ဝတ်ပြုရာကျမ်း - ၉
ဝတ်ပြုရာကျမ်း - ၉ အနက်ဖွင့်
(ခ) အာရုန်ယဇ်ပူဇော်ခြင်း (အခန်း၉)
၉:၁–၄ အဌမမြောက်နေ့တွင် အာရုန်နှင့်သားများသည် ယဇ်ပုရောဟိတ်ရာထူးကို အတိအလင်း တာဝန်ယူကြသည်။ ပထမဦးစွာ မိမိအတွက် ယဇ်ပူဇော်ကြရသည်။ အပြစ်ဖြေရာ ယဇ်ပူဇော်သက္ကာ အဖြစ် နွားထီးပျိုနှင့် မီးရှို့ရာ ယဇ်ပူဇော်သက္ကာအတွက် သိုးထီးပျိုတစ်ကောင် ယဇ်ပူဇော်ကြသည်။ ထို့နောက် အများပြည်သူအတွက် ယဇ်ပူဇော်ကြသည်။ အပြစ်ဖြေရာယဇ်အဖြစ်နွားဒန်းပျိုနှင့် မီးရှို့ယဇ်အဖြစ် သိုးသူငယ်၊ မိဿဟာယယဇ်အဖြစ် နွားထီးပျိုနှင့် သိုးတစ်ကောင် ပူဇော်ကြသည်။ ထို့အပြင် ဘောဇဉ်ပူဇော်သက္ကာလည်း ပူဇော်ကြသည်။
၉:၅–၂၃ လူအများသည် ယဇ်ပူဇော်ဖို့ရာ ဘုရားသခင် ကိန်းဝပ်ရာ တဲတော်ရှေ့သို့ ချဉ်းကပ်လာကြသည်။ အာရုန်သည် ယဇ်ပုရောဟိတ် အရိုက်အရာကို မောရှေထံမှ လွှဲပြောင်း လက်ခံယူသည်။ မောရှေထံမှ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ ဘောဇည်ပူဇော်သက္ကာ၊ မိဿဟာယယဇ်နှင့် ချီလွှဲပူဇော်သက္ကာပြုခြင်းနည်းနာများကို ခံယူပြီးသောအခါ အာရုန်သည် လူထုပရိသတ်ပေါ်သို့ လက်ဆန့်တန်း၍ ကောင်းကြီးပေးသည် (ငယ် ၅-၂၁)။ တဖန်ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်၍ ကောင်းချီးပေးသဖြင့် ထာဝရဘုရား၏ ဘုန်းတော်သည် လူများတို့အား ထင်ရှားစေ၏ (ငယ် ၂၂၊၂၃)။
၉:၂၄ အသန့်ရှင်းဆုံးသောဌာနတော် ကျက်သရေဆောင်မှ မီးထွက်လာ၍ ယဇ်ပူဇော်သက္ကာအား လောင်ကျွမ်းသည်။ ထိုသို့လောင်ကျွမ်းခြင်းသည် ယဇ်ပူဇော်သောနေရာတွင် ဘုရားရှင်ရှိတော်မူကြောင်း ထင်ရှားခြင်းဖြစ်သည်။ ဘုရားသခင်ထံမှ လာသော ထိုမီးသည် ကြေးယဇ်ပလ္လင်ပေါ်ရှိ ပူဇော်သက္ကာယဇ်အား အဆက်မပြတ်တငွေ့ငွေ့လောင်ကျွမ်းသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
1
8
Users Today : 1
Users Yesterday : 2
Users This Year : 1022
Views Today : 1
Views This Month : 738
Views This Year : 3682"
Our Visitor





