ယောဘ၀တ္ထု-၃၃
ယောဘ၀တ္ထု-၃၃ အနက်ဖွင့်
(ခ)ယောဘသို့ ဧလိဟုစကား (အခန်း ၂၂)
၃၃:၁-ရ ယောဘက သူ့စကားအား အလေးထားဂရုစိုက်ရန် “အိုးယောဘ” ဟု ချောင်းဟန့်လိုက်သည်။ ယောဘသည် ဘုရားသခင်ရှေ့တွင် ဖြောင့်မတ်မှန်ကန်သူဖြစ်ကြောင်း သူ့ကိုသူ သက်သေထူလိုသည်။ ယောဘနှင့်ဧလိဟုသည် ဘုရားသခင်က ရွံ့ဆေးဖြင့် ဖန်ဆင်းခြင်းဖြစ်၍ ဘုရားသခင်ရှေ့တွင်ဘဝတူများဖြစ်သည်။ ထိုစကားကို စိတ်ဆိုးခြင်းမရှိပဲ ဟုတ်တိုင်းမှန်ရာစကားတုန့်ပြန်ခိုင်းသည်။ နှစ်ယောက်စလုံး စိတ်မဆိုး ဗွေမယူကြေး ရင်းနှီးပွင့် လင်းစွာပြောဆိုဖို့ စကားစိမ်ခေါ်သည်။
၃၃:၈-၁၈ သူ့တွင့် အပြစ်တစုံတရာမရှိသော်လည်း ဘုရားသခင်က ရမယ်ရှာ၍ သူ့အား အရေးယူ အပြစ်ပေးပါသည်ဟူသော ယောဘ၏ စကားကို မကျေနပ်သဖြင့် ယောဘအားအပြစ်တင်သည်။ ဘုရားသခင်သည် လူထက် ကြီးမြတ်မြင့်မားသည်ဖြစ်၍ ပုံနှိုင်းစရာမဟုတ်။ ထိုသို့ ကြီးမြတ်သော်လည်း လူသားများနှင့်ဆက်ဆံသည်။ အိပ်မက်များဖြင့်၊ ဗျာဒိတ်ရူပါရုံဖြင့်၊ အတိတ်နမိတ်ဖြင့်၄င်း၊ နည်းမျိုးစုံသုံး၍ လူတို့၏မာန်မာနများကို သတိပေးသည်သေခြင်းမှကွယ်ကာသည်။
၃၃:၁၉-၃ဝ လူမမာလူနာများက ရသာမြိန်သောထမင်းကို အော့အန်ချင်သကဲ့သို့ ဘုရားသခင်သည် လူများက မခံချင်မလိုချင်လောက်အောင် ဖျားနားရောဂါစွဲကပ်ခြင်းဖြင့် စကားပြောတတ်ပါသည်။ ကောင်းကင်တမန်တော် (သို့) စေစပ်ငြိမ်းချမ်းပေးသူက သခ်ျိုင်းတွင်းသို့ဝင်တော့မည့်သူအား ရွေးနှုတ်ခပေး၍ ကယ်တင်မည့်အချိန်အခါ (ယုံကြည်ခြင်းသစ္စာရှိလျင်) ရောက်လာချင်ရောက်လာမည်။ ဧလိဟုက ရွေးနှုတ်ခအကြောင်းကိုမရှင်းပြသော်လည်း မိမိကိုယ်ကို ရွေးနူတ်ခအဖြစ်ခံယူသော တပါးတည်းသောသားတော်ကို ရည်ညွှန်းသည် (၁တိ ၂း၆)။ဘုရားသခင်၏အသံတော်ကိုကြား၍ ပြန်ထူးသူသည် ခန္ဓာကိုယ်ကျန်းမာခြင်းနှင့် စိတ်ဝိညာဉ်ချမ်းမြေ့ခြင်းခံစားရသည်။ မိမိအပြစ်ကို ဝန်ခံသူသည် စိတ်ဝိညာဉ် ငြိမ်သက်ခြင်း ခန္ဓာကိုယ်ဝပြောခြင်းနှင့်ပြည့်စုံသည်။ သေခြင်းမှ ကယ်တင်ခြင်းခံရသည်။
၃၃:၃၁-၃၃ ဤပြောသမျှတွင် ယောဘကစကားဝင်စွက်လိုလျှင်ပြောနိုင်သည်။ သို့သောမပြောပဲနေလိုပါက ဧလိဟုစကားဆက်ပြောမည်။ သေချာစွာနားထောင်ပါ။ ငြိမ်သက်ချမ်းသာရ၍ ဉာဏ်ပညာတိုးပွားမည် စကားဆက်ဆိုမည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
8
2
8
Users Today : 7
Users Yesterday : 9
Users This Year : 932
Views Today : 7
Views This Month : 506
Views This Year : 3450"
Our Visitor





