ်သည်ဟုဆိုသည်။ အဖြေမှာ ဝါကြွားမှုဖြစ်သည်။ ထိုကိစ္စကို ပရောဖက်ဟေရှောယက အပြစ်တင်သည်။ ယုဒပြည်ကို ဗာဗုလုန်များ ဖမ်းဆီးကျွန်ပြုမည်။ ဟေဇကိမင်း၏ သားတော်အချို့ကိုလည်း ဗာဗုလုန်နန်းတော်အတွင်းတွင် မိန်းမစိုးများ လုပ်ကြရမည်ဟု ပရောဖက်ပြလိုက်သည်။ ထိုကာလမရောက်မီကပင် ဟေဇကိမင်းက သူဥစ္စာဘဏ္ဍာများ သနာခရိပ်လာရောက်စော်ကားစဉ်က ပေးအပ်ခဲ့ပြီးလည်း ဖြစ်သည် (၁၈:၁၃-၁၆)
၂၀:၁၉ ဟေဇကိမင်းကလည်း ဟေရှာယ၏ အပြစ်တင်စကားကိုခံလျှက် သူ့ဘဝတွင် ငြိမ်သက်ချမ်းမြေ့စွာ အသက်ရှင်ဖို့ ဆုတောင်းလိုက်သည်။ RSV ကျမ်းတွင်မူ “ငါ့အသက်တာ၌ အဘယ့်ကြောင့် ငြိမ်သက်ခြင်းမရှိနိုင်သနည်း” ဟုဆိုသည်။
၂၀:၂၀–၂၁ ဟေဇကိမင်း၏ ထူးခြားသော လုပ်ဆောင်ချက်မှာ ယေရုရှလင်မြို့ အတွင်းသို့ လုံလောက်စွာ ရေရရှိအောင် ရေမြောင်းရေပြွန်ဖောက်သွယ်ခြင်း ရေတွင်းရေကန်ဆောက်လုပ်ခြင်း ဖြစ်သည်။ ထိုသို့ရေလုံလောက်စွာ စီစဉ်ခြင်းသည် ပြည်သူပြည်သားများ သောက်ရေသုံးရေ ဖူလုံစေသကဲ့သို့ ရန်သူများဝိုင်းရံသည့် အခါတွင်လည်း ရေပြဿနာမရှိဖို့ ရည်ရွယ်ထားသည်။ ဟေဇကိမင်း သွယ်တန်းဖောက်လုပ်ထားသော ရေမြောင်းရေပြွန်သည် ဂိဟုန်စမ်းရေထွက်မှ ရှိလောင်ကန်ထိဖြစ်သည်။
ဟေဇကိမင်းလုပ်ဆောင်ချက်မှတ်တမ်းကို ၁၈၈၀-ခုနှစ်တွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။ ယခုအခါ တူရကီ အမျိုးသားပြတိုက်တွင် ပြသထား၍ ရှေးအော့တိုမန်အင်ပါယာခေတ် Ottoman Empire က လက်အောက်ခံ ပါလက်စတိုင်းဒေသမှာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုကာလတွင် ပရောဖက် မိက္ခာ၏ အမှုတော်လုပ်ငန်းလည်း ပြီးဆုံးသွားသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။