ဓမ္မရာဇဝင်ပဌမစောင် - ၈

ဣသရေလတို့ရှင်ဘုရင်တောင်းဆိုခြင်း
1ရှမွေလသည် အသက်ကြီးသောအခါ၊ မိမိသားတို့ကို ဣသရေလအမျိုး၌ အုပ်စိုးရသောအခွင့်နှင့် ခန့်ထား၏။ 2သားဦးအမည်ကား ယောလ၊ ဒုတိယသားအမည်ကား အဘိရတည်း။ ထိုသူတို့သည် ဗေရရှေဗမြို့၌ တရားသူကြီးလုပ်ကြ၏။ 3သို့ရာတွင် အဘလမ်းသို့မလိုက်။ ငွေကိုတပ်မက်သောစိတ်နှင့် လွဲသွား၍ တံစိုးစားလျက် တရားကိုဖျက်ကြ၏။ 4ထိုအခါ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် စည်းဝေး၍၊ ရှမွေလရှိရာအရပ် ရာမမြို့သို့လာပြီးလျှင်၊ 5ကိုယ်တော်သည် အသက်ကြီးပါ၏။ ကိုယ်တော်၏သားတို့သည် ကိုယ်တော်လမ်းသို့ မလိုက်ကြပါ။ လူမျိုးအပေါင်းတို့၏ ထုံးစံရှိသည်အတိုင်း အကျွန်ုပ်တို့ကို အုပ်စိုးရသောရှင်ဘုရင်ကို ချီးမြှောက်ပါလော့ဟု လျှောက်ကြ၏။တရား၊ ၁၇:၁၄။ 6ထိုသို့ အကျွန်ုပ်တို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ပေးပါလော့ဟု လျှောက်သောအမှုကို ရှမွေလသည် မနှစ်သက်သောကြောင့် ထာဝရဘုရားအားဆုတောင်းလေ၏။ 7ထာဝရဘုရားကလည်း၊ သင့်အား လူများတို့ပြောဆိုသမျှသော စကားကို နားထောင်လော့။ သူတို့သည် သင့်ကိုသာမပယ်၊ ငါသည် သူတို့ကိုမအုပ်စိုးစေခြင်းငှာ ငါ့ကိုလည်းပယ်ကြပြီ။ 8သူတို့ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့သောနေ့မှစ၍ ယနေ့တိုင်အောင် ငါ့ကိုစွန့်၍ အခြားတစ်ပါးသော ဘုရားတို့ကို ဝတ်ပြုသဖြင့် ကျင့်မိသမျှသော အကျင့်အတိုင်း သင်၌လည်းပြုကြ၏။ 9ယခုမှာ သူတို့စကားကို နားထောင်လော့။ သို့ရာတွင် သတိပေး၍ သူတို့ကိုအုပ်စိုးသော ရှင်ဘုရင်၏ထုံးစံကို ပြလော့ဟု မိန့်တော်မူ၏။
10ရှမွေလသည်လည်း၊ ရှင်ဘုရင်ကို တောင်းသောသူတို့အား ထာဝရဘုရား အမိန့်တော်ရှိသမျှကို ပြန်ပြော၍၊ 11သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်၏ထုံးစံဟူမူကား၊ သင်တို့သားများကိုယူ၍ မိမိရထားထိန်း၊ မြင်းထိန်းအရာ၌ ခန့်ထား၍၊ အချို့တို့သည်လည်း သူ၏ရထားရှေ့မှာ ပြေးရကြမည်။ 12လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အရာ၌ ခန့်ထား၍၊ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်း၊ စစ်တိုက်တန်ဆာ၊ ရထားတန်ဆာကိုလုပ်ခြင်းအမှုများကို ဝေဖန်လိမ့်မည်။ 13သင်တို့သမီးများကိုလည်း ယူ၍၊ ခဲဖွယ်စားဖွယ်တို့ကို ပြင်ဆင်စေခြင်းငှာလည်းကောင်း၊ စားတော်ကဲ၊ မုန့်သည် ဖြစ်စေခြင်းငှာလည်းကောင်း ခန့်ထားလိမ့်မည်။ 14သင်တို့လယ်ကွက်၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ် အကောင်းဆုံးတို့ကိုယူ၍ မိမိကျွန်တို့အား ပေးလိမ့်မည်။ 15သင်တို့မျိုးစေ့ စပျစ်သီး ဆယ်ဖို့တစ်ဖို့ကိုယူ၍ သူ၏အရာရှိ အမှုထမ်းတို့အား ပေးလိမ့်မည်။ 16သင်တို့ကျွန်၊ ကျွန်မ၊ အကောင်းဆုံးသော လုလင်၊ မြည်းများကိုယူ၍ သူ၏အမှုကို လုပ်ကိုင်စေလိမ့်မည်။ 17သင်တို့သိုးစု ဆယ်ဖို့တစ်ဖို့ကိုလည်းယူ၍ သင်တို့သည် သူ၏ကျွန်ခံရကြမည်။ 18သင်တို့ရွေးယူသော ရှင်ဘုရင်ကြောင့်၊ ထိုနေ့၌ သင်တို့ အော်ဟစ်သော်လည်း၊ ထာဝရဘုရားသည် နားထောင်တော်မမူဟု သတိပေးလေ၏။ 19သို့သော်လည်း လူများတို့က၊ မဟုတ်ပါ။ အုပ်စိုးသော ရှင်ဘုရင်ကို လိုချင်ပါ၏။ 20အကျွန်ုပ်တို့သည် တစ်ပါးအမျိုးသားအပေါင်းတို့နှင့် တူမည်အကြောင်း အကျွန်ုပ်တို့ကို အုပ်စိုးသော ရှင်ဘုရင်ရှိရမည်။ အကျွန်ုပ်တို့ရှေ့မှာထွက်ကြွ၍ စစ်တိုက်ရမည်ဟု ရှမွေလ၏စကားကို နားမထောင်ဘဲ ဆိုကြ၏။ 21ထိုသူတို့၏ စကားများကို ရှမွေလသည်ကြားလျှင်၊ ထာဝရဘုရားရှေ့တော်၌ လျှောက်လေ၏။ 22ထာဝရဘုရားကလည်း၊ သူတို့စကားကိုနားထောင်၍ သူတို့အဖို့ ရှင်ဘုရင်ကို ချီးမြှောက်လော့ဟု မိန့်တော်မူသဖြင့်၊ ရှမွေလက၊ သင်တို့အသီးအသီး နေရာမြို့ရွာသို့ ပြန်သွားကြလော့ဟု ဣသရေလလူတို့အား ပြောဆိုလေ၏။

ဓမ္မရာဇဝင်ပဌမစောင် - ၈ အနက်ဖွင့်

၃။ ဖိလိတ္တိတို့ကို အောင်နိုင်ခြင်း (:၃၂)

          : ဧဖရိမ်လူများက ဂိဒေါင်အား မိဒျန်ရန် မတိုင်မီ ကြိုတင်အကြောင်းမကြားရကောင်းလားဟု အပြစ်တင်ကြသည်။ သို့သော်လည်း မိဒျန်ခေါင်းဆောင်နှစ်ယောက်ကို ဖမ်းဆီးမိခြင်းဖြင့် ကျေးဇူးများပါပေသည်ဟု လေပြေသွေးသောအခါ စိတ်ကြည်အေးသွားကြသည်။ အပိုဒ်ငယ် ၂တွင် ပါရှိသည် အဗျေဇာသည် ဂိဒေါင်နှင့် သူ၏လူများကို ရည်ညွှန်းသည်။

: ဂိဒေါင်နှင့်စစ်သည်တော်သုံးရာတို့သည် ထမင်းရေစာ ဆာလောင်ကြသဖြင့် သုကုတ်များထံမှ တောင်းခံသည်။ သုကုတ်များကလည်း မိဒျန်ဘိုးဘေးရန်ကြောက်သဖြင့် မပေးရဲကြ။ ဂိဒေါင်သည် စိတ်ချောင်းချောင်းထလျက် ဇေဘဟနှင့် ဇာမုန္နခေါင်းဖြတ်ပြီးသောအခါ သုကုတ်တို့၏ ကျောကုန်းများကို နှစ်ခြမ်းကွဲအောင် ဆူးခက်များဖြင့် ရိုက်ပစ်ဦးမည်ဟု ကြုံးဝါးခဲ့သည်။

: ပေနွေလသားများကလည်း ဂိဒေါင်တို့၏ထမင်းတစ်စုတ် ရေတစ်မှုတ်တောင်းခံခြင်းကို ပယ်ချကြသည်။ ဂိဒေါင်က အောင်ပွဲနှင့်အတူပြန်လာပြီးသောအခါ သင်တို့ မြို့ရိုးမျှော်စင်များကို ဖြိုလဲပစ်ဦးမည်ဟု ဆိုခဲ့သည်။

:၁၀၁၇ ဂိဒေါင်သည် ယုံကြည်ရာစကားအတိုင်း အောင်မြင်သည်။ မိဒျန်ဘုရင်နှစ်ပါးကို ဖမ်းဆီးကွပ်မျက်သည်။ သုကုတ်မြို့သားသူငယ် တစ်ယောက် စစ်ပေးချက်အရ သုကုတ် အကြီးအကဲ(၇၀)ကိုလည်း ဖမ်းဆီးသည်။ ဇေဘဟနှင့် ဇာလမုန္နတို့၏ ဦးခေါင်းမြင်ရပြီ မဟုတ်လားဟု ဆိုကာ ကျောကုန်းများကို တဗျမ်းဗျမ်းရိုက်ပစ်သည်။ ထိုအကြောင်းကို Cohen က ဤသို့ဆိုသည်။

ထိုအပြစ်ဒဏ်ပေးရသည့် ပုံစံသည် ပလေတိုး၏ ‘သမ္မတနိုင်ငံတော်‘ စည်းမျဉ်းအတိုင်း လူဆိုးတို့အား ပညာပေးခြင်း ဖြစ်သည်။

Rabbis Kimchi နှင့် Rashi က ဤသို့ရှုမြင်ထားကြသည်။ အခြားသူများ စံနမူနာရယူနိုင်အောင် အင်္ကျီချွတ်၍ ကျောပြင်ကို ဆူးပင်ဖြင့် ရိုက်နှက်သည်။

ပေနွေလကိုလည်း ကြုံးဝါးခဲ့သည့်အတိုင်း မြု့ရိုးပြရိုးများကို ဖြိုဖျက်ပစ်သည်။ မြို့သူမြို့သားများကိုလည်း သုတ်သင်ချေမှုန်းပစ်သည်။

ခက်ထန်သောစကားသည် ဒေါသအမျက်မီးမွှေးသော်လည်း နူးညံ့သိမ်မွေ့သော စကားသည် အမျက်ဒေါသကို အရည်ပျော်ပါသည်(သု ၁၅:)။ အပိုဒ်ငယ် ၁-၃ တွင် ပါရှိသည့် ဂိဒေါင်နှင့် ဧဖရိမ်တို့၏ ပဋိပက္ခ စကားနှင့် ယှဉ်ဖတ်ပါ။ အပိုဒ်ငယ် ၄-၁၇ တွင် ပါရှိသည့် သုကုတ်နှင့် ပေနွေလတို့၏ စကားများသည်လည်း ထိုကျမ်းစကားအတိုင်း ဖြစ်သည်။

:၁၈၂၁ ဇေဘဟနှင့် ဇာလမုန္န တို့သည်ဂိဒေါင်၏ညီအစ်ကိုများအား ဟာဇော်မြို့တွင် သတ်ဖြတ်ခဲ့ကြဖူးသည်။ ထို့ကြောင့်ဂိဒေါင်သည် သားကြီးလေသာအား ထိုလူနှစ်ယောက်ကို သတ်ခိုင်းသည်။ လေသာ သည် ငယ်ရွယ်သူ ဖြစ်သောကြောင့် မသတ်ရဲ။ ထို့ကြောင့် ဂိဒေါင်ကိုယ်တိုင် လက်ပါရသည်။

:၂၂၂၃ ဂိဒေါင်၏ လက်ရုံးရည်၊ နှလုံးရည် အစွမ်းသတ္တိကို သဘောကြသောကြောင့် ဣသရေလ ပရိသတ်ကြီးက မင်းအဖြစ်တင်မြှောက်ကြသည်။ ဘုရားသခင်အစား လူကိုချီးမွမ်းကိုးစားကြပြီလေ (၇:၂ နှင့် ယှဉ်ဖတ်ပါ)။ သို့သော်လည်း ဂိဒေါင်သည် စိတ်သဘောရင်းအတိုင်း ငြင်းပယ်သည်။ သူလည်းမလုပ်၊ သူ့သားများလည်းမလုပ်ရ။ ဘုရားသခင်တစ်ပါးကသာလျှင် ဣသရေလ လူများကို အုပ်ချုပ်ရသည်ဟု ဆိုသည်။

:၂၄၂၇ စုံစမ်းခြင်းတခုအောင်မြင်ကျော်လွှားသွားကြသော်လည်း စုံစမ်းခြင်းတမျိုးပေါ်လာပြန်သည်။ မိဒျန်တို့ထံမှ သိမ်းဆည်းရမိသော ရွှေနားဋောင်းများကို သိမ်းဆည်းသည်။ (မိဒျန်းလူများကိုဣသမေလဟု လည်းသိကြသည်။ ထွ ၃၂:၁-၆ နှင့် ယှဉ်ဖတ်ပါ)။ ဂိဒေါင်သည် ထိုသိမ်းဆည်းရမိသောရွှေများဖြင့် ယဇ်ပုရောဟိတ်ဝတ်ရုံကဲ့သို့သော သင်တိုင်း ပြုလုပ်သည်။ ထိုဝတ်ရုံကို သြဖရ အရပ်တွင် ထား၍ ကြည့်ရှုကိုးကွယ်လာကြသဖြင့် ရုပ်တုသဖွယ်ဖြစ်လာသည်။ ဂိဒေါင်သည် ရှင်ဘုရင်ရာထူးကို လက်မခံ ငြင်းပယ်သော်လည်း  ယဇ်ပုရောဟိတ် ရာထူးကို မက်မောတမ်းတသည်။

:၂၈၃၂ မိဒျန်တို့အား နှိမ်နင်းအောင် မြင်ပြီးသောအခါ ဣသရေလတို့သည် နှစ်ပေါင်း(၄၀)ကြာ ငြိမ်းချမ်းသာယာကြသည်။

ဂိဒေါင်အကြောင်း မှတ်သားဖွယ်ရာများမှာ မိန်းမအများအပြားရှိ၍ သား(၇၀) ရှိသည်။ ရှေခင် အရပ်ရှိ မယားပြိုင်က အဘိအလတ် ဟူသော သားတစ်ယောက် မွေးဖွားပေးသည်။

ဤအခန်းတွင် ဂိဒေါင်၏ ပင်ကိုယ်အကျင့် လက္ခဏာ (၂) မျိုးတွေ့ရသည်။ မလျှော့မနစ်သော ဇွဲလုံ့လဖြင့် မိဒျန်တို့နောက်သို့ ထပ်ချပ်မကွာ လိုက်လံချေမှုန်းခဲ့သည်။ ရည်မှန်းချက်ကို မမှိတ်မသုန် ကျေပွန်အောင် ထမ်းဆောင်သည်။ မောဟိုက်ပင်ပန်းခြင်း၊ အဓိကရည်မှန်းချက် ပြီးမြောက်ခြင်း၊ လုပ်ဖော်ဆောင်ဘက် အတိုင်ပင်ခံမဲ့ခြင်း ရှိသော်လည်း ဣရှမေလမင်းများ ဖမ်းဆီးနင်းချေသည့်တိုင်အောင် ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် လုပ်ဆောင်ခဲ့သည်။ သူ့လမ်းစဉ်ကိုလိုက်၍ ရှင်ပေါလုက ဝိညာဉ်တိုက်ပွဲဆင်နွှဲရမည့်အကြောင်း (ဖိ ၃၁:၁၂-၁၄)တွင် ဆိုထားသည်။

ဒုတိယသင်ခန်းစာ ဣရှမေလများထံမှ သိမ်းဆည်းရမိသော ရွှေနားတောင်းများ သိမ်းဆည်းခြင်း ဖြစ်သည် (ငယ်၂၄)။ ထိုလုပ်ဆောင်ချက်သည် ဂိဒေါင်အမျိုးအား ထောင်ချောက်ဖြစ်စေသည်။ အာဗြဟံ၏ ပြုမူလုပ်ဆောင်ချက်နှင့် ဖီလာဆန့်ကျင်သည် (က ၁၄:၂၁-၂၄)။ အတုယူရမည့်အချက်များနှင့် ရှောင်ရှားရမည့် သင်ခန်းစာများဖြစ်သည်။

(အဘိမလက် မတရားသိမ်းပိုက်ခြင်း (:၃၃:၅၇)

          :၃၃၃၅ ဂိဒေါင် အနိစ္စရောက်ပြီးများမကြာမှီကာလတွင် ဣသရေလတို့သည် ဗာလဘုရားဘက်သို့ ဦးလှည့်ကိုးကွယ်ကြပြန်သည်။ ဣသရေလတို့အား ကယ်နှုတ်သည့် အမျိုးသားသူရဲကောင်းကြီးကို မေ့ပစ်လွယ်လိုက်လေခြင်း။ လူထံမှရရှိသော ကျေးဇူးထက် ဘုရားသခင်ထံတော်ပါးမှ ရရှိခံစားသော ကျေးဇူးတော်ကို ပိုမိုအောက်မေ့သင့်ပါသည်။ ကျေးဇူးမေ့လျော့ခြင်းသည် ရှက်ဖွယ်ရာဖြစ်သည်။

ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။

"

Our Visitor

0 0 2 4 3 2
Users Today : 7
Users Yesterday : 9
Users This Year : 1536
Views Today : 44
Views This Month : 215
Views This Year : 5240
"