ဓမ္မရာဇဝင်ပဌမစောင် - ၂၇
ဓမ္မရာဇဝင်ပဌမစောင် - ၂၇ အနက်ဖွင့်
(စ) ဖိလိတ္တိပြည်၌နေထိုင်ခြင်း (အခန်း ၂၇–၃၀)
(၁) ဇိကလတ်မြို့ကတောင်းဆိုခြင်း (အခန်း ၂၇)
၂၇:၁–၄ ရှောလုမင်း၏ အမဲလိုက်ခြင်းခံနေရသဖြင့် ဒါဝိဒ်သည် တစ်နေရာမှ တစ်နေရာသို့ ဣန္ဒြေမရပြေးလွှားပုန်းအောင်းနေရသည်။ ပြေးနိုင်မှ လွတ်မည်။ မပုန်းနိုင်လျှင် ဣသရေလဘုရင်မဖြစ်ဘဲ ရှောလု၏ဓါးစာမိသွားမည်။ ဘုရားသခင် ဘိသိက်ပေးထား၍သာ အသက်ရှင်နေရသည်။ သို့မဟုတ်လျှင်ယုံကြည်ခြင်းယိမ်းယိုင်စရာအကြောင်းရှိသည်။ ဣသရေလ ရှင်ဘုရင်အဖြစ် အမှန်တကယ်နန်းစံဦးမှာလား။ ဂေါလျက်လက်ထဲမှ ကယ်ထုတ်သကဲ့သို့ ရှောလုလက်ထဲမှ ကယ်ထုတ်ခြင်းခံရဦးမှာလား။ တွေးလေမှန်လေ၊ ကမ်းမမြင်မပီဝိုးတဝါးဖြစ်နေသည်။ ဘဝတလျှောက်ဖြတ်သန်းရသော ဘေးအန္တရာယ်များသည် ကတိတော် ပြည့်စုံခြင်းဖြစ်စေနိုင်ပါ့မည်လား။ သို့ကြောင့် လွတ်ရာကျွတ်ရာ ဣသရေလတို့ရန်သူ၊ ဖိလိတ္တိအမျိုး၊ ဂါသဘုရင် အာခိတ်မင်းထံ နိုင်ငံရေးခိုလှုံခွင့်တောင်းသည်။ ဖိလိတ္တိနယ်မြေထဲတွင် ပြေးလွှားပုန်းအောင်းသည့် နှစ်လကြာရှည်နေပြီ။ အာခတ်မင်းကလည်း ဒုက္ခသည်မှန်းသိသည်။ ဆိုးသောအာခိတ်မင်းသည် ဤတစ်ကြိမ်တွင် နွေးထွေးစွာကြိုဆိုသည်။ ဤသို့ကိုဆိုခြင်းသည် ၂၁:၁၀ပါ အာခတ်မင်းနှင့် ဒါဝိဒ်တို့တွေ့ဆုံခြင်းနှင့်မသက်ဆိုင်။ “အာခိတ်” ဟူသောနာမသည် ဖိလိတ္တိမင်းတို့၏၂၂ ဘွဲ့ထူးဂုဏ်ထူးဖြစ်သည်။ ဖိလိတ္တိပြည်ထဲသို့ ဒါဝိဒ်ဝင်သွားကြောင်း သိရသောအခါ ရှောလုလည်း မလိုက်ရဲတော့ပါ။
၂၇:၅–၇ နောက်ဆုံးတွင် ဒါဝိဒ်သည်ဂါသ (အခန်း ၂၁)တွင် နေထိုင်သည်။ “အာခိတ်မင်းက ခွင့်ပြုသော်လည်း မင်းမှုထမ်းများက မကျေနပ်ကြ။ ဘေးဒုက္ခပေးဖို့ ချောင်းမြောင်းအခွင့်ကောင်း စောင့်နေကြသည်။ ဒါဝိဒ်ကလည်း လက်လွတ်စပယ်မနေ။ ထိုအခြေအနေကို သိနေသည်။ ဘုရင့်နေပြည်တော်တွင် မနေသင့်တော့ပါ။ သို့ကြောင့် မြို့ပြပြည်ရွာတစ်ခု အပိုင်စားပေးရန် တောင်းဆိုသည်။ အာခိတ်မင်းက ဣသရေလနယ်စပ်မြို့ ဇိကလတ်(မူလပိုင်ရှင်ယုဒ၊ ယောရှု ၁၅:၃၁)အား ပေးလိုက်သည်။
၂၇:၈–၁၂ ဒါဝိဒ်သည် ဖိလိတ္တိပြည်တွင် (၁၆)လကြာနေသည့်ကာလအတွင်း၌ ဂေရှုရိလူ၊ အေရဇိလူ၊ အာမလက်လူတို့ကို တိုက်ခိုက်သိမ်းပိုက်၍ ရသမျှကို အာခိတ်မင်းထံအပ်နှံသောကြောင့် အာခိတ်မင်းက ယုံစားရှိသည်။ ထိုလူမျိုးများသည် ခါနန်အမျိုးအနွယ်များဖြစ်၍ ရှေးမဆွကတည်းက ဘုရားသခင် ဖျက်ဆီးခိုင်းသော လူရိုင်းများဖြစ်သည် (ထွ ၁၇:၁၄၊ ယောရှု ၁၃:၁၃၊ ၁ရာ ၁၅:၂-၃)။ ဒါဝိဒ်သည် ပြည်ပြေးဘဝဖြစ်သော်လည်း ဘုရားသခင်နိုင်ငံတော်အတွက် စစ်တိုက်နေရသည်။ သို့သော် စဉ်းစားစရာ ပေါ်လာသည်မှာ ဘုရားသခင်နိုင်ငံတော်အတွက် ရန်သူများကို နှိမ်နင်းတိုက်ခိုက်နေရသော်လည်း ရှောလုလက်ထဲမှ ကွယ်ကာလုံခြုံမှုပေးမည်ဟု ယုံကြည်ခြင်းမရှိ။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
7
Users Today : 7
Users Yesterday : 8
Users This Year : 1551
Views Today : 22
Views This Month : 263
Views This Year : 5288"
Our Visitor





