ဆာလံကျမ်း - ၂၈
ဆာလံကျမ်း - ၂၈ (အနက်ဖွင့်)
ဆာ ၂၈၊ ဘုရားရှင်တော် ရေငုံနှုတ်ပိတ်ခြင်း
၂၈:၁-၂ ကိုယ်တော်တပါးတည်းကိုသာ ခေါ်ကြသည်။ ကိုယ်တော်ကိုသာ အားကိုးကြပါသည်။ ကိုယ်တော်သာ လျှင် အကျွန်ုပ်ခိုလှုံရာအကွယ်အကာကျောက်ဆောင်ဖြစ်၍ ဘေးကင်းလုံခြုံရာဖြစ်သည်။ ခွန်အားရယူရာဖြစ် သည်။ အကျွန်ုပ်ဆုတောင်းသံများကို မကြားချင်ယောင်မဆောင်ပါနှင့်။ မကြားချင်ယောင်ဆောင်လျှင် လူဆိုးတို့ ၏သေတွင်းထဲသို့ ရောက်သွားပါလိမ့်မည်။ ကိုယ်တော်နှင့် မခွဲခွာပါရစေနှင့်။ သန့်ရှင်းသော ဗိမာန်တော်ထဲတွင် လက်များချီးမြှောက်၍ ဆုတောင်းနေပါသည်။ ဆုတောင်းသံများကို နားညောင်းတော်မူပါဘုရား။
၂၈:၃ လူဆိုးသူယုတ်တို့၏ လက်ထဲသို့ဘယ်သောအခါမှ မပစ်ပယ်ပါနှင့်။ သူတပါးကိုဖျက်ဆီးလိုသည့်အခါ မှမပစ်ပယ်ပါနှင့်။ သူတပါးကို ဖျက်ဆီးလိုသည့်အခါ သကာလူးသောအဆိပ်စကားပြောတတ်သူများ၊ အိမ်နီးချင်း များကို အပေါ်ယံကြောပေါင်း၍ ဖျက်ဆီးပြုသူများ လက်ထဲသို့ မပစ်ပယ်ပါနှင့်။
၂၈:၄ ကိုယ်တော်ဘုရား၊ထိုသူများကို သူတို့ပြုမူပြောဆိုသည့်အတိုင်း ရိတ်သိမ်းကြပါစေ။ ဆိုးသွမ်းယုတ်ညံ့ ကြသည့်အတိုင်း ကံတူအကျိုးပေးကြပါစေ။ ကာယကံမြောက်လုပ်ဆောင်ကြသည့်အတိုင်းပြန်ဆပ်တော်မူပါ။ အပြစ်ပြုကြသည့်အတိုင်း အပြစ်၏အဖိုးအခရကြပါစေသော်။
၂၈:၅ ထိုသူများ၏ပြုမူလုပ်ဆောင်မှုများသည်ကိုယ်တော်၏ အမူတော်နှင့်မသက်ဆိုင်ကြ။ လက်တော်ရာ ကိုလည်း ဆန့်ကျင်ဖီလာကြသည်။ နောက်တဖန် နလံမထူနိုင်အောင် ဖြိုဖျက်တော်မူပါဘုရား။
၂၈:၆ အကျွန်ုပ်ဆုတောင်းသောအခါ သန့်ရှင်းဝိညာဉ်တော်က အံ့ဩဘွယ်ရာ လုံခြုံစိတ်ချမှုပေးသည်။ ဆုတောင်းစကားများကို အဖြေပေးသည်။ ထို့ကြောင့်လည်းကိုယ်တော်ကို ကောင်းချီးမင်္ဂလာပေးပါသည်။ ကိုယ်တော်အတွက် သီချင်းစပ်ဆိုပါမည်။
၂၈:၇-၈ ဤကျမ်းပိုဒ်ကို ဆရာကြီးတပါးက ဤသို့ပြန်ဆိုထားသည် –
ကိုယ်တော်သည် အကျွန်ုပ်၏ ခွန်အား၊ အကျွန်ုပ်၏အကွယ်အကာ
ကိုယ်တော်ထံသို့ စိတ်နှလုံး ဒုန်းဒုန်းချပါ၏။
အကျွန်ုပ်ကို ကူညီမစသောကြောင့်၊စိတ်နှလုံး ချမ်းမြေ့ပါ၏။
တဖွားဖွား ကျေးဇူးတင်ပါသည်။
ကိုယ်တော် ရွေးကောက်ထားသောသူများ၏ ခွန်အားတည်ရာအရင်းအမြစ်။
ကိုယ်တော်ဘိသိတ်ပေးသောသားတော်ဖြင့် ခွန်အားဖြစ်စေတော်မူပြီ။
၂၈:၉ အကျွန်ုပ်အား ကယ်နှုတ်တော်မူမည်ဟု ကတိတော်ပြုခဲ့သည့်အတိုင်း ဆုတောင်းပါသည်။ ကိုယ်တော၏လူများကို ကယ်မတော်မူပါ။ ကိုယ်တော်၏ အမွေတော်ခံဖြစ်ကြသော ဣသရေလလူမျိုးသို့ ကောင်းချီးချပေးတော်မူပါ။ ကိုယ်တော်သည် ကောင်းမြတ်သည့်သိုးထိန်းကြီး ဖြစ်တော်မူသည့်အတိုင်း ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်တော်မူပါ။ တောင်တော်အောက်မှာ ကာလစဉ်ဆက်သို့ဝှက် သိမ်းတော်မူပါ။ ကိုယ်တော်၏ ကျေးဇူးတော်ကြီးမားလှပေစွ။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။