ရာဇဝင်ချုပ်ပထမစောင် - ၁၀
ရာဇဝင်ချုပ်ပထမစောင် - ၁၀ အနက်ဖွင့်
၂။ ရှောလုသေဆုံးခြင်း (အခန်း၁၁)
၁၀:၁–၅ ရှောလုနှင့်သားများ သေဆုံးပုံကို ၁ရာ ၃၁:၁-၁၃ တွင် အသေးစိတ်ရေးမှတ်ထားပါသည်။ အပိုဒ်ငယ် ၅ကို C.H.Spurgeon က ဤသို့ဆိုထားသည်။
မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းအား ရှုတ်ချကြလျှင်၊ သခင့်အပေါ်သစ္စာရှိကြောင်းပြသသည့် အနေဖြင့် မိမိကိုယ်ကို လုပ်ကြံခြင်းသည်လည်း လက်ခံစရာမဟုတ်။ သူသည်သခင့်အတွက် အကောင်းဆုံးကြိုးစားလုပ်ဆောင်ခြင်းမဟုတ်။ ထိုသို့မိမိ ကိုယ်ကိုလုပ်ကြံခြင်းကြောင့် သူ့သခင်ရှောလုအသက်ပြန်ရှင်လာမည် မဟုတ်။ ယနေ့ယုံကြည်သူများသည်လည်း ထိုကဲ့သို့ ပြုလုပ်၍ သခင်ယေရှုကို သစ္စာဖောက်မည့် လူရှိပါသလား။
၁၀:၆–၁၀ ရှောလုသေဆုံးခြင်းနှင့် ပက်သတ်၍ အတွေးဝင်္ကဘာနယ်ချဲ့စရာ များစွာရှိပါသည်။ အငယ် ၆တွင် “သားသုံးယောက်မှစ၍ နန်းတော်သားအပေါင်းတို့သည် အတူသေကြ၏” ဟုဆိုထားသည်။ ၁ရာ ၃၁:၆တွင်မူ ရှောလုနှင့်အတူ တိုင်ပွဲဝင်သောသားဟုဆိုသည်။ ထိုကျမ်းချက်များဆိုလျှင် ရှောလုတွင် ဖိလိတ္တိတို့ လက်ချက်ဖြင့် မသေသော အခြားသားများ ရှိသည်(ငယ် ၁၃၊၁၄၊၂ရာ ၂:၈၊ ၂၁:၁-၉) ။သို့သော်လည်း ဖခင်၏လုပ်ဆောင်ချက်ကြောင့် ကံကြမ္မာဆိုးက မျက်နှာသာမပေး (၂ရာ ၂:၈၊ ၂၁:၁-၉)။
၁၀:၁၁–၁၂ ရှောလုနှင့် သားများ၏ သတင်းဆိုးကြားသိသောအခါ ဟာဗက်ဂေလ၌ သူရဲကောင်း များသည် ဖိလိတ္တိတို့ လက်ထဲမှ ရှောလု၏အလောင်းကို ညအချိန်တွင် သွားခိုးကြသည်။ အလောင်းကို ဟာဗက်တွင် သင်္ဂြိုဟ်ပြီး (၇)ရက်ပတ်လုံး အစာရှောင် ဥပုသ်စောင့်ကြသည်။ အ မ္မုန်လူနာဟပ်လူများလက်ထဲမှ မိမိတို့မြို့ကို ရှောလုကကယ်ထုတ်ပေးခဲ့ဘူး (၁ရာ ၁၁)သောကြောင့် ယာဗက်သူရဲကောင်းများက ကျေးဇူးတုန့်ပြန်ခြင်းဖြစ်သည်။
၁၀:၁၃–၁၄ ဤကျမ်းချက်တွင် ရှောလုသေဆုံးခြင်းအကြောင်း (၂)ချက် ရှင်းပြထားသည်။ ဘုရားရှင်၏ နှုတ်ကပတ်တော်ကို မစောင့်ထိန်းခြင်း (၁ရာ ၁၃ နှင့် ၁၅ ကိုလည်းကြည့်) နှင့် နတ်ဝိဇ္ဇာ အောက်လမ်းဆရာအကြံဉာဏ်ရယူခြင်း (၁ရာ ၂၈ ကိုကြည့်) ဖြစ်သည်။
ရှောလု၏ အားနည်းချက် အတိုအထွာ ရှင်းပြပြီးနောက် ဘုရားသခင်၏ လူများအုပ်စိုးရန်ရွေးကောက်တော်မူထားသော ဒါဝိဒ်မင်းအကြောင်းဆက်လာသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
7
Users Today : 7
Users Yesterday : 8
Users This Year : 1551
Views Today : 22
Views This Month : 263
Views This Year : 5288"
Our Visitor





