ဝတ်ပြုရာကျမ်း - ၆
ဝတ်ပြုရာကျမ်း - ၆ အနက်ဖွင့်
၂။ ယဇ်ပူဇော်ခြင်းတရား (၆:၈–၇:၃၈)
အခန်း ၆:၈-၇:၃၈ တိုင်အောင် ယဇ်ပူဇော်ခြင်းနှင့် စပ်ဆိုင်သောနိယာမတရားများ ပြဌာန်းထားသည်။ ခပ်များများသည် ပြီးခဲ့သော သင်ခန်းစာများနှင့်ဆင်တူရိုးမှားဖြစ်သည်။ ပြီးခဲ့သော အခန်းသည် ဣသရေလလူများသို့ အမိန့်ညွှန်ကြားချက်ဖြစ်၍ လာမည့်သင်ခန်းစာသည် ယဇ်ပုရောဟိတ်များသို့ ပြဌာန်းချက်ဖြစ်သည်။
၆:၈–၁၃ မီးရှို့ပူဇော်ခြင်းဆိုင်ရာပညတ်ချက်။ ယဇ်ပုရောဟိတ် ဝတ်ဆင်ရမည့် ဝတ်ရုံ၊ မီးရှို့ပူဇော်ရာမှ ကျလာသောပြာပုံးနှင့် မီးရှို့ရာ ယဇ်ပလ္လင်ပေါ်တွင်မီးမသေစေရမည့်အကြောင်းများ အသေးစိတ် ထပ်မံဖြည့်စွက်ထားသည်။ မီးရှို့ရာ ယဇ်ပလ္လင်မှ ကျလာသောပြာကို ယဇ်ပလ္လင်အရှေ့ဘက်တွင် ပုံရသည်။ ထို့နောက် တပ်ပြင်သို့ ပို့ဆောင်သန့်ရှင်းစေရသည်။
၆:၁၄–၁၇ ဘောဇဉ်ပူဇော်သက္ကာနှင့်ပတ်သက်သောပညတ်ချက်။ ဘောဇဉ်ပူဇော်သက္ကာပြုရာတွင် ကျန်ကြွင်းသောဝေစုကို ယဇ်ပုရောဟိတ်ရယူပိုင်ခွင့်ရှိသည်။ ဘောဇဉ်ယဇ်ကို တဆေးမတည့်ရ။ အဘယ်ကြောင့်ဆိုသော် အသန့်ရှင်းဆုံးသော ဘုရားသခင်အဘို့ ဖြစ်သည်။
၆:၁၈ အာရုန်၏သားများသည် ဘောဇဉ်ပူဇော်သက္ကာ အကြွင်းအကျန်များကို စားသောက်ပိုင်ခွင့် ရှိသည်။ သို့သော် ဘုရားသခင်သို့ ပူဇော်သော ယဇ်ဖြစ်သောကြောင့် သန့်ရှင်းစင်ကြယ်နေကြရမည်။ အခြားယဇ်ပုရောဟိတ်များသည် ဤယဇ်ကို ကိုင်တွယ်ထိတွေ့ခြင်းဖြင့် စင်ကြယ်ခြင်းမရှိနိုင်ကြ။ မစင်ကြယ်ခြင်းဆိုသည်မှာ ထိတွေ့ရုံမျှဖြင့် မဖြစ်မြောက်နိုင်။ ညစ်နွမ်းခြင်းသာ ဖြစ်စေနိုင်သည် (ဟဂ္ဂဲ ၂:၁၁-၁၃)။
၆:၁၉–၂၃ ဤကျမ်းချက်သည် ယဇ်ပုရောဟိတ်ကြီး၏ သီးသန့်ဘောဇဉ်ပူဇော်သက္ကာဖြစ်သည်။ နံနက်တစ်ဝက်၊ ညတစ်ဝက်ပူဇော်ရသည်။ အကုန်လုံးမီးရှို့ရသည်။
၆:၂၄–၃၀ အပြစ်ဖြေယဇ်စည်းမျဉ်း။ ယခင်အခန်းတွင်ပါရှိသည့်အတိုင်း ယဇ်ပုရောဟိတ်သည် ရသင့်ရထိုက်သောဝေစုကို စားသုံးခွင့်ရှိသည် (ဝတ် ၄:၂၂-၅:၁၃ တွင် ယဇ်ကောင်အသွေးသည် သန့်ရှင်းသောဌာနတော်သို့ ယူဆောင်ခြင်းမပြုပါ)။ ယဇ်ပူဇော်သက္ကာကို ပရိသတ်စုဝေးရာတဲတော်တွင် စားသုံးရသည်။ ဤပူဇော်သက္ကာသည် အသန့်ရှင်းဆုံး ယဇ်ပူဇော်ခြင်းဖြစ်သည်။ အကယ်၍ သာမန်လူသည်လည်း ယဇ်ကောင်အသားကို ထိတွေ့လျှင် စင်ကြယ်သွားသည်။ ယဇ်ပုရောဟိတ်ကဲ့သို့ သန့်ရှင်းသွားသည်။ သို့သော် ယဇ်ပုရောဟိတ်အမှုအရာ ဆောင်ရွက်ခွင့်မရှိ။ ယဇ်ကောင်အသွေးဖြန့်သမျှသော ယဇ်ပုရောဟိတ်ဝတ်ရုံကို သန့်ရှင်းရာဌာန၌ လျှော်ရမည်။ ယဇ်ကောင်အသားပြုတ်သောမြေအိုးကိုလည်း ရိုက်ခွဲပစ်ရမည်။ အဘယ်ကြောင့်ဆိုသော် ထိုမြေအိုးတွင် အပြစ်များ ကပ်ပါသွားသောကြောင့် နောက်တဖန် မသုံးရ။ အကယ်၍ ကြေးအိုးဖြစ်နေလျှင် ရေနှင့်ပွတ်တိုက်ဆေးကြောရမည်။ အပြစ်ဖြေရာယဇ်သားကို ယဇ်ပူဇော်ရာသို့ ရောက်လာသော ယောက်ျားတိုင်း စားသုံးရသည်။ အပြစ်ဖြေရာ ယဇ်ကောင်ကို မီးရှို့ပူဇော်ရာ ယဇ်ကောင်သတ်သောနေရာတွင် သတ်ရသည်။ ယဇ်ပလ္လင်၏ မြောက်ဘက် (၁:၁၁)အရိပ်နေရာတွင် ထားရသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
8
2
5
Users Today : 4
Users Yesterday : 9
Users This Year : 929
Views Today : 4
Views This Month : 503
Views This Year : 3447"
Our Visitor





