ယောဘ၀တ္ထု-၂၆
ယောဘ၀တ္ထု-၂၆ အနက်ဖွင့်
၄။ ယောဘ၏ချေပချက် (အခန်း ၂၆)
၂၆:၁-၄ ပထမဦးစွာ ဗိလဒတ်၏စကားကို ချေပသည်။ ယောဘတွင် အစွမ်းတန်ခိုးမရှိ ခွန်အားမရှိ ဥာဏ်ပညာမရှိရိုးမှန်လျှင် ဗိလဒတ်ကမည်သို့ အကျိုးပြုနိုင်သနည်။ ထိုစကားအရ ဗိလဒတ်၏စကားသည် ယောဘအတွက် အရေမရအဖတ်မရ ကွမ်းစကားဖြစ်သည်။ တန်ဖိုးမရှိ။
၂၆:၅-၁၃ အခန်း ၂၆ သည်ဘုရားသခင်၏ဘုန်းတန်ခိုးကြီးမားပုံ အကြောင်းဖြစ်သည်။ မိုးတိမ်တောင်နှင့် ရေ၊ အလင်းရောင်နှင့် အမှောင်၊ လေမုန်တိုင်းနှင့်ပင်လယ်၊ ကြယ်တာရာ နှင့် နက္ခတ်ဂြိုလ်များ ဘုရားသခင်က ကိုယ်တွယ်စိုးမိုး ပုံများကို ရှင်းပြသည်။
ဗိလဒတ်က ကောင်းကင်ဘုံရှင်ဘုရားသခင်၏ တန်ခိုးကြီးမားပုံကို ဖော်ပြခဲ့သော်လည်း ယောဘစကားသည် ထိုထက်လေးနက်သည်။ ရေအောက် ကမ္ဘာ၊ မရဏနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံထိအောင် သက်ရောက်သည်။
သိပ္ပံပညာရှင်များရာစုအဆက်ဆက် တွေးဆမမှီနိုင်အောင် ကမ္ဘာကြီးကို လွတ်လပ်လဟာပြင်၌ဘုရားသခင်ချိတ်ဆွဲထားသည်။ (စာပေကဗျာဆန်ဆန် ဖော်ပြထားသည် အမှန်စင်စစ် နေဗဟိုပြု အစုအဖွဲအစည်းသွားလာနိုင်မှုဖြစ်သည်။)
အာကာသသိပ္ပံပညာရှင်များနှင့် နက္ခတ္တဗေဒပညာရှင်များ တွေးမမှီနိုင်သောအကြောင်းအရာဖြစ်သည်။ ထိုပညာရှင်များတွင် Newton နှင့် Keppler ကဲ့သို့သောသိပ္ပံပညာရှင်များပါသည်။ သမ္မာကျမ်းစာနှင့် သိပ္ပံပညာ မဟပ်စပ်ဟူသောအယူအဆသည် မဟာအမှားတော်ပုံဖြစ်သည်။ သိပ္ပံပညာဖြင် သက်သေမပြနိုင်သော်လည်း မျက်ဝါးထင်ထင် အမှန်တကယ်တွေ့မြင်နေကြသည်။၂၇
၂၆:၁၄ ဤအမှုအရာများသည် ဘုရားသခင်၏လက်ရာတော် အစွန်းအဖျားအကင်းမျှသာရှိသည်။ ထိုအရာများကို မိန်းမောကြလျှင် မိုးကြိုးထက်ထက်မြက်သောဘုရားသခင်၏အသံတော်ကို မည်သို့ခံယူကြမည်နည်း။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
3
2
Users Today : 0
Users Yesterday : 9
Users This Year : 1036
Views Today :
Views This Month :
Views This Year : 3716"
Our Visitor





