ရာဇဝင်ချုပ်ပထမစောင် - ၁၄
ရာဇဝင်ချုပ်ပထမစောင် - ၁၄ အနက်ဖွင့်
၁၄:၁–၂ ဣသရေလအမျိုးသားလုံး၏ အရှင်အဖြစ် ဒါဝိဒ်မင်းအုပ်စိုးသောအခါ တုရုဘုရင် ဟိရံမင်း က ဒါဝိဒ်မင်းအား နန်းတော်ဆောက်လုပ်ရန် လက်မှုပညာသည်များနှင့် ကုန်ကြမ်းပစ္စည်းများ ကူညီသည်။ ထိုမင်းနှစ်ပါးသည် ထိုကာလမှစ၍ ကာလရှည်ကြာမိတ်ကောင်းဆွေမွန် ဖြစ်လာကြရာ သားတော်ရှောလမုန်မင်းတိုင်အောင် တည်တံ့သွားသည်။
၁၄:၃–၇ တဖန် ဒါဝိဒ်မင်း သည် မိဖုရားအများအပြား ကောက်ယူပြန်သည်။ မိန်းမအများအပြားယူခြင်းကို တရား ၁၇:၁၇ တွင် တားမြစ်ထားပြီးဖြစ်သည်။ သို့သော် ရာဇဝင်ချုပ်မှတ်တမ်း မှတ်ရာတွင် လူ့အပြစ် အကျင့်စာရိတ္တပျက်ပြားမှု မှတ်တမ်းမဟုတ်၊ အပိုဒ်ငယ်တွင် ပါရှိသည့်သားလေးယောက်မှာ ဗာသရှေဘနှင့် ရသောသားများဖြစ်သည်(၅၁ ၃:၅)။ ၂ရာ ၁၁ တွင် ဒါဝိဒ်သည် မတရားဆက်ဆံခဲ့သည်ဟုဆိုသည်။ မည်သို့ပင် ဖြစ်စေ ဘုရားသခင်၏ကျေးဇူးတော်သည် ကြီးမားလှပါသည်။ တရားဝင်လက်ထက်ပြီးမှ သားနှစ်ယောက် ပေါ်ထွန်းလာရာ သခင်ယေရှုပေါ်ထွန်းလာရာ မျိုးရိုးဖြစ်ပါသည်။ နာသန် (လု ၃:၃၁) သည် မယ်တော် မာရိ၏ ဘိုးအေ၊ ရှောလမုန် (မ ၁-၆) သည် ယောသပ် ၏ ဘိုးအေဖြစ်လာသည်။
၁၄:၈–၁၇ ဒါဝိဒ်မင်းဣသရေလဘုရင် ဖြစ်လာသောအခါ ဖိလိတ္တိတို့က လာရောက်တိုက်ခိုက်သည်။ ဒါဝိဒ်မင်းသည် ဘုရားသခင်ကို အားကိုးတကြီးဆုတောင်းသောကြောင့် ရန်သူများကို အောင်မြင်နှိမ်နှင်းသည်။ အားကိုး၍မရသော ကျောက်ပုံ၊ အုတ်ပုံ၊ သစ်သားရုပ်တု ဘုရားတုများကို အပြောင်အစင် ရှင်းလင်းပစ် သည် (၂ရာ ၅:၂၁)။ မီးရှို့ပြာချ (ငယ်၁၂)။ နောက်တကြိမ်ဖိလိတ္တိတို့ လာရောက်တိုက်ခိုက်သောအခါတွင်လည်း ဒါဝိဒ်မင်းသည် ဘုရားသခင်ထံဆုတောင်းပြီးမှ ပြန်လည်ချေမှုန်း လိုက်ပြန်သည်။ သို့သော် ဒါဝိဒ်မင်း၏ စစ်အောင်နိုင်ပုံသည် ယခင်နှင့်မတူ။ တမူထူးခြားအောင်မြင်သည်။
ဒုတိယအောင်ပွဲသည် အိမ်နီးနားခြင်းနိုင်ငံများကိုပါ ဖိမ့်ဖိမ့်တုန်လှုပ်ခါစေသည်။ အပိုဒ်ငယ် ၁၆ နှင့် ၁၇ကို “ဘုရားသခင်၏ အမိန့်တော်အတိုင်းဒါဝိဒ်မင်း တိုက်ခိုက်အောင်နိုင်၍ ဆယ်မျက်နှာသို့ ဂုဏ်သတင်းပျံ့နှံ့သွားသည်” ဟုဆိုလျှင်ပိုမို ရှင်းလင်းမည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
4
Users Today : 4
Users Yesterday : 8
Users This Year : 1548
Views Today : 14
Views This Month : 255
Views This Year : 5280"
Our Visitor





