ယောဘ၀တ္ထု-၈
ယောဘ၀တ္ထု-၈ အနက်ဖွင့်
၄။ ဗိလဒတ်၏ လက်ဦးစကား (အခန်း ၈)
ဗိလဒတ်ဟူသော အဓိပ္ပါယ်သည် “ပြိုင်ဆိုင်ခြင်း၏သား” ဖြစ်သည်။ တကယ့် အနတ္တနမည်ထိုက်တန်ပေ သည်။ သူ့မိတ်ဆွေ ယောဘအားချစ်ခြင်းမေတ္တာရှိသလောက် စကားနိုင်လုပြောဆိုသည်။ Ridout က ဗိလဒတ်နှင့် ဧလိဖတ်နှစ်ဦးတို့၏ ဟန်ပန်ကို ဤသို့ခိုင်းနှိုင်းထားသည်။
ဧလိဖတ်နှင့် ဗိလဒတ်နှစ်ဦးလုံး၏စကားသည် ယောဘအား ဦးတည်လိပ်မူခြင်းဖြစ်သော်လည်း ဧလိဖတ်၏စကားသည် လူကြီးလူကောင်းဆန်သည်။ ဗိလဒတ်သည် စကားဆင်ခြင်ခြင်းမရှိ ဘုရားသခင်၏ ဂုဏ်အင်လက္ခဏာကို ထိပါးသည်။ ဘုရားသခင်၏နိယာမတရားကို မသိကျိုးကျွံပြုသည်။ သူကိုယ်သူ မှန်ကန် သည်ဟု ထင်သော်လည်း အခြေခံအသိဉာဏ်ကိုက မှားယွင်းသဖြင့် ယောဘအားနှစ်သိမ့်ရာတွင် ဆောက်တည်ရာမဖြစ်စေနိုင်။ ဘုရားသခင်သည် အပြစ်ဒုစရိုက်ကောင်းများကို အပြစ်ပေးအရေးယူလေ့ရှိသည်။ ယောဘသည်လည်း ဒုစရိုက်၏သားကောင်ဖြစ်သောကြောင့် ဘုရားသခင်က အရေးယူခြင်းဖြစ်သည်ဟု မြင်သည်။၁၁
၈း ၁-၇ ဗိလဒတ်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို အကာအကွယ်ယူလျက် ယောဘအားအပြစ် စကားဆိုသည်။ အပြစ်ဒုစရိုက်ရှိသောကြောင့် ဘုရားသခင်က အပြစ်ပေးအရေးယူခြင်းဖြစ်သည်ဟုဆိုသည်။ ယောဘ၏သားများသေဆုံးခြင်းသည်လည်း ကိုယ်ဖြစ်ကိုယ်ခံခြင်းဖြစ်သည်ဟု မညှာမတာပြောရက်သည်။ တခါတရံ အခြားသူများအား နှစ်သိမ့်အားပေးရာတွင် ရေနှစ်သူဝါးကူထိုးခြင်းလည်း သက်ရောက်တတ်သည်။ ဗိလဒတ်သည် ယောဘအားအကယ်၍ ဘုရားသခင်ထံသို့ အပြစ်ဝန်ချတောင်းပန်လျင် မျှော်လင့်ချက်ရှိသေး သည်ဟု မိချောင်းမင်းရေခင်းပြလိုက်သေးသည်။
၈း၈ – ၂၂ မကောင်းမူဒုစရိုက်နှင့် ဝဋ်လည်ခြင်းအကြောင်းကိုလည်း ရှင်းပြလိုက်သည်။ ရေမရှိသော နေရတွင်ကျူပင်မပေါက်နိုင်ပါ။ မာနထောင်လွှားခြင်းနှင့် ဘာသာတရားကင်းမဲ့ခြင်းအတွေးဖြစ်သည်။ ဆိုးသော နေရာအရပ်သည်လည်း ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်ဟု ဆိုသည်။ လူသည် အပြစ်သားဖြစ်သည့်အတိုင်း အပြစ်ဒုစရိုက်၏ ဒဏ်ရာဒဏ်ချက်ခံစားရမည်ဟု ဆိုလိုသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
8
1
6
Users Today : 4
Users Yesterday : 6
Users This Year : 920
Views Today : 13
Views This Month : 479
Views This Year : 3423"
Our Visitor





