ယောရှုမှတ်စာ - ၂၃
ယောရှုမှတ်စာ - ၂၃ အနက်ဖွင့်
(စ) ဣသရေလခေါင်းဆောင်များသို့ ယောရှု၏ နှုတ်ဆက်စကား (အခန်း ၂၃)
ယောရှု၏ နှုတ်ဆက်စကား နှစ်ခွန်းအနက် ဣသရေလခေါင်းဆောင်များသို့ ပြောသောစကားဖြစ်သည်။
ရဲစွမ်းသတ္တိရှိဖို့နှင့် ဝိညာဉ်ခွန်အား ပြည့်ဝကြဖို့ အားပေးသည် (ငယ်၆)။ အစောပိုင်းကာလတွင် ဘုရားသခင်က သူ့ကို ပြောသောစကားများ ပြန်လည်အသုံးပြုသည်(၁:၇)။ ဘုရားပေး ထိုစကားကိုလက်တွေ့ အသက်တာတွင် အောင်မြင်စွာအကျိုးရှိကြောင်း ကိုယ်တွေ့မျက်မြင်ခံခဲ့သဖြင့် နှောင်းလူများအား လက်ဆင့်ကမ်း အမွေစကားပေးခဲ့သည်။
ဘုရားသခင်၏ ကတိတော်တွင် ချို့ယွင်းချက်မရှိကြောင်း၊ အထူးသဖြင့် ကတိတော်မြေကို လက်ဆုပ်လက်ကိုင် သက်သေပြနိုင်ကြောင်း လက်ညှိုးထိုးပြသည်။ ဘုရားသခင်၏ စကားတော်များကို ယုံကြည် နာခံကြလျှင် ဘုရားသခင်က ဘေးရန်အပေါင်းကိုလည်း ဖယ်ရှားပေးမည်။ အဓိကမှာ ရုပ်တုဆင်းတု ကိုးကွယ်ခြင်း မပြုရန်နှင့် ဒေသခံခါနန်ပြည်သားများနှင့် သွေးနှောအိမ်ထောင်မပြုကြရန် တားမြစ်သည်။ တစ်နည်းအားဖြင့် ရုပ်တုဘုရားတုများသည် ဣသရေလလူမျိုးတို့၏ သမိုင်းစဉ်တလျှောက်တွင် မဟာရန်သူဖြစ်သည်။
ဘုရားသခင်၏ စကားတော်သည် တစ်လုံးတစ်ပါဒမှ အချည်းနှီးဖြစ်သည်မရှိ(ငယ်၁၄)။ ထိုစကားသည် ကတိပေးထားသောမြေအားလုံး ဣသရေလလူတို့လက်ထဲသို့ ရောက်ရှိကုန်ပြီဟုမဆိုလို။ ခါနန်ပြည်သားများကို တစ်လက်စတည်းနှင့်အပြောင် မမောင်းထုတ်ခဲ့ကြ (တရား ၇:၂၂)။ ဘုရားသခင်၏ စကားတော်သည် ပျက်ပြယ်ချွတ်ချော်ရိုး မရှိသောကြောင့် ဣသရေလလူမျိုးခေါင်းဆောင်များ ရဲသွေးရဲမာန်အပြည့်အဝဖြင့် ယုံကြည်ခြင်းရှိဖို့ တိုက်တွန်းထားသည်။ အကောင်းဖြင့် အစပြုခဲ့သော အမှုတော်ကို ဆုံးခန်းတိုင်အောင် လုပ်ဆောင်စေလိုသည်။ ထိုတိုက်တွန်းစကားနှင့်အတူ သတိလည်း ပေးထားသည်(ငယ် ၅၊၁၆)။ အကယ်၍ ပေးထားသော ပညတ်တော်များစောင့်ထိန်းခြင်းမရှိ၊ မနာခံကြလျှင် ဘုရားရှင်၏ ဖျက်ဆီးခြင်းခံကြရလိမ့်မည်။
ဤသင်ခန်းစာသည် ၂ကော ၆:၁၄-၁၈နှင့် ကျမ်းပြိုင်ဖြစ်သည်။ ရုပ်တုနှင့်ကင်းစင်ခြင်းသည် ဘုရားလူများအတွက် အဓိကအချက်ဖြစ်သည်။ တစ်ချိန်တည်းတပြိုင်တည်းတွင် ဘုရားသခင်နှင့် ဘုရားသခင်၏ ရန်သူအား ချစ်၍မရနိုင်ပါ။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
9
Users Today : 9
Users Yesterday : 8
Users This Year : 1553
Views Today : 24
Views This Month : 265
Views This Year : 5290"
Our Visitor





