ရာဇဝင်ချုပ်ပထမစောင် - ၂
ရာဇဝင်ချုပ်ပထမစောင် - ၂ အနက်ဖွင့်
(ဂ) ဣသရေလလူမျိုးဘိုးဘေးများ (အခန်း ၂–၈)
၁။ယုဒ (၂ :၁–၄:၂၃)
ယုဒအမျိုးသည် အကြီးမားဆုံးနှင့် ခေါင်ချုပ်ဖြစ်သည်။ ကောင်းကြီးမင်္ဂလာနှင့် ကတိတော်များ ဦးဆုံးမြည်းစမ်းသူများဖြစ်၍ ၂:၃-၄:၂၃ တိုင်အောင် ရှည်လျားစွာ ဖွဲ့ဆိုထားသည်။ ယုဒအမျိုးသည် ကာလက် ၂:၁၈-၂၀၊၄၂-၅၅ (တော ၁၃ မှ ကာလက်မဟုတ်ပါ ၄:၁၅ နှင့် ယှဉ်ဖက်) နှင် ဒါဝိဒ် ၃:၁-၂၄ တို့ နှစ်ဦး၏ ဆွေစဉ်မျိုးဆက်မှ တိုးပွားလာသူများ ဖြစ်သည်။
ဆွေစဉ်မျိုးနွယ်ဆက်ရေတွက်ရာတွင် သမိုင်းကြောင်းအမျိုးမျိုး ရှုပ်ထွေးလေ့ရှိသည်။ သန့်ရှင်းဝိညာဉ်တော်လမ်းညွှန်ချက်ကို ခံယူ၍ အာရုံစိုက်ဖို့ လိုပါသည်။ ယုဒမျိုးနွယ်ဆက်တွင် မတရားသော လူအုပ်စု (၂)စု တွေ့ရသည်။ သို့သော် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာသည် ဖြောင့်မတ်သော သူတဦးအပေါ်တွင် တည်ကြောင်း သတိပြုရမည်။
ယုဒ၏သားဦးဧရသည် ဘုရားရှေ့တော်၌ ဆိုးသောကြောင့် ကွက်မျက်ခြင်းခံရသည် (၂:၃)။ ဧရ၏ မိခင်သည် ခါနာန် အမျိုးသမီး ရှုအာဖြစ်သည် (က ၃၈: ၁-၁၀)။ သူ၏ယုတ်ကမ်းဆိုးညစ်ပုံကို မသိရသော်လည်း ဘုရားသခင်ရှေ့တော်၌ ကျက်သရေယုတ်သည်။ ထိုဆုံးယုတ်မှုကြောင့် သားဦးဆရာနှင့် မေရှိယသခင်ပေါ်ထွန်းမည့် မျိုးရိုးအခွင့်အရေး လက်လွှတ်ဆုံးရှုံးသည်။ ဘဝလည်းဆုံးသည်။ သူ၏နာမည်ကို မျိုးရိုးစဉ်ဆက်တွင် နာမည်ဆိုးဖြင့် ကျန်ရစ်ထင်ရှားသည်။ မိမိအပြစ်ကို ပြင်ဆင်၍ အလင်းထဲသို့ ဝင်လိုလျှင် နောက်ကျသည်ဟူ၍မရှိ။ ပျက်အစဉ် ပြင်ခဏ ဖြစ်ပါသည်။ “ပြစ်မှားသောသူတို့သည် ပယ်ရှားခြင်းကို ခံရကြလိမ့်မည်။ ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား ပြည်တော်ကို အမွေခံရကြလိမ့်မည်” (ဆာ ၃၇:၉)။
အာခန် (Achar သို့ Achan) (၂:၇) ၏ အကြောင်းကို ယောရှု ၂:၇ တွင်တွေ့ရပြန်သည်။ ယောရှု ၂:၇ တွင် လောဘကြီးသူ၊ တပ်မက်သူ အဖြစ်တွေ့ရသည်။ ယေရိခေါတိုက်ပွဲမှ သိမ်းဆည်းရမိသောပစ္စည်းများ ဝှက်ယူထားခြင်းဖြင့် ဣသရေလအမျိုးကို ဒုက္ခရောက်စေသည်။ သူ့လောဘဇောကြောင့် အာဣတိုက်ပွဲတွင် ဣသရေလလူ(၃၆)ဦး တိုက်ပွဲကျသည်။ ဘုရားသခင်ရှေ့တွင် ဒုစရိုက်ဖြစ်သောကြောင့် တမိသားစုလုံး သုတ်သင်ကွပ်မျက်ခြင်းခံရသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
7
Users Today : 7
Users Yesterday : 8
Users This Year : 1551
Views Today : 22
Views This Month : 263
Views This Year : 5288"
Our Visitor





