ဓမ္မရာဇဝင်ပဌမစောင် - ၃
ဓမ္မရာဇဝင်ပဌမစောင် - ၃ အနက်ဖွင့်
(ဃ) ရှမွေလအားဘုရားခေါ်ခြင်း (အခန်း ၃)
၃:၁–၃ ထိုကာလတွင် ရှမွေလသည် ရှိလောယဇ်ပလ္လင်တွင် ဘုရားသခင်၏အမှုတော် ပြုနေသည်။ ထိုခေတ်အခါ၌ ရှားရှားပါးပါး လူများကသာလျှင်အသံတော်ကြားကြရသည်။ ပထမအခန်းငယ် ၅ ခုကို William က ဤသို့မြင်သည်။
ညမှောင်မိုက်လာပြီ။ ဘုရားသခင်၏ အလင်းမီးသည် ဗိမာန်တော်ထဲသို့ ဝင်ရောက်လာသော်လည်း ပုရောဟိတ်သက်ကျားအိုကြီးသည် မျက်စိမှုန်မွဲနေသဖြင့် ကလေးသူငယ်ပီပီ နှစ်ခြိုက်စွာအိပ်ပျော်နေသည်။၅
ဘုရားသခင်၏ မီးအလင်းဆိုသည်မှာ မီးတိုင်စင်ကိုဆိုလိုသည်။ နေရောင်ခြည်နှင့်မတူ၊ တစ်မျိုးအလင်ရောင်ရှိသည်။
၃:၄–၉ တစ်ည၌ ရှမွေလအိပ်ပျော်နေစဉ် ခေါ်သံကြားသောကြောင့် ဧလိခေါ်သည်ဟု ထင်၍ ဧလိထံသို့ ထသွားသည်။ သို့သော် ဧလိက မခေါ်။ တစ်ခေါခေါအိပ်ပျော်နေဆဲ။ ထိုကဲ့သို့(၃)ကြိမ်တိုင်တိုင် ဖြစ်သောအခါ ဧလိက ဘုရားသခင်၏ခေါ်သံဖြစ်ကြောင်း နားလည်လိုက်သည်။ ရှမွေလကမူ နားမလည်။ ထိုခေတ်ကာလထိ ဘုရားသခင်က လူအား တိုက်ရိုက်ခေါ်ခြင်းမကြုံဖူးကြ(ငယ် ၇)။ သို့နှင့် နောက်တစ်ခါ ခေါ်သံကြားလျှင် “အို၊ ထာဝရဘုရား အမိန့်တော်ရှိပါ ကိုယ်တော်၊ အကျွန်ုပ်ကြားပါသည်” ဟု ဧလိက ရှမွေလအား သင်ပြသည်။
၃:၁၀–၁၄ စတုတ္ထအကြိမ်ခေါ်သံကြားရပြန်သောအခါ ရှမွေလသည် ဧလိသင်ပေးသည့်အတိုင်း “ကိုယ်တော်ဘုရား အမိန့်တော်ရှိပါ၊ ကျွန်ုပ်နားထောင်နေပါသည်” ဟု ဆိုသည်။ ဘုရားရှင်က ဧလိတို့အိမ်ထောင် မိသားစု၏ အပြစ်ဒုစရိုက်သည် ယဇ်ပူဇော်ခြင်းဖြင့် မပြေနိုင်၊ ဣသရေလလူများ မှတ်သားလောက်အောင် ဆုံးမမည်ဟု ထပ်လောင်းမိန့်မှာသည်။ ဖခင်ဧလိသည် သားများအား လိမ္မာရေးခြားရှိအောင် ဆုံးမသွန်သင်ခြင်း ပျက်ကွက်သောကြောင့် အပြစ်ဒုစရိုက်ပြုသည်။ သားများက ဘုရားရှင်ကို ခြေကန်ကြသည်။ သို့ကြောင့် မိမိတို့ပြုသည့်အတိုင်း အကျိုးခံစားရမည်ဟု ဆိုသည်။ အပြစ်အဖိုးအခအပြစ် သေကြရမည်။ ဧလိတို့ မိသားစုထံကြမ္မာဆိုးဝင်မည့်အကြောင်းကို အခန်း(၂)တွင် တကြိမ် ရှမွေလတွင် တကြိမ်(ငယ် ၁၄) သတိပေးလိုက်သည်။
၃:၁၅–၁၈ ရှမွေလသည် ဘုရားသခင်စကားတော်အား ဧလိသို့ ပြောပြရန် ပထမတွင် ရွံ့နေသည်။ သို့သော် ယဇ်ပုရောဟိတ်တို့သည် ဘုရားသခင်စကားတော်များကို မြွတ်ဟပေးသူများ ဝတ္တရားရှိသည့်အတိုင်း အရဲစွန့်လိုက်သည်။ ဧလိကလည်း ဘုရားသခင်၏ တရားမျှတသော အပြစ်စီရင်ချက်ကို ကျေနပ်စွာလက်ခံသည်။ ဘုရားသခင်သည် အာရုန်၏သား ယဇ်ပုရောဟိတ်နှစ်ပါးကို ချက်ချင်းအပြစ်စီရင်ခဲ့သည် (ဝတ် ၁၀)။ ယခုဟောဖနိနှင့် ဖိနဟတ်ကို ချန်ထား၍ ဖြစ်ပါ့မည်လား။
၃:၁၉–၂၁ ထိုသို့ဖြင့် ရှမွေလသည် ငယ်စဉ်တောင်ကျေးသူငယ်နှပ်စား ဘဝမှစ၍ အချိန်နှင့်တပြေးညီ အမှုတော်၌ မွေ့လျော်သည်။ ဒန်မြို့မှစ၍ ဗေရရှေဘတိုင်အောင် ဣသရေလတစ်မျိုးသားလုံးက ထာဝရဘုရားသခင်၏ ယဇ်ပုရောဟိတ်အမှန်ဖြစ်ကြောင်း ဝန်ခံကြသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
7
Users Today : 7
Users Yesterday : 8
Users This Year : 1551
Views Today : 22
Views This Month : 263
Views This Year : 5288"
Our Visitor





