ရာဇဝင်ချုပ်ပထမစောင် - ၁၇
ရာဇဝင်ချုပ်ပထမစောင် - ၁၇ အနက်ဖွင့်
(ဂ) ဗိမာန်တော်တည်ဆောက်လိုခြင်းဆန္ဒနှင့် ဘုရားသခင်၏ အဖြေစကား (အခန်း၁၇)
အခန်းကြီး (၁၇) ကို ဒါဝိဒ်က ဘုရားသခင်အိမ်တော်တည်ဆောက်လိုခြင်းဆန္ဒ (အခန်း၁-၂)၊ ဒါဝိဒ်၏ အိမ်တော်ဆောက်လိုခြင်းအပေါ် ဘုရားသခင်၏ သဘောတော် (ငယ် ၃-၁၅)၊ ဒါဝိဒ်၏ လျှောက်လဲဆုတောင်းချက် (ငယ် ၁၆-၂၇) ဟူ၍ (၃)ပိုင်းလေ့လာနိုင်သည်။ ထိုသို့လေ့လာရာတွင် ဓမ္မရာဇဝင် ဒုတိယစောင်နှင့်ယှဉ်၍ လေ့လာရပါမည်။
၁၇:၁–၄ ဒါဝိဒ်က သူသည် နန်းတော်၌ ပျော်စံ၍ ပဋိညာဉ်သေတ္တာတော်ကိုတဲထဲ၌ ထားရှိသည် ကိုစိတ်မချမ်းမြေ့ကြောင်း ပရောဖက်နာသန်အား တိုင်ပင်သည်။ နာသန်ဦးဆောင်၍ ဘုရားသခင်၏ အိမ်တော်ဆောက်လုပ်ရန် အာသီသရှိသည်။ သို့သော်လည်း ဘုရားသခင်က ပရောဖက် နာသန်အား ပြောပြသည်။ ဒါဝိဒ်မင်းသည် ဘုရားသခင်၏ အိမ်တော် ဆောက်လုပ်ရန် ရွေးချယ်ထားသူမဟုတ် ဟု ဆိုသည်။
၁၇:၅–၆ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်သည် သမိုင်းတလျှောက် တဲတော်မှာသာနေလာရသည်။ အိမ်တော်မှာ အတည်တကျ စိုးစံခြင်းမရှိခဲ့။ ထိုကာလများတွင်လည်း အိမ်တော်ဆောက်လုပ်ရန် ဘုရားသခင်က မခိုင်းစေ။ ဤကျမ်းပိုဒ်တွင် အမည်နာမ မဖော်ပြသော်လည်း အိမ်တော်တည်ဆောက်မည် ဒါဝိဒ်၏ သားရှောလမုန်ပေါ်ထွန်း လာစေမည်။ ဒါဝိဒ်မင်းသည် ဘုရားသခင်၏ အိမ်တော်တည်ဆောက်ရန် မထိုက်တန်။ အဘယ်ကြောင့်ဆိုသော် သူ့ဘဝတလျှောက်လုံးမှာ လူ့အသွေး မြေခစေပေါင်းများခဲ့သည်။ သွေးစွန်းသောနေ့ရက်များခဲ့သည် (၂၂:၇-၈)။ ထို့ကြောင့် သားအတွက် ချန်ထား ရသည်(၂၂:၉)။ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာ စံမြန်းဖို့ သားတပါးပါး၌သာ အခွင့်အရေးရှိသည်။
၁၇:၇–၁၅ ဘုရားသခင်၏ ကရုဏာတော်သည် ဘိုးဘေးများအပေါ်တွင် သက်ရောက်သကဲ့သို့ ဒါဝိဒ်တို့လည်း သိုးကျောင်းသားဘဝမှ ဣသရေလဘုရင်အဖြစ်သို့ ချီးမြှင့်သည်။ ချို့ယွင်းချက် အပြစ်အနာအဆာမရှိသော ကတိတော်သည် ဒါဝိဒ် အပေါ်တွင် ပြည့်စုံသည်။ ၂ရာ ၇:၁၂-၁၆ နှင့် ဆာ ၆၉ တို့သည် ဒါဝိဒ်သို့ပြုထားသော ကတိတော် မှတ်တမ်းဖြစ်သည်။ John Walvoord က ဤသို့ဆိုသည်။
ဒါဝိဒ်သို့ ပြုထားသည့်ကတိတော်တွင် အောက်ပါအချက်များပါဝင်သည်။ (၁)ဒါဝိဒ်တွင် သားရတနာမျက်နှာမြင်မည်။ ထိုသားသည် ဖခင်၏ထီးမွေ နန်းမွေဆက်ခံ၍ နိုင်ငံတော်ထူထောင်မည့်သူဖြစ်သည်။ (၂)ထိုသားသည် ဖခင်ကိုယ်စား ဘုရားသခင်၏ အိမ်တော် တည်ဆောက်မည်။ (၃)သူတည်ထောင်ထားသော နိုင်ငံသည် နိစ္စထာဝရတည်မည်။ (၄) ထိုဘုရင်တွင် အပြစ်ဒုစရိုက်များ ကျူးလွန်သည့်တိုင်အောင် ရာဇပလ္လင်ပေါ်မှ ဖယ်ရှားခြင်းမရှိရ။ (၅) ဒါဝိဒ်မင်းတည်ထောင်သော ရာဇပလ္လင်၊ နန်းတော်နှင့် နိုင်ငံတော်သည် ထာဝရတည်တံ့ ခိုင်မြဲမည်။၁၄
၁၇:၁၆–၂၇ ပရောဖက်နာသန်ထံမှ တဆင့်ဘုရားသခင်၏ စကားတော်ကြားသိသောအခါ ဒါဝိဒ်မင်းသည် ယုံကြည်ခြင်းစိတ်နှလုံးဖြင့် ဘုရားသခင်ရှေ့တော်၌ ဆုတောင်း သည်။ ဒါဝိဒ်၏ ဆုတောင်းချက်တွင် အဓိကသင်ခန်းစာ (၂)ခု တွေ့ရသည်။ အပိုဒ်ငယ် ၁၆-၁၇ ဆုတောင်းချက်ကို ကျွန်ကုန်သည် (နောင်တွင် ဧဝံဂေလိဆရာကြီး ဖြစ်သောသူ) John Newton က (Amazing Grace) “အံ့ဘွယ် ကျေးဇူးတော်” ခေါင်းစဉ်ဖြင့် သီချင်းစပ်ဆိုရာ လူသိများထင်ရှားသည်။ ဒါဝိဒ်မင်းက သူ၏ လူ့ဘဝ အချည်းအနှီးဖြစ်ပုံနှင့် ဘုရားသခင်၏ ကရုဏာတော် ခံစားရပုံဝန်ခံ ခြင်းများတွေ့ရသည်။၁၂
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
7
Users Today : 7
Users Yesterday : 8
Users This Year : 1551
Views Today : 22
Views This Month : 263
Views This Year : 5288"
Our Visitor





