ရှင်ယာကုပ်ဩဝါဒစာ-၂

မျက်နှာမလိုက်ရန်သတိပေးခြင်း
1ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက်ခြင်းမရှိကြနှင့်။- 2ရွှေလက်စွပ်နှင့် တင့်တယ်သော အဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကိုဝတ်၍ ဆင်းရဲသော သူနှစ်ဦးသည် သင်တို့၏ တရားဇရပ်ထဲသို့ ဝင်သောအခါ၊- 3တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်၍၊ ကောင်းမွန်သော ဤအရပ်မှာထိုင်ပါ ဟူ၍လည်းကောင်း၊ ဆင်းရဲသောသူကို၊ ဟိုမှာနေလော့၊ သို့မဟုတ် ဤအရပ်မှာ ငါ့ခြေတင်ခုံအောက်၌ ထိုင်လော့ဟူ၍လည်းကောင်း၊ သင်တို့သည် ပြောဆိုလျှင်၊- 4တစ်ဖက်၌ ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံအစည်နှင့် စီရင်သောသူ ဖြစ်ကြသည်မဟုတ်လော။- 5ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင် ဆင်းရဲသောသူတို့သည် ယုံကြည်ခြင်း ရတနာကို ရတတ်စေခြင်းငှာလည်းကောင်း၊ ဘုရားသခင်ကို ချစ်သောသူတို့အား ပေးမည်ဟု ဝန်ခံတော်မူသော နိုင်ငံတော်၏အမွေခံ ဖြစ်စေခြင်းငှာလည်းကောင်း၊ ထိုသူတို့ကို ရွေးကောက်တော်မူသည် မဟုတ်လော။- 6သင်တို့သည် ဆင်းရဲသောသူကို မထီမဲ့မြင် ပြုကြသည်တကား။ ငွေရတတ်သော သူတို့သည် သင်တို့ကို ညှဉ်းဆဲနှိပ်စက်ကြသည် မဟုတ်လော။ တရားပလ္လင်ရှေ့သို့ ဆွဲငင်ကြသည်မဟုတ်လော။- 7သင်တို့ကိုသမုတ်သော နာမတော်မြတ်ကို သူတို့သည် ကဲ့ရဲ့ကြသည်မဟုတ်လော။
8ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကို ကျင့်ရာသို့ရောက်ကြ၏။-ဝတ်၊ ၁၉း၁၈။ 9သို့မဟုတ် လူမျက်နှာကိုထောက်လျှင်၊ ဒုစရိုက်ကို ပြုသောသူဖြစ်ကြ၏။ တရားကို လွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။- 10အဘယ်သို့နည်းဟူမူကား၊ ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစ်စုံတစ်ခု၌မှားမိလျှင်၊ ပညတ်တရားကို လွန်ကျူးသောအပြစ်ရှိ၏။- 11သူ့မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော်မူသောသူက၊ လူအသက်ကို မသတ်နှင့်ဟု ပညတ်တော်မူသေး၏။ သို့ဖြစ်၍ သင်သည် သူ့မယားကိုမပြစ်မှားဘဲနေသော်လည်း၊ လူအသက်ကို သတ်လျှင်၊ ပညတ်တရားကို လွန်ကျူးသောသူ ဖြစ်၏။-ထှ၊ ၂၀း၁၃-၁၄၊ တရား၊ ၅း၁၇-၁၈။ 12လွှတ်ခြင်းတရားအတိုင်း စီရင်ခြင်းကို ခံရလတ္တံ့သောသူကဲ့သို့၊ စကားပြောခြင်း၊ အမှုပြုခြင်းကို စီရင်ကြလော့။- 13ကရုဏာမရှိသောသူသည်၊ ကရုဏာကိုမရဘဲ၊ တရားစီရင်ခြင်းကို ခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းကိုအောင်၍ ဝါကြွားတတ်၏။
ယုံကြည်ခြင်းနှင့်အကျင့်
14ငါ့ညီအစ်ကိုတို့၊ တစ်စုံတစ်ယောက်သောသူက၊ ငါသည် ယုံကြည်ခြင်းရှိ၏ဟု ပြောလျက်၊ အကျင့်ကို မကျင့်ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။- 15ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်း စားရသောအစာမရှိသောအခါ၊- 16သင်တို့တွင် တစ်စုံတစ်ယောက်သောသူက၊ ငြိမ်ဝပ်စွာသွားကြလော့။ နွေးကြလော့။ ဝကြလော့ဟု ပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။- 17ထိုနည်းတူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် တစ်ပါးတည်းရှိသောကြောင့် အသေဖြစ်၏။- 18တစ်နည်းကား၊ သင်သည် ယုံကြည်ခြင်းရှိ၏။ ငါသည် အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည်အကျင့်မရှိဘဲ သင်၏ယုံကြည်ခြင်းကို ပြလော့။ ငါမူကား၊ အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကို ပြမည်ဟု ပြောစရာရှိ၏။- 19ဘုရားသခင်တစ်ဆူတည်းရှိသည်ဟု သင်သည်ယုံ၏။ ကောင်းပေ၏။ နတ်ဆိုးတို့သည် ယုံ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။
20လျှပ်ပေါ်သောလူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်သည်ကို သိချင်သလော။- 21ငါတို့အဘအာဗြဟံသည်၊ မိမိသားဣဇာက်ကို ယဇ်ပလ္လင်ပေါ်မှာ တင်လှူပူဇော်သောအခါ၊ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။- 22ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍၊ အကျင့်အားဖြင့် စုံလင်သည်ကို သိမြင်ရ၏။- 23အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏ဟူသော ကျမ်းစကား ပြည့်စုံလေ၏။ အာဗြဟံသည်လည်း၊ ဘုရားသခင်၏အဆွေဟူ၍ ခေါ်ဝေါ်ခြင်းကိုခံရ၏။-က၊ ၁၅း၆ 24လူသည် ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်။ အကျင့်အားဖြင့် ရောက်သည်ကို သင်တို့သိမြင်ရကြ၏။- 25ထိုနည်းတူ၊ ပြည့်တန်ဆာရာခပ်သည်၊ တမန်တို့ကိုလက်ခံပြီးမှ အခြားသောလမ်းဖြင့် လွှတ်လိုက်၍၊ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။- 26ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏။

ရှင်ယာကုပ်ဩဝါဒစာ -၂ အနက်ဖွင့်

၄။ ဘက်လိုက်မှုအားရှုတ်ချခြင်း (:၁၃)

          အခန်း ၂ ၏ ပထမအပိုင်းသည် လက်တွေ့ဘဝတွင်ရှုတ်ချစရာများကို သတိပေးခြင်း ဖြစ်သည်။ ဓမ္မသစ်ကျမ်းစာပါဆုံးမသွန်သင်ချက်များသည် တိုင်းတပါးသားများအတွက် ပုံဥပမာယူ ဖွယ်ရာများဖြစ်သည်။ ခရစ်ယာန်လောကတွင်မျက်နှာလိုက်ခြင်း၊ မျက်နှာသာပေးခြင်း မရှိပါ။

: ပထမဦးစွာ ညီအစ်ကိုတို့ဟု ခေါ်ဝေါ်သုံးစွဲထားခြင်းသည် ယုံကြည်သူများကိုနှုတ်ဆက် ခြင်းဖြစ်သည်ဟုနာလည်ရမည်။ သခင်ယေရှုကိုယုံကြည်ခြင်အမှု” ဆိုသည်မှာ ခရစ်ယာန်တို့၏ ယုံကြည်ခြင်းကို ဆိုလိုသည်။ ကိုယ်တော်အားယုံကြည်ခြင်းနှင့် မှီခိုခြင်း၏ ခန္ဓာကိုယ်အဖြစ် ခရစ်တော် ကိုယ်တိုင်အားကျွန်ုပ်တို့ထံ ပေးအပ်ခဲ့ပြီမဟုတ်လော။ ကျမ်းစာက “ငါ့ညီအကိုတို့ ယုံကြည်ခြင်းအမှုတွင် လိုက်ခြင်းမရှိကြနှင့်”ဟု ဆိုသည်။ ဘက်လိုက်ခြင်း။ မျက်နှာသာပေးခြင်းသည် ခရစ်ယာန် အသက်တာနှင့်မအပ်စပ်ပါ။ လူ့မျက်နှာပန်းလှခြင်းသည် ဘုရားသခင်ရှေ့မှောက်တွင် နေရာမရှိပါ။ အခြားသူများအတွက်လည်း စက်ဆုတ်ရွံရှာဖွယ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဇာတိ၊ လူမျိုး၊ လိင်နှင့် ဆင်းရဲခြင်းတို့သည် ယုံကြည်မှုကိုမထိခိုက်စေနိုင်ပါ။ ထိုသို့ပြောခြင်းသည် ဓမ္မသစ်ကျမ်းတွင် အုပ်စိုးသူများ၊ အရှင်သခင်မျာ၊ သင်းအုပ်များနှင့် မိဘများကို ဦးစားပေးရမည်ဟူသော သွန်သင်ချက် နှင့်မဆိုင်။ ထိုသူများအား ဦးစားပေးခြင်းသည် မင်္ဂလာ တစ်ပါး (ရော ၁၃:၇) ဖြစ်သည်။ ဝတ်ကောင်း စားလှ၊ အဖိုးတန်လက်ဝတ်ရတနာနှင့် အခြားပေါ်လွင်ထင်ရှားစေသော လူလုပ်စရိုက်များကို ဆိုလိုသည်။

:  ထိုကိစ္စနှင့်ပတ်သက်၍ အခန်းငယ် ၂-၄တွင် အသေအချာရှင်းပြထားပါသည်။ Guy ဘုရင်ကလိမ္မာပါးနပ်စွာ “ဖြတ်လမ်းကို လမ်းပြသူများ” ဟု နာမည်ပေးထားသည်။ ထိုပုံစံကို ဒေသန္တရ အသင်းတော်တွင် တွေ့ရတတ်သည်။ အသင်းတော်များတွင် အဖိုးတန်လက်ဝတ်တန်ဆာ၊ ဝတ်ကောင်းစားလှ၊ စမတ်ကျကျ ရောက်လာကြသူများကို ဧည့်ကြိုများက ဦးညွတ်အရိုအသေပေးပြီး၊ ကိုယ်ရံတော်ပမာ လိုက်လံကာ၊ ရှေ့ဆုံးထိုင်ခုံတွင် နေရာချပေးတတ်ကြသည်။ နောက်တစ်ယောက်လာ သော်လည်းခရီးဦးကြိုမပြုတော့ပါ။ မသိချင်ဟန်ဆောင်၍ တံခါးနားတွင် သွားရပ်နေတတ်သည်။ ထိုသူသည် ဆင်းရဲသားဖြစ်၍ အောက်ကျနောက်ကျို့ဖြင့် ဝင်လာသူဖြစ်သည်။ (နွမ်းပါးအဝတ်ဆိုသည် မှာ အဝတ်အဆားမစင်ကြယ်မှုကို ဆိုလိုခြင်းမဟုတ်ပါ။ အောက်ကျို့နှိမ့်ချသော စိတ်သဘောထားဖြင့် ရောက်လာခြင်းကိုဆိုလိုသည်)။ ထိုအချိန်ခါမျိုးတွင် ဧည့်သည်သည်အခန်းအလယ်တွင် မတ်တပ်ရပ် နေရမည်လိုလို၊ ကြမ်းပြင်တွင် ထိုင်ရမည်လိုလို ဖြစ်သော်လည်း ဧည့်ကြိုမှာ လွတ်ရာကျွတ်ရာသို့ ရှောင်နေသည်။ ထိုအဖြစ်အပျက်မျိုး ကြုံဘူးကောင်း ကြုံဘူးကြလိမ့်မည်။ ထိုအဖြစ်အပျက်မျိုးမတွေ့ လိုသော်လည်း၊ ထိုအတွေးမျိုးရှိတတ်ကြောင်းကို မိမိကိုယ်ကိုမိမိဆင်ခြင်နိုင်သည်။ ထိုအတွေးမျိုး သည်မကောင်းသော နတ်ဆိုးဝင်လာရာ လမ်းဖွင့်ပေးခြင်း ဖြစ်သည်။

ကျမ်းစာက ပုံဥပမာ ပေးချက်များသည် ယနေ့အသင်တော်များတွင် အများဆုံးတွေ့ရှိချက်များ ဖြစ်သည်။ အထူးသဖြင့် အသားမဲ ယုံကြည်သူများအား နွေးထွေးကြိုဆိုခြင်းမပြုသည့်သဖြင့် နှာခေါင်း ရှုံ့မဲ့တတ်ကြသည်။ ပြောင်းလဲသော ယုဒများသည်လည်း လှိုက်လှိုက်လှဲလှဲ၊ ဖက်လှဲတကင်းကြိုဆို လေ့မရှိတတ်။ အရှေ့တိုင်း ခရစ်ယာန်များသည် ထိုမျက်နှာသာလိုက်ခြင်းကို အမျိုးမျိုးခံစားရသည်။ လူမှုဝန်းကျင် ဆက်ဆံရေးတွင် အခက်အခဲများစွာရှိပါသည်။ သို့သော် ခရစ်ယာန်များမှာမူကား ဘုရားသခင်၏ တပည့်တော်များဖြစ်သည်။ ဘုရားရှင်၏အဓိကလိုလားချက်မှာ ယုံကြည်သူတိုင်း သည်ယေရှုခရစ်တော်၌ တစ်လုံးတစ်ဝတည်း ဖြစ်ကြောင်း လက်တွေ့ဘဝဖော်ဆောင် ပြသခြင်းဖြစ်သည်။

:(ကမျက်နှာသာပေးခြင်း၊ မျက်နှာကြီးရာဟင်းဖတ်ပါခြင်းသည် ခရစ်တော်ယုံကြည်ခြင်းနှင့် ထော်လော်ကန့်လန့်ဖြစ်ကြောင်း (တမန် ၅:၁၃)တွင်အတိအလင်းဆိုထားသည်။ မျက်နှာကြီးမျိုးအား မျက်နှာသာပေးခြင်း၊ အညတြလူများအား အထင်အမြင်သေးခြင်းသည် ပြက်ယယ်ပြုစုစရာ ဖြစ်ကြောင်းအချက် (၄)ချက်ဖြင့် ရှင်းပြလိုပါသည်။

ပထမဆုံးအချက်မှာ ဘုရားသခင်အသိအမှတ်ပြုသူအား လေးစားရာရောက်ပါသည်။ လောကတွင်ဆင်းရဲချို့တဲ့သူများသည် ယုံကြည်ခြင်းဖြင့်ဘုရားသခင်၏ နိုင်ငံတော်အမွေခံရကြမည့် အကြောင်းကတိတော်ပေးထားပါသည်။ ဆင်းရဲသားများသည် ဘုရားသခင်၏ရွေးနှုတ်ရာအမွေတော် ခံနှင့်ဘုရားသခင်၏ချစ်မြတ်နိုးသူများဖြစ်သည်။ သမ္မာကျမ်းစာတွင် အမွေတော်ခံနှင့်ဘုရားသခင်၏ ချစ်မြတ်နိုးသူများဟု ရှင်းပြသည်။ ကိုယ်တော်နှင့်ပုလဲနံပသင့်သူများသည် လူချမ်းသာများမဟုတ်။ မရှိဆင်းရဲသားများဖြစ်သည်။ “ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသတင်းကို ကြားရ၏ (မ ၁၁:၅)ဟုဆိုထားပါသည်။ လူချမ်းသာဘဝင်မြင့်သမားများသည် ယေရှုကိုမသိကြ။ ယေရှုကိုသိကျွမ်း သူများသည် သာမန်လူများသာဖြစ်ပါသည် (မာ ၁၃:၃၇)။ခေါ်တော်မူသောသူတို့တွင် လောကီပညာရှိ များမပါ၊ ထင်ရှားသောလူကြီးများမပါ။ မင်းမျိုးမင်းနွယ်များမပါပါ။ လူအ၊ အားနည်းသူ၊ ဆင်းရဲသူ၊ ယုတ်မာသူများကိုသာခေါ်သည် (၁ကော ၁:၂၆-၂၉)။ ငွေရတတ်သူများသည် ယုံကြည်ခြင်းအားနည်း တတ်၏။ တနည်းပြောရလျှင်ဆင်းရဲသားများသည် ယုံကြည်ခြင်းခိုင်မာစေရန် ဘုရားသခင်ရွေးခန့် ထားသူများဖြစ်၏။ ဘုရားသခင်၏နိုင်ငံတော်တွင်အများဆုံးတွေ့ရမည့်သူများမှာ လောက၌ဆင်းရဲ ခဲ့သူများဖြစ်သည်။ ထိုသူများသည် ကောင်းကင်နိုင်ငံ၌တွင်ဘုရားသခင်၏  ကောင်းကြီးမင်္ဂလာ၌ ကြွယ်ဝချမ်းသာခြင်းဖြစ်သည့်ကယ်တင်ရှင်သခင်အား ဖက်တွယ်မည့်အစား၊ ပစ်ခွာခြင်းသည် အဘယ်မျှမိုက်မဲရာကျပါသနည်း။

:(ဒုတိယအချက်မှာ၊ ထိုငွေရတတ်သူများသည် ဘုရားသခင်ရှေ့တွင် သီးခြားလူတန်း စားတရပ်အဖြစ်အဘယ်ကြောင့်မိုက်ကဲချင်ကြသနည်း။ ဤနေရာတွင်အနည်းငယ် နဝေတိမ်တောင် ဖြစ်နိုင်သည်။ ယခင်အပိုဒ်တွင်လူချမ်းသာများသည် ဘုရားကျောင်းသို့ဝင်လာသောယုံကြည်သူဖြစ် သည်ဟုဆိုထားပြီးပါပြီ။ ဤအခန်းမှ ငွေရတတ်သူသည်လည်း ယုံကြည်သူ ဖြစ်သည်ဟု မမှတ်စေလိုပါ။ ဘုရားသခင် နှစ်သက်တော်မူသော သူများသည် အဘယ်ကြောင့် မချမ်းသာကြသနည်းဟု မေးနိုင်ပါသည်။

: တတိယအချက်မှာ ငွေရတတ်သူများသည် ခရစ်တော်၏နာမတော်အား အဘယ်ကြောင့် မိုက်ရိုင်းချင်ကြသနည်း။ ခရစ်ယာန်များသည် ယဉ်ကျေးသိမ်မွေ့သူများဖြစ်သည်။ ခရစ်တော်၏ နောက်လိုက် မဟုတ်ကြဘူးလား။ ခရစ်တော်အား မထီလေးစားခြင်းသည် လူချမ်းသာအားမထိခိုက်စေ နိုင်သဖြင့် လူဆင်းရဲအား အထင်အမြင်သေးခြင်းလား။ ယုံကြည်သူဖြစ်လျှက်နှင့် မျက်နှာကြီးရာ ဟင်းဖတ်ပါခြင်းလား။ သူဌေးသူကြွယ်အား မျက်နှာသာပေး၍ မူယာမာယာလုပ်ပြခြင်းသည် ပွင့်ပွင့်လင်းလင်းပြောရလျှင် သခင်ခရစ်တော်အား မလေးစားခြင်းဖြစ်သည်။ သင်တို့ကိုသမုသ်သော နာမတော်မြတ်ကို သူတို့သည်ကဲ့ရဲ့ကြမည် မဟုတ်လား။ အချို့သူများက ဤကိစ္စကို ခရစ်ယာန် နှစ်ခြင်းမင်္ဂလာနှင့် ကိုးကားယူတတ်ကြသည်။ ယုံကြည်သူများသည် ယေရှုနာမတော်မြတ်၌ နှစ်ခြင်းမင်္ဂလာခံယူပြီးသူများဖြစ်ရာ ထိုသို့ပြောခြင်းသည် ဘုရားသခင်အား ပြစ်မှားရာ ရောက် ပါသည်။

          : စတုတ္ထအချက်မူကား သင့်အိမ်နီးနားကိုလည်း သင်နှင့်အမျှချစ်လော့။” ဟူသောစကား နှင့်ယှဉ်၍လူချမ်းသာများအား ထောက်ပြခြင်းဖြစ်သည်။ “သင့်အိမ်နီးနားခြင်းကို သင်နှင့်ထပ်တူချစ် လော့” ဟူသော ပညတ်တော်သည် အချုပ်အချာအကျဆုံး ဖြစ်သောကြောင့် မင်းအာဏာဟု ဆိုရသည်။ ဧည့်ကြိုသည် ထိုတရားကိုဆွဲကိုလျှက် ချမ်းသာသူအားမိမိကိုယ်ကို မြတ်နိုးကဲ့သို့ ချစ်ခင်မြတ်နိုးသော ကြောင့်အများသောအားဖြင့် ဆင်းရဲသားတို့ကို မပြုစုနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့်လည်းအချို့လူများ အတွက်ကျေနပ်နှစ်သိမ့်စရာ မလုပ်ပေးနိုင်ခြင်းဖြစ်သည်။


: မျက်နှာသာ ပေးခြင်းသည် ရွှေပညတ်တော်၏ဆန့်ကျင်ဘက်ဖြစ်သည်။ အပြစ်နှင့်စုံစမ်း ခြင်းလည်းဖြစ်သည်။ အပြစ်သည်ဘုရားသခင်၏အလိုတော်နှင့်ထိတွေ့ဖွယ်ရာမရှိသော ဒုစရိုက်၊ ဘုရားသခင် တွေ့ခွင့်မပေးနိုင်သော အတားအဆီးခလုတ်ကန်သင်း ဖြစ်သည်။ အပြစ်သွေးဆောင်ခြင်း သည်ပည်တ်တော်အား သိလျှက်နှင့် တမင်ချိုးဖောက်ခြင်း ဖြစ်သည်။ ထိုအပြုအမူမျိုးသည် အပြစ် သက်သက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစမူလကတည်းကမှားယွင်းသည်။ သို့သော်တားမြစ် ချက်ကို ဖောက်ဖျက် ကျူးလွန်ခြင်းသည် အပြစ်သွေးဆောင်ရာသို့ လိုက်ပါခြင်းဖြစ်သည်။    မျက်နှာသာပေးခြင်း၊ မျက်နှာလိုက်ခြင်းသည်လည်း အစကပင် အပြစ်သွေးဆောင်ရာသို့ လိုက်ပါသွားခြင်းလည်း ဖြစ်သည်။

:၁၀ ပညတ်တော်တစွန်းတစချိုးဖောက်ခြင်းသည် ပညတ်တော်တစ်ခုလုံး ချိုးဖောက်သကဲ့သို့ ဖြစ်သည်။ ပညာတ်တော်သည် သံကွင်းဆက်(၁၀)ခုဖြင့် ဆက်ထားသောသံကြိုးကဲ့သို့ဖြစ်သည်။ သံကွင်းတစ်ခု ချိုးပစ်လိုက်သည်နှင့် တပြိုင်နက် သံကြိုးတစ်ခုလုံးပြတ်သွားပါသည်။ မိမိစိတ် ထင်ရာ         အတိုင်း စောင့်ထိန်း၍၊ မလိုအပ်သော ပညတ်များကို ချိုးဖောက်ဖို့ ဘုရားသခင်က ခွင့်မပြု ထားပါ။

:၁၁ သူ့မယားကို ပြစ်မှားသူသည် သူ့အသက်ကိုသတ်ခြင်းနှင့် အတူတူဖြစ်သည်ဟု ဘုရားရှင်က ပညတ်ထားပါသည်။ သူ့မယားကိုမပြစ်မှားခြင်းနှင့် သူ့အသက်ကိုသတ်ခြင်းသည် အပြစ်အတူတူဖြစ်ပါသည်။ မိမိအိမ်နီးနားချင်းကို မိမိနှင့်ထပ်တူချစ်ခင်ဖို့ ဝိညာဉ်တော်က သွန်သင် ထားပါသည်။ ထို့ကြောင့် သူ့မယားကိုပြစ်မှားခြင်းသည် ဤပညတ်ချက်နှင့်သက်ဆိုင်သည်။ တဆက်တည်းတွင် သူ့အသက်သတ်ရာလည်း ရောက်ပါသည်။ ဤအပြစ်သည်လည်း မျက်နှာသာ လိုက်ခြင်း၊ မျက်နှာကြီးရာဟင်ဖတ်ပါခြင်းအပြစ်များနှင့် အတူတူဖြစ်သည်။

ပညတ်တော်ဆယ်ပါး

ရှင်ယာကုပ်သြဝါဒစာစောင် သွန်သင်ချက်များသည် ပညတ်တော်အကြောင်းများနှင့် သက်ဆိုင်သောကြောင့် ပညတ်တော်အကြောင်းကို အခြေခံကျကျ လေ့လာကြည့်ကြပါစို့။ ပြဿနာမှာ “ယုံကြည်သူများသည် ပညတ်တော်အောက်မှာ ရှိသေးသလား၊ မရှိတော့ဘူးလား” ဟူသောအချက် ဖြစ်သည်။ ဤကျမ်းစာကခရစ်ယာန် ယုံကြည်သူများအား ပညတ်တော်ဆယ်ပါး၏ ဆဋ္ဌမနှင့် သ္တမအချက်ဖြစ်သော သူ့အသက်သတ်ခြင်းနှင့် သူ့မယားပြစ်မှားခြင်းကို အထူးတားမြစ်ထားသည်။ နောက်ဆုံးပိုင်း ပညတ်တော်(၅)ချက်ကိုလည်း အကျဉ်းချုံး၍ ဆက်လက်ရှင်းပြထားပါသည်။ “သင့််အိမ်နီးချင်းကို သင်နှင့်အမျှချစ်လော့” ဆိုသောအချက်လည်း ယုံကြည်သူအများအား ပညတ်တော်အောက်သို့ ပြန်ပို့ခြင်းနှင့် တူသည်။ ထိုအချက်ကို ဓမ္မသစ်ကျမ်းတွင် ဤသို့ ယှဉ်ပြ ထားသည်။ “သင်တို့သည် ပညတ်တော်တရားလက်၌မရှိ၊ ကျေးဇူးတော်တရားလက်၌ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ” (ရော၆:၁၄)ဟူ၍၎င်း၊ “ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့်သေ ၍ ပညတ်တရားနှင့်ကွာကြ၏” (ရော ၇:၅၄) ဟူ၍၎င်း၊ “ငါတို့သည် ဒေသနာဖြင့်အုပ်ချုပ်သော ပညတ်တော် တရား၏လက်မှ လွတ်ခြင်းသို့ရောက်ကြ၏” (ရော၇:၆)ဟူ၍၎င်း ဖော်ပြထားပါသည် (ဂလာ ၂:၁၉၊ ၃:၁၃၊၂၄၊ ၂၅၊ ၁တိ ၁:၈၊၉၊ ဟေဗြဲ ၇:၁၉ တို့ကို လည်းကြည့်)။ ခရစ်ယာန်များသည် ပညတ်တော် ဆယ်ပါးလက်၌နေသူများမဟုတ်ကြောင်း (၂ကော၃:၇-၁၁)တွင် အထင်အရှား ရှင်းပြထားပါသည်။

ထိုသို့ဆိုလျှင် ကျေးဇူတော်ကာလမှ ယုံကြည်သူများကို အဘယ်ကြောင့် ပညတ်တော်ထဲသို့ တွန်းပို့ချင်းသနည်း။ ပထမဆုံးအချက် ပြောရလျှင်  ခရစ်ယာန်များသည် ပညတ်တော်ထဲတွင် အသက်ရှင်နေသူများမဟုတ်ပါ။ ယုံကြည်သူများ၏ နမူနာသာဓကဖြစ်သည်။ ပညတ်တော်ရှိသော နေရာတွင် အပြစ်ဒဏ်သည်သေဒဏ်ဖြစ်သည်။ ခရစ်တော်သည် ပညတ်တော်ချိုးဖောက်ခြင်း၏ အပြစ်ဒဏ်ခံရသည်မဟုတ်။ ခရစ်တော်၌တည်မှီသူများသည် ပညတ်တော်နှင့် အပြစ်ဒဏ်အောက်မှ ရွေးနှုတ်ပြီးသူများဖြစ်သည်။ သို့သော် ထိုပညတ်တော်၏ နိယာမသည် အဖိုးတန်နေဆဲ။ လူ့သမိုင်းစဉ်ဆက်တွင် လက်ခံကျင့်သုံးနေဆဲ။ ရုပ်တုကိုးကွယ်ခြင်း၊ သူ့မယာပြစ်မှားခြင်း၊ လူ့အသက်သက်ခြင်းနှင့် ခိုးမှုများသည် အရင်းအမြစ်ကတည်းက လူ့ကျင့်ဝတ်၌ ဖောက်ပြန် မှားယွင်းနေသည်။ ဤကျမ်းစာတွင် ပညတ်တော်ဆယ်ပါးထဲမှ (၉)ပါးကို ထပ်မံရှင်းပြထားသည်။ ဥပုသ်နေ့အကြောင်းတစ်ခုတည်းကိုသာ ချန်လှပ်ထားသည်။ ဥပုသ်နေ့သို့မဟုတ် ရက်သတ္တတပတ်၏ ခုနှစ်ရက်နေ့အား ဥပုသ်စောင့်ထိန်းရမည့်အကြောင်းကို မည်သည့်နေရာတွင်မျှ သွန်သင်ခြင်းမရှိပါ။ ယုဒလူမျိုးများအတွက်လည်း ထိုနေ့ရက်တွင် အလုပ်လုပ်ခြင်းသည် အခြေခံအားဖြင့်မှားသည်ဟုမဆို နိုင်ပါ။ တစ်ခုပြောစရာရှိသည်မှာ ဘုရားသခင်က ထိုနေ့ရက်ကို သီးသန့်သတ်မှတ်ခြင်းသာဖြစ်သည်။

နောက်ဆုံးစကားအဖြစ်ပြောရလျှင် ပညတ်တော်ထဲမှ (၉)ပါးကိုပညတ်တော်အဖြစ် မဟုတ်ပါ။ ဘုရားသားသမီးများအား မျှတစွာ ဖြောင့်မတ်စင်ကြယ်ရန် ရှင်းပြခြင်း ဖြစ်သည်။ တနည်းပြောရလျှင် ဘုရားသခင်က ခရစ်ယာန်များအား “သူများပစ္စည်းခိုးလျှင် သေဒဏ်အပြစ်ခံရမည်၊ အကျင့်သီလ ဖောက်ပြန်လျှင် ကယ်တင်ခြင်းဆုံးရှုံးမည်” ဟု မပြောပါ။ “ငါ့ကျေးဇူးတော်အားဖြင့် သင့်ကို ငါကယ်တင်ပြီ။ ယခုငါ့ကို ချစ်ခင်မြတ်နိုးစွာ နေစေလိုတယ်၊ ငါ့ကိုမျှော်လင့်လျှင် ဓမ္မသစ်ကျမ်းတွင် ငါ့အလိုတော်ကိုတွေ့ရမည်။ ထိုကျမ်းတွင် ပညတ်တော် ဆယ်ပါးမှ (၉)ပါးကိုထပ်မံဖော်ပြထားတယ်၊ ထို့ထက်မကထိုပညတ်တော်များထက် ပိုမိုပြည့်စုံသော သခင်ယေရှုကိုလည်း တွေ့ရမည်” ဟုသာ ပြောထားပါသည်။ ထို့ကြောင့် ဤရှင်ယာကုပ်သြဝါဒကျမ်းသည် ယုံကြည်သူများအား ၇ပညတ်တော် အောက်သို့ အလျဉ်းတွန်းပို့ခြင်းမဟုတ်ပါ။ “လူကိုဦးစားပေးရိုသေလျှင်၊ ပညတ်တော်ချိုးဖောက်ရာ ရောက်၍ သေဒဏ်ခံရမည်”ဟု မသွန်သင်ပါ။

:၁၂ ဤကျမ်းပိုဒ်တွင် ယုံကြည်သူများအား “လွှတ်ခြင်းတရားအတိုင်း စီရင်ခြင်းကိုခံရ လတ္တံ့သောသူဟု အဘယ်သို့ပြောလိုက်သနည်း။ လွှတ်ခြင်းသည်မည်သို့ရှိသနည်း။ မောရှေပညတ် တော်က သင့်အိမ်နီးနားခြင်းများကို ချစ်ခင်မြတ်နိုးရန်ပြောထားသော်လည်း၊ မလိုက်နာလျှင် ပြစ်တင်ရှုတ်ချသည်။ ချစ်ခင်နိုင်ဖို့အစွမ်းအစလည်းမပေးပါ။ ကျေးဇူးတော်ကမူ ချစ်ခင်တတ်ဖို့ တန်ခိုးအစွမ်းပေးသနားသည့်အပြင် စွမ်းဆောင်မှုအတွက်ဆုလက်ဆောင်လည်း အဆင်သင့်ထားပေး သည်။ ထိုကဲ့သို့ မလုပ်ဆောင်နိုင်လျှင်လည်း သင့်ကယ်တင်မှုကျေးဇူး မထိခိုက်စေပါ။ လုပ်ဆာင်ခြင်း မဟုတ်ပါ။ သင့်အတွက်အသေခံပြီး ပြန်လည်ရှင်ပြန်ထမြောက်တော်မူသောသူကို ချစ်ခင်မြတ်နိုး သည့်အကြောင်း သက်သေပြရာဖြစ်သည်။ သခင်ခရစ်တော်၏ တရားအလ္လင်ရှေ့တော်သို့ ရောက်သောအခါ ဆုလက်ဆောင်လက်ခံရယူချင်သလား၊ ရှုံ့မဲ့ဖြင့်အပြစ်ဒဏ်ခံယူချင်သလား။ ထိုကိစ္စသည် ကယ်တင်ခြင်နှင့်မဆိုင်ပါ။ ဆုလက်ဆောင်နှင့်သာသက်ဆိုင်သည်။ “အပြောကို အလုပ်ဖြင့်သက်သေပြပါ”ဟူသော အလိမ္မာစကားရှိပါသည်။ အပြောနှင့်အလုပ်ညီရမည်။ ယုံကြည်သူ များသည်မျက်နှာလိုက်ခြင်းကင်းဝေးရမည့်အကြောင်း တမန်တော်ဝတ္ထုထဲတွင်လည်း သွန်သင်ထား ပါသည်။ လွှတ်ခြင်းတရားကို ငြင်းဆန်သောသူများသည်လည်း ခရစ်တော်ပလ္လင်ရှေ့၌ အပြစ်စီရင် ခြင်းခံရသည်။

:၁၃ ဤကျမ်းပိုဒ်သည် နားလည်ရလွယ်ကူပါသည်။ ကရာနီလက်ဝါးကပ်တိုင်ပေါ်တွင် လူသားအားလုံးခံစားရမည့် အပြစ်ဒဏ်ကိုခရစ်တော်က ပေးဆပ်ပေးပြီးဖြစ်သောကြောင့် ထာဝရ အပြစ်ဒဏ်ခံစားရမည့် အကြောင်းမရှိတော့ပါ။ ဘုရားသခင်ကယုံကြည်သူများအား သားသမီးအဖြစ် ဆက်ဆံစောင့်ရှောက်သည့်အကြောင်းသာ ပြောဆိုကြရမည်။ အကယ်၍ ယုံကြည်သူများသည် အခြားသူများအား မေတ္တာမပြနိုင်လျှင် ဘုရားသခင်နှင့်မိဿဟာဖွဲ့၍ အတူလျှောက်နိုင်မည်မဟုတ်။ ယုံကြည်ခြင်းချော်လဲပြီး နောက်ပြန်လျောကျစရာအကြောင်း ရှိနိုင်သည်။

          ကရုဏာသည် တရားစီရင်ခြင်းကို အောင်၍ကြွားတတ်၏ ဟူသောကျမ်းပိုဒ်သည် ဘုရားသခင်က ကျွန်ုပ်တို့အား စည်းကမ်းထက်ကရုဏာပေးသနားကြောင်းဆိုလိုသည် (မိ ၇:၈)။ စီရင်ခြင်းသည် ကိုယ်တော်၏ ထူဆန်းသောအမှုတော် ဖြစ်သည်။ တပါးသူအားမျက်နှာချိုချို ဆက်ဆံလျှင် ထိုသို့ဆက်ဆံခြင်း၏ အကျိုးရလာဒ်အတိုး စီရင်ခြင်းထက် အမြဲသာလွန် ကောင်းမွန်သည်။ ယေဘုယအားဖြင့် အခြားသူများအား ကိုယ်ချင်းစာတရား ထားရှိလျှင် ထိုကိုယ်ချင်းစာတရားနေရာတွင် အခြားအသိဉာဏ်ဝင်ရောက် ဖြည့်ဆည်းပေးပါသည်။

ထို့နောက်တပါးသူအားဦးစားပေးခြင်းကို မိမိအသက်တာတွင်အရေးကြီးကြောင်း ဆန်းစစ်ကြည့်ကြပါစို့။ မိမိအပေါင်းအသင်းထက် အခြားသူများကိုဦးစားပေးတတ်ပါသလား။ လူစိမ်းသူရံများထက် အသိမိတ်ဆွေများအတွက် ပိုမိုစိုးရိမ်ပေးတတ်သလား။ ကိုလက်အင်္ဂါကျန်းမာ သန်စွမ်းနေသူများထက် ဒုက္ခိတများအား ရှောင်ကြဉ်တတ်ပါသလား။ ဆင်းရဲသားမျာထက် လူချမ်းသာများအား ခင်မင်တတ်ပါသလား။ မိမိဘာသာစကားကို မတတ်ကျွမ်းသော ပင်လယ်ရပ်ခြား တိုင်းတပါးသားများအား ခုန်ပေါက်အောင် ကူညီတတ်ပါသလား။

ထိုမေးခွန်းများကိုဖြေဆိုသောအခါ ကယ်တင်ရှင်ကျွန်ုပ်တို့အား သွန်သင်ပေးသည့် နည်းလမ်းများကို သတိရအောက်မေ့ပြီး လက်တွေ့အသက်တာဖြင့်အဖြေပေးကြပါစို့ (မ ၂၅:၄၀)

၅။ ယုံကြည်ခြင်းနှင့်အကျင့် (:၁၄၂၆)

          ရှင်ယာကုပ်သြဝါဒ ကျမ်းထဲတွင် အငြင်းပွားဖွယ်ရာ အကောင်းဆုံးသော ကျမ်းပိုဒ်ဖြစ်သည်။ ချမ်းသာကြွယ်ဝလှသော လူသာ (Lutther) အသင်းတော်အတွက် ရှင်ယာကုပ်၏တရားမျှတခြင်း သွန်သင်ချက်နှင့် ရှင်ပေါလု၏ “ယုံကြည်ခြင်တရားမျှတခြင်း” အားဆက်စပ်မရအောင် ရှုပ်တွေးစေသည်။ ဤကျမ်းပိုဒ်၏ သွန်သင်ချက်သည် ယုံကြည်ခြင်းတစ်ခုတည်းဖြင့် ကယ်တင်ခြင်း ရသည်မဟုတ်၊ အကျင့်အားဖြင့်ထပ်ဆောင်းရန်လိုအပ်သည်ဟူသော တရားဝါဒဖြစ်သည်။ တနည်ပြောရလျှင်လည်း ထိုသို့လက်ခံရုံမျှနှင့် မလုံလောက်ပါ။ ကိုယ်တော်၏ရွေးနှုတ်ခြင်းကို ထပ်မံဆက်ကပ်ကိုးကွယ်မှသာလျှင် ပြည့်စုံသည်ဟုဆိုလိုသည်။

ဤအခန်းသည် အကျင့်ဖြောင့်မတ်မှန်ကန်းခြင်းဟုခေါင်းစဉ်တပ်သင့်သည်။ အဘယ်ကြောင့် ဆိုသော ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အကျင့်ဖြင့်သက်သေပြစေရသောကြောင့်တည်း။ ပိုမိုသဘောပေါက်နားလည်စေရန် အချက်(၆)ချက်ရှင်းပြပါမည်။ ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်မှန်ကန်သည် (ရော ၃:၂၄)။ ဤကျမ်းပိုဒ်အရ ကျွန်ုပ်တို့သည် ဖြောင့်မတ်မှန်ကန်သူများ မဖြစ်နိုင်။ ဖြောင့်မတ်မှန်ကန်ခြင်း၏ ဆန့်ကျင်ဘက်အစွန်းတွင် ရောက်ရှိသူများဖြစ်သည်။ ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်မှန်ကန်ရမည် (ရော ၅:၁)။ ယုံကြည်ခြင်းဆိုသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်အား လူ့ဘက်မှ တုံ့ပြန်ခြင်းဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် အဖိုးစားနား မဖော်ပြနိုင်သော ဆုလက်ဆောင်ရရှိသည်။ ဘုရားသခင်ပြုခဲ့ပြီးသော အမှုတော်များကို ရေတွက်ခြင်းဖြင့် ယုံကြည်နိုင်သည်။ အသွေးတော်သည် ဖြောင့်မတ်မှန်ကန်ဖို့ရန် တန်ဘိုးအကြီးမားဆုံးသော ပေးဆပ်ခြင်း ဖြစ်သည်။ အပြစ်ကြွေးကိုခရစ်တော်၏ အသွေးဖြင့် ဖြောင့်မတ်မှန်ကန်သူများ ဖြစ်သွားသည်။ ဘုရားသခင်အားဖြင့် ဖြောင့်မတ်မှန်ကန်ရသည် (ရော ၈:၃၃)။ ဘုရားသခင်သည် ပုဂ္ဂိုရေးအရ ဖြောင့်မတ်မှန်ကန်သူဖြစ်သည်။ ဖြောင့်မတ်မှန်ကန်ခြင်းသည် ခရစ်တော်ရှင်ပြန် ထမြောက်ခြင်းတန်းခိုးနှင့် ဆက်စပ်သည်။ ကိုယ်တော်၏ထမြောက်ခြင်းမှာ ဘုရားသခင်၏ ဖြောင့်မတ်မှန်ကန်မှုကို သက်သေထူသည်။ ထို့နောက်အကျင့်အားဖြင့်လည်း ဖြောင့်မတ်မှန်ကန်သည် (ယာ ၂:၂၄)။ အကျင့်သည် ကျွန်ုပ်တို့ယုံကြည်ခြင်းမှန်ကန်ကြောင်း သက်သေဖြစ်သည်။ အခြားသူများ ကျွန်ုပ်တို့ယုံကြည်ခြင်းတွေ့မြင်နိုင်ရန် လိုအပ်သည်။ ထို့ကြောင့်ဖြောင့်မတ်မှန်ကန်ခြင်းရှိရန်၊ ကျေးဇူးတော်၊ယုံကြည်ခြင်း၊ အသွေးတော်၊ဘုရားသခင်၊ တန်ခိုးတော်နှင့်အကျင့်များဖြင့် ဖြစ်ကြောင်းနားလည်ရသည်။ ထိုသို့ပြောရာတွင် တစ်ခုနှင့်တစ်ခု ဝိရောဓိဖြစ်စရာအကြောင်းမရှိပါ။ ရိုးရိုးစင်းစင်းလေးချရေးထားသောကြောင့် အကြောင်းအရာတစ်ခုစီ ဖြစ်ကြောင်းနားလည်သဘောပေါက် နိုင်ပါသည်။ ကျေးဇူးတော်သည် ခြေခံနိယာမ၊ ယုံကြည်ခြင်းသည် လူ၏လက်ခံမှု၊ အသွေးတော်သည် ကယ်တင်ရှင်၏ခပေးဆပ်ခြင်း၊ ဘုရားသခင်သည် ဖြောင့်မတ်မှန်ကန်ခြင်းကို လိုလားသူ၊ တန်ခိုးသည် အထောက်အထား၊ အကျင့်သည်ယုံကြည်ခြင်း၏ ရလဒ်ဖြစ်သည်။

:၁၄ ယုံကြည်ခြင်းရှိလျှက် အကျင့်မကျင့်လျှင် ထိုယုံကြည်ခြင်းက မကယ်တင်နိုင်ဟု ဆိုထားပါသည်။ ဤကျမ်းစာပိုဒ်ကိုနားလည်နိုင်ရန် အဓိကသော့ချက်နှစ်ခုရှိသည်။ ကျမ်းစာတွင် “ယုံကြည်ခြင်းရှိလျှက် အဘယ်အကျိုးရှိသနည်း” ဟုမပြောပါ။ ယုံကြည်ပါ၏ဟုပြောလျှက်အဘယ်အကျိုးရှိသနည်း” ဟုသာပြောပါသည်။ တနည်းပြောရလျှင်သူသည် ကယ်တင်ခြင်းရရှိသူ မဟုတ်ကြောင်းသေချာသည်။ ကယ်တင်ခြင်းမရသေးသူဖြစ်သည်။ ဟန်ဆောင်ယုံကြည်ခြင်းသည် အချည်းအနှီးဖြစ်သည်ဟု အနက်ရသည်။ ယုံကြည်ခြင်းရှိဟုဆိုပါလျှက်နှင့် အဘယ်ကြောင့် သူဘဝသည်အချည်းနှီးဖြစ်ရသနည်း။ ဒုတိယသော့ချက်အတွက် NABS ကျမ်းစာကို အကူအညီ ယူရမည်။ ထိုကျမ်းစာတွင် “ထိုယုံကြည်ခြင်းက ကယ်တင်ပါသလား” ဟုဆိုသည်။ တစ်မျိုးပြောရလျှင် ဪထိုယုံကြည်ချက်မျိုး ကယ်တင်ခြင်းရပါမလား” ဟူ၍ဖြစ်သည်။ မည်သည့်အဓိပ္ပါယ်ဘဲ သက်ရောက်ပါစေ၊ ကျမ်းပိုဒ်ပထမပိုင်းတွင် အဖြေပါရှိပြီးဖြစ်ပါသည်။ ယုံကြည်ခြင်းရှိပါလျှက်နှင့် အကျင့်မရှိလျှင်၊ မည်သည့်အကျိုးရှိသနည်းဟု ဆိုထားပါသည်။ ထို့ကြောင့်ယုံကြည်ခြင်းသည် ချမ်းသာခြင်းတပါးဖြစ်သည်။ ထို့ထက်မင်္ဂလာရှိသော စကားမရှိတော့ပေ။

:၁၅၁၆ လက်တွေ့မပါသော တရားစကားအကြောင်းကို နမူနားပေးခဲ့ပါပြီ။ လူ(၂)ယောက် နှင့်မိတ်ဆက်ပေးပါမည်။ တစ်ယောက်သည်နေ့စဉ်စားစရာဝတ်စရာမရှိသူဖြစ်သည်။ တခြား တစ်ယောက်သည် စားဝတ်နေရေးပြည့်စုံလုံလောက်သူဖြစ်သော်လည်း ထိုမရှိဆင်းရဲသားအား မျှဝေမပေးချင်။ ထိုလူကုံထံကမရှိဆင်းရဲသားအား တစုံတရာပေးကမ်းခြင်းမရှိဘဲ ငြိမ်ဝပ်စွာ သွားလော့၊ နွေးကြလော့၊ ဝကြလော” ဟုပြောလျှင် မည်သည့်အဓိပ္ပါယ်ရှိသနည်း။ ထိုစကားသည် ဘာအဖိုးတန်သနည်း။ စားစရာဝတ်စရာ တစ်ခုမှမပေးကမ်းသဖြင်း အချည်းအနှီးသာဖြစ်သည်။

: ထိုနည်းတူအကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် တပါးတည်းရှိသောကြောင့် အသေဖြစ်၏။ လက်တွေ့အကျင့်မပါသောယုံကြည်ခြင်းသည် ယုံကြည်ခြင်းအစစ်အမှန်မဟုတ်ပါ။ အမြုံသာဖြစ်သည်။ ဤကျမ်းစာက ယုံကြည်ခြင်းနှင့် အကျင့်နှစ်ခုပေါင်းမှ ကယ်တင်ခြင်းရသည်ဟု မဆိုပါ။ ထိုအမြင်မျိုးရှိလျှင် ယေရှု၏ ပြီးပြည့်စုံသော အမှုတော်အားမရိုမသေရာ ရောက်သွားမည်။ အကယ်၍ ယုံကြည်ခြင်းနှင့် အကျင့်နှစ်ခုပေါင်းဖြင့် ကယ်တင်ခြင်း ရသည်ဆိုလျှင် ကယ်တယ်ရှင် နှစ်ယောက်ဖြစ်လိမ့်မည်။ ယေရှုနှင့်ကျွန်ုပ်တို့ကိုယ်တိုင် ကယ်တင်ရှင် ဖြစ်သွားမည်။ ဓမ္မသစ်ကျမ်း တွင်ကယ်တင်ရှင်သည် ယေရှုတပါးတည်းသာ ဖြစ်ကြောင်းအတိအလင်းဆိုထားပါသည်။ ထိုသို့ဖြစ် လျှင်ဤကျမ်းစာက ယုံကြည်ခြင်းနှင့် အကျင့်ကို ဘာကြောင့်ဒွန်တွဲထားသနည်း။ ယုံကြည်ခြင်းအသီးအပွင့်ကောင်းများဖြင့် သက်သေထူရန် ဖြစ်သည်တနည်းပြောရလျှင် အကျင့်သည် ကယ်တင်ခြင်၏အကြောင်းရင်းမဟုတ်သော်လည်း အသီးအပွင့်ဖြစ်သည်။ အကြောင်းမဟုတ်သော် လည်းအကျိုးဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ Calvin က” ယုံကြည်ခြင်းတစ်ခုတည်းဖြင့်သာ ကယ်တင်ခြင်း ရရှိသည်။ သို့သော် ထိုယုံကြည်ခြင်းသည် တစ်ခုတည်း သီးသန့်မနေနိုင်” ဟု ဆိုထား ပါသည်။

          :၁၈ မှန်ကန်သော ယုံကြည်ခြင်းနှင့် ကောင်းသောအကျင့်သည် ခွဲခြား၍မရနိုင်ပါ။ ကျမ်းစာက လူနှစ်ယောက်၏ စကားစစ်ထိုးပုံကို ဥပမာပေးထားသည်။ ပထမလူသည် ကယ်တင်ခြင်းရသူ ဖြစ်သည်။ ဒုတိယလူသည် ယုံကြည်ဟန်ရှိသော်လည်း အကျင့်ကောင်းကျင့်သူမဟုတ်။ ပထမအချက် မှာ အမှန်တကယ် ကယ်တင်ခြင်းရသောသူ၏ အသက်တာကိုပြနိုင်ရမည်။ ပထမလူပြောသည့် အတိုင်း ပြောနိုင်ရမည်။ “ယုံကြည်ခြင်းရှိသည်ဆိုပါလျှက် အလုပ်ကောင်ဖြင့် ဘာကြောင့်သက်သေ မပြနိုင်သလဲ။ ယုံကြည်ခြင်းကို လက်တွေ့အသက်တာဖြင့် သက်သေထူရမည်၊ အကျင့်မပါသော ယုံကြည်ခြင်း၏အကျိုး ဘာများရှိသနည်း။ ထိုကဲ့သို့ပြုနိုင်ပါသလား။ ယုံကြည်ခြင်းကိုမမြင်နိုင်ပါ။ အကျင့်အားဖြင့်သာ ယုံကြည်ခြင်းကိုတွေ့မြင်နိုင်သည်။ ငါ့အလုပ်ဖြင့်သက်သေပြမည်”ဟုဆိုပါသည်။ အဓိကသော့ချက်မှာ သူများမြင်အောင်ပြသခြင်းဖြစ်သည်။ ပြသစရာမရှိသော ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်သည်။

:၁၉၂၀ စကားစစ်ထိုးကြသည်။ ပထမလူ၏မမှန်သောယုံကြည်ခြင်းကို စိတ်သဘေားထား ကြည့်ခြင်းဖြင့်ပိုမိုသိရှိနိုင်သည်။ ထိုလူထံတွင် ယုံကြည်ခြင်းအသီးအပွင့်ကိုလည်း မတွေ့ရပါ။ အမှန်တကယ်ယုံကြည်ရန် လိုအပ်သည်။ နတ်ဆိုးများသည်လည်း ဘုရားသခင်ကိုကြောက်ရွံ့သည့် အပြင်အပြစ်ဒဏ်ကျရောက်မှာကို စိုးရိမ်ကြသူများဖြစ်သည်။ သို့သော လက်မြှောက်အရှုံးပေးခြင်း မရှိကြ။ ထိုအမှုများကိုယုံကြည်ခြင်းဟုမဆိုနိုင။ အမှန်တကယ်ယုံကြည်လျှင် ဝိညာဉ်၊ စိတ်၊ရုပ် ခန္ဓာ သုံးပါးစလုံး တိုးတက်ခိုင်မာရမည်။ ထို့သို့ရလာဒ်ကောင်းရှိမှသာလျှင် အသက်တာ ပြောင်းလဲသည်ဟု ဆိုနိုင်သည်။ လက်တွေ့အကျင့်မပါသော ယုံကြည်ခြင်း သည်အသီးအပွင့်မရှိသောကြောင့် ယုံကြည်ခြင်းအသေ ဖြစ်ပါသည်။

          :၂၁ ဓမ္မဟောင်းကျမ်းမှ ယုံကြည်ခြင်းပုံနှိုင်းစရာနှစ်ခုတင်ပြပါမည်။ ယုဒအမျိုးမှ အာဗြဲဟံ နှင့်တပါးအမျိုးသားများထဲမှ ရာဟပ်အကြောင်းဖြစ်သည်။ အားဗြဲဟံသည် သားတော်မောင် က္ကုဇာတ်အား ယဇ်ပလ္လင်ပေါတွင် တင်လှူပူဇော်ရန်လုပ်ဆောင်ခြင်းဖြင့် လူ၏ယုံကြည်မှုကို သက်သေပြခဲ့သည်။ ထိုအကြောင်းကို လိပ်ပတ်လည်စေရန် က ၁၅:၆ မှစ၍ ဖတ်ရှုရသည်။ အာဗြဲဟံ သည်ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းဖြင့် ဖြောင့်မတ်မှန် ကန်ကြောင်းတွေ့ရသည်။ တနည်းပြောရလျှင်ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်မှန်ကန်သည်။ သားတော်မောင်ပူဇော်ရသည့် အခန်းကြီး ၂၂ သို့မရောက်မီ အာဗြဲဟံ၏ အကျင့်ဖြင့်ဖြောင့်မတ်ခြင်း အကြောင်းပြောပြသည်။ အာဗြဲဟံသည် ယုံကြည်ခြင်းရှိသည်နှင့်တပြိုင်နက် ဖြောင့်မတ်မှန်ကန် သည်။ အာဗြဲဟံယုံကြည်ခြင်းကို ဘုရားသခင်က ဆန်းစစ်သည်။ ကြည်ဖြူလိုလားစွာ သားတော်မောင် က္ကဇာက်အား ပူဇော်ခြင်းဖြင့် ယုံကြည်ခြင်းသက်သေ ထူခဲ့သည်။ နာခံခြင်းဖြင့်သူ၏ ယုံကြည်ခြင်းသည် အသေမဟုတ်စိတ်ဝိညာဉ်အကုန် နှလုံးသဲခိုင်သည်းပွတ်နိုင်ကြားမှ ယုံကြည်ခြင်း ဖြစ်ကြောင်း သမိုင်းသက်သေထူခဲ့သည်။

အချို့က ထိုကဲ့သို့အာဗြဲဟံ၏ လူဖြင့်ပူဇော်ခြင်းမျိုး ထိုအချိန်အခါတွင်မရှိဟုဆိုကြသည်။ ထိုကြောင့်အာဗြဲဟံ၏ ယုံကြည်ခြင်းသည်စစ်မှန်သောယုံကြည်ခြင်း ဖြစ်သည်ဟု အသိအမှတ်ပြု ကြသည်။ အာဗြဲဟံ၏ပူဇော်သက္ကာပြုရာတွင် သူအဖော်လုလင်ငယ်များသည်လည်း ခပ်ဝေးဝေးတွင် နေရသည်မဟုတ်။ အာဗြဲဟံနှင့်က္ကုဇာက်ကလည်း လိုလားစွာလက်သင့်ခံခြင်းသည် နာခံခြင်းကို သင်ခန်းစားပေးခြင်းဖြစ်သည်ဟု ကျမ်းစာတွင်မှတ်တမ်းတင်ထားပါသည်။ ထိုလုပ်ရပ်များသည် ယုံကြည်ခြင်း၏ခိုင်မာမှုကို ပြသည်။

:၂၂၂၃ အကျင့်သက်သေပြခြင်းအားဖြင့် အာဗြဲဟံ၏ ယုံကြည်ခြင်းသည်စစ်မှန်ကြောင်း နားလည်ရသည်။ ယုံကြည်ခြင်းကို အကျင့်ဖြင့်ထပ်ပူး၍ စုံလင်သွားသည်။ စစ်မှန်သောယုံကြည်ခြင်း နှင့်အကျင့်သည် ခေါင်းနှင့်ပန်းဒွန်တွဲဆက်စပ်နေသည်။

ယုံကြည်ခြင်သည် အကျင့်ကိုလိုက်ပါစေ၍၊ အကျင့်သည်ယုံကြည်ခြင်းကို သက်သေပြသည်။ ထိုအမှုက အာဗြဲဟံသည် ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်၏ ဟူသောကျမ်းစကားသက် သေဖြစ်သည်။ သူ၏အကျင့်အားဖြင့် ဘုရားသခင်၏ အဆွေဟုခေါ်ဝေါ်ခွင့်ရသည်။

:၂၄ လူသည်ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ရောက်သည်မဟုတ်။ အကျင့်အား ဖြင့်ရောက်သည်ကို သင့်တို့သာမြင်ကြ၏ ဟူသောကျမ်းပိုဒ်ဖြင့်နိဂုံးချုပ်ပါသည်။ ဤကျမ်းပိုဒ် ကလည်းယုံကြည်ခြင်းနှင့်အကျင့်နှစ်ခုပေါင်းမှသာ ဖြောင့်မတ်ရာသို့ရောက်သည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း တခါထပ်ပြောပါသည်။ ဘုရားသခင်ကိုယုံကြည်ခြင်းသည် ဘုရားအမှုဖြစ်၍ အကျင့်သည်လူ့ဘက်မှ အရာဖြစ်ပါသည်။ ဘုရားသခင်က လူ၏ယုံကြည်ခြင်းကဖြောင့်မတ် စေပါသည်။ အကယ်၍ “သင်၏ယုံကြည်ခြင်း စစ်မှန်မှုကိုပြပါ”ဟု တစုံတစ်ဦးကမေးလာလျှင် ကောင်းသောအကျင့်တစ်ခုတည်းသာလျှင် ပြသစရာဖြစ်ပါသည်။

:၂၅ ဓမ္မဟောင်းကျမ်းမှ နောက်တစ်ခုပြသစရာတစ်ခုမှာ ပြည့်တန်ဆာမရာဟပ်ဖြစ်သည်။ သူ၏အကျင့်အားဖြင့် ကယ်တင်ခြင်းမရသည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော ရာဟပ်သည် မိန်းမရွှင်ဖြစ်သည်။ သို့သော်လည်း သူ၏အကျင့်အားဖြင့် ဖြောင့်မတ်သည်ဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော် သူသည်စုံထောက်သူလျိုများကို လက်ခံကူညီးပြီး၊ အသက်ချမ်းသာရာ လမ်းသို့ပို့ဆောင်ခဲ့သည်။ ရာဟပ်သည်ယေရိခေါမြို့မှ ခါနာန်အမျိုးသမီးဖြစ်သည်။ မြို့ကိုသိမ်းပိုက် သည့် စစ်ကြောင်းကြီးသည် အခုအခံမရှိ၊အောင်ပွဲခံဝင်လာကြောင်း သတင်းရရှိသောအခါ ဟေဗြဲတို့ ၏ဘုရားသခင်သည် ဘုရားမှန်ဖြစ်ကြောင်းယုံကြည်လက်ခံသည်။ သူလျှိုများမြို့ထဲသို့ဝင်ရောက်လာ စဉ်က မိတ်ကောင်းဆွေကောင်း ဖွဲ့သည်။ သူ၏ယုံကြည်ခြင်းသည် အသက်ရှင်တော်မှုသောဘုရားဖြစ် ကြောင်းလက်တွေ့ ပြသခဲ့သည်။ သူမကို သူကယ်ခဲ့သောသူလျှိုများက ကယ်တင်ခြင်းမပြုပါ။ သို့သော်လည်း သူမ၏ဧည့်ဝတ်ပျူငှာမှုက စစ်မှန်ယုံကြည်သူ တစ်ယောက်ဖြစ်ကြောင်း သိသာစေခဲ့သည်။

အချို့လူများက ဤကျမ်းပိုဒ်ကောင်းသောအကျင့်ဖြင့် ကယ်တင်ခြင်း ရရှိနိုင်ကြောင်း နားလည်မှုလွဲတတ်ကြသည်။ အကျင့်ကောင်းသည် သနားကြင်နာမှုကိုရရှိစေနိုင်သည်။ အကြွေးကို အမှန်ဆပ်ပါ။ မှန်သောစကားပြောပါ။ ဘုရားကျောင်းသို့ မှန်မှန်သွားပါ။ အာဗြဲဟံနှင့်ရာဟပ်သည် ထိုသို့ပြုလုပ်ကြပါသလား။ လိုက်မလုပ်ဖို့သေချာပါသည်။ အာဗြဲဟံမှာ သူ့သားအားသတ်ရန် ကြံရွယ် ချက်ရှိပါသလား။ ရာဟပ်သည်လည်း သစ္စာဖောက်ဖို့ ကြံစည်ပါသလား။ အကယ်၍ ထိုသို့မပြုကြလျှင် ထိုထက်ဆိုးရွားခါးသီးသော အရသာမြည်းစမ်းဖွယ်ရာ ရှိပါသည်။ သူတို့၏ ယုံကြည်ခြင်းကိုပစ်သတ် လျှင် စိတ်မကောင်းစွာဖြင့် အပြစ်ပိုကြီးသွားမည်။ Mackintosh က ဤသို့ဆိုထားပါသည်။ “ဤကျမ်းပိုဒ်သည် ပညတ်သဘောဖြင့် ကြည့်စရာမဟုတ်။ ယုံကြည်ခြင်း၏ အသီးအပွင့်ဖြင့်သူတို့ ၏အကျင့်ကို ဆုံးဖြတ်ရသည်။

ထို့ကြောင့် ဤကျမ်းပိုဒ်ကိုလက်ကိုင်စွဲ၍ အကျင့်အားဖြင့်ကယ်တင်ခြင်းရသည်ဟု သွန်သင်ခြင်းမပြုသင့်။ အကယ်၍ထိုသို့သွန်သင်ပြုမှားမိပါက ကယ်တင်ခြင်းသတ်မှုနှင့် သစ္စာဖောက်ရာရောက်သွားမည်။

:၂၆ ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို အကျင့်ကင်းသောယုံကြည်ခြင်း သည်အသေဖြစ်၏ဟူသောကျမ်းပိုဒ်ဖြင့် ဤအခန်းကိုအဆုံးသတ်ထားပါသည်။ ခြုံကြည့်လိုက်လျှင် အလွန်လှပသောစကားဖြစ်သည်။ ယုံကြည်ခြင်းကို လူ့ခန္ဓာကိုယ်နှင့်နှိုင်းယှဉ်ပြထားသည်။ ဝိညာဉ် မရှိသော ခန္ဓာကိုယ်သည် အသေကောင်ဖြစ်၍ အသက်မရှိ၊သုံးစားမရ၊တန်ဖိုးမရှိပါ။ အကျင့်ကင်း သောယုံကြည်ခြင်းသည်လည်းအသေဖြစ်သည်။ အကျိုးသက်ရောက်မှုမရှိ၊အချည်းအနှီးဖြစ်၏။ ဝိညာဉ်တော်မပါသော ယုံခြင်းသည် ကယ်တင်ခြင်းရသော ယုံကြည်ခြင်းမဟုတ်။

အောက်ပါမေးခွန်းကို ဖြေဆိုခြင်းဖြင့်ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကိုစစ်ကြရအောင်။ အာဗြဲဟံ အသက်တာကဲ့သို့ အခြားအရာများထက် ဘုရားသခင်နှင့်နီးစပ်လိုပါသလား။ ရာဟပ်ကဲ့သို့ နုံခြာရွံ့ရှာ သူဖြစ်သော်လည်း လောကအရာကိုပစ်ပယ်၍ ခရစ်တော်အတွက် သစ္စာပြုနိုင်ပါသလား။

ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။

"

Our Visitor

0 0 1 8 2 5
Users Today : 4
Users Yesterday : 9
Users This Year : 929
Views Today : 4
Views This Month : 503
Views This Year : 3447
"