ယောရှုမှတ်စာ - ၄
ယောရှုမှတ်စာ - ၄ အနက်ဖွင့်
၄:၁–၂၄ ဣသရေလလူမျိုး တစ်ဆယ့်နှစ်မျိုးအားတစ်မျိုးလျှင်ယော်ဒန်မြစ်မှ ကျောက်တုံးတစ်တုံး ယူဆောင်၍ အနောက်ဘက်ကမ်းတွင် အမှတ်တရကျောက်တိုင်စိုက်ထူဖို့ ဘုရားသခင် မိန့်မှာသည်။ အမိန့်တော်အတိုင်း ဂိဘာရာလုတ်အရပ်၌ မော်ကွန်းကျောက်တိုင်ထူထားကြသည်။
ရုဗင်၊ ဂဒ်နှင့်မနာရှေလူတစ်ဝက်တို့သည် ယော်ဒန်အရှေ့ဘက်ကမ်းတွင် ဝေစုရ၍ နေထိုင်ကြသည်။ ထိုလူများသည် ယော်ဒန်ဖြစ်အရှေ့ဘက်ကမ်းကိုလည်း စစ်ကူတိုက်ပေးခဲ့ကြသည်။ ယော်ဒန်မြစ်အရှေ့ဘက်ကမ်းတွင် အခြေချသူများသည် လူဦးရေစုစုပေါင်း တစ်သိန်းခန့်(တော၂၆ကိုကြည့်) ရှိသည်။ ယော်ဒန်မြစ်အနောက်ဘက်ကမ်းသို့ ကူးမြောက်သော လူဦးရေသည် လေးသိန်းခန့်ရှိသည်။
အရှေ့ဘက်ကမ်းရှိ ယောက်ျားသားများအပါအဝင် ဣသရေလလူများ အနောက်ဘက်ကမ်းသို့ ကူးမြောက်ပြီးသောအခါ ယော်ဒန်မြစ်လယ်ရှိ ယဇ်ပုရောဟိတ်များခြေရင်းမှ ကျောက်တုံးတစ်ဆယ့်နှစ်တုံးကို ကောက်ယူ၍ အနောက်ဘက်ကမ်းသို့ ယူဆောင်သွားကြသည်။ လူကုန်၍ ယဇ်ပုရောဟိတ်များ ကုန်းပေါ်သို့ တက်လာသောအခါ ယော်ဒန်မြစ်ရေသည် ပုံမှန်အတိုင်း စီးဆင်းသည်။
မြစ်ထဲမှ ကျောက်သည် ခရစ်တော်ကို ပုံဆောင်သည်။ အနောက်ဘက်ကမ်းသို့ ကူးမြောက်ခြင်းသည် ခရစ်တော်ဘုရားရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်သည်။
ယော်ဒန်မြစ်ရေရပ်တန့်စေခြင်းသည် ယောရှုအား မောရှေကဲ့သို့ ဘုရားသခင်က အခွင့်အာဏာပေး ထားကြောင်း ထုတ်ဖော်ပြသခဲ့သည်။ ယောရှုသည် မောရှေ၏ လက်ထောက်၊ မောရှေ၏ အစေခံဖြစ်ခဲ့သည်။ မောရှေထံတွင် ရိုကျိုးစွာတပည့်ခံလျက် ဘုရားသခင်၏အလိုတော်ကို နှစ်လရှည်ကြာ စနည်းနာခဲ့သည်။ ယခု မောရှေ မရှိတော့သောအခါ သူအလှည့် ကျရောက်လာသည်။ မိမိကိုယ်ကို နှိမ့်ချသူသည် ချီးမြှောက်ခံရမည် (လု၁၄:၁၁)။
ဣသရေလတို့သည် ပထမလ၏ ဒဿမမြောက်နေ့ရက်တွင် ယော်ဒန်မြစ်ဖြတ်ကူးကြသည်။ အဲဂုတ္တုပြည်မှ ထွက်မြောက်လာသည့်နှစ်ပေါင်း(၄၀)ပြည့်ဖို့ (၅)ရက်လိုသေးသည်။ သို့ကြောင့် ပသခါပွဲတော်စီစဉ်ဖို့ အချိန်မှီဖြစ်သည်(ထွ ၁၂:၂-၃ကိုကြည့်)။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
9
Users Today : 9
Users Yesterday : 8
Users This Year : 1553
Views Today : 24
Views This Month : 265
Views This Year : 5290"
Our Visitor





