ယောဘ၀တ္ထု-၁၆
ယောဘ၀တ္ထု-၁၆ အနက်ဖွင့်
၂။ယောဘ၏တုန့်ပြန်စကား (အခန်း ၁၆၊၁၇)
၁၆:၁-၅ ဧလိဖတ်၏စကားများကိုတခွန်းမကျန် ယောဘတုန့်ပြန်ချေဖျက်သည်။ “ရေနစ်သူဝါးကူထိုး” သူများဟုတုန့်ပြန်ချေပသည်။ အကယ်၍ယောဘ နေရာတွင် ဧလိဖတ်တို့နေမည်ဆိုလျှင် ယောဘသည် ဧလိဖတ်တို့စကားမျိုးပြောမည်မဟုတ်။ နှစ်သိမ့်အားပေးစကားပြောမည်။
၁၆:၆-၁၄ သို့သော် ယခုကာလတွင် ဘုရားသခင်က ယောဘအား ဘုရားတရားမသိသောသူများဖြင့် ချီနှောင်ပြီး မခံမရပ်အောင် ထိုးဆွနေပြီ။ ခန္ဓာ ကိုယ်အနာရောဂါအပေါ်သို့ စိတ်ညစ်ခြင်းထပ်ပေးနေပြီ။ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာသလား။ မြေနှိမ့်မှာ စိုက်ချင်ကြသလား။ ထိုသို့ဆိုရာတွင်ယောဘသည် ဒုစရိုက်အပြစ်သမားဟုဆိုလိုခြင်းမဟုတ်။
၁၆:၁၅-၂၂ အဝတ်စုတ်ကို ခန္ဓာကိုယ်ပေါ်မှာ ချုပ်လျှက် (တကယ်မချုပ်ပါ ချုပ်ထားသကဲ့သိုကပ်ထားသည်ကိုဆိုလိုသည်။) နေ့ညဉ့်စဉ်ဆက်ဝေဒနာခံစားသည်။ နှစ်သိမ့်အားပေးမည့်မိတ်ဆွေမရှိ အားငယ်နေသဖြင် ပြန်လမ်းမရှိသောလမ်းသို့ သွားပစ်ချင်သည်။
ငယ်၉-၁၉ မှ အချို့ကျမ်းပိုဒ်များကို ဆာလံကျမ်းတွင် မေရှိယသခင်အားရည်ညွန်းရာတွင် ထပ်သုံးထားသည်။ ထို့ကြောင့် ယောဘစကားများသည် သူ့ဘဝဖြစ်စဉ်အား သက်သက်ဖွဲ့ဆိုထားခြင်းမဟုတ်။ ခရစ်တော် ဘုရားခံစားရသည့် ဆင်းရဲဒုက္ခအား နိမိတ်ပြခြင်းဖြစ်ကြောင်း နားလည်ရသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
1
9
Users Today : 2
Users Yesterday : 2
Users This Year : 1023
Views Today : 2
Views This Month : 739
Views This Year : 3683"
Our Visitor





