ဓမ္မရာဇဝင်ပဌမစောင် - ၂၉
ဓမ္မရာဇဝင်ပဌမစောင် - ၂၉ အနက်ဖွင့်
(၃) အာခိတ်မင်းကဒါဝိဒ်စေလွှတ်ခြင်း (အခန်း ၂၉)
၂၉:၁–၅ ဒါဝိဒ်နှင့်တပည့်တပန်းများသည် ဖိလိတ္တိတို့နှင့် ပူးပေါင်း၍ ပင်မတပ်ဖွဲ့မှ လိုက်ပါလာကြသည်။ အချို့မင်းညီမင်းသားများက အာခိတ်မင်းနှင့်အတူ ပင်မတပ်ဖွဲ့မှ ဒါဝိဒ်လိုက်ပါခြင်းအား မနှစ်သက်ကြ။ စစ်တိုက်ကောင်းနေစဉ် ဘက်ပြောင်းမှာ စိုးရိမ်ကြသည်။ တန်ပြန်တော်လှန်မည် ကြောက်ကြသည်။ ဖိလိတ္တိတွေးသကဲ့သို့ ရှောလုမင်းနှင့် စစ်ပြေငြိမ်းစရာအကြောင်း ရှိမည်လား။ ရှောလုတစ်ထောင်ထောင် ဒါဝိဒ် အသောင်းသောင်းဟူသော စကားကို ပြန်လည်ကြားယောင်ကြသည်။
၂၉:၆–၁၁ အကြံပေးချက်များသည် အကျိုးအကြောင်းခိုင်လုံပါသည်။ သို့ကြောင့် အာခိတ်မင်းက ဒါဝိဒ်အား ဇိကလပ်သို့ ပြန်လွှတ်သည်။ ဤနေရာတွင် ဒါဝိဒ်၏ အဖြေစကားသည် မှတ်သားဖွယ်ရာကောင်းသည်။ “ကျွန်တော်သခင် ရှင်ဘုရင်၏ ရန်သူတို့ကို စစ်တိုက်မသွားစေခြင်းငှါ အဘယ်သို့ပြုဘိသနည်း“ ဟု ဆိုသည်။ ထိုရန်သူများသည် ဒါဝိဒ်၏ အမျိုးအနွယ်ဖြစ်သည်။ ဒါဝိဒ်သည် အာခိတ်မင်းကို တစ်ခါလှည့်စားဖူးသည် (အခန်း၂၇)။ ယခုတကြိမ်လည်း ဖိလိတ္တိလူများကို လှည့်ဖျားဖို့ ထပ်မံကြိုးစားခြင်း ဖြစ်သည်။ အမှန်တကယ် တိုက်ခိုက်လျှင် ဣသရေလတို့ကို နိုင်ခြေရှိသည်။ နိုင်လျှင်လည်း ဖိလိတ္တိတို့က အုပ်စိုးကြဦးမည်။ ဂေါလျက်ခေါင်းကို ဖြတ်သောငှက်ကြီးတောင်ဓါးဖြင့် ဣသရေလခေါင်းများ ဖြတ်ဖို့ ဘုရားရှင်က ခွင့်မပြု။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
7
Users Today : 7
Users Yesterday : 8
Users This Year : 1551
Views Today : 22
Views This Month : 263
Views This Year : 5288"
Our Visitor





