ရှင်ယာကုပ်ဩဝါဒစာ-၁

1ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ကျွန် ငါယာကုပ်သည်၊ အရပ်ရပ်တို့၌ ကွဲပြားသော တစ်ဆယ်နှစ်ပါးသော အမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။
ယုံကြည်ခြင်းနှင့်ဉာဏ်ပညာ
2-3ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ်သည်ဟု သိမှတ်လျက်၊ အထူးထူးအပြားပြား စုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာအကြောင်း သက်သက်ဖြစ်သည်ဟု မှတ်ကြလော့။- 4သင်တို့သည် အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင် ပြုပြင်ပါစေ။
5သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်။- 6သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းရမည်။ တွေးတောခြင်းရှိသော သူသည်ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။- 7ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊- 8ထာဝရဘုရား၏ လက်တော်မှ တစ်စုံတစ်ခုကို ရမည်ဟု မထင်မမှတ်စေနှင့်။
ဆင်းရဲခြင်းနှင့်ချမ်းသာခြင်း
9အောက်လျှိုးနှိမ့်ချသော ညီအစ်ကိုသည် မိမိချီးမြှောက်ခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။- 10ငွေရတတ်သော ညီအစ်ကိုသည် မိမိနှိမ့်ချဆင်းရဲခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။ အကြောင်းမူကား၊ သူသည် မြက်ပွင့်ကဲ့သို့ ဖောက်ပြန်ခြင်းသဘော ရှိ၏။- 11နေသည် ပူသောအရှိန်နှင့် ထွက်သောအခါ၊ မြက်ပင်သည် သွေ့ခြောက်ခြင်းသို့ရောက်၍ အပွင့်လည်း ကြွေတတ်၏။ တင့်တယ်သော အသွေးအဆင်းလည်း ပျောက်ပျက်တတ်၏။ ထိုနည်းတူ၊ ငွေရတတ်သောသူသည် မိမိအမှုအရာတို့၌ ညှိုးနွမ်းပျောက်ပျက်ခြင်းသို့ ရောက်တတ်၏။
စုံစမ်းခြင်းနှင့်သွေးဆောင်ခြင်း
12စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။- 13အပြစ်သွေးဆောင်ခြင်းကို ခံရသောသူ မည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူသည်ဟု မပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့ သွေးဆောင်တော်မမူ။- 14မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။- 15တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကိုဖွားတတ်၏။ ဒုစရိုက်သည်လည်း ပြည့်စုံလျှင် သေခြင်းကို ဖွားတတ်၏။- 16ငါချစ်သောညီအစ်ကိုတို့၊ အလွဲမယူကြနှင့်။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။- 17ထိုအဘသည် ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။- 18နိမ္မိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသောအသီးကဲ့သို့ ဖြစ်စေခြင်းငှာ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကို ဖြစ်ဖွားစေတော်မူ၏။
ကြားနာခြင်းနှင့်ကျင့်သုံးခြင်း
19သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ။- 20လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်။- 21ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ် လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ်ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌ စိုက်ပျိုးသောနှုတ်ကပတ်တရားကို နူးညံ့သိမ်မွေ့သော စိတ်နှင့် ခံယူကြလော့။- 22ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူ မဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။- 23တရားကိုမကျင့်ဘဲ နာရုံမျှသာ ပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သောသူနှင့်တူ၏။- 24အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ချင်း မေ့လျော့တတ်၏။- 25လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူ မဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူ ဖြစ်၏။
26သင်တို့တွင် အကြင်သူသည် သီလဆောက်တည် ဟန်ပြုသော်လည်း၊ မိမိနှုတ်ကို မချုပ်တည်း၊ မိမိနှလုံးကို လှည့်ဖြား၏။ ထိုသူ၏ သီလသည် အချည်းနှီးသက်သက် ဖြစ်၏။- 27ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသော သီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကို ကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှာ စောင့်ရှောက်ခြင်းပေတည်း။

ရှင်ယာကုပ်ဩဝါဒစာ -၁ အနက်ဖွင့်

၁။ နှုတ်ခွန်းဆက်လွှာဆုပဏ္ဍာ(:)

          : ကျမ်းစာရေးသားသောယာကုပ်က သူ့ကိုယ်သူ ဘုရားသခင်နှင့်ယေရှုခရစ်တော်၏ ကျေးကျွန်အဖြစ်ဖြင့်နှုတ်ဆက်ထားပါသည်။ အကယ်၍ကျမ်းစာရှင်သည် ခရစ်တော်၏ မအေတူဖအေကွဲ မဟုတ်လျှင် အံ့ဖွယ်ရာကြီးမားသောအသက်တာသည် မယုံကြည်သူ (ယော၇:၅) ဖြစ်သည်။ ယေရှုအား သူ့အတွေးအာရုံထဲတွင် ထည့်သွင်းမစဉ်းစားသူ (မာ ၃:၂၁) ဖြစ်သည်။ သို့သော်လည်း သခင်ဘုရားသည် သူ့အားစိတ်ရှည်လက်ရှည်ဖြင့် နှုတ်ကပတ်တော် မျိုးစေ့ကြဲခဲ့သည်။ မယုံကြည်သည့်အကြားမှ သခင်ဘုရားက နိုင်ငံတော်၏ နိယာမကို သွန်သင်ခဲ့သည်။ သို့ဖြင့် ယာကုပ်၏ ဘဝအသက်တာထဲတွင် မျိုးစေ့အမြစ်တွယ်ခဲ့သည်။ အံ့သြကုန်နိုင်ဖွယ်ရာ ပြောင်းလဲမှု ဖြစ်ခဲ့သည်။ ထိုသံသယလူသည် အစေခံဖြစ်လာသည်။ အစေခံဖြစ်လာသည့်အကြောင်းကိုလည်း ပြောကြားဝန်ခံရန် မရှက်တော့ပါ။

သူ့ကိုယ်သူဘုရားသခင်နှင့်ယေရှုခရစ်၏ကျွန်ဟုမိတ်ဆက်စကားကို ထောက်ရှုခြင်းအားဖြင့် ဘုရားသခင်နှင့် ယေရှုခရစ်ကို တန်းတူသဘေားထားသည်ဟု နားလည်ရသည်။ အဖဘုရားသခင်ကို ကြည်ညိုလေးစားသကဲ့သို့ သားတော်ကိုလည်း ကြည်ညိုသည် (ယော ၅:၂၃)။ မည်သူတစ်ဦးမှ သခင်နှစ်ဦး၏ အစေမခံနိုင် (မ ၆:၂၄)ကို ယာကုပ်ကောင်းစွာနားလည်သည်။ အဘဘုရားသခင်နှင့် ခရစ်တော်ဟု ပြောကြားခြင်းသည် အထက်ပါကျမ်းပိုဒ်နှင့် မဆန့်ကျင်ပါ ။ ဘုရားသခင်နှင့် သားတော်သည် အတူတူဖြစ်သောကြောင့် အကြုံးဝင်ပါသည်။

နားလည်ရခက်သည်မှာ ရှင်ယာကုပ်သည် မပြောင်းလဲသေးသောယုဒများကို ထည့်သွင်းရည် ရွယ်သလား။ သို့မဟုတ် နှစ်ခုစလုံး ရည်ရွယ်သလားဆိုသောအချက်ဖြစ်သည်။ သာမာန်အားဖြင့်ပြော ရလျှင် အသက်တာပြောင်းလဲပြီးသောယုဒများသို့ရည်ရွယ်ရေးသာဟန်တူသည် (၁:၁၈)။ ခရစ်ယာန်း များဖြစ်သော်လည်း အသက်တာမပြောင်းလဲသေးသူများနှင့် ခရစ်ယာန်အတုအယောင်များလည်း ထိုအချိန်တွန်ရှိနေကြသည်။ သို့ကြောင့် ဟေဗြဲခရစ်ယာန်များနှင့်မယုံကြည်သူယုဒများသည် ခရစ်ယာန်ကျမ်းဦး ရေးသားထားသည့်အချိန်ထိအောင် ပေါင်းစပ်ခြင်းမရှိကြသည့် အထောက် အထား တစ်ခုအဖြစ် ဆိုနိုင်သည်။

၂။ ဖျားယောင်းသွေးဆောင်ခြင်းနှင့် စစ်ကြောစုံစမ်းခြင်း (:၁၇)

          : ဤကျမ်းပိုဒ်တွင် စစ်ကြောစုံစမ်းခြင်းအကြောင်း အရေးထားသည်။ စကားလုံး တလုံးအား သံတူနက်ကွဲအဖြစ်သုံးထားသည်။ (၂:၁၂)တွင် စုံစမ်းစစ်ကြောခြင်းကို စင်ကြယ်သော စမ်းသပ်ခြင်း သို့မဟုတ် ခရစ်တော်ကဲ့သို့ ယုံကြည်ခြင်းခိုင်မာမှု ရှိ၊မရှိ သိရှိရန် ဘုရားသခင်က ခွင့်ပြုသောအခက်အခဲ ပြဿနာအဖြစ်ရေးထားသည်။ မစင်ကြယ်သောစစ်ကြောစုံစမ်းခြင်းသည် ခန္ဓာ အတွင်းမှပေါ်ပေါက်လာ၍ အပြစ်ထဲသို့ ပို့ဆောင်သည်ဟု ဆိုသည်။ ခရစ်ယာန်အသက်တာသည် ပြဿနာအိုးဖြစ်သည်။ မမျှော်လင့်သော၊ မဖိတ်ကြားသော ပြဿနာပေါင်းစုံ ရောက်လာတတ်သည်။ တခါတရံချိုချိုသာသာ ရောက်လာ တခါတရံအောင့်ကနဲဆောင့်ကနဲ ဝင်ရောက်သည်။ ထိုပြဿနာ များကို ရှောင်လွှဲ၍မရနိုင်ပါ။ ရှင်ယာကုပ်ကလည်း “အကယ်၍အမျိုးမျိုးသောစစ်ကြောစုံစမ်းခြင်း ရောက်လာသော အခါ” ဟုမပြောပါ။ “စုံစမ်းစစ်ကြောခြင်း ရောက်သော အခါ” ဟု ပြောပါသည်။ ထိုပြဿနာများအတွက် မည်ကဲ့သို့လုပ်ရမည်နည်း။

ထိုအခက်အခဲပြဿနာများကို ရင်ဆိုင်ဖြေရှင်းရမည့် နည်းလမ်းကောင်းများစွာရှိပါသည်။ ဝိညာဉ်တော်တန်ခိုးအစွမ်း (ဟေဗြဲ ၁၂:၅)ဖြင့် ဖြိုဖျက်တိုက်ခိုက်အောင်ပွဲခံနိုင်ပါသည်။ တနည်း ပြောရလျှင် ထိုအခက်အခဲပြဿနာများကို လက်လွှတ်မေ့ပစ်ခြင်းဖြင့် တန်ပေါ့နိုင်ပါသည် (ဟေဗြဲ ၁၂:၅)။ ဤနည်းလမ်းသည် သတ္တဝါတစ်ခုကံတစ်ခုဝါဒဖြစ်သည်။ သို့သော် မေးခွန်းပေါ်လာနိုင်သည်။ အခက်အခဲပြဿနာများတွင် ညီတွား၍ စောဒကတက်နိုင်သည်။ ထိုအကြောင်းနှင့်ပတ်သက်၍ ရှင်ပေါလုက (၁ကော ၁၀:၁၀)တွင် သတိပေးထားပါသည်။ အခြားတစ်ခုတွင်မူ မိမိကိုယ်ကို သနားခြင်း၊ မိမိအရေးသာတွေးလျှင် တပါးသူ၏အကူအညီကို မျှော်လင့်ခြင်းဖြစ်စေသည်။ ထို့ထက်ကောင်းသောအရာမှာ အခက်အခဲပြဿနာများသည် မိမိဘဝအသက်တာအား ကြီးထွား ရင့်ကျက်စေလို၍ အခက်အခဲပြဿနာကြုံခွင့်ပေးသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မသိရ သော်လည်း တွေ့အောင်ရှာမည်။ ကိုယ်တော်၏အလိုတော်မှာ ကျွန်ုပ်၏အသက်တာတွင် အဖြေရှာမည်။၄၄ ဟုပြောနိုင်ရသည်။ ထိုခံယူချက် အသိတရားပင်လျှင် ရှင်ယာကုပ်က “ငါ့ညီအကိုတို့ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းသည် သည်းခံခြင်းကိုပွားစေ တတ်သည်” ဟု ဆိုထားသည်။ မသောင်းကျန်းနှင့်၊ ဟန်မဆောင်နှင့်၊ ပျော်ရွှင်စွာနေပါ။ ထိုအခက်အခဲပြဿနာများသည် ရန်သူမဟုတ်ပါ။ သင့်အောက်မှာ ခစားမည့်သူဖြစ်သည်။ ခရစ်ယာန် ယုံကြည်ချက်အတိုင်းပြောရလျှင် သင့်ဘဝအသက်တာရင့်ကျက်စေသော မိတ်ဆွေကောင်းများ အလည်လာခြင်းဖြစ်သည်။

ဘုရားသခင်သည် ခရစ်တော်ကဲ့သို့သော သားသမီးများစွာရှိစေလိုသည်။ ခရစ်တော်ကဲ့သို့ ဖြစ်မြောက်ရန် ဝေဒနာ၊ နာကျင်မှု၊ ဆုံးရှုံးမှုနှင့်ခက်ခဲမှုများ ရင်ဆိုင်ကျော်ဖြစ်ရမည်။ နေရောင်ခြည် တစ်ခုတည်းဖြင့် အသီးများကြီးထွားရင့်မှည့်မလာနိုင်ပါ။ စုံစမ်းစစ်ကြောခြင်းသည် ပျော်ရွှင်စရာ မဟုတ်ပါ။ အခက်အခဲပြဿာနာနှင့် အလိုမကျမှုများဖြစ်သည်။ သို့သော်လည်း ထိုအခက်အခဲများ၏ စစ်ကြောသွန်သင်ချက်များက စင်ကြယ်သောအသီးများ သီးပွင့်စေနိုင်သည် (ဟေဗြဲ ၁၂:၁၁)။ ထိုအခက်အခဲပြဿနာများ ကျော်လွန်ပြီးတိုင်း “ဖူးမလွယ်ပါလားနော်၊ ဒါပေမယ့် အတွေ့အကြုံ ကောင်းရသွားတယ်”ဟု မကြာခဏပြေနိုင်ရမည်။

: ရှင်ပေါလုက သင့်ယုံကြည်မှုစမ်းသပ်ခြင်းဟုပြောထားပါသည်။ Assayer (God) ဘုရားသခင်က သံမဏိကောင်းဟုတ်မဟုတ် စစ်ဆေးစမ်းသပ်ခြင်းဖြစ်သည်။ သတ္တုကို မီးဖြင့် စစ်ဆေးရသကဲ့သို့ ယုံကြည်သူကိုလည်း စုံစမ်းခြင်း၊ အနာရောဂါ၊ ဝေဒနာ၊ နာကျင်ခြင်းတို့ဖြင့် စစ်ကြောစမ်းသပ်ရသည်။ ပြဿနာမရှိသော အသက်တာသည် တာရှည်ခိုင်ခံ့မြဲမြံခြင်းမရှိနိုင်။ လောကလူသားများပီပီ အခက်အခဲပြဿနာများကို ကြုံတွေ့ရမည်ဖြစ်သော်လည်း အားအင်အဖြစ် ပြောင်းလဲပစ်နိုင်ရမည်။ စက်မှုလက်မှုလုပ်ငန်းရှင် Charles Kettering က “အခက်အခဲ ပြဿနာသည် တိုးတက်ခြင်း၏ တန်ဖိုးဖြစ်သည်။ ငါ့ထံသို့တခြားအရာဘာမှယူမလာပါနဲ့။ အခက်အခဲပြဿနာကိုသာ ယူလာပါ။ မင်္ဂလာသတင်းများကမှု ငါ့ကိုချိနဲ့စေပါတယ်”ဟု ပြောဘူးသည်။

: “သည်းခံခြင်းစိန်သည် အကုန်အစင်ပြုပြင်ပါစေ” ဟုဆိုထားသည်။ အခက်အခဲပြဿနာ ရောက်လာသောအခါ တခါတရံဖြတ်လမ်းနည်းဖြင့် ဖြေရှင်းတတ်ကြသည်။ ဘုရားသခင်နှင့် တိုင်ပင်ခြင်း မပြုဘဲ၊ ဆရာဝန်ထံသို့ ဒရောသောပါးပြေးတတ်ကြသည်။ လက်မူတိုက်၍ ဆေးမြီးတို သုံးတတ်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် အသက်တာတွင် စီးဆင်နေသောဘုရားသခင်၏ အလိုတော် ရေစီးကြောင်းအား ကန့်လန့်ပြုခြင်းဖြစ်သည်။ ထိုသို့ဖြင့် ကာလာရှည်ကာ စုံစမ်းစစ်ကြော ခြင်း ခံရတတ်သည်။ ဆေးမြီးတိုနည်းသုံးခြင်းဖြင့် အသက်တာတွင် သည်းခံစိတ်ရှည်ခြင်း မဖြစ်ထွန်း စေနိုင်ပါ။ ဘုရားသခင်နှင့် တိုင်ပင်၍ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့်သာလျှင် ရင့်ကျက်သော အသက်တာရနိုင်ပါသည်။ ဆုံးရှုံးမှုမရှိဘဲ ဝိညာဉ်တော်ကျေးဇူးပြည့်ဝလာမည်။

အခက်အခဲပြဿနာကြုံတွေ့သောအခါ စိတ်ပျက်အားငယ်ခြင်း၊ ပုန်းရှောင်ခြင်း၊ မရှိအပ်ပါ။ အမှုတော်တွင် သေးလွန်းသော ပြဿနာလည်းမရှိပါ။ အချို့အခက်အခဲများသည် ဘဝအသက်တာ ထဲမှလုံးဝပပျောက်ခြင်းမရှိနိုင်။ အနာဖေးကျန်ရှိနေသည်။ ထိုအခက်အခဲပြဿနာများကို လက်ခံနိုင် စွမ်းရှိအောင် သင်ယူရမည်။ ကျေးဇူးတော်သည် လုံလောက်ပါပေသည်။ ရှင်ပေါလုသည်လည်း သူ့ရုပ်ပိုင်းအားနည်းချက်ကို သုံးကြိမ်သုံးခါတိုင်အောင် (ဘုရားသခင်ထံတော်သို့ အသနား ခံခဲ့ပါသည်။ ဘုရားသခင်က မဖယ်ရှားပေးသော်လည်း ရှင်ပေါလုသည် ကျေးဇူးတော်ကိုချီးမွမ်း နိုင်သည် (၂ကော် ၁၂:၈-၁၀)။

ဘဝနှင့်ယှဉ်၍ အခက်အခဲရင်ဆိုင်ရသောအခါ အဘယ်ကြောင့် ထိုကဲ့သို့မခံစားရအောင် ဘုရားသခင်က မဖယ်ပေးသနည်းဟု မေးမြန်းခြင်းထက် အလိုတော်အားဝန်ခံနိုင်ရန် ကြိုးစားသင့်သည်။ မျက်မမြင်တေးရေးဆရာက အောက်ပါအတိုင်းရေးခဲ့သည်။

အို၊ ငါ့ဝိညာဉ်မမြင်ရသော်လည်း ဝမ်းသာပီတိ အပြည့်ရှိ၏ ဤကမ္ဘာလောကထဲမှ ပြဿနာ ငါ ဖြေရှင်းနိုင်ရာ တခြားသူငါ မခံစားရသော်လည်း ကောင်းချီးဖြာဖြာ ငါခံစားရာ၏ မမြင်မကန်း သော်လည်း မငိုရတော့ပါ။               

-Fanny Crosby

ဘုရားသခင်၏ အလိုတော်ဝန်ခံခြင်းဖြင့် ငြိမ်သက်ခြင်းရနိုင်ပါသည်။

တပါးသူများ၏ အခက်အခဲပြဿနာများကို သင်ခန်းစာယူခြင်းဖြင့် ကြုံတွေ့ရသော ဘဝပြဿနာများကို ဖြေသိမ့်ရမည်။ ပန်းဘဲဆရာကြီးသည် သံမဏိ၏အစွမ်းသတ္တိ သိရှိပြီးသောအခါ မီးအပူမပေးတော့ပါ။ များသောအားဖြင့် တရားသဘောအမြော်အမြင်နည်းသောကြောင့် ဝန်ထုပ် ဝန်ပိုး ထမ်းရွက်နေရခြင်းဖြစ်သည်။ မျက်မွှေးအောက် အမြင်သာကြည့်တတ်ကြသောကြောင့် မသက် မသာဖြစ်ရသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်နိုင်ဖို့ ကြိုးစားကြည့်ပါ (ဆာလံ ၄:၁ JND)

: ပြဿနာများကို မိမိဉာဏ်ပညာဖြင့် မရင်ဆိုင်ရပါ။ အခက်အခဲပြဿနာကြုံတွေ့ချိန် သည် အတွင်းလူယုံကြည်အားနည်းချိန်ဖြစ်၍ မိမိမသိနားမလည်မှုများကို ဘုရားသခင်ထံတွင် အလုံးစုံအပ်နှံပါ။ ထိုသို့အပ်နှံလျှင် ဘုရားသခင်၏ အလိုတော်ကို နားလည်လာနိုင်သည်။ ထိုစုံစမ်းခြင်းသည် ဆုလက်ဆောင်ရရှိရာဖြစ်နိုင်သည်။ တချို့က ဘုရားသခင်ကဲ့ရဲ့မှာကို စိုးရိမ် ကြသည်။ ထိုသို့မဟုတ်ပါ။ ဘုရားသခင်သည် တောင်းသောသူများအား စေတနာစိတ်နှင့် ပေးသနား တတ်သူဖြစ်သည်။ လူတွင်ကျရောက်တတ်သောပြဿနာပေါင်းစုံအား ဖြေရှင်းမည့်အဖြေစကား ကျမ်းစာကမပေးပါ။ ပြဿနာကိုဖြေရှင်းမည့် နည်းလမ်းများစွာ မပြောပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်က နိယာမသဘောတရား ပြောထားပြီးဖြစ်ပါသည်။ ထိုစကားကို အသက်တာမှာ နေ့စဉ်နှင့်အမျှ လက်တွေ့ကျင့်သုံးဖို့သာ ရှိသည်။ ထိုအဖြေစကားသည်ပင်လျှင် ကျွန်ုပ်တို့လိုချင်လှ သော ဉာဏ်ပညာဖြစ်သည်။ ဝိညာဉ်တော်နှင့်ဆိုင်သော ဉာဏ်ပညာသည်သာလျှင် လက်တွေ့ဘဝ အသက်တာတွင် ကျင့်သုံးရမည့် ဘုရားသခင်၏ သွန်သင်ချက်ပင်ဖြစ်သည်။

: သံသယစိတ်အလျဉ်းမရှိဘဲ ဘုရားသခင်အားယုံကြည်ရမည်။ ကိုယ်တော်၏ ချစ်ခြင်း မေတ္တာနှင့်ကြင်နာယုယမှုတို့ကို ယုံကြည်ရမည်။ ကိုယ်တော်နှင့်ပတ်သက်လာလျှင် နောက်ဆံတင်း စရာသံယောဇဉ် ငြိစရာမရှိရပါ။ အကယ်၍ကိုယ်တော်၏ ကောင်းမြတ်ခြင်းအပေါ်တွင် ယုံမှား သံသရ တမျှင်ထားရှိပါက ဒုက္ခလှလှရောက်မည်သာမှတ်။ တမိနစ်တာမျှ ဘုရားရင်ခွင်တော်တွင် ခိုမှီပြီးနောက် ဘုရားသခင်က “မကြင်နာပါလား”ဟု တွေးတောခြင်းမျိုးသည်မြင့်မားစွာ တက်ပြီးနောက် ချက်ခြင်းပြန်ကျသွားသော လှိုင်းလုံးကြီးနှင့်တူသည်။ အခက်အခဲပြဿနာသည် လှိုင်းလုံးကဲ့သို့သာဖြစ်သည်။ ဘုရားသခင်သည် အကောင်းမြင်ဝါဒနှင့် မကောင်းမြင်ဝါဒကြားရှိ ယုံကြည်ခြင်းမျိုးကို လက်မခံပါ။ စိတ်နှစ်ခွရှိသောအပေါ်တွင် ဆုလက်ဆောင်ပေးစရာမရှိ (ငယ ၇-၈)။

ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။

"

Our Visitor

0 0 1 9 3 2
Users Today : 0
Users Yesterday : 9
Users This Year : 1036
Views Today :
Views This Month :
Views This Year : 3716
"