ယောဘ၀တ္ထု-၉
ယောဘ၀တ္ထု-၉ အနက်ဖွင့်
၅။ ယောဘ၏တုန့်ပြန်ချက် (အခန်း ၉း ၁၀)
၉း၁-၁၃ လူသည် ဘုရားသခင်ရှေ့တွင် အဘယ်သို့ ဖြောင့်မတ်ရာသို့ရောက်နိုင်သနည်းဟု ယောဘက မေးခွန်းဖြစ်ဖြေသည်။ ယောဘသည် ကယ်တင်ခြင်းရ/မရမပြောလိုသော်လည်း အကြီးမြတ်ဆုံးသော ဘုရားသခင်ရှေ့တွင် အပြစ်မဲ့လူသားအဖြစ် မည်သူမျှမရပ်တည်နိုင်ကြောင်းခံယူထားသည်။ လူသည် ဘုရားသခင်က မေးခွန်းထုတ်လျှင် တထောင်တွင်တပုဒ်မျှဖြေနိုင်မည့်သူ မရှိပါ။ ဘုရားသခင်သည် အချုပ်အခြာ အာဏာပိုင်ရှင်၊ တန်ခိုးအစွမ်းပြည့်စုံသူ၊ သဗ္ဗုညုတဉာဏ်တော်ရှင်ဖြစ်သည်။ တောတောင်ရေမြေ၊ နေလကြယ် တာရာ၊ ကမ္ဘာမိုးမြေအရာခပ်သိမ်းကို ထိန်းချုပ်သူဖြစ်သည်။
၉း၁၄-၃၁ ဘုရားသခင်ရှေ့တွင်မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် မည်သူရှိသနည်း။ ချေပချက်များကို ဘုရားသခင်နားညောင်းပါမည်ဟု ယူဆပါသလား။ ဘုရားသခင်သည် ဂရုဏာကင်းမဲ့လျက် တရားမျှတမူကင်းမဲ့စွာ တရားစီရင်ပါသလား။ “ငါ့ကို ဖြောင့်မတ်သည်ဟု ယူဆသော်လည်း ဘုရားသခင်ကို မလျှောက်ဝံ့။ တရားမူကို ဆုံးဖြတ်တော်မူသော ဘုရားသခင်အား တောင်းပန်ရုံမျှသာ ပြုနိုင်၏” (ငယ် ၂၊ ၂၂ TEV) ဟုဆိုသည်။ ယောဘ၏ဘဝသည် မျှော်လင့်ချက်မရှိသောကြောင့် သူ့ကိုယ်သူယုံကြည်အားကိုးခြင်းမရှိ။
၉း၃၂-၃၅ ဘုရားသခင်နှင့် ယောဘအကြားတွင် အောင်သွယ်ဆက်စပ်ပေးသူမရှိ။ သူကိုယ်တိုင်ဖြစ်သည်။ ဘုရားသခင်နှင့် လူသားများအား ဆက်စပ်အောင်သွယ်ပေးသူမှာ ယေရှုခရစ်တော် တပါးတည်းသာ ရှိသည် (၁တိ ၂း၅)။ ထိုအကြောင်းကို Metthew Henryက ဤသို့ဆိုသည်။
ယောဘသည် သူအပြစ်ရှိကြောင်း ထုတ်ဖော်ပေးစေချင်သည်။ သို့သော် ဒိုင်လူကြီးလုပ်ပေးနိုင်မည့် လူသားမရှိ။ သူကိုယ်တိုင် ဘုရားသခင်ရှေ့တွင် တရားစီရင်ရသည်။ ယနေ့ လူသားများကုသိုလ် ပါရမီကောင်း သည်မှာ မိုးနှင့်မြေအကြားတွင် ယေရှုခရစ်တော်က အောင်သွယ်သင့်မြတ်ပေးခြင်းဖြစ်သည်။ ယုံကြည်သူများ ထံသို့လက်တော်ဆန့်တန်းထားပါသည်။ အဘဘုရားသခင်က အမိန့်တော်လွဲအပ်သည့် အတိုင်းတရားစီရင်ခွင့် အာဏာအပြည့်အဝရှိသည်။ သို့သော်လည်း ယခုမဟုတ်သေးပေ။ ဧဝံဂေလိတရားဟောပြောရန် ခိုင်းထားသေး သည်။ ဧဝံဂေလိတရား နေရာမပေးနိုင်သူများအတွက်သာဖြစ်သည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
8
2
7
Users Today : 6
Users Yesterday : 9
Users This Year : 931
Views Today : 6
Views This Month : 505
Views This Year : 3449"
Our Visitor





