ဗျာဒိတ်ကျမ်း-၆

တံဆိပ်များ
1သိုးသငယ်သည် တံဆိပ်ခုနစ်ချက်တွင် တစ်ချက်ကိုဖွင့်သောအခါ ငါကြည့်လျှင်၊ မိုးကြိုးသံ မြည်သကဲ့သို့၊ သတ္တဝါလေးပါးတွင် တစ်ပါးက၊ လာ၍ ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။- 2ထိုအခါ ငါကြည့်လျှင်၊ မြင်းဖြူတစ်စီးရှိ၏။ မြင်းစီးသောသူသည် လေးကိုကိုင်၏။ သူ၌သရဖူကို ပေးတော်မူ၏။ အောင်မြင်လျက်လည်းကောင်း၊ အောင်မြင်ခြင်းငှာလည်းကောင်း ထွက်သွား၏။ဇာ၊ ၁:၈၊ ၆:၃၊၆။
3ဒုတိယတံဆိပ်ကို ဖွင့်သောအခါ၊ ဒုတိယ သတ္တဝါက၊ လာ၍ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။- 4ထိုအခါ မြင်းနီတစ်စီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးကရုပ်သိမ်းခြင်းငှာလည်းကောင်း၊ မြေကြီးသားတို့ကို အချင်းချင်း အသေသတ်စေခြင်းငှာလည်းကောင်း အခွင့်ရ၏။ သူ၌ဓားကြီးကို ပေးတော်မူ၏။ဇာ၊ ၁:၈၊ ၆:၂။
5တတိယတံဆိပ်ကိုညဖွင့်သောအခါ၊ တတိယသတ္တဝါက၊ လာ၍ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင် မြင်းနက်တစ်စီးရှိ၏။ မြင်းစီးသောသူသည် ချိန်ခွင်ကိုကိုင်၏။-ဇာ၊ ၆:၂၊၆။ 6သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတစ်ပြားနှင့် ဂျုံဆန်တစ်ခွက်ကိုရ၏။ မုယောဆန် သုံးခွက်ကိုရ၏။ ဆီနှင့်စပျစ်ရည်ကို မပျက်စေနှင့်ဟု ဆိုသည်ကိုငါကြား၏။
7စတုတ္ထတံဆိပ်ကို ဖွင့်သောအခါ၊ စတုတ္ထသတ္တဝါက၊ လာ၍ ကြည့်လော့ ဟုဆိုသည်ကို ငါကြား၏။- 8ထိုအခါငါကြည့်လျှင်၊ မြင်းမွဲတစ်စီးရှိ၏။ မြင်းစီးသောသူသည် မရဏာဟူသောအမည်ရှိ၏။ မရဏာ နိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ၏။ သူသည် မြေကြီး လေးစိတ်တစ်စိတ်ကို အစိုးရ၍ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာ၍သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင်သော အခွင့်ကိုရ၏။ယေဇ၊ ၁၄:၂၁။
9ပဉ်စမတံဆိပျကို ဖှငျ့သောအခါ၊ ဘုရားသခငျ၏ နှုတျကပတျတောျကွောငျ့လညျးကောငျး၊ မိမိတို့ သကျသခေံခကြျကွောငျ့လညျးကောငျး၊ အသသေတျခွငျးကိုခံရသော သူတို့၏ ဝိညာဉျမြားကို ယဇျပလ်လငျအောကျ၌ ငါမွငျ၏။- 10သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာနေသော သူတို့သည် ငါတို့အသွေးကို သွန်းကြသော အပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလပတ်လုံး နေတော်မူမည်နည်းဟု ကြီးမားသောအသံနှင့် ကြွေးကြော်ကြ၏။- 11ထိုသူတို့၌ ဖြူသောဝတ်လုံကို ပေးတော်မူ၏။ သူတို့နည်းတူ အသေသတ်ခြင်းကိုခံရလတ္တံ့သော မိမိ လုပ်ဖော်ဆောင်ဖက် ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့မရောက်မီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အားမိန့်တော်မူ၏။
12ဆဋ္ဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည် အမွေးဖြင့်ရက်သော အဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ ဖြစ်၏။-ဗျာ၊ ၁၁:၁၃၊ ၁၆:၁၈။ ဟေရှာ၊ ၁၃:၁၀။ ယောလ၊ ၂:၁၀၊၃၁၊ ၃:၁၅။ မ၊ ၂၄:၂၉။ မာ၊ ၁၃:၂၄-၂၅။ လု၊ ၂၁:၂၅။ 13သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန်မတန်သော အသီးကြွေသကဲ့သို့၊ ကောင်းကင်ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။-ဟေရှာ၊ ၃၄:၄။ 14မိုးကောင်းကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်းတို့သည် မိမိတို့နေရာအရပ်မှ ရွေ့ကြ၏။-ဗျာ၊ ၁၆:၂၀။ 15လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း၌လည်းကောင်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌လည်းကောင်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊-ဟေရှာ၊ ၂:၁၉၊၂၁။ 16ငါတို့အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကိုဖုံးအုပ်ကြပါ။-ဟော၊ ၁၀:၈။ လု၊ ၂၃:၃၀။ 17အမျက်တော် ထင်ရှားသောနေ့ကြီး ရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆိုကြ၏။

ဗျာဒိတ်ကျမ်း-၆ အနက်ဖွင့်

(ဖွင့်ထားသော တံဆိပ် ()ခု (အခန်း )

          : သိုးသူငယ်က ပထမတံဆိပ်ကို ဖွင့်ချသောအခါ သတ္တဝါလေးထဲမှ တပါးက ယောဟန်အားလာ၍ ကြည့်ရှုလော့ ဟု အော်ခေါ်၏ ၁၅။ မြင်းဖြူစီးသောသူသည် လေးကိုလက်ကကိုင်လျက် ထွက်လာသည်။ ထိုမြင်းဖြူနှင့် လေးသည် ယနေ့သိပ္ပံခေတ် စစ်အေးတိုက်ပွဲကို ဆောင်၍ လေးသည်စစ်သဘောဖြစ်သည်။ သို့သော် လေးပါသော်လည်း မြားမပါသောကြောင့် စစ်အေးတိုက်ပွဲဖြစ်သည်။ တနည်းပြောရလျှင် တနေရာနှင့်တနေရာ အဝေးမှ တိုက်ခိုက်နိုင်သော ဒုံးပျံ၊ တိုက်ချင်းပစ်ဒုံး၊ လက်နက်ကြီးတိုက်ပွဲကို ရည်ညွှန်းသည်။ ထိုမြင်းစီးသူရဲသည်လည်း စင်စစ်တိုက်ပွဲ မဝင်သဖြင့် ဒုတိယတံဆိပ် မရှိမခြင်း၊ ငြိမ်သက်ခြင်း မရှိနိုင်သည့် အဓိပ္ပာယ်သက်ရောက်နေသည်။

          : ဒုတိယတံဆိပ်ဖွင့်သောအခါ အခြားသတ္တဝါ တပါးက လာကြည့်လှည့်ပါဟု ခေါ်ပြန်၏။ မြင်းနီတစီး ထွက်လာသည်။ ထိုမြင်းစီးသူရဲသည် တိုက်ပွဲဝင် ဓားမကြီးကို ကိုင်ဆောင်၏။ ထိုတံဆိပ်သည် အချင်းချင်း တဦးကိုတဦး စစ်တိုက်ရမည့် အကြောင်းဖြစ်သည်။ လောကငြိမ်သက်ခြင်းကို ရုတ်သိမ်းဖို့ ပြင်၏။

          : တတိယ သတ္တဝါကလည်း ခေါ်ပြန်၏။ တတိယတံဆိပ်ဖွင့်သောအခါ မြင်းနက်ကြီးတကောင် ထွက်လာသည်။ မြင်းစီးသူရဲသည် ချိန်ခွင်ကိုင်ထွက်လာသည်။ ချိန်ခွင်၏ အနက်မှာ မကြာခဏ တိုက်ပွဲဖြစ်၍ အငတ်ဘေးကြုံရမည့် နိမိတ် လက္ခဏာဖြစ်သည်။ ထိုသတ္တဝါလေးပါး ပြောသည်ကား ဒေနာရီတပြားနှင့် ဂျုံဆန်တခွက်ကိုရ၏။ မုယောဆန် သုံးခွက်ကိုရ၏။ ဂျုံဆန်နှင့် မုယောဆန်ကို ရောင်းဝယ်ခွင့် ပိတ်ထားခြင်းဖြစ်သည်။ ချိန်ခွင်သည် အလေးတင်းတောင်းချိန်တွယ်ရာ ဖြစ်၍ အငတ်ဘေးစိုက်မည့်အကြောင်းဖြစ်သည်။ ဆီနှင့်စပျစ်ရည်ကို မပျက်စေဖို့ ပြောကြသည်။ အချို့က ထိုအမယ်များသည် မရှိဆင်းရဲသားများအစာ ဖြစ်သည်ဟုဆိုသည်။ အကယ်၍ ထိုရိက္ခာများသည် လုံလောက်သော ဒေသထွက်ကုန်မှန်လျှင် ခြိုးခြံချွေတာခိုင်းမည်။ မည်သို့ပင်ဖြစ်စေ၊ လူကုံတံများ အတွက်မူ ဆန်ရေစပါး၊ စားနပ်ရိက္ခာ ဖူလှုံ လုံလောက်နေပေမည်။

          : စတုတ္ထတံဆိပ်ဖွင့်သည်ကို ကြည့်သောအခါ မြင်းမွဲထွက်လာ၏။ ထိုမြင်းစီးသူရဲ၏ အမည်မှာ မရဏဖြစ်၏။ ထိုမရဏသည် ရုပ်အင်္ဂါနှင့် မရဏကို စိတ်ဝိညာဉ်များဖြင့် ဆက်စပ်၏။ စစ်ပွဲ၊ အငတ်ဆင်းရဲ၊ ရောဂါဆိုးများဖြင့် သားရဲဆိုးပမာ လောကကြီးကို ဖျက်စီး၏။ တီဘီရောဂါပိုးသည် ယခုခေတ်တွင် ဆေးသိပ္ပံပညာက အနိုင်ယူသောကြောင့် မူစရာမလို။ သို့သော်လည်း ထို့ထက်ဆိုးဝါးသော ရောဂါဆိုးများ တမျိုးပြီးတမျိုး၊ ကုမစားနိုင်အောင်ပေါ်ထွက်လာသည်။ ဂျက်လေယာဉ်များဖြင့် သယ်ဆောင်ဖြန့်ဝေသည့်အလား ကမ္ဘာတခွင်တွင် ရောဂါပျံနှံ့သက်သာလျက်ရှိသည်။

          : ဤကျမ်းပိုဒ်တွင်ဘေးဒဏ်ကြီးကာလ၌ ပထမဦးဆုံး မာတုရများ (မ ၂၄:၉)၊ နိုင်ငံတော်ဒေသနာအကြောင်းကို ဟောပြောကြသော ယုဒယုံကြည်သူများနှင့် သက်သေခံချက်ကြောင့် အသက်ပေးခဲ့သူများကို တွေ့ရသည်။ သူတို့ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ တွေ့ရသည်။

          :၁၀ သူတို့အသွေးအတွက် လက်တုံပြန်ပေးရန် အချုပ်အခြာ ဘုရားရှင်တော်အား ဟစ်ကြ၏။ မြေကြီးပေါ်မှာ နေသောသူတို့ဆိုသည်မှာ လောကကြီးကို မိမိအိမ်သဖွယ် မှတ်ယူနေကြသော မယုံကြည်သူများကို ဆိုလိုသည်။

:၁၁ ထိုမာတုရများအား ဖြောင့်မတ်စင်ကြယ်ခြင်း လက္ခဏာ ဖြစ်သော ဝတ်ရုံဖြူပေးထား၏။ ဘေးဒဏ်ကြီးကာလ မာတုရများစုံလင်သည်အထိ စောင့်ဆိုင်းဖို့ ပြောထားရသည်။

          :၁၂၁၃ ဆဠမတံဆိပ်တော်ကို ဖွင့်လှစ်သောအခါ အလွန်တုန်လှုပ် ခြောက်ခြားဖွယ်ရာ တွေ့မြင်ရသည်။ ကုန်းနှင့် ရေပြင်တခုလုံး ငလျင်ကြီးလှုပ်သောကြောင့် မိုးကောင်းကင်ကြယ်များလည်း ဖရိုဖရဲဖြစ်ကုန်သည်။ နေလုံးသည်လည်း မဲမှောင်လျက်၊ လသည်လည်း သွေးခြင်းနီ၏။ ကြယ်များသည်လည်း သင်္ဘောသဖန်း သီးပမာ တဖြုတ်ဖြုတ် ကြွေကြကုန်သည်။

          :၁၄ မိုးကောင်းကင်သည်လည်း ဖျာလိပ်သကဲသို့ လိပ်သွား၏။တောင် တန်းကြီးများနှင့် ရေပေါ်ကျွန်းများသည်လည်း နေရာရွေ့လျားကြ၏။

          :၁၅ လူထုလူတန်းစား အလွှာစုံသည် အလန့်တကြား ထိတ်ထိတ်ပြာဖြစ်ကုန်၏။ ဘုရားသခင်၏ အမျက်ဒေါသဖြစ်ကြောင်း သရှိကြသဖြင့် ပုန်းအောင်းစရာ လှိုဏ်ဂူနှင့် ကျောက်ဆောင်၊ ကျောက်ဂူများ လိုက်ရှာကြသည်။

          :၁၆၁၇ ခိုအေားင်းစရာ ကျောက်ဆောင်၊ လိုဏ်ခေါင်း လိုက်ရှာကြသော်လည်း သိုးသူငယ်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ အပြစ်စီရင်ခြင်းကို ပုန်းရှောင်၍ မရပေ။ သိုးသူငယ်၏ အမျက်ဒေါသပြေစေဖို့ရန် အချိန်နောက်ကျသွားပြီ။

ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။

"

Our Visitor

0 0 1 9 1 7
Users Today : 2
Users Yesterday : 7
Users This Year : 1021
Views Today : 10
Views This Month : 737
Views This Year : 3681
"