ယောဘ၀တ္ထု-၂၈
ယောဘ၀တ္ထု-၂၈ အနက်ဖွင့်
၂၈:၁-၁၁ ဤအခန်း၏ အဓိကမင်္ဂလာစကားသည် ငယ် ၁၂ နှင့် ၂ဝ ဖြစ်သည်။
ပညာကို အဘယ်မှာတွေ့ရမည်နည်။
ဉာဏ်သည်အဘယ်ဆီမှာ နေရာကျသနည်း။
လူသည် အဖိုးတန်ကျောက်မျက်ရတနာနှင့် သတ္တုများကို တူးဖော်လုပ်ဆောင်နိုင်စွမ်းရှိသည်။ ဤကျမ်းချက်တွင် လူသည် ထိုအဖိုးတန်ကျောက်မျက်ရတနာများကို တူးဖော်နိုင်စွမ်းရှိသော်လည်း ဉာဏ်ပညာရရှိခြင်း မဟုတ်ဟုဆိုသည်။ ငယ် ၁၃-၁၉ တွင် လူကဉာဏ် ပညာဝယ်ယူရန် ကြိုးစားသော်လည် မရရှိနိုင်ပုံကို၎င်း ငယ် ၂၁-၂၈ တွင်ဘုရားသခင် တပါးတည်းသာလျှင် ညာဏ်ပညာရှိပုံကို၎င်း ရှင်းပြထားသည်။
ရှေးအခါက သတ္တုတူးဖော်ခြင်းသည် ခေတ်နောက်ကျလွန်းသောကြောင့် အသုံးအဆောင်နှင့်လုပ်ကိုင်ပုံများ ဘာသာပြန်ဆိုရန် အခက်အခဲရှိသည်။အထူးသဖြင့်ငယ် ၄ သည် ခက်ခဲသည်။ အင်္ဂလိပ်ကျမ်း မှုများကလည်း အမျိုးမျိုးဖွင့်ဆိုကြသည်။ Anderson က ဟေဗြဲကျမ်းမူကို ကြည့်ရှုု၍ ဘာသာပြန်ကြသည်ဟု ယုံကြည့်ရခက်သည်၂၈ ဟုမှတ်ချက်ချသည်။
ဗိလဒတ်က လူကို “လောက်ကောင်” နှင့်ခိုင်းနှိုင်း၍ ယောဘကပါးနပ်စွာတွင်းတူးသတ္တဝါနှင့် ပုံနှိုင်းထားသည်။
လူ၏မြေအောက်သတ္တတူးဖော်နိုင်ပုံသည် ပါးရည်နပ်ရည်ရှိလှသည်။ သို့သော် မြေကြီးထဲက အသိဥာဏ် ပညာသာဖြစ်သည်။၂၉
၂၈:၁၂-၁၉ ဉာဏ်ပညာသွားသောလမ်းကို လွယ်လင့်တကူမတွေ့နိုင် ဝိဇ္ဇာတို့သွားသောလမ်းသည် မင်းမဟော်လမ်းမတော်မဟုတ်။ ကုန်းမြေပေါ်မှာရှိသကဲ့သို့ ပင်လယ်ရေပြင်တွင်လည်း ရှာမတွေ့နိုင်။ ထောင်ချောက်ဆင်ဖမ်းဆီး၍မရကဲ့သို့ ငွေနှင့်ဝယ်၍လည်းမရနိုင် အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်း၊နီလာ၊ ပတ္တမြား၊ တွင်းထွက်ကျောက်မျက်များထက်မြက်သကဲ့သို့ ရွှေစင်နှင့်လည်းအဖိုးမဖြတ်နိုင်။
၂၈:၂၀-၂၈ ဉာဏ်ပညာနှင့်အလိမ္မာတရား ကိုသက်ရှိလူသားများမမြင်ရ။ ဝှက်ထားသည် ပျက်စီးခြင်းနှင့် သေဆုံးခြင်းကိုသာ ခေါင်းထဲတွင် စွဲမှတ်တတ်ကြသည်။ စင်စစ်ဘုရားသခင်သည် ဉာဏ်ပညာ၏အရင်းအမြစ်ဖြစ်သည်။ ရေသောက်မြစ် ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ထိုအသိဉာဏ်ပညာဟူသမျှသည် ဘုရားသခင် စီစဉ်ပြင်ဆင်ပေးခြင်းဖြစ်သည်။ မကောင်းမှုဒုစရိုက်များကို ရှောင်ကြဉ်ခြင်း သည်လိမ္မာခြင်းဖြစ်၍ ဘုရားသခင်ကို ကြောက်ခြင်းသည် လည်း ဉာဏ်ပညာဖြစ်သည်။
ဘုရားသခင်ကို သိကျွမ်းခြင်းမရှိကြသော်လည်း ဘုရားသခင်သည် လူသားများအား လိုလေးသေးမရှိ အောင်ပြုစုထောက်ပံ့ကြောင်း ဤအခန်းက သွန်သင်ပါသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
2
3
Users Today : 6
Users Yesterday : 2
Users This Year : 1027
Views Today : 18
Views This Month : 755
Views This Year : 3699"
Our Visitor





