ဝတ်ပြုရာကျမ်း - ၁၂
ဝတ်ပြုရာကျမ်း - ၁၂ အနက်ဖွင့်
(ခ) သားဖွားပြီးနောက်သန့်ရှင်းခြင်း (အခန်း ၁၂)
၁၂:၁–၄ ဤအခန်းတွင် သားဖွား၊ မီးနေသောအမျိုးသမီးသည် မစင်ကြယ်ဟု ဆိုသည်။ သားယောက်ျားမွေးဖွားသောမိခင်သည်(၇)ရက် ကာလတွင် မစင်ကြယ်။ ဓမ္မတာလာသည့်ကာလကဲ့သို့ မစင်ကြယ်။ သားယောက်ျားသည် (၈)ရက်မြောက်နေ့တွင် အရေဖျားလှီးရသည်။ (ငယ်၃)။ ၅ရက်မြောက်နေ့သည် သွေးထွက်သံယိုခြင်းကိစ္စတွင် စိတ်ချရဆုံး၊ သေချာဆုံးနေ့ရက် ဖြစ်သည်။ ယနေ့ခေတ်ကာလတွင် သွေးတိတ်ဆေးအဖြစ် ဗီတာမင် အေ သုံးကြသည်။ ထို့နောက် မိခင်သည် (၃၃)ရက်လုံးလုံး မိမိနေအိမ်တွင်း ပုန်းရသည်။ စင်ကြယ်သော အရာများကို မထိမကိုင်ရ။ သန့်ရှင်းရာနေရာသို့မသွားရ။ တဲတော်ဝင်းသို့မချဉ်းကပ်ရ။
၁၂း၅ သမီးမွေးလျှင်မူကား (၂)ပတ် မစင်ကြယ်။ ထိုအပြင် မိမိနေအိမ်တွင် ရက်ပေါင်း(၆၆)ရက်တိတိ အိမ်တွင်းပုန်းအောင်းရသည်။
၁၂:၆–၈ သတ်မှတ်ရက်စေ့သောအခါ မီးနေသည် မီးရှို့ယဇ်ပြုဖို့ရာယဇ်ပူဇော်ဖို့ရာ ချိုးငှက်သို့မဟုတ် ခိုငှက်ငယ်တစ်ကောင် ယူဆောင်လာရသည်။ အကယ်၍ သိုးသူငယ် မပူဇော်နိုင်လောက်အောင် ဆင်းရဲမွဲတေနေလျှင် သိုးသူငယ်အစား ချိုးငှက်နှစ်ကောင် ယူဆောင်ရသည်။ တစ်ကောင်ကိုမီးရှိုးရာယဇ်ပူဇော်၍ ကျန်တစ်ကောင်ကိုအပြစ်ဖြေယဇ်အဖြစ် ပူဇော်ရမည်။ သခင်ယရှု၏ မယ်တော်သည် ငှက်နှစ်ကောင်ယူဆောင်လာသောကြောင့် (လု၂:၂၂-၂၄)ယေရှုမွေးဖွားစဉ်တွေင် ကျောမွဲလူတန်းစားဖြစ်သည်ဟု နားလည်ရသည်။
သားဖွားမီးနေခြင်းကြောင့် မစင်ကြယ်ခြင်းသည် ထူးဆန်းသည်။ အကြင်လင်မယား ထိမ်းမြား လက်ထပ်ခြင်းသည် လူ့လောကသို့ အပြစ်မဝင်ရောက်ခင်ဖြစ်၍ စင်ကြယ်သည်။ ထိမ်းမြားလက်ထပ်ခြင်းသည် မင်္ဂလာတရားဖြစ်သည်ဟု သမ္မာကျမ်းစာက သွန်သင်သည်။ သားသမီးများစွာ မွေးဖွားကြဖို့ မိန့်မှာထားသည်။ သားဖွားမီးနေရာတွင် မစင်ကြယ်ခြင်းသည် ချို့ယွင်းချက်ဖြစ်သည်။ လူသားအားလုံးသည် အပြစ်ဒစရိုက်ထဲမှ မွေးဖွားလာကြသူများဖြစ်သည်(ဆာ၅၁:၅)။ သမီးမွေးလျှင် မစင်ကြယ်သည့် နေ့ရက်ပိုမိုသတ်မှတ်ခြင်းမှာ မိန်းမသည် ယောက်ျားအဘို့ ဖန်ဆင်းခြင်းဖြစ်သောကြောင့် ဖြစ်နိုင်သည်။ မိန်းမသည် အပြစ်ဒုစရိုက်ထဲသို့ ဦးစွာဝင်ရောက်သောကြောင့် အချိန်ပိုပေးခြင်းဖြစ်နိုင်သည် (နှိမ့်ချခြင်းမဟုတ်တန်ရာ)။
William ကမူ သားဖွားမီးနေသည့် သွေးသားနုနယ်သောကာလတွင် ခုခံအားနည်းကြသောကြောင့် ကူးစက်လွယ်သောရောဂါများမရရှိဖို့ ဘုရားသခင်က မိခင်များနှင့် မွေးကင်းစကလေးများ ကွယ်ကာပေးခြင်း ဖြစ်သည်ဟုဆိုသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
8
1
9
Users Today : 7
Users Yesterday : 6
Users This Year : 923
Views Today : 28
Views This Month : 494
Views This Year : 3438"
Our Visitor





