ဓမ္မရာဇဝင်ပဌမစောင် - ၂၃
ဓမ္မရာဇဝင်ပဌမစောင် - ၂၃ အနက်ဖွင့်
(၄) ကိလသားတို့ သစ္စာဖောက်ခြင်း (အခန်း ၂၃)
၂၃:၁–၅ ဖိလိတ္တိသားများက ကိလမြို့အား တိုက်ခိုက်သိမ်းပိုက်ကြောင်း ဒါဝိဒ်ကြားသိသည်။ ဘုရားသခင်၏ လမ်းညွှန်ချက်ဖြင့် ဒါဝိဒ်သည် ဖိလိတ္တိတို့အား လိုက်လံ တိုက်ခိုက်ချေမှုန်းပြီး အသက်အိုးအိမ်စည်းစိမ်များကို ချမ်းသာရာရစေသည်။
၂၃:၆–၁၂ ကိလတွင် ဒါဝိဒ်ရောက်ရှိကြောင်း ရှောလုသတင်းရသောအခါ ထောင်ချောက်ဆင်သည်။ ဘုရားသခင်၏လူ ဒါဝိဒ်ကလည်း ဘုရားသခင်ကို မေးမြန်းတိုင်ပင်ပြီးမှ လုပ်ဆောင်လေ့ရှိသည်။ ကိလအရေးခင်းနှင့်ပတ်သက်၍ မည်သို့ရှိပါစေ။ ဒါဝိဒ်သည် ယဇ်ပုရောဟိတ်အဗျာသအား ကပျာကသီဆင့်ခေါ်၍ ခုရိမ်နှင့်သုမိန်ယူဆောင်လာခိုင်းသည်။ ဘုရားသခင်အား မေးမြန်းလျှောက်ကြည့်သောအခါ ကိလသားများက ဒါဝိဒ်အား သစ္စာဖောက်၍ ရှောလုထံအပ်နှံကြမည်ဟုဆိုသည်။
၂၃:၁၃–၁၈ သို့ကြောင့် ဒါဝိဒ်တို့အဖွဲ့သည် ဟေဗြုန်၏အရှေ့တောင်ဘက် ဇိဖတောနက်ထဲသို့ ပြေးလွှားပုန်းခိုကြသည်။ ရန်သူများကလည်း ထပ်ကြပ်မကွာလိုက်လာကြသည်။ ထိုသို့ လိုက်တမ်းပုန်းတမ်းကစားကြနေစဉ်တစ်နေ့သောအခါ ယောနသန်သည် ဒါဝိဒ်ရှိရာသို့ ရောက်သွားသည်။ ဒါဝိဒ်အား ပြေးဖက်ပြီး စိုးရိမ်ခြင်းမရှိနှင့် ငါ့အဖေ၏လက်ချက်ဖြင့် မသေနိုင်။ တစ်နေ့ရှင်ဘုရင် ဖြစ်မည့်အကြောင်းနှင့် သူသည် ဒါဝိဒ်အောက်တွင် အမှုထမ်းဆောင်မည့်အကြောင်း ဖခင်ရှောလု သဘောပေါက်ပါသည်ဟု အားပေးနှစ်သိမ့်သည်။ ယနေ့ခေတ်ကာလတွင်လည်း အမှုတော်ဆောင်များအား နှစ်သိမ့် အားပေးရမည်။ အသင်းတော်များသည်လည်း ပတ်ဝန်းကျင်၏ တိုက်ခိုက်မှု ခံနေကြရသည်။ အားငယ်နေသည့်အချိန်တွင် အားပေးစကားတစ်ခွန်း၏ တန်ခိုးသည် ကြီးမားလှပါသည်။ ယောနသန်သည် ဒါဝိဒ်အား ပုဂ္ဂိုလ်အား ပုဂ္ဂိုလ်ရေးအားဖြင့် ချစ်ခင်မြတ်နိုးသူဖြစ်သည်။ ဖခင်ရှောလုက မုန်းတီးသော်လည်း တစ်နေ့ ဣသရေလရှင်ဘုရင်အဖြစ် စိုးစံမည်ဟု ယုံကြည်သည်။ ယောနသန်ကဲ့သို့ မိတ်ကောင်းဆွေကောင်း ရရှိခြင်းသည် အဖိုးတန်ရတနာပိုင်ဆိုင်ခြင်းဖြစ်သည်။ ထိုနောက် ဒါဝိဒ်နှင့် ခွဲခွာပြီး အိမ်ပြန်လာခဲ့သည်။၂၀
၂၃:၁၉–၂၉ ဇိဖသားများကလည်း ဒါဝိဒ်ကို သစ္စာဖောက်ကြသည်။ ဒါဝိဒ်၏ သတင်းစကားအား ရှောလုထံသို့ ပေးပို့ကြသည်။ တစ်ချိန်က ကယ်တင်ရှင်အား အလွယ်တကူ မေ့လျှော့ရက်ကြသည်။ အနီးအနားသို့ ရှောလုရောက်ရှိလာကြောင့် အနံ့ရသောအခါ ဒါဝိဒ်သည် မောနတော သို့ ထွက်ပြေးပုန်းရှောင်ရပြန်သည်။ ရှောလု၏ လူများနှင့် ဒေသခံဇိဖသားတို့က တောနင်းလိုက်ရှာကြသောကြောင့် ဒါဝိဒ်တို့အဖွဲ့အား ဝိုင်းလုမတက် ဖြစ်နေသည်။ ဣသရေလတို့၏ ရန်သူများသည် ဣသရေလတို့ မကြည်ညိုသောဘုရင်နှင့် သူတော်အချင်းချင်း သတင်းလွင့်လွင့်ပေါင်းဖက်နေကြပြီ။ အိုးပဲ့နှင့် စလောင်းရွဲ့အံဝင်ဂွင်ကျဖြစ်နေကြပြီ။ ထိုအရပ်ကို သေလဟမ္မလေကုပ်ဟု နာမည်တွင်သည်။ ဒါဝိဒ်ကို အဖွဲ့သည် အင်္ဂေဒိအရပ်တွင် ပင်လယ်သေ အနောက်ဖက်ကမ်းသို့ မြေလျှိုးမိုးပျံသွားကြသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
7
Users Today : 7
Users Yesterday : 8
Users This Year : 1551
Views Today : 22
Views This Month : 263
Views This Year : 5288"
Our Visitor





