ယောရှုမှတ်စာ - ၁၂
ယောရှုမှတ်စာ - ၁၂ အနက်ဖွင့်
(ဋ) စစ်အောင်မြင်မှုအကျဉ်းချုပ် (အခန်း ၁၂)
၁၂:၁–၆ ပထမပိုင်းအခန်းငယ် (၆)ခုတွင် အာမောရိဘုရင် ရှိဟုတ်မင်း၊ ဗာရှန်ဘုရင် ဩဃမင်းအပေါ် မောရှေ၏ အောင်နိုင်မှုကို မှတ်တမ်းတင်ထားသည်။ ဤအောင်မြင်မှုများသည် ဣသရေလတို့၏ အောင်မြင်မှုသမိုင်းကြောင်း အလှည့်အပြောင်းဖြစ်သည်။ တိုက်ခိုက်သိမ်းပိုက်မိသော ယော်ဒန်မြစ်အရှေ့ဘက်ကမ်းနယ်မြေကို ဣသရေလလူမျိုး ၂၁/၂ သို့ခွဲဝေပေးလိုက်သည်။
၁၂:၇–၂၄ ယော်ဒန်မြစ်မဖြတ်ကူးမှီကပင် ဘုရားသခင်က ဣသရေလလူများသို့ ကတိတော်ပြုထားပြီးဖြစ်သည်။ “သူတို့ရှင်ဘုရင်များကိုလည်း သင့်လက်ထက်၌ အပ်တော်မူသဖြင့် သူ့တို့ဘွဲ့နာမကိုပင် ကောင်းကင်အောက်မှ ပယ်ရှင်းရမည်။ သူတို့ကို မပျက်စီးမီတိုင်အောင် သင့်ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင်ရာ” (တရား ၇:၂၄)။ ဘုရားသခင် ကတိတော်အတိုင်း ရှင်ဘုရင်ပေါင်း သုံးဆယ့်တစ်ပါး ယောရှုသုတ်သင်ခဲ့သည် (ငယ် ၇-၂၄)။ ယော်ဒန်မြစ်အနောက်ဘက်ကမ်းတွင် ဖမ်းဆီးသုတ်သင်သည့် ဘုရင်စုစုပေါင်း (၃၁)ပါးရှိသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
3
0
Users Today : 5
Users Yesterday : 9
Users This Year : 1534
Views Today : 25
Views This Month : 196
Views This Year : 5221"
Our Visitor





