ယောရှုမှတ်စာ - ၁၅
ယောရှုမှတ်စာ - ၁၅ အနက်ဖွင့်
၁၅:၁–၁၂ ယုဒလူတို့ ပိုင်မြေနယ်နိမိတ်ကို အငယ် ၁-၁၂ တွင် မှတ်တမ်းတင်ထားသည်။ မျက်မှောက်ကာလတွင် ထိုနယ်နိမိတ်အား အတိအကျမပြနိုင်တော့ပါ။ ထိုသို့ဆိုလျှင် ကျမ်းစာပါ အချက်အလက်များအားမေးခွန်းထုတ်လာနိုင်စရာအကြောင်းရှိပါသည်။ အသေးစိတ်နယ်နိမိတ်များသည် ဘုရားသခင်အမြင်တွင် အရေးကြီးပါသည်။ တန်ခိုးတော်မှုတ်သွင်းထားသောကြောင့် ဝိညာဉ်ရေးရာ သင်ခန်းစာအများအပြားရှိပါသည်။
၁၅:၁၃–၃၀ ကာလက်က ဟေဗြုန်မြေအောင်နိုင်ပုံကို ငယ်၁၄တွင် မှတ်တမ်းတင်ထားပါသည်။ ကိရယသောဖာမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်သူအား သမီးအာခသနှင့်ပေးစားမည်ဟု ဆိုသည့်အတိုင်း အောင်နိုင်သူ ဩသံယေလနှင့် ပေးစားလိုက်သည် (ငယ်၁၇)။ ဩသံယေလသည် နောင်တွင် ဣသရေလတို့၏ ပထမဦးဆုံး တရားသူကြီးဖြစ်လာသည် (သူကြီး ၃:၉)။ အာခသက ဩသံယေလနှင့်တိုင်ပင်၍ ဖခင်ကာလက်ထံမှ လယ်ကွက်တောင်းခံသည် (ငယ်၁၈)။ အာခသ၏ စကားကို နားထောင်ကြည့်ပါ။ “ကောင်းကြီးပေးစေချင်ပါ၏” ဟုဆိုသည်။ ထို့နောက် အထက်စမ်းရေတွင်းနှင့် အောက်ရေတွင်းကိုလည်း အဆစ်တောင်းယူသည်။
ဒေဗိရနှင့် ဟေဗြုန်ဟူသော စကားကို မကြာခဏတွေ့နိုင်သည်။ ခနန်ပြည်တွင် ပျောက်ကျားစစ်မကြာခဏ ကြုံတွေ့ရသောကြောင့်ဖြစ်သည် (အခန်း၁၀ကိုကြည့်)။ ထို့အပြင် နာမည်တူလည်း များသည်။ ဥပမာအားဖြင့် ဒေဗိရဟူသော နာမည်ကို သတိပြုပါ။
၁၅:၂၁–၆၃ ယုဒပြည်နယ်နိမိတ်များကို အငယ် ၂၁-၆၃ တွင်မှတ်တမ်းတင်ထားသည်။ အချို့မြို့ပြနာမည်များသည် ရင်းနှီးကျွမ်းဝင်ပြီးသားများဖြစ်၏။ ဟေဗြုန်(အငယ် ၅၄)သည် ကိရယဿဖာဟု၎င်း မံရေဟု၎င်း အာဗြဟံ၊ ဣဇက်၊ ယာကုပ်လက်ထက်မှ စ၍ ရင်းနှီးထင်ရှားသောမြို့ဖြစ်သည် (က၁၃:၁၈၊ ၃၅:၂၇)။ ထိုအရပ်ဒေသတွင် ဘိုးဘေးများ သင်္ဂြိုဟ်ခဲ့ကြသည်။ (က ၂၃:၁၇-၂၀)။ ကာလက်နှင့်ပတ်သက်၍ ဗေသရှေဒ (ငယ်၂၈) (ကတိပြုသောရေတွင်းဟုအနက်ရသည်)သည်လည်း ကျမ်းစာတွင် ကြိမ်ဖန်များစွာတွေ့ရှိရသည်။ အမောဖြေခွန်အား ယူရာနေရာ (က၂၁:၃၁၊ ၂၆:၃၃၊ ၄၆:၁)အဖြစ်၎င်း၊ ယေရှုရှလင် (ငယ် ၆၃)၊ ယေဗုသိလူတို့ နေရာတို့ကို တွေ့ရသည်။ ဒါဝိဒ်မင်းလက်ထက်တိုင်အောင် ယေဗုသိလသူများသည် ယုဒလူများနှင့်အတူတကွ ယေရုရှလင်အရပ်ဒေသတွင် နေထိုင်ကြသည် (၂ရာ ၅:၆-၇)။
အဆိုပါ မြို့ပြကြီးများသည် ယုဒလူတို့အမွေခံရရှိရာဖြစ်၍ ယုံကြည်ခြင်းခွန်အား တောင့်တင်း ဆောက်တည်ရာ ဖြစ်သည်။ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့၏ ဘုရားသည် ကတိတော်ပြုခဲ့သည့်အတိုင်း ရွေးကောက်ထားသောလူမျိုးနှင့်အတူ ကာလရှည်ကြာရှိနေသည်။
အပိုဒ်ငယ် ၂၁-၃၂ တွင်မြို့ပြပေါင်း(၃၈)မြို့သာတွေ့ရသော်လည်း အပိုဒ်ငယ် ၃၂တွင် (၂၉)မြို့ဟုဆိုထားသည်။ (၉)မြို့သည် ရှိမောင်အမျိုးပိုင်ဆိုင်သော မြို့များဖြစ်သည် (၁၉:၁-၉)။ ယုဒလူတို့က (၂၉)မြို့ ပိုင်ဆိုင်သည်။ ထိုနည်းတူ အပိုဒ်ငယ် ၃၃-၃၆တွင်လည်း မြို့ပြနာမည်(၁၅)မြို့ စာရင်းပေးထားသည်။ ဂဒေရနှင့်ဂဒေရောသိမ်သည် မြို့တစ်မြို့တည်း၏ အမည်များဖြစ်သည်။ (အပိုဒ်ငယ် ၃၆)ထိ တစ်ဆယ့်လေးမြို့သာ ရှိသည်။၁၃
နောက်ဆုံးကျမ်းပိုဒ်ကို အသေအချာဖတ်ရှုပါ၊ အပေါ်ပိုင်းမှ ဇိအုန်တောင်ပေါ်ကမြို့သည် ဒါဝိဒ်မင်းလက်ထက်ထိ မပေါ်ထွန်း၊ အောက်ပိုင်းမြို့ ယေရုရှလင်ကို ယုဒလူများကပိုင်စိုးသည် (သူကြီး၁:၈)။ နောက်ပိုင်းတွင် ယေဗုသိလူများက သိမ်းပိုက်သည် (သူကြီး ၁:၂၁) ယေရှုရှလင်ကို ဗင်္ယာမိန်အမျိုးပိုင် စာရင်းတွင်(၁၈:၂၈)၌ စာရင်းပြဆိုသကဲ့သို့ ယုဒပိုင်မြေထဲတွင်လည်း ရေးထားသည်။ ထိုလူမျိုးနှစ်မျိုး၏ စပ်ကြားမြို့ဖြစ်သည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
9
Users Today : 9
Users Yesterday : 8
Users This Year : 1553
Views Today : 24
Views This Month : 265
Views This Year : 5290"
Our Visitor





