ယောရှုမှတ်စာ - ၁
ယောရှုမှတ်စာ - ၁ အနက်ဖွင့်
၁။ ကတိတော်မြေသိမ်းပိုက်ခြင်း
(အခန်း ၁-၁၂)
(က) ယော်ဒန်မြစ်ဖြတ်ကူးရန်ပြင်ဆင်ခြင်း (အခန်း ၁)
၁:၁–၉ ပထမဦးစွာဘုရားသခင်က နုန်၏သားယောရှုအား ကတိတော်မြေသို့ ဝင်ရောက်ဖို့ ဣသရေလတို့၏ အမျိုးသားခေါင်းဆောင်အဖြစ် ခန့်အပ်သည်။ ထိုပြည်သည် ဣသရေလလူတို့ ပိုင်ဆိုင်ဖို့ ကတိတော်ပြုထားသော မြေဖြစ်သည်။ တောင်ဘက်အရပ်တွင် Negev တောကြီးရပ်၊ မြောက်ဘက်တွင် လေဗနုန်တောင်၊ အနောက်ဘက်တွင် မြေထဲပင်လယ်နှင့် အရှေ့ဘက်တွင် ဥဖရတ်မြစ်ထိကျယ်ပြန့်သည် (ငယ်၃၊၄)။ ယောရှုသည် ခွန်အားကောင်းခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ နာခံခြင်းနှင့်ပြည့်စုံသည်။ စာဖတ်ပရိသတ်များသည်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ယုံကြည်နာခံခြင်းရှိလျှင် အောင်မြင်သော အသက်တာရှိမည်ဟု အာမခံချက်ရှိပါသည်။
ဘုရားသခင်က ယောရှုအား အားယူ၍ရဲရင့်ခြင်းရှိလော့ဟု သုံးကြိမ်သုံးခါတိုင်တိုင် မိန့်မှာထားသည် (ငယ် ၆၊၇၊၉)။ မောရှေမရှိတော့သည့်အခါ အမျိုးသားဝန်ထုပ်ဝန်ပိုးကြီးသည် ယောရှုပုခုံးပေါ်သို့ကျရောက်သည်။ ဣသရေလတစ်မျိုးသားလုံး၏ ဘဝကံကြမ္မာအရေးသည် ယောရှုလက်ထဲသို့ရောက်နေသည်။ ဝိညာဉ်ရေးရာပြုစုပျိုးထောင်ဖို့ လိုအပ်သကဲ့သို့ စစ်ရေးစစ်ရာလည်း စီမံရသည်။ သို့သော် ဘုရားတရားမပါရှိဘဲ လူ့အစွမ်းအစချည်းဖြင့် လုပ်ဆောင်ရသည်မဟုတ်။ ဘုရားသခင်ပေးထားသော အားယူလော့ (ငယ် ၅၊၆)ဟူသည် ကတိစကားတော်သည် အောင်နိုင်ခြင်းသော့ချက်ဖြစ်သည်။ သေချာသော အောင်စိတ်ဖြစ်သည် (ငယ် ၇၊၈)။ ဘုရားသခင်ပါရှိတော်မူသောကြောင့် ဘဝလမ်းညွှန်းလုံခြုံသည် (ငယ်၉)။ ပြည့်စုံသောခွန်အားဖြစ်သည်။
T.Austin Spark ကဤသို့ ဆိုထားသည်။
တကယ်ယုံကြည်ခြင်းတိုက်ပွဲဖြစ်သည်။ လူသည်အလကားကောင်ဖြစ်သော်လည်း ဘုရားသခင်တတ်စွမ်းနိုင်သည်။ လူ့အရည်အချင်းဖြင့်မဟုတ်။ ဘုရားရှင်၏ အစွမ်းတန်ခိုးဖြစ်သည်။၂
၁:၁၀–၁၈ ဣသရေလလူတို့သည် ကတိတော်မြေခါနန်ပြည်သို့ ခြေချဖို့ တလှုပ်လှုပ်တရွရွ ပြင်ဆင်နေကြသည်။ လူမျိုးနှစ်မျိုးနှင့်တစ်ဝက်သည် ယော်ဒန်မြစ်အရှေ့ဘက်ကမ်းတွင် အခြေချကြသည်။ သို့သော်လည်း ထိုမြေတွင် တစ်ခါတည်း အပြီးအစီးမနေဘဲ၊ ယောက်ျားများသည် အနောက်ဘက်ကမ်းအား သိမ်းပိုက်ဖို့ စစ်ကူတိုက်ကြသည်။ ပြီးမှ အရှေ့ဘက်ကမ်းသို့ ပြန်ကူး၍ မိသားစုများနှင့်အတူတကွ နေထိုင်ကြသည်(ငယ် ၁၂-၁၅)။ ယော်ဒန်မြစ်အနောက်ကမ်းအား စစ်ကူတိုက်ဖို့ သဘောတူခဲ့ကြပြီးဖြစ်၍ (ငယ် ၁၆-၁၈) မလိုက်ပါသူရှိလျှင် သေဒဏ်ပေးဖို့လည်း ခံယူကြသည်။
အချို့တေးရေးဆရာများက ယော်ဒန်မြစ်ဖြတ်ကူးခြင်းကို သေရွာဖြတ်သန်းခြင်းသဖွယ် ဖွဲ့ဆို၍ ကတိတော်ပြည် ခါနန်မြေသို့ ခြေချခြင်းကို ကောင်းကင်နိုင်ငံရောက်ရှိသဖွယ် တင်စားကြသည်။ ခါနန်ပြည်တွင် ဒုက္ခပြဿနာများစွာရှိသေးသည်။ ကောင်းကင်နိုင်ငံတွင်မရှိပါ။ အမှန်စင်စစ် ခါနန်ပြည်သည် မျက်မှောက်ယုံကြည်သူများ၏ ဘဝကို ပုံဆောင်ပါသည်။ ယုံကြည်ခြင်းဖြင့် ဝိညာဉ်တိုက်ပွဲဝင်ရသည်။ နှုတ်ကပတ်တော် နာခံခြင်းဖြင့် လောကမြေကို ပိုင်ဆိုင်ကြသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
2
8
Users Today : 3
Users Yesterday : 9
Users This Year : 1532
Views Today : 21
Views This Month : 192
Views This Year : 5217"
Our Visitor





