ဓမ္မရာဇဝင်ပဌမစောင် - ၉
ဓမ္မရာဇဝင်ပဌမစောင် - ၉ အနက်ဖွင့်
၉:၁–၁၄ ဗင်္ယာမိန်အမျိုး ကိရှ၏သားရှောလုတွေ့ရသည်။ ကိရှ၏သားရှေလုနှင့်အဖော်များသည် ဖခင်၏မြည်းများကိုတောထဲ၌ လိုက်ရှာကြသည်။ ရှာမတွေ့ကြသဖြင့် ရွာနီးချုပ်စပ်ရှိ အကြားအမြင်ပေါက်ဆရာ၊ ဘုရားသခင်၏လူထံ သွားရောက်မေးမြန်းရန် တိုင်ပင်ကြသည်။ မြင်ဆရာအား ပေးရန်လည်း လက်ထဲတွင် ပိုက်ဆံတစ်မတ်သာရှိသည်။ ရွာနားရောက်သောအခါ ရေခပ်သူမ ကညာပျိုတစ်စုကို မေးမြန်းပြီး ရှမွေလအိမ်ဘက်သို့ သွားကြသည်။ ထိုနေ့ရက်သည် ဘာသာရေးပွဲနေ့ရက်ဖြစ်သဖြင့် ပွဲတော်မသွားမီ တွေ့ဆုံခွင့်ရရန် အပြေးအလွှားသွားကြသည်။ ရှမွေလကလည်း ထိုသူများရောက်လာမည့်အကြောင်း အာရုံပေါ်သဖြင့် ကုန်းမြင့်ပေါ်မှ ဆီးကြိုလိုက်သည်။
၉:၁၅–၂၁ ထို့နေ့ရက်မတိုင်မီတွင် ဣသရေလရှင်ဘုရင်ချီးမြှောက်မည့်သူအား ဘုရားသခင်က ရှမွေလသို့ ဗျာဒိတ်ပေးထားပြီးဖြစ်သည်။ ယခုရှမွေလရှေ့တွင် ရှောလုရောက်ရှိလာပြီ။ သို့သော် ရှမွေလက တည့်တိုးမပြောပါ။ ပထမဦးစွာ ထမင်းအတူတူစားဖို့ ဖိတ်ခေါ်သည်။ မြင့်သောနေရာဆိုသည်မှာ များသောအားဖြင့် ရုပ်တုကိုးကွယ်သူများ ခေါ်ဝေါ်လေ့သုံးနှုန်းလေ့ရှိသော အထက်ပစ္စယံဖြစ်သည်။ ဤနေရာတွင်မူ ယေဟောဝါဘုရား ရှေ့တော်ရှိ သန့်ရှင်းစင်ကြယ်သောနေရာဟု နားလည်ရသည်။ ထို့နောက် နောက်တစ်နေ့ နံနက်တွင် မင်္ဂလာသတင်းကြားသိကြမည့်အကြောင်း၊ ဖခင်၏ပျောက်သောမြည်းများလည်း တွေ့ရှိပြီဟု မှတ်ဖို့ပြောပြလိုက်သည်။ ရှောလုသည် ခွန်အားဗလတောင့်တင်း၍ ရုပ်ဆင်းအင်္ဂါချောမောပြေပြစ်သူဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ရှိသူဖြစ်သည်။ ရှောလုက ဗင်္ယာမိန်အမျိုးသည် ဣသရေလအမျိုးတွင် အငယ်ဆုံးသော ခွန်အားအသေးဆုံး လူမျိုးဖြစ်၍ မည်ကဲ့သို့ဖြစ်ရမည်နည်းဟု ဆိုသည်။ ဗင်္ယာမိန်အမျိုးသည် ဆိုးညစ်မိုက်မဲသောကြောင့် လူဦးရေ ၆၀၀ လျှော့နည်းသွားခဲ့ကြသည်။ (သူကြီး ၂၀)။
၉:၂၂–၂၇ ညစာပွဲတော်တွင် ရှမွေလက ရှောလုအား အမြင့်တွင်ထိုင်စေပြီး၊ မိုးခိုသားဖြင့် ဂုဏ်ပြုသည်။ ထို့နေ့ညတစ်ညဉ့်လုံးရှမွေလက ရှောလုအား စကားရှည်ကြီးပြောသည်။ နောက်တစ်နေ့ နံနက်ခင်းတွင် ရှမွေလက ရှောလုအား လိုက်လံပို့ဆောင်စဉ် မြို့အတွင်းတွင် ဘုရားသခင်၏ ဗျာဒိတ်တော်အား ပြောပြသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
4
Users Today : 4
Users Yesterday : 8
Users This Year : 1548
Views Today : 14
Views This Month : 255
Views This Year : 5280"
Our Visitor





