ဝတ်ပြုရာကျမ်း - ၂၁
ဝတ်ပြုရာကျမ်း - ၂၁ အနက်ဖွင့်
(ဃ) ယဇ်ပုရောဟိတ်များသို့ ညွှန်ကြားချက် (အခန်း ၂၁–၂၂)
အခန်း ၂၁၊၂၂ သည် အခန်း ၁၆၊၁၇ တွင်ပါရှိသည့် အာရုန်နှင့်သားများသို့ လိပ်မူထားသည်။
၂၁:၁–၄ ယဇ်ပုရောဟိတ်များသည် မိမိသွေးရင်းသားရင်းအလောင်းမှလွဲ၍ အခြားလူသေကောင်များ ကိုင်တွယ်ထိတွေ့ခြင်းဖြင့် မိမိကိုယ်ကို မစင်ကြယ်အောင် မပြုလုပ်ရ။ မသာအိမ်သို့ ဝင်ရောက်လျှင် (၇)ရက်လုံးလုံး မစင်ကြယ်(တော ၁၉:၁၄)။ ထိုမစင်ကြယ်သည့်ကာလအတောအတွင်းတွင် ယဇ်ပူဇော်ခြင်းမပြုနိုင်။ သို့သော်သွေးရင်းသားရင်း သေဆုံးခြင်းနှင့်မဆိုင်။ အပိုဒ်ငယ် ၄သည် ယဇ်ပုရောဟိတ်၏ ဂုဏ်ရှိန်ကြီးမြင့်ခြင်းကို ပြသခြင်းဖြစ်သည်။
၂၁:၅–၉ သေသူကို လွမ်းဆွတ်သတိရသော အားဖြင့် မိမိခန္ဓာကိုယ် အနာတရဖြစ်စေခြင်း၊ အမာရွတ်ကျန်ရှိအောင် အမှတ်အသားပြုလုပ်ခြင်းကို တားမြစ်သည်။ ယဇ်ပုရောဟိတ်သည် ပြည့်တန်ဆာမ၊ လင်ကွာမိန်းမနှင့် လက်ထပ်ခြင်းမပြုရ။ ယဇ်ပုရောဟိတ်၏ သမီးသည် ပြည့်တန်ဆာလုပ်လျှင် ဖခင်ကို အရှက်ကွဲစေသောကြောင့် မီးရှို့ပစ်ရသည်။
၂၁:၁၀–၁၅ ယဇ်ပုရောဟိတ်ကြီးသည် ရိုးရာထုံးစံအတိုင်း ကွယ်လွန်သူအတွက် အနာတရ မခံယူရ။ သန့်ရှင်းရာဌာနတော်ကို စွန့်ပစ်၍ မသာအိမ်ကို ဦးစားမပေးရ။ အပျိုကညာနှင့်သာ လက်ဆက်ရမည်။ ထိုမိန်းမနှင့် တစ်သက်လုံး ပေါင်းသင်းရမည်။
၂၁:၁၆–၂၄ ကိုယ်လက်အင်္ဂါချို့တဲ့၊ မစုံလင်သူသည် ယဇ်ပုရောဟိတ်အရိုက်အရာ မခံယူရ။ မျက်စိမမြင်၊ ကိုယ်လက်အင်္ဂါ မသန်စွမ်း၊ ရုပ်ဆင်းအင်္ဂါချို့တဲ့ ခြေလက်ပုံမှန်မရှိ၊ ကျောကုန်း၊ ပုဂွဂွ၊ မျက်စိပုံမှန်မရှိ၊ ယားနာရှိသူ၊ အနာရွတ်အထင်အရှား ထူပြောသူ များမဖြစ်ရ။ အာရုန်၏ သားများသည် ဘုရားသခင်ရွေးချယ်ခန့်အပ်သူများဖြစ်သောကြောင့် ယဇ်ပုရောဟိတ်ဝေစု ပူဇော်သက္ကာများကို မှီဝဲစားသုံးနိုင်သည်။ သို့သော် အထက်ပါ ချို့ယွင်းချက်များရှိလျှင် ယဇ်ပူဇော်ခြင်း မလုပ်နိုင်(ငယ်၂၂၊၂၃)။ မိဿဟာယ ယဇ်ပူဇော်သက္ကာသည် ယဇ်ပုရောဟိတ်များအဖို့ သန့်ရှင်းစင်ကြယ်သည်။ အသန့်ရှင်းဆုံး ဌာနတော် ကျက်သရေဆောင်မှ ပူဇော်သက္ကာများသည် ယဇ်ပုရောဟိတ်များ၏ ခွဲတမ်းဖြစ်သည်။ ထာဝရဘုရားသခင်ရှေ့တော်သို့ ယဇ်ပူဇော်သူပုရောဟိတ်သည် အပြစ်ဆိုဖွယ်မရှိ၊ သန့်ရှင်းစင်ကြယ်ရသည်။ ခရစ်တော်ဘုရားကဲ့သို့ ဖြစ်ပေမည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
3
5
Users Today : 3
Users Yesterday : 9
Users This Year : 1039
Views Today : 8
Views This Month : 8
Views This Year : 3724"
Our Visitor





