ရာဇဝင်ချုပ်ပထမစောင် - ၇
ရာဇဝင်ချုပ်ပထမစောင် - ၇ အနက်ဖွင့်
၅။ဣသခါ (၇:၁–၅)
အခန်း (၇)တွင် လူမျိုး (၆)မျိုးအကြောင်းရေးမှတ်ထားသည်။
ဣသခါ (ငယ် ၁-၅)
ဗင်္ယာမိန် (ငယ် ၆-၁၂)
နဿလိ (ငယ် ၁၃)
ယော်ဒန်အနောက်ဘက်ကမ်းရှိ မနာရှေလူတဝက် (ငယ် ၁၄-၁၉)
ဧဖရိမ် (ငယ် ၂၀-၂၉)
အာရှာ (ငယ် ၃၀-၄၀)
ဤမျိုးနွယ်စုများသည် ယုဒ၊ လေဝိအမျိုးကဲ့သို့ နီးစပ်ပူးကပ်ခြင်း မရှိကြ။ အဘယ်ကြောင့်ဆိုသော် ထီးနန်းနှင့် ယဇ်ပုရောဟိတ်များ ကွဲပြားခြင်းကြောင့် ဖြစ်သည်။
၆။ဗင်္ယာမိန် (၇:၆–၁၂)
၇:၆–၁၂ အချိန်တခါ မိုက်ကမ်းမှုကြောင့် လူဦးရေ (၆၀၀)ထို ကျဆင်းခဲ့ကြသော်လည်း (ယောရှု ၂၀) ထုထည်ပြန်လည် ကြီးမားလာပြီး အင်အားတောင့်တင်းလာကြသည်။ ဗင်္ယာမိန်အမျိုးအကြောင်းကို အခန်း(၇)နှင့် (၈)တွင် တွေ့ရသည်။ အခန်း(၇)သည် အခြားလူများနှင့် ပတ်သက်နှီးနွယ်ပုံဖြစ်၍ အခန်း(၈)တွင် ရှောလုဘုရင်၊ ယေရုရှလင်မြို့များနှင့် ပက်သတ်ပုံရေးထားခြင်းဖြစ်သည်။
၇။ နဿလိ (၇:၁၃)
၇:၁၃ နဿလိ၏ သား(၄) ယောက်ကို ဗိလဟာသားမျာ ဟု ခေါ်စမှတ်ပြုကြသည်။ အဘယ်ကြောင့်ဆိုသော် နာဿလိ၏ မိခင်သည် ဗိလဟာသူဖြစ်သည်။ ထိုသား(၄) ယောက်သည် ရာထူးဂုဏ် သိက္ခာ ကြီးမြင့်သူများဖြစ်လာကြသည်။၁၀
၈။ ယော်ဒန်မြစ်အနောက်ဘက်ကမ်းရှိ မနာရှေလူတဝက် (၇:၁၄–၁၉)
၇:၁၄–၁၉ ယော်ဒန်မြစ်အရှေ့ဘက်ကမ်းဂေလဒ်နှင့် ဘာရှန်တွင် ကျန်ရစ်ခဲ့ကြသော မနာရှေလူတဝက်အကြောင်းကို ၅:၂၃-၁၄ တွင် ရေးမှတ်ခဲ့ပြီးဖြစ်သည်။ ဤကျမ်းချက်သည် အနောက်ဘက်ကမ်းရှိ ကျန်တဝက်လူများအကြောင်းဖြစ်သည်။
မနာရှေ၏အမျိုးသည် ဇလောဖတ် လက်ထက်တွင် သမီးချည်းမွေးသောကြောင့် မျိုးဆက်ပြတ်ရသည်။ သမီးများနာမည်ကို ယောရှု ၁၇:၃ တွင် မှတ်တမ်းတင်ထားသည်။ ထို့ကြောင့်အမျိုးသမီးများလည်း ဖခင်အမွေဆက်ခံပိုင်ခွင့် ဥပဒေသပေါ်ထွက်လာသည် (တော ၂၇:၁-၁၁ ကိုကြည့်)မှ အမျိုးသမီးများသည်လည်း အခွင့်အရေးရရှိလာကြသည်။
၉။ဧဖရိန် (၇:၂၀–၂၉)
၇:၂၀–၂၉ ယောရှုအမျိုးအနွယ်ဖြစ်သော ဧဖရိန်အမျိုးသည် သမိုင်းအစဉ်အလာရှိခဲ့သူများဖြစ်သည်။ ဘုရားတရားကိုင်းရှိုင်းသူများသည် မျိုးရိုးစဉ်ဆက်ကောင်းကြီး မင်္ဂလာခံစား သူများဖြစ်သည်။ သင်ခန်းစာယူထိုက်သော မျိုးနွယ်စုဖြစ်သည်။
၁၀။အာရှာ (၇:၃၀–၄၀)
၇:၃၀–၄၀ အာရှာ၏ သား(၄) ယောက်နှင့် သမီး စေရ၏ နာမည်စာရင်းကို က ၄၆:၁၇ တွင်မှတ်တမ်းတင်ထားသည်။ ထိုမောင်နှမများသည် ဘုရားသခင် ရွေးကောက်တော်မူသောသူ၊ ဆွေကြီးမျိုးကြီး၊ သူရဲကောင်းများ၊ အမျိုးသားခေါင်းဆောင်ကြီးများ ဖြစ်လာကြသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
7
Users Today : 7
Users Yesterday : 8
Users This Year : 1551
Views Today : 22
Views This Month : 263
Views This Year : 5288"
Our Visitor





