ယောဘ၀တ္ထု-၆
ယောဘ၀တ္ထု-၆ အနက်ဖွင့်
၃။ ယောဘ၏တုန့်ပြန်စကား (အခန်း ၆၊၇)
၆:၁-၁၃ ယောဘက သူ့စကားလွန်ကြောင်း ဝန်ခံသည်။ သို့သော် အကျိုးအကြောင်းခိုင်လုံသည်။ သူ့ခံစားရသော ဆင်းရဲဒုက္ခသည် သောင်ပြင်ထက် ကြီးလေးသည်။ တန်ခိုးတော်ဖြင့်ပစ်သော မြှားဆိပ်တို့သည် တစ်ကိုယ်လုံးတွင် ပျံ့နှံ့သည်။ အမင်္ဂလာ ပေါင်းစုံ ကျရောက်သည် မှတ်သော်လည်း ယောဘသည် ထိုဒုက္ခသံသရာထဲမှ မင်္ဂလာစကားများကိုစာဖတ်ပရိတ်သတ်ထံသို့ ပို့ပေးနိုင်သည်။ အကျိုးအကြောင်းမခိုင်လုံဘဲ လျှာရှည်လေဖောခြင်းမဟုတ် အကောင်းမမြင်သဖြင် မြည်တွန်တောက်တီးခြင်း မဟုတ်ပါ။ တိရစ္ဆာန်များ မြည်တမ်းခြင်းမပြုခြင်းထက် နာသည်။ ဆင်းရဲဒုက္ခများ၏နောက်ဆက်တွဲသည် ငိုကြွေးခြင်းမျက်ရည်ဖြစ်သည်။ ယောဘသည် အနာရောဂါနောက်တွင် အော်မြည်နေရသည်။ သူ့တွင် အနာဂတ်မျှော်လင့်စရာမရှိ။ အသက်ရှင်ရန်အားအင်နတ္ထိ။ အသက်ရှင်လျှင်လည်း ဆန်ကုန်မြေလေးဖြစ်သည်။
၆:၁၄-၂၃ ယောဘက သူ့မိတ်ဆွေများ (ညီအကိုတို့ဟုခေါ်သည်) အားလိုချင်သည့် ပုံစံအတိုင်း မရှိကြသောအခါ စိတ်ပျက်မိသည်။ ယခုဖြင့်ယခု ကွယ်ပျောက်တတ်သော ရေစီးချောင်းနှင့် နှိုင်းလိုက်သည်။ သူ့ကိုကူညီမစရန် အကူအညီမတောင်း နားပူနားဆာ မလုပ်သော်လည်း သူ့အားအပြစ်မြင်နေကြပြီ။
၆:၂၄-၃၀- ဧလိဖတ်က လျှို့ဝှက်သော အပြစ်ရှိသည်ဟု စွပ်စွဲသည်။ ယောဘသည် စိတ်ဆိုးခြင်းမရှိ အကျိုးအကြောင့်နှင့် ဆင်ခြင်၍တုံ့ပြန်သည်။ သူ့အပြစ်များကို လက်ညှိုးထိုးပြစေချင်သည်။ ပြောမှားဆိုမှားများကို ထောက်ပြစေချင်သည်။ အငယ် ၂၇ သည် သူ့သူငယ်ချင်းအား တုံ့ပြန်ထိုးစစ်ဆင်ခြင်းဖြစ်သည်။ သူ့မိတ်ဆွေများသည် ယောဘ၏ ငယ်ကျိုးငယ်နာမှစပြီးအူမချေးခါးအထိ သိရှိနေကြသူများဖြစ်ဟန်တူသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
8
2
7
Users Today : 6
Users Yesterday : 9
Users This Year : 931
Views Today : 6
Views This Month : 505
Views This Year : 3449"
Our Visitor





