ယောဘ၀တ္ထု-၃၆
ယောဘ၀တ္ထု-၃၆ အနက်ဖွင့်
၃၆:၁-၁၂ ဧလိဟု၏ စတုတ္ထစကားဖြစ်သည်။ ဆင်းရဲဒုက္ခနှင့်ပတ်သတ်၍ ဘုရားသခင်၏ သစ္စာတရားကို အကြေအလည်ရှင်းပြသည်။ ဘုရားသခင်သည် မတရားသော ဒုစရိုက်သမားများနှင့် ဖြောင့်မတ်သောသူများကိုလည်း တရားတော်နှင့်အညီ စီရင်ပါသည်(ငယ် ၇-၉)။ ရှင်ဘုရင်သည် ရာဇပလ္လင်ပေါ်တွင်စိုးစံစေ၍ချုပ်နှောင်ခံထိုက်သူများကိုထောင်နန်းစံစေသည်။ဖြောင့်မတ်သူများ မတရားပြုမှုလုပ်လျှင် လမ်းမှန်ကမ်းမှန်ပြန်ရောက်ဖို့ ဘေးဒုက္ခပေး၍ ဆွဲမသည်။ နာခံခြင်းရှိသူများကို ငြိမ်သက်ချမ်းသာခြင်းပေးသည်။ ဘုရားသခင်ကိုပစ်ပယ်၍ ဖောက်ပြန်ကြလျှင် ကိုယ်အားဓါးဖြင့်မွှန်းတတ်ပါသည်။
၃၆:၁၃-၂၁ ယောဘသည်လည်း အပြစ်ဝန်ခံ၍ နောင်တရလျှင် ဆင်းရဲဒုက္ခ အနာရောဂါသည် ဘဝမှ ဘုရားသခင်က ပြန်လည်ကယ်တင်မည်။ စိတ်ပျက်အားငယ်ခြင်းအား စိတ်နှလုံးရွှင်လန်းစေမည်၊ယခုအတိုင်း မိမိ ကိုယ်ကို လူကောင်းသူမြတ်သူတော်စင်ဟု လူမိုက်များနည်းတူ ဘဝင်လေဟပ်နေလျှင်တရားစီရင်ခြင်းခံစားနေရဦးမည်။ မိုက်လက်စနှင့် ဆက်မိုက်နေလျှင် အနာဆင်းရဲမှ ရွှေးနှုတ်စရာမရှိ။ ကံကြမ္မာဂြိုလ်စီးဥိးမည် ဟုသတိပေးသည်။ (အငယ် ၁၈ သည် လူမိုက်များအားလုံးကို သတိပေးခြင်းဖြစ်သည်။)
၃၆:၂၂-၃၃ ဘုရားသခင်သည် သဗ္ဗုညှတဥာဏ်တော်ရှင်ဖြစ်ကြောင်း ယောဘသိရှိသည်။ မိုးလေဝသ၊ တိမ်တောင် တိမ်လိပ်၊ မိုးကြိုးနှင့် လျှပ်ပစ်ခြင်းမှစ၍ ဘုရားသခင်၏လက်တော်ထဲတွင်ရှိသည်။ ဘုရားသခင်၏ ဉာဏ်ပညာကြီးမားပုံကို လူ့အသိဖြင့်လိုက်မမှီနိုင်။ သို့သော်လူသားများအပေါ် ကျေးဇူးတော် မကုန်ခန်းနိုင်ကြောင်းကို သိရှိနိုင်သည်။ ထိုအကြောင်းကို Andreaseက ဤသို့ဆိုသည်။
တဘက်တွင် လေမုန်တိုင်းထန်၍ ကမ္ဘာလောက လူသားများကို ပျက်စီးအောင် အရေးယူအကြံပေး တတ်သော်လည်း တခြားတဘက်တွင် ကောင်းကြီးမင်္ဂလာ ကြွယ်ဝစွာပေးပါသည်။ ကောင်းကြီး မင်္ဂလာအသီးအပွင့်များ ဝေဆာစွာသီးပွင့်စေသည်။ မတရားသူများ အရေးယူအပြစ်ပေးသော်လည်း နာခံကျိုးနွံသောသားသမီးများအား စဥ်ဆက်မပြတ် ကျေးဇူးတော်ပြုပါသည်။၃၁
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
8
2
7
Users Today : 6
Users Yesterday : 9
Users This Year : 931
Views Today : 6
Views This Month : 505
Views This Year : 3449"
Our Visitor





