ဓမ္မရာဇဝင်ပဌမစောင် - ၁
ဓမ္မရာဇဝင်ပဌမစောင် - ၁ အနက်ဖွင့်
၁။ ရှေလုအား ဘိသိက်ပေးချိန်ထိ ရှမွေလ၏ အမှုအရာ (အခန်း ၁–၉)
(က) ရှမွေလမွေးဖွားခြင်းနှင့် ကလေးသူငယ်ဘဝ (အခန်း ၁)
၁:၁–၁၀ ကျမ်းစာမျက်နှာဖွင့်လိုက်သည်နှင့် တပြိုင်နက် ဧလကာနနှင့် မယားနှစ်ယောက်ဟန္နနှင့် ပေနိန္နတို့ကိုတွေ့ရသည်။ ဟန္န၏အဓိပ္ပါယ်သည် ကျေးဇူးတော်ဖြစ်၍ ပေနိန္နသည် ပုလဲဟုအနက်ရသည်။ ဧလကာနသည် ဧဖရိမ်တောင်ပေါ်ဒေသရှိ ရာမသိမ်ဇုဖိမ်၌ နေထိုင်သည် (ငယ် ၁)။ (၅ရာ ၆:၂၂-၂၈ တွင်လည်းကြည့်ပါ)။ သူသည် ယုံကြည်ခြင်းသစ္စာရှိသူဖြစ်သောကြောင့် သမ္မာကျမ်းစာတွင် မော်ကွန်းတင်ခြင်း ခံရသည်။ မယားပြိုင်ရှိခြင်းကို အသိအမှတ်ပြုခြင်းမဟုတ်။ လေအာနှင့်ရာခေလတို့ ဇာတ်လမ်းတွင် မယားပြိုင်တစ်ဦး၌ သားသမီးထွန်းကားလျှင် တစ်ဦး၌မြုံကြောင်း သိရှိခဲ့ရပြီးဖြစ်သည်။ ထိုကဲ့သို့ပင် ခင်ပွန်းသည်က ဟန္နအား အချစ်ပိုသော်လည်း သားသမီးမထွန်းကား။ နှစ်စဉ်သွားနေကြအတိုင်း ရှိလောအရပ်သို့ ပွဲတော်ကျင်းပရန်သွားကြစဉ် ဟန္နသည် ခင်ပွန်းသည်ထံမှ ယဇ်ပူဇော်စရာ (၂)ဆရရှိသည် (ငယ် ၃-၅)။ ထိုသို့မျက်နှာသာရသောကြောင့် ပေနိန္နက မကျေနပ်။ မကျေနပ်သည့်အတိုင်း ဟန္နအား တမြေ့မြေ့ခံစား နာကျင်အောင် ပြုလုပ်သည်။ နှစ်လကြာလေ ဟန္နသည် ရောဂါပိုဆိုးလေဖြစ်သည်။ နေမြင့်လေ အရူးရင့်လေ ဖြစ်သည်။ အဆုံးတွင် ဟန္နသည် ဘုရားသခင်ထံတွင် ဆုတောင်းသည်။
၁:၁၁–၁၈ အကယ်၍ သားယောက်ျားပေးသနားလျှင် ဘုရားသခင်ထံပြန်လည်ဆက်သမည်ဟု အဓိဌာန်ပြုသည်။ နာဇရိုက် သစ္စာတည်သောသား ဖြစ်စေမည်။ ထိုအကြောင်းကို Bishop Hall က ဤသို့ဆိုသည်။
စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ခြင်းဖြင့် ဆုတောင်းမှသာလျှင် ဘုရားသခင် ဘုန်းတော် ထင်ရှားပါသည်။ ဆုတောင်းသူများက ဘုရားသခင်အား ယုံကြည်ကိုးစားသွားသကဲ့သို့ ဘုရားသခင်ကိုယ်တိုင်၌လည်း ပျော်ရွှင် ချမ်းမြေ့သည်။၃
ဟန္နသည် စိတ်နှလုံးနာကျင်လွန်းသဖြင့် နှုတ်ခမ်းလှုပ်သော်လည်း အသံမထွက်နိုင်။ ထိုအခါ ပုရောဟိတ်အို ဧလိက အရက်မူးလျက် ဆုတောင်းရသလောဟု မေးသည်။ ဟန္နက အရက်မူး၍ မဟုတ်၊ စိတ်နှလုံး နာကျင်လွန်း၍ အသံမထွက်နိုင်ကြောင်း ရှင်းပြသောအခါ ကိုယ်ချင်းစာနာ၍ ငြိမ်သက်ချမ်းသာစွာပေးလိုက်သည်။ ဟန္နသည် ခန္ဓာကိုယ်သွေးသားမြုံသကဲ့သို့ ယနေ့လူသားများ၏ ဝိညာဉ်ရေးရာ မြုံခြင်းကို ရင်နာကြေကွဲဖို့ ကောင်းပါသည်။
၁၁:၁၉–၂၈ ဟန္န၏ ဆုတောင်းချက်အား ဘုရားသခင် နားညောင်း၍ သားရတနာထွန်းကားစေသည်။ သူငယ်ကို ရှမွေလ (ဘုရားသခင်၏ ချစ်သဲ)၄ ဟုနာမည်ပေးလိုက်သည်။ ရှမွေလသည် အချိန်နှင့်တပြေးညီ ကြီးပြင်း၍ နို့ကွာသောအခါ ဘုရားသခင်၏ အိမ်တော်သို့ခေါ်ဆောင်သည်။ ယဇ်ပူဇော်ခြင်းပြုလုပ်ပေးပြီးသကာလ ဝေယျာဝစ္စ ကူညီစေသည်။ ရှမွေလသည် အသက်ငယ်ရွယ်နုနယ်သော်လည်း အရွယ်နှင့်မလိုက်အောင် လိမ္မာရေးခြား ရှိလှသဖြင့် ယဇ်ပုရောဟိတ်အား တောက်တိုမယ်ရ ကူညီပေးသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
6
Users Today : 6
Users Yesterday : 8
Users This Year : 1550
Views Today : 21
Views This Month : 262
Views This Year : 5287"
Our Visitor





