ရာဇဝင်ချုပ်ပထမစောင် - ၁၅
ရာဇဝင်ချုပ်ပထမစောင် - ၁၅ အနက်ဖွင့်
၁၅:၁–၃ နောက်ထပ် (၃)လခန့် ကြာသောအခါ ဒါဝိဒ် သည် ပဋိညာဉ်သေတ္တာအား ယေရုရှလင်မြို့ သို့သယ်ဆောင်ရန်ကြိုတင်ပြင်ဆင်သည်။
ပထမဦးစွာ ပဋိညာဉ်သေတ္တာတော် စံမြန်းဖို့ရာ တဲ့တော်ပြင်ဆင်သည်။ အဘယ်ကြောင့်ဆိုသော် ဝိထုံးနည်းနာနှင့် ညီရသည်။ ထိုတဲတော်သည် ဣသရေလတို့ အဲဂုတ္တုပြည်မှထွက်လာကြစဉ် လမ်းခရီးမှာ ဆောက်လုပ်သောတဲတော်ပုံစံအတိုင်း ဖြစ်သည် (ထွ ၂၆)။ ပဋိညာဉ်သေတ္တာသည် ဒါဝိဒ်၏ တဲတော်တွင်ပရိဘောဂသဖွယ် ဖြစ်နေသည်။ ယဇ်ပလ္လင်သည်လည်း ဂေဗြုန် (၁၆:၃၉) က ပုံစံအတိုင်းဖြစ်၍ ရှောလမုန်မင်းလက်ထက်တိုင်အောင် ရှိနေသည်။
၁၅:၄–၁၅ တဲတော်ပြင်ဆင်ဆောက်လုပ်ပြီးသောအခါ လေဝိအမျိုးသား ခေါင်းဆောင်များကို စုစည်းသည်။ ယဇ်ပုရောဟိတ်ကြီး ဇာဒုတ်နှင့် အဗျာသကို (၃ရာ၄:၄) ခေါ်ယူ၍ ဦးဆောင်စေသည် (ငယ်၁၁)။ ပဋိညာဉ်သေတ္တာကို လူမှန်နေရာမှန် သယ်ဆောင်နေကြသည်။ ဘုရားသခင်၏ အမိန့်တော်နှင့်အညီ မောရှေမိန့်မှာသည့်အတိုင်း (ငယ် ၁၅) လေဝိသားများက ထမ်းကြသည်။ ယခုအခေါက်တွင်မူ အောင်မြင်သည် (၁၆:၁)။
၁၅:၁၆–၂၉ တူရိယာမျိုးစုံတီးမှုတ်၍ ဆာလံသီချင်းဟစ်ကြွေးပြီး ပဋိညာဉ်သေတ္တာနောက်က လိုက်ကြသည်။ အချို့က တီးမှုတ်၊ အချို့က သီဆို၍ အချို့က ကခုန်ကြသည်။ ဒါဝိဒ်မင်းသည်လည်း စောင်းကို ပျော်ရွှင်စွာ တီးမှုတ် သည်။ မည်သို့ပျော်ရွှင်စွာ ကခုန်တီးမှုတ်စေကာမူ အပြစ်တင် ကဲ့ရဲ့သူရှိနေသည်။ ဒါဝိဒ်မိဖုရား မိက္ခေလကကဲ့ရဲ့သည် (ငယ် ၂၉ နှင့် ၂ရာ ၆:၁၆ နောက်ပိုင်းကို ယှဉ်ဖတ်ပါ)။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
4
Users Today : 4
Users Yesterday : 8
Users This Year : 1548
Views Today : 14
Views This Month : 255
Views This Year : 5280"
Our Visitor





