ဝတ်ပြုရာကျမ်း - ၂၆
ဝတ်ပြုရာကျမ်း - ၂၆ အနက်ဖွင့်
၁၁။ ကောင်းကြီးမင်္ဂလာနှင့်ကျိန်ခြင်း အမင်္ဂလာ (အခန်း၂၆)
(က) ဘုရားသခင်နာခံသူများသို့ ကောင်းကြီးမင်္ဂလာ (၂၆:၁–၁၃)
၂၆:၁–၁၃ ကောင်းကြီးမင်္ဂလာခံစားဖို့ရန် အလွန်ဆက်ကပ်ဖို့လိုကြောင်း ဤအခန်းတွင် သတိပေးထားသည်။ မနာခံခြင်း၏ အသီးအပွင့်များသည် ဘုရားသခင်နှင့်မသက်ဆိုင်သော်လည်း ဘုရားရှင်က ကလဲ့စားချေမည်မဟုတ်။ သို့သော် နောင်တရစရာအကြောင်း ဖြစ်လာမည် (ငယ် ၄၁-၄၂)။ တစ်မျိုးသားလုံးနှင့်ဆိုင်၍ အပြစ်ဝန်ချခြင်းမရှိသရွေ့ ကာလပတ်လုံးအပြစ်တင်ရှုတ်ချစရာသည် ပိုမိုဆိုးဝါးလာကြောင်း ငယ် ၁၄၊၁၈၊၂၁၊၂၄နှင့် ၂၈တို့တွင် တွေ့ရမည်။
ရုပ်တုဆင်းတု ဘုရားတုမကိုးကွယ်ရန် သတိပေးပြီး (ငယ်၁)နောက် ဥပုသ်နေ့ ချိုးဖောက်ခြင်းသည် မသန့်ရှင်းကြောင်း ငယ်(၂)ပြဌာန်းထားသည်။ စကားတော်ကို နာခံကြလျှင် ရွှေမိုးငွေမိုးရွာစေ၍ မြေကြီးမှ ပဒေသာပင်ပေါက်စေမည့်အကြောင်း (ငယ်၄)၊ ဘဝလုံခြုံ၍ ထွက်ကုန်သီးနှံစည်ပင်မည့်အကြောင်း (ငယ်၅)၊ ငြိမ်သက်ချမ်းသာမည့်အကြောင်း (ငယ်၆)၊ ရန်သူများကို အောင်နိုင်မည့်အကြောင်း (ငယ်၇၊၈) ဘုရားသခင်ရှေ့မှာ မျက်နှာရ၍ စည်ပင်တိပြောကြမည့်အကြောင်း (ငယ်၉-၁၃) ကတိတော်ပေးထားသည်။ Knox ကျမ်းမူတွင် အငယ်(၁၃)ကို “သို့မဟုတ်လျှင် သင်တို့ကို လည်ပင်းထိ ကြိုးကွင်းစွပ်မည်၊ နာခံလျှင်မူကား လွတ်လပ်စွာ ပျော်ရွှင်သူများဖြစ်မည်”ဟု ဆိုထားသည်။
(ခ) မနာခံသူများသို့ကျိန်ခြင်း အမင်္ဂလာ (၂၆:၁၄–၃၉)
၂၆:၁၄–၃၃ ဘုရားသခင်၏ စကားတော်ကို နာခံခြင်းမရှိလျှင် ဘေးအန္တရာယ်၊ အနာရောဂါ၊ ရန်သူလက်အောင်၊ သားရဲတိရစ္ဆာန်ဘေး၊ နာတာရှည်ရောဂါဆိုး၊ ဖမ်းဆိးချုပ်နှောင်ခြင်း၊ ဘဝနှင့်ယှဉ်၍ စိတ်ညစ်ခြင်း၊ နစ်မွမ်းခြင်း ကြုံတွေ့ရမည်။
အပိုဒ်ငယ် ၂၆တွင် အငတ်ဘေးနှင့်ကြုံရမည်ဟု ဆိုသည်။ ပေါင်မုန့်ဖိုတစ်ခုသည် တစ်မိသားစုအတွက် ဖြစ်သည်။ မိသားစုပြီးလျှင် အနိုင်နိုင်ဖြစ်သည်။ ထိုဖိုတွင် မိန်းမ(၁၀)ယောက်၊ စုပေါင်းမုန့်ဖုတ်ရန် လုယက်ကြရမည်။ အပိုဒ်ငယ်(၂၉)သည် အငတ်ဘေးထက် ဆိုးသောအန္တရာယ်ဖြစ်သည် (၄ရာ၆:၂၉၊ မြည်၄:၁၀ သတိပေးချက်များကိုကြည့်ပါ)။
၂၆:၃၄–၃၉ နာခံခြင်းမရှိသောကြောင့် ဣသရေလ တစ်မျိုးသားလုံးနှင့် ယှဉ်၍ နိုင်ငံရပ်ခြားသားများ၏ ဖမ်းဆီးကျွန်ပြုခြင်းခံရသည်။ ဥပုသ်နေ့ကို မစောင့်ထိန်းလျှင်လည်း စိတ်နှလုံးငြိမ်သက်ခြင်း ရကြမည်မဟုတ်။ ဗာဗုလုန်ကျွန်အဖြစ် ဖမ်းဆီးခံရစဉ်က ထိုသို့ ခံစားခဲ့ကြပြီ။ ရှောလုမင်းလက်ထက်တွင် ဥပုသ်စောင့်ထိန်းခြင်းမရှိကြသဖြင့် နှစ်ပေါင်း(၇၀)တိုင်တိုင် ဖမ်းဆီးကျွန်ပြုခြင်း ခံရသည် (ရော ၃၆:၂၀-၂၁)။
(ဂ) အပြစ်ဝန်ခံခြင်းနှင့် နောင်တဖြင့် ပြန်လည်ဆောက်တည်ခြင်း (၂၆:၄၀–၄၆)
၂၆:၄၀–၄၆ အခန်းကြီး (၂၆)ကို နာခံခြင်းမရှိ၊ ဖီလာဆန့်ကျင်ကြသော ဣသရေလတို့ ကျိုးနွံယဉ်ပါးခြင်းဖြင့် နိဂုံးချုပ်ထားသည်။ ဘုရားသခင်သည် နာခံခြင်းမရှိသူများအား စိတ်ခုသော်လည်း လုံးလုံးလျားလျားပစ်ပယ်ခြင်းမပြု။ ဣသရေလဘိုးဘေးများသို့ ပြုထားသော ကတိတော်ကို ပြန်လည်အောက်မေ့ရည်မှတ်၍ သက်ညှာလိုက်သည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
2
3
Users Today : 6
Users Yesterday : 2
Users This Year : 1027
Views Today : 18
Views This Month : 755
Views This Year : 3699"
Our Visitor





