ယောဘ၀တ္ထု-၃၂
ယောဘ၀တ္ထု-၃၂ အနက်ဖွင့်
၃။ဧလိဟုကြားဝင်ခြင်း (အခန်း ၃၂-၃၇)
(က)ယောဘ၏မိတ်ဆွေသုံးဦးသို့ဧလိဟုစကား (အခန်း၃၂)
၃၂:၁-၆ ယောဘနှင့်သူ့မိတ်ဆွေသုံးဦး၏အပြန်အလှန်စကားဆွေးနွေးချက်များ မီးခိုးတိတ်သွားပြီး။ တတိယအချီစကားဇောဖာရောက်ရှိလာကြောင်း ရောက်ရှိလာမည်။ သို့သော် မပြောဖြစ်။ကြားလူ ဖောက်ဝင်လာသောကြောင့်ဖြစ်ပေမည်။
ထိုအခိုက် ပုဇအမျိုးအာရအနွယ်ဝင်ဗာရခေလ၏သားဧလိဟုလူရွယ်သည် ယောဘတို့၏စကား ဖွဲ့ငြင်းခုံသံများကို နားပြင်းကပ်သောကြောင့် စကားဝင်ဖောက်သည်။ ကျမ်းအတတ်ပညာရှင်များက ဧလိဟုကိုယေရှုခရစ်တော် အောင်သွယ်တော်အဖြစ်မြင်ကြသည်။ ယောဘနှင့်သူ့မိတ်ဆွေများ၏စကားရေတင်မရငြင်းခုံချက်များကို အချက်ကျကျ သုတေသနပြုပြီး မိတ်ဖက်ပေါင်းစပ်တည့်မိတ်ပေးသည်။ ခပ်တိုတိုပြောရလျှင် ကြားလူဖြစ်သည်။ လူနှင့်ဘုရားသခင်အကြားငြိမ်းချမ်းပြေလည်အောင် ယေရှုခရစ်တော် စေ့စပ်ပေးသကဲ့သို့ လက်ဆက်ပေးသည်။
အချို့ကျမ်းစာပညာရှင်များကမူ ထိုသို့မမြင် မိမိကိုကိုယ် အထင်ကြီးသူ လူကြီးများအကြားတွင် အလိုက်ကမ်းဆိုးမသိ ဝင်ရောက်လာသော မနူးမနပ်သူငယ်အဖြစ် မြင်သည်။
မည်သို့ဖြစ်သစေ ဧလိဟု (ငါ၏ဘုရားသခင်သည် ထာဝရဘုရားဖြစ်သည်ဟု အနက်ရသည်) ကယောဘအား မိမ်ကိုယ်ကို ဘုရားသခင်ထက် ဖြောင့်မတ်ကြောင်းဆိုလိုသလားဟု အမျက်ထွက်သည်။ လူကြီးသူကောင်း ပီသစွာ ပြောဆိုခြင်းမပြုသောကြောင့် ယောဘ၏မိတ်ဆွေများကို စိတ်ဆိုးသည်။ သူစကားများကို ဆက်လက်ကြည့်ရှုကြပါစို့။
၃၂:၇-၂၂ အသက်အရွယ်ကွာခြားလွန်းသောကြောင့် အစောပိုင်းတွင် ဧလိဟုသည် တစ်ခွန်းမ မဟပဲ တိတ်ဆိတ်စွာနားထောင်နေသည်။ သို့သော် ကြားပြင်းကပ်လာသည်နှင့်အမျှ မအောင့်အီးနိုင်တော့ပဲ ဝင်ဖောက်လိုက်သည်။
လူကြီးများ(အသက်ကြီးသူများ NKJV Morg) သည်အမြဲတမ်းပညာရှိစကားပြောသူများမဟုတ်။ ကြီးပေါ်များလည်းရှိကြသည်။ သို့ကြောင့် လူငယ်လူရွှယ်များတို့သည် ဘုရားသခင်က အသိဉာဏ် ပညာပေးသည် ယောဘ၏စကားကို သူ့မိတ်ဆွေများ ကအချက်ကျကျ မချေပနိုင်။ “အမေး နွားကောင်း အဖြေဘုရားလောင်း” စကားများသာထွက်သည်။ ပြောချင်စရာများ ရင်မှာပြည်၍ လည်ချောင်းထိတစ်ဆို့နေပြီ။ ယောဘမျက်နှာကိုလည်း မထောက် ဘယ်သူကိုမှ မချီးမွမ်းဘဲ ဟုတ်တိုင်းမှန်ရာထွက်ဆိုပါမည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
2
9
Users Today : 6
Users Yesterday : 6
Users This Year : 1033
Views Today : 13
Views This Month : 768
Views This Year : 3712"
Our Visitor





