ဗျာဒိတ်ကျမ်း-၁၁
ဗျာဒိတ်ကျမ်း-၁၁ အနက်ဖွင့်
(ဆ) သက်သေခံနှစ်ခု (၁၁:၁–၁၄)
၁၁:၁–၂ တဖန် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်းတာရန်နှင့် ဝတ်ပြုကိုးကွယ်သူများအား ရေတွက်ရန် အမိန့်ပေးထားပါသည်။ ဤတိုင်းတာခြင်းဆိုသည်မှာ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ခိုင်းခြင်းဖြစ်သည်။ သူသည် တပါးအမျိုးသားများကို တိုင်းတာရေတွက်ခြင်းမပြု။ အဘယ်ကြောင့်ဆိုသော် ထိုတပါးအမျိုးသားများသည် (၄၂)လုံးလုံး ဗိမာန်တော်ကို နင်းချေကြမည်။ ဘေးဒဏ်ကြီးကာလ၏ နှောင်းပိုင်း (လု ၂၁:၂၄ ကိုကြည့်) ဖြစ်သည်။ ဗိမာန်တော်ဆိုသည်မှာ ဘေးဒဏ်ကြီးကာလတွင် မားမားရပ်နေမည့် ယေရုရှလင် ဗိမာန်တော်ကို ဆိုလိုသည်။ ဝတ်ပြုကိုးကွယ်သူများကို ရေတွက်ခြင်းဆိုသည်မှာ လက်တဆုတ်စာသာရှိသော ကိုးကွယ်သူများအား ကိုယ်တော်တိုင်ပေးဆပ်မည့် အကြောင်းဖြစ်သည်။ ယဇ်ပလ္လင်ဆိုသည်မှာ ခရစ်တော်ပြုခဲ့သော ကရာနီကုန်းတော်အမှုကို ဝန်ခံ၍ ချဉ်းကပ်လာမည့် သူများကို ရည်ညွှန်းပါသည်။
၁၀:၃ ဘေးဒဏ်ကြီးကာလ ဒုတိယပိုင်းမှာ ဘုရားသခင်က သက်သေခံနှစ်ပါး အခွင့်အရေးကိုပေးသည်။ ပူဆွေးခြင်း လက္ခဏာ၊ လျှော်ထေသော အဝတ်ကို ဝတ်လျက် အပြစ်သားများကို တန်ပြန်သော စကားဆိုလျက် ဘုရားသခင်ကြွလာခြင်းကို ကြွေးကြော်ကြေညာမည်။
၁၀:၄ ထိုသက်သေခံနှစ်ပါးကို စွံပလွံပင်နှင့် မီးတိုင်နှစ်ခုဖြင့် နှိုင်းယှဉ်ထားသည်။ စွံပလွံပင်များကို စွံပလွံဆီ (ဝိညာဉ်) ဖြည့်ဆည်းပေးရသည်။ မီးတိုင်ဆိုသည်မှာ မှောင်မိုက်ကာလကို ဘုရားသခင်၏ သမ္မာအလင်းဖြင့် ထွန်းလင်းစေခြင်းဖြစ်သည်။ ( ကျမ်းပြိုင် ဇာ ၄:၂-၁၄)ကိုလည်းကြည့်။
၁၁:၅ သုံးနှစ်ခွဲကာလ၌ သက်သေခံများသည် အံ့သြဖွယ်ကောင်းလောက်အောင် ဖိနှိပ်ခြင်းခံရမည်။ သို့သော် ပါးစပ်မှ ထွက်သော မီးက ရန်သူများကို လောင်မြိုက်သွားမည်။ ဒုက္ခပေးရန် ကြိုးစားသမျှသည်လည်း သေခြင်း အပြစ်ဒဏ်ခံရမည်။
၁၁:၆ ထိုသူများသည် လောကကြီးကို ချယ်လှယ်ခွင့် ရကြသည်။ ရေများကို သွေးဖြစ်စေခွင့်၊ ကမ္ဘာကြီးတခုလုံးကို ရောဂါဆိုးစွဲကပ်ခွင့်ရှိသည်။ ထိုသူများသည် မောရှေ၊ ဧလိယတို့ကဲ့သို့ လုပ်ဆောင်နိုင်သည်မှာ အံ့သြစရာမဟုတ်။ ရေအားသွေးဖြစ်စေခြင်း၊ ပတ်ဝန်းကျင်တခုလုံး အနာရောဂါစွဲကပ်စေခြင်းကို အဲဂုတ္တုပြည်တွင် မောရှေပြုခဲ့ဘူးသည့် (ထွ ၇:၁၄-၂၀၊ ၈:၁၁၊ ၁၂:၉)။ မီးတန်ခိုးနှင့် ရာသီဥတုတန်ခိုးကို ဧလိယ ပြုခဲ့ဘူးသည်။ (၃ ရာ ၁၇:၁၊ ၁၈:၄၁-၄၅၊ ၅ရာ ၁:၉-၁)
ထိုအကြောင်းကို Mc Conkey ကဤသို့ဆိုသည်။
လူ့အပြစ်ဗလဗွနှင့် အုတ်အော်သောင်းနင်း ရှိခိုးဝတ်ပြု ရန်ရောက်ရှိလာခြင်းကို သတိပေးထားသည်။ တိုတောင်းသောကာလတွင် အောင်ပွဲခံမည့် အကြောင်းကိုလည်း သတိပေးထားသည်။ ခရစ်တော်ရောက်လာ၍ ဖျက်ဆီးမည့်အကြောင်း၊ ဘေးဒဏ်ကြီးကာလ ကျရောက်တော့်မည့်အကြောင်း ၊ သေခြင်းနှင့် ရှင်ခြင်း ခွဲခြားချိန်ရောက်တော့မည်ဖြစ်၍ လူ့လိုအင်ဆန္ဒများ ဖြည့်ဆီးနေရန် မဟုတ်ကြောင်း၊ လူ့ဇာတိကိုယ်ခန္ဓာကို သေစေနိုင်သော အရာများကို ကြောက်စရာမလို၊ ဝိညာဉ်သေစေနိုင်သော အရာကိုသာ စိုးရိမ်ရန်လိုကြောင်း ထိုအရှင်သခင်နှင့် နိုင်ငံတော်သည်မကြာခဏ ကာလတွင်ရောက်လာမည်ဖြစ်ကြောင်း၊ ကိုယ်တော်အတွက်ခံစားရသော ဆင်းရဲဒုက္ခများသည် ကိုယ်တော်နှင့်အတူ အသာစံရမည့်အရေးဖြစ်ကြောင်း၊ ထာဝရ ငြိမ်သက်ခြင်း၊ ဖြောင့်မတ်စင်ကြယ်ခြင်း၊ ကောင်းကြီးမင်္ဂလာများကို အဆုံးတွင် ခံစားရမည့်အကြောင်း၊ ညှဉ်းပန်းနှိပ်ခြင်းကာလတွင် ခံစားရသောမာတုရများသည်လည်း အဖိုးအခ ရမည့်အကြောင်း သတိပေးထားသည်။ ဘုန်းတန်ခိုးနှင့် ပတ်သက်၍ လုပ်ဆောင်ချက်များကို ကျမ်းစာက သက်သေခံထားသည်။၂၂
၁၁:၇ သက်သေခံပြီးကြသောအခါ တွင်းနက်ကြီးထဲက ပေါ်ထွန်းလာသော သားရဲကသူတို့ကို သတ်လိမ့်မည်။ ထိုသားရဲသည် ၁၃:၈ တွင်ပါရှိသည့် ရောမအင်ပါယာ၏ ဦးခေါင်းဖြစ်ဟန်တူသည်။
၁၁:၈ သက်သေခံသူများ၏ အလောင်းကောင်များသည် ယေရုရှလင်မြို့လမ်းမပေါ်တွင် သုံးရက်ခွဲတိုင်အောင် ရှိနေမည်။ ယေရုရှလင်ကို ဤနေရာတွင် သောဒုံမြို့ဟုခေါ်သည်။ သူ၏မာန၊ တင်းတိမ်ကျေနပ်မှု၊ ပေါ့ပေါ့ဆဆ သဘောထားမှုနှင့် အခြားမိမိဆန္ဒကိုသာ အလိုလိုက်မှု ဂ(ယေဇ ၁၆:၄၉ ကိုလည်းကြည့်) တို့ကြောင့် သမုတ်ခြင်းဖြစ်သည်။ ရုပ်တုဆင်းတု ကိုးကွယ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် ကျွန်ပြုမှု၊ မတရားမှုများတို့ကြောင့် အဲဂုတ္တုပြည်ဟုလည်းခေါ်ကြသည်။
၁၁:၉ တိုင်းနိုင်ငံသားများက အလောင်းကောင်များကို လာရောက်ကြည့်ရှုကြသော်လည်း မီးသင်္ဂြိုဟ်ခွင့်မရှိကြ။ သူတို့ ရိုးရာထုံးတမ်းစဉ်လာအတိုင်း လုပ်ဆောင်ခွင့် မရှိကြ။
၁၁:၁၀ သူတို့ မလိုလားသော ထိုပရောဖက်များ မရှိတော့သောကြောင့် လူအများသည် ပျော်ရွှင်မြူထူးလျက် အချင်းချင်းလက်ဆောင်ပေးကြမည်။
၁၁:၁၁–၁၂ သုံးရက်ခွဲရောက်သောအခါ ထိုသူများကို ဘုရားသခင်က ထမြောက်စေမည်။ သူတို့ရန်သူများ အထိတ်တလန့်ဖြစ်အောင် သူတို့ရန်သူများမြင်ကွင်းတွင် ကောင်းကင်သို့ ချီဆောင်သွားမည်။
၁၁:၁၃–၁၄ ထိုအချိန်တွင် မြေငလျင်ကြီးတုန်လှုပ်သောကြောင့် ယေရုရှလင်မြို့ရိုးကြီးသည် ဆယ်ပုံတပုံ ပြိုလဲသည်။ လူပေါင်းခုနှစ်ထောင် သေကြေပျက်စီးသည်။ အချို့က ဘုရားသခင်ကို ချီးမွမ်းကြသည်။ သို့သော် ဝတ်ပြုကိုးကွယ်ခြင်းမဟုတ်၊ ဒုတိယ အမင်္ဂလာ ကျော်လွန်ပြီးသောကြောင့် ချီးမွမ်းကိုးကွယ်ခြင်းဖြစ်သည်။
ထိုစကားသည် ၈:၁၃ မှ ၁၁:၃၀ ပါအရာခပ်သိမ်းများနှင့် မရောထွေးစေလိုပါ။ အခန်း ၁၀နှင့်၁၁:၁-၃ သည် ဒုတိယ အမင်္ဂလာနှင့် တတိယအမင်္ဂလာအကြား စကားညှပ်ဖြစ်သည်။
(ဇ) သတ္တမမြောက် တံပိုး (၁၁:၁၅ –၁၉)
၁၁:၁၅ သတ္တမမြောက် တံပိုးမှုတ်သောအခါ ဘေးဒဏ်ကြီးကာလ ပြီးမြောက်၍ ခရစ်တော် နိုင်ငံတော် စတင်တည်ထောင်ကြောင်း ကြွေးကြော်သံထွက်လာသည်။ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ၊ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ၊ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူပြီဟု ပြောဆိုကြ၏။
၁၁:၁၆–၁၇ အသက်ကြီးသူနှစ်ဆယ် လေးပါးတို့သည် ဘုရားသခင်ရှေ့မှောက်တော်တွင် ပြပ်ဝပ်ကိုးကွယ်ကြလည်း ထာဝရဘုရားသခင်ကိုယ်တော်၏ မဟာတန်ခိုးတော်ဖြင့် စိုးစံတော်မူသောကြောင့်တည်း။
၁၁:၁၈ မယုံကြည်သောနိုင်ငံသားများသည် ဒေါသများထွက်လျက် ကိုယ်တော်မြတ်၏ နန်းတက်ဘိသိက် မင်္ဂလာကို ဟန့်တားရန် ကြိုးပမ်းကြသည်။ သို့သော်လည်း သခင်ဘုရား၏ မင်္ဂလာအချိန် ကျရောက်ပြီးဖြစ်သောကြောင့် ဘယ်အရာကမှ တားဆီးနိုင်စွမ်းမရှိ။ ဝိညာဉ်ရေးရာ အသက်တာမရှိ သူများအားလုံး ပျက်စီးခြင်းသို့ ရောက်ကြကုန်သည်။ ပရောဖက်များ၊ သန့်ရှင်းသူများ၊ ချစ်ကြောက်ရိုသေသော အကြီးငယ်များအား ဆုလက်ဆောင်ပေးရသောအခါ သမယရောက်နေသည်။
၁၁:၁၉ ဘုရားသခင်သည် ဣသရေလများသို့ တခါပြုဘူးသော ကတိတော်ကို မမေ့ပြစ်ပါ။ ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကိုဖွင့်၍ ပဋိညာဉ် သေတ္တာတော်ထင်ရှားသော အခါ ဣသရေလအမျိုးသား တို့ပြုထားသော ကတိတော်သည်လည်း ပေါ်ထွန်းပြည့်စုံလာသည်။ လျှပ်စစ်ပျက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ မြေလှုပ်ခြင်း၊ မိုးသီးလုံးကြီ:များ ကျလာသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
1
7
Users Today : 2
Users Yesterday : 7
Users This Year : 1021
Views Today : 10
Views This Month : 737
Views This Year : 3681"
Our Visitor





