ယောဘ၀တ္ထု-၃
ယောဘ၀တ္ထု-၃ အနက်ဖွင့်
၂။ ယောဘနှင့်မိတ်ဆွေများစကားဖောင်ဖွဲ့ခြင်(အခန်း၃-၃၁)
အခန်း(၃)သည် ယောဘနှင့်သူ့မိတ်ဆွေများ အချေအတင်စကားဖောင်ဖွဲ့လက်ဆုံကျခြင်းဖြစ်သည်။ အကြီးမားဆုံးနှင့်အကျယ်ပြန့်ဆုံးဖြစ်သည်။ကျမ်းစာ၏အနှစ်သာရဖြစ်သည်။ထိုအကြောင်းကို Ridout ကဤသို့ဆိုသည်
အမေဘုတ်၏ချည်ခင်ထုတ်စကားဖြစ်သည်။ကန့်ကွက်ချက် အပြစ်တင်ချက် စွပ်စွဲချက် သံသယများ တွေ့မြင်ရသကဲ့သို့ ဓမ္မယူဆ မျှော်လင့်ချက်ရောင်ခြည်နှင့် ယုံကြည်ခြင်းသစ္စာများရောထွေးရှက်တင်သည်။ စကားလုံးများသည် အရှေ့တိုင်းသားများ ထုံးစံအတိုင်း ဥပမာ ဥပမေယျ တင်စားချက်များနှင့်ရောပြွမ်းထုံသင်းသည်။ စာရှုသူများအတွက် တိုက်ရိုက်မပတ်သတ်သော်လည်း သင်ခန်းစာရယူစရာများစွာရှိပါသည်။ယုံကြည်သူခရစ်ယာန်များအနေဖြင့် ဘုရားသခင်အား အစဉ်ဝန်ခံမည့် သင်ခန်းစာရရှိမည်ဖြစ်ပါသည်။ ကိုးကားထိုက်သောကျမ်းချက်ဖြစ်ပါသည်။၇
ဤတွေ့ဆုံခန်းကို အပိုင်း ၃ ပိုင်းခွဲခြားနားလည်နိုင်သည်။ပထမဦးစွာ ယောဘ၏ဖြစ်စဉ်အကြောင်းအရာဖွင့်စကားဖြစ်၍သူ့မိတ်ဆွေများက စကားတုန့်ပြန်သည်။ ယောဘက စကားချေပ၍ အခြားမိတ်ဆွေတစ်ဦးက စကားကိုဝင်ကောက်သည်။ ယောဘကသူ့စကားကိုကာကွယ်၍ တတိယမိတ်ဆွေက ဝင်ရောက်ဆွေးနွေးသည်။
သို့ဖြစ်အောက်ပါအတိုင်းလေ့လာနိုင်သည်။
ပထမအချီ
ယောဘ အခန်း ၃
ဧလိဖတ် အခန်း ၄၊၅
ယောဘ အခန်း ၆၊၇
ဗိလဒတ် အခန်း ၈
ယောဘ အခန်း ၉၊၁၀
ဇောဖာ အခန်း ၁၁
ဒုတိယအချီ
ယောဘ အခန်း ၁၂၊၁၄
ဧလိဖတ် အခန်း ၁၅
ယောဘ အခန်း ၁၆၊၁၇
ဗိလဒတ် အခန်း ၁၈
ယောဘ အခန်း ၁၉
ဇောဖာ အခန်း၂၀
တတိယအချီ
ယောဘ အခန်း ၂၁
ဧလိဖတ် အခန်း၂၂
ယောဘ အခန်း ၂၃၊၂၄
ဗိလဒတ် အခန်း ၂၅
ယောဘ အခန်း ၂၆-၃၁
(တတိယအချီတွင် ဇောဖာစကားမချေတော့ပါ)
ယောဘ၏မိတ်ဆွေများ၏ပြောစကားကိုအောက်ပါအတိုင်း အကျဉ်းချုံးနားလည်နိုင်သည်။
ဧလိဖတ်၏စကားသည် “ငါသည်မြင်သည့်အတိုင်း — ဟုအတွေ့အကြုံ၊ အသိအမြင်ပေါ်တွင်အခြေခံသည်။(၄:၈၊၁၅၊၅:၃၊၁၅:၇၊၂၂:၁၉)
ဗိလဒတ်၏စကားသည် ရှေးဝါဒထုံးတမ်းစဉ်လာ(၈း၈)အပေါ်တည်ရှိသည်။ ဤစကားတွင် စကားအလိမ္မာနှင့်စာချိုးများ အခေါက်တရာကြားနေကြသောစကားများလည်တွေ့ရမည်(၉:၁-၃:၁၃:၂)။၈
ဇောဖာစကားသည် ယုတိယုတ္တာကျ၍ တရားဓမ္မဆန်သည်(၁၁:၁၄၊၁၅)။ “လူတိုင်းအတွက် ဘုရားသခင်၏အစီအစဉ်တစ်ခုစီရှိကြောင်းနှင့် ထိုသို့ပြုလုပ်ရခြင်းအကြောင်းလည်းရှိသည်။ အကြံအစည်တော်အတိုင်းပြုလုပ်သည်”၉ ဟုတွေးမြင်သည်။ သူ့အယူအဆသည် တရားဓမ္မဆန်သည်။
ထို့အပြင် လူငယ်ဧလိ၏စကားကြောရှည်သွားပုံကိုလည်း (အခန်း ၃၂-၃၇)တွင်တွေ့ရသည်။ ဘုရားသခင်နှင့်ယောဘအကြား အပြန်အလှန်ပြောဆိုကြပုံ ကိုလည်း (အခန်း ၃၈-၄၂)တွင်တွေ့ရသည်။ ယောဘ၏လေပြေစကားဖြင့်အဆုံးသတ်ထားသည်။
(က) ပထမအချီ(အခန်း ၃-၁၄)
၁။ယောဘ၏မျက်ရည်စကား (အခန်း၃)
၃:၁-၉ ဤအခန်းကို မိမိမွေးနေ့တွင် မပျော်ရွှင်နိုင်သောကျက်သရေမရှိနေ့ရက်ဖြင့် စာမျက်နှာဖွင့်လှစ်သည်။အဘယ်ကြောင့်ဆိုသော် ယောဘက သူ့မွေးရက်ကို ကျိန်တွယ်သည်။ သေချင်ပါလျက်မသေနိုင်ဟု သေခြင်းတရားကို ကောင်းကြီးပေးသည်။ သူကိုယ်တိုင်အပါအဝင်သားယောက်ျားများ ပဋိသန္ဓေတည်ခြင်းကိုလည်း ရမ်းသမ်းကျိန်ဆဲသည်။
၃:၁၀-၁၂ အမိဝမ်းထဲမှ သန္ဓေတည်စဉ်က၊ လူ့ဘဝသို့မွေးဖွားသန့်စင်ကတည်းက မသေရကောင်းလားဟု ငြီးညူသည်။(ထိုသို့ကျိန်ဆို ခြင်းသည် လောကလူသား၊ ယောကျ်ားသားများအား သေစေလိုခြင်းသက်သက်မဟုတ် ခံစားရသောအနာဒုက္ခသက်သာလို သက်သာငြား၊ ဒေါသပေါက်ကွဲခြင်းဖြစ်သည်။ ကိုယ်ဝန်ပျက်ကျ မွေးမွေးခြင်း သေခြင်းသည် ထို့ခေတ်ကာလတွင် နတ်ဆိုးဝင်ခြင်းဟု ခံယူကြသည်။ယနေ့အနောက်တိုင်းတွင် ထိုအတွေးအခေါ်ပြန်လည် ပေါ်ပေါက်လာပြန်သည်။)
၃:၁၃-၁၉ သောကငြိမ်းအေးရာ၊ ယုတ်မြတ်မရွေးရောက်ရှိသောနေရာ သခင့်ဖိစီးမှုအောက်မှ ကျေးကျွန်များလွတ်မြောက်သည့်နေရာဟု သေခြင်းတိုင်းပြည်ကို ယောဘကချီးမွမ်းခန်းဖွင့်သည်။
၃:၂၀-၂၆ ဆင်းရဲဒုက္ခရောက်၍ သေလုမတတ်ဝေဒနာခံစားနေသူကို အဘယ်ကြောင့် အသက်ရှင်ခွင့်ရနေသည်။(သူကိုယ်တိုင်ဖြစ်သည်) သေခြင်းကိုလက်ကမ်း၍တောင့်တနေသော်လည်းမရရှိနိုင်ကြပါလားဟုဆိုသည်။
အပိုဒ်ငယ် ၂၅ သည်ပေါ်လွင်ထင်ရှားသောဂန္တဝင်ကျမ်းစာဖြစ်သည်။
ငါကြောက်သောအမှုသည် ငါ၌ရောက်လာပြီ။ ငါအလွန်ကြောက်သောဘေးသည် ငါ့ကို တွေ့မိပြီ။
ယောဘ၏ စည်းစိမ်ဥစ္စာနှင့်ပျော်ရွှင်သောနေ့ရက်များ လက်လွှတ်ဆုံးရှုးရတော့မည်ဟု ဆိုလိုခြင်းလား။လူကုံထံလူချမ်းသာများ၏ ပြောနေကြစကားလား။ဥစ္စာပစ္စည်းဆုံးရှုံး၍ ဆင်းရဲမှုကြောက်လန့်ခြင်းသည် လူ့ဘဝကိုတိုတောင်းစေပါသည်။ ချမ်းသာခြင်း ကလူ့ဘဝကို လုံခြုံမှုမပေးနိုင်ပါ။ လူ့ဘဝနှင့် စည်းစိမ်ဥစ္စာလုံခြုံရေးကိုဘုရားသခင်တစ်ပါတည်းကလာလျှင်အာမခံနိုင်သည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
8
2
5
Users Today : 4
Users Yesterday : 9
Users This Year : 929
Views Today : 4
Views This Month : 503
Views This Year : 3447"
Our Visitor





