ဓမ္မရာဇဝင်ပဌမစောင် - ၅

ဖိလိတ္တိတို့လက်သို့ရောက်သောပဋိညာဉ်သေတ္တာ
1ဖိလိတ္တိလူတို့သည် ဘုရားသခင်၏သေတ္တာတော်ကိုယူ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့ ဆောင်သွားကြ၏။ 2ဘုရားသခင်၏သေတ္တာတော်ကို ဒါဂုန်ကျောင်းထဲသို့သွင်း၍ ဒါဂုန်အနားမှာ ထားကြ၏။ 3အာဇုတ်မြို့သားတို့သည် နံနက်စောစောထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့၌ မြေပေါ်မှာလဲ၍ ပျပ်ဝပ်လျက်ရှိသည်ကို တွေ့သဖြင့်၊ သူ့ကိုယူ၍ သူ၏နေရာ၌ တင်ထားပြန်ကြ၏။ 4တစ်ဖန် နက်ဖြန်နံနက်စောစောထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့၌ မြေပေါ်မှာလဲ၍ ပျပ်ဝပ်လျက်၊ ခေါင်းနှင့် လက်ဝါးနှစ်ဖက်ပြတ်၍ တံခါးခုံပေါ်မှာတင်လျက်၊ ဒါဂုန်၌ ကိုယ်တိတိရှိသည်ကို တွေ့ကြ၏။ 5ထိုကြောင့် ဒါဂုန်၏ယဇ်ပုရောဟိတ်များ၊ ဒါဂုန်ကျောင်းသို့ ဝင်သောသူများတို့သည်၊ အာဇုတ်မြို့၌ရှိသော ဒါဂုန်ကျောင်းတံခါးခုံကို ယနေ့တိုင်အောင် ကျော်နင်းလေ့မရှိကြ။ 6အာဇုတ်မြို့နှင့် မြို့နယ်၌နေသောသူတို့အပေါ်မှာ၊ ထာဝရဘုရားသည် လေးသောလက်တော်နှင့် ဖျက်တော်မူ၏။ မြင်းသရိုက်အနာနှင့်လည်း ဒဏ်ခတ်တော်မူ၏။ 7အာဇုတ်မြို့သားတို့သည် ထိုအမှုကိုမြင်လျှင်၊ ဣသရေလအမျိုး၏ဘုရားသခင်သည် ငါတို့နှင့် ငါတို့ဘုရားဒါဂုန်အပေါ်မှာ လေးသောလက်တော်ကို တင်တော်မူသည်ဖြစ်၍၊ ထိုဘုရားသခင်၏သေတ္တာတော်ကို ငါတို့တွင်မရှိစေရဟုဆိုလျက်၊ 8လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်ကို အဘယ်သို့ပြုရပါမည်နည်းဟု မေးကြ၏။ မင်းများကလည်း၊ ဣသရေလအမျိုး၏ဘုရားသခင့်သေတ္တာတော်ကို ဂါသမြို့သို့ ဆောင်သွားစေဟု စီရင်သည်အတိုင်း ဆောင်သွားကြ၏။ 9ထိုမြို့သို့ဆောင်သွားသောနောက်၊ ထာဝရဘုရား၏လက်တော်သည် ထိုမြို့၌ ကြီးစွာသောဖျက်ဆီးခြင်းကိုပြု၍၊ မြို့သူမြို့သား အကြီးအငယ်တို့ကို ဒဏ်ခတ်တော်မူသဖြင့်၊ ကိုယ်အတွင်း၌ မြင်းသရိုက်အနာကို ခံရကြ၏။ 10တစ်ဖန် ဘုရားသခင်၏ သေတ္တာတော်ကို ဧကြုန်မြို့သို့ ပို့လိုက်သဖြင့်၊ ထိုမြို့သို့ရောက်သောအခါ၊ မြို့သူမြို့သားတို့က၊ ငါတို့နှင့် ငါတို့လူများကိုသတ်စေခြင်းငှာ၊ ဣသရေလအမျိုး၏ဘုရားသခင့်သေတ္တာတော်ကို ဆောင်ခဲ့ပါသည်တကားဟု ဟစ်ကြော်လျက်၊ 11လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်သည် ငါတို့နှင့်ငါတို့လူများကို မသတ်စေခြင်းငှာ လွှတ်လိုက်ကြကုန်အံ့၊ မိမိနေရင်းအရပ်သို့ သွားပါလေစေဟု ဆိုကြ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် အလွန်လေးသော လက်တော်ကို တင်တော်မူသဖြင့်၊ တစ်မြို့လုံးသေစေတတ်သော အနာရောဂါ နှံ့ပြားလေ၏။ 12သေဘေးနှင့်လွတ်သော်လည်း မြင်းသရိုက်နာဖြင့် ဒဏ်ခတ်ခြင်းကိုခံရ၍၊ ထိုမြို့အော်ဟစ်သောအသံသည် မိုးကောင်းကင်သို့ တက်လေ၏။

ဓမ္မရာဇဝင်ပဌမစောင် - ၅ အနက်ဖွင့်

၂။ ဘဝဇာတ်လမ်း (စာကဗျာ) (အခန်း )

          : ဒေဗောရနှင့် ဗာရက်တို့၏ စာကဗျာတို့သည် ဂန္တဝင်မြောက်စာပေဖြစ်သည်။ ဘုရားသခင်ကို ချီးမွမ်းကြပြီးနောက် ဒေဗောရသည် ဣသရေလလူတို့အား ဧဒုံလူတို့ နယ်နမိတ်ကို ကျော်ဖြတ်၍ ကတိတော်မြေသို့ ပြန်သွားကြရန်ခေါ်သည်။ ထိုကာလတွင် လူအပေါင်းသည် ဘုရားသခင်၏ရှေ့တော်တွင် တုန်လှုပ်ကြသည်။

: ထို့နောက် ရှံဂါလက်ထက် ခေတ်ကာလအခြေအနေကို တဖန်နိမိတ်ဖတ်သည်။ မြို့လယ် လမ်းမကြီးများသည် ကန္တာရတောအဖြစ် ခြောက်သွေ့မည်။ ခရီးသွားလာသူများသည်လည်း သူခိုးဓားပြရန် ကြောက်နေကြသည်။ ရွာသားများသည်လည်း မိမိတို့အိမ်တွင်ပင် နှစ်ခြိုက်စွာမအိပ်ရဲကြ။ သို့နှင့် တဖန် ဒေဗောရပေါ်ထွန်းလာပြန်သည်။

: အဘယ်ကြောင့်ဆိုသော် ခြံခုန်စရှိသော ဣသရေလတို့သည ရုပ်တုဘုရားတုကိုးကွယ်ကြပြန်သည်။ တိုင်းပြည်အဝှန်းတွင် သွေးချောင်းစီးနေသည်။ ဣသရေလတို့တွင် စစ်တိုက်စရာ စစ်လက်နက်ပစ္စည်းမရှိကြ။

:၁၅ သို့သော်လည်း ဘုရားသခင်က ဗာရက်နှင့်ဒေဗောရ ထစေသောအခါ ဣသရေလအများစုသည် သတ္တိသွေးဆူလာပြန်သည်။ ဧဖရိမ်၊ ဗင်္ယာမိန်၊ မာခရိ (မနာရှေအမျိုးထဲမှ)၊ ဇာဗုလုန် နှင့် ဣသခါလူများ တက်ကြွလာကြသည်။

:၁၆၁၇ ရောက်မလာသူများအား ဒေဗောရကမှတ်ထားသည် အားကိုးတကြီး မျှော်လင့်ထားသော ရုဗင်အမျိုးသည် အေးအေးလူလူ သိုးကျောင်းနေကြသည်။ ဂိလဒ်(ဂဒ်တို့သည် ယော်ဒန်မြစ်ကိုကူး၍ စစ်ကူတိုက်ခြင်းမပြုကြ။ ဒန်လူမျိုးသည် သင်္ဘောဆိပ်နားမှာ၊ အာရှာအမျိုးသည်လည်း ပင်လယ်ကမ်းနားမှာ ဖာသိဖာသာ ဝမ်းစာရှာနေကြသည်။

တိုက်ပွဲဝင်သူများနှင့် ယေဟောဝါဘုရားသခင်အတွက် စွမ်းစွမ်းတမန် မလုပ်ဆောင်သူများ စာရင်းကို သမ္မာကျမ်းစာတွင် အသေအချာ မှတ်တမ်းတင်ထားသည်။ ယနေ့ခေတ်ကာလတွင်လည်း အမှုတော်တွင် တက်ကြွစွာပါဝင်သူများ၊ တတ်ယောင်ကားများ၊ ဝတ်ကြေတန်းကြေလှုပ်လေလှုပ်လဲ့ ပြုသူများကို ဘုရားရှင်ကြည့်နေပါသည်။ မိမိတို့ လုပ်ဆောင်ကြရသည့်အတိုင်း ဆုချီးမြှင့်ရာ နေ့ရက်ရောက်လာပါမည်။ ထို့အတူ ပျောက်ကွယ်သည့် နေ့ရက်လည်း ရှိမည် (၁ကော ၃:၁၀-၁၅)။

:၁၈၂၂ ဇာဗုလုန်နှင့်နဿလိအမျိုးတို့သည် ယေဟောဝါဘုရားရှင်နာမ၌ ရဲဝံ့စွန့်စားစွာတိုက်ပွဲ ဝင်ကြသည်။ အပျက်အစီးအကျဆုံးမရှိကြ။ ခါနန်ဘုရင်များက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ကြသော်လည်း မနိုင်ကြ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့လူများနှင့်အတူ ရှိတော်မူသည်။ ထိုသူများဘက်တွင် ဘုရားသခင်ရှိနေလျှင် ဆန့်ကျင်ဘက်အဖွဲ့၌ အဘယ်သူရပ်တည်နေနိုင်အံ့မည်နည်း။

:၂၃၂၇ မေရောဇသားတို့သည် ဘုရားလူများဘက်တွင် စစ်ကူသင့်ပါလျက်၊ မကူညီဘဲ လက်ရှောင်ကြသဖြင့် ကျိန်ခြင်းအမင်္ဂလာ သင့်ကြသည်။ ဘုရားသခင်ရှေ့တွင် လုပ်သင့်လုပ်အပ်ပါလျက် ကောင်းသောအမှု မပြုသောသူသည် အမင်္ဂလာရှိသည်ဟု မှတ်ယူရမည်။ ထိုထဲမှာ သိသရစစ်သူကြီးကို ပရိယာယ်ဖြင့် သုတ်သင်နိုင်သော အာဂသူရဲကောင်း အမျိုးသမီး ယေလပေါ်ထွန်းခဲ့သည်။ ထိုအမျိုးသမီးသည် ဘုရားသခင် ကောင်းကြီးမင်္ဂလာပေးထားသူ ဖြစ်သည်။ သခင်ယေရှု၏ မယ်တော်သည် ကောင်းကြီး မင်္ဂလာခံစားကြသော အမျိုးသမီးများအနက် အထူးကောင်းကြီးမင်္ဂလာခံစားသူဖြစ်သည် (လု ၁:၄၂)။

:၁၈၃၁ ထိုအချိန်သည် စစ်သူကြီး သိသရ၏မိခင်က အောင်ပွဲနှင့်အတူ ပြန်လာမည့် သားတော်မောင်အား မှန်ရွှေပြတင်းပေါက်က မျှော်တလင့်လင့်လည်ပင်းရှည်ချိန်ဖြစ်သည်။ အဘယ်ကြောင့် မပေါ်လာသေးသနည်းဟု တွေးပူနေသည်။ အမျိုးသမီးပညာရှိတစ်ပါးကမူ သိမ်းဆည်းရမိသော ပစ္စည်းများအား ငယ်သားများသို့ ခွဲဝေပေးနေ၍ နောက်ကျခြင်းဖြစ်ပေလိမ့်မည်ဟု နှစ်သိမ့်သည်။ သို့သော် သိသရသည် ဘယ်သောအခါမှ ပြန်မလာတော့ပါ။ သူ့ဘဝသည် ယေဟောဝါဘုရား၏လူများ လက်ထဲတွင် ဇီဝိန်ချုပ်သွားပြီ။

အခြားတစ်ဘက်တွင်မူ ဘုရားသခင်၏ လူများရှေ့၌ ထွန်းသစ်စ နေရောင်ခြည်ဖြာထွက်လာသည်။ သိသရကျဆုံးပြီးသောအခါ ထိုအရပ်ဒေသသည် နှစ်ပေါင်း (၄၀)လုံးလုံး အေးချမ်းသာယာသည်။

ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။

"

Our Visitor

0 0 2 4 4 4
Users Today : 4
Users Yesterday : 8
Users This Year : 1548
Views Today : 14
Views This Month : 255
Views This Year : 5280
"