ဓမ္မရာဇဝင်ပဌမစောင် - ၂၁
ဓမ္မရာဇဝင်ပဌမစောင် - ၂၁ အနက်ဖွင့်
(၂) အဟိမလက်ကသနားခြင်း (အခန်း ၂၁)
ကေသရာဇာခြင်္သေ့မင်းသည်လည်း ငတ်ပြတ်လျှင် မြက်စားရကိန်းကြုံသကဲ့သို့ ဒါဝိဒ်သည်လည်းမလွတ်။ ဤအခန်း ၂၁ သည် နောဗ(ငယ်၁-၉)တွင် ကြုံတွေ့ရသည်။ ဝမ်းနည်းဖွယ်ရာ ဇာတ်လမ်းနှင့် ဖိလိတ္တိမင်းရှေ့တွင် အရူးဟန်ဆောင်ခန်းဖြစ်သည် (ငယ် ၁၀-၁၅)။
၂၁:၁–၆ ဒါဝိဒ်သည် ရှမွေလထံသို့ (အခန်း ၁၉)၊ ယောနသန်ထံသို့ (အခန်း၂၀) သွားခဲ့ပြီးနောက် ယခု ယဇ်ပုရောဟိတ်ကြီးထံသို့ ပြေးလွှားရပြန်သည်။ ဒါဝိဒ်တစ်ကိုယ်တော်ရောက်လာသဖြင့် ယဇ်ပုရောဟိတ်ကြီး အဟိမလက်သည် အံ့ဩတုန်လှုပ်သွားသည်။ (နောက်လိုက်အနည်းငယ်ပါရှိသော်လည်း ပုန်းအောင်းခိုင်းသေးသည် ငယ် ၂၊ မ၁၂:၃)။ ဘုရင့်လျှို့ဝှက်ကိစ္စဖြင့် ရောက်လာကြောင်း ဒါဝိဒ်က ရှင်းပြသည်။ ထို့နောက်စားစရာမုန့်တောင်းသည်။ ခက်သည်က ပွဲတော်တင်လှူပူဇော်ထားသော မုန့်တော်မှလွဲ၍ အခြားမုန့်မရှိ။ ယဇ်ပုရောဟိတ်က ဆာလောင်ငတ်မွတ်စွာ ပြေးလာသူအား သနား၍ ပွဲတော်ကျမုန့်ကျွေးချင်ပါသည်။ သို့သော် မစင်ကြယ်ခြင်းမရှိစေရန် ယခုရက်ပိုင်းမှာ မေထုန်မှီဝဲခြင်းရှိပါသလားဟု မေးမြန်းရာ မစင်ကြယ်ခြင်း မရှိရုံသာမက ဖြူစင်ကြကြောင်း ကတိပေးလိုက်သည်။ ထိုအခါ ယဇ်ပုရောဟိတ်ကြီးက ပွဲတော်မုန့်ကို ချပြီးဒါဝိဒ်သို့ ပေးလိုက်သည်။
မ ၁၂:၃-၄ တွင် သခင်ယေရှုက ဣသရေလတို့၏ အယူသီးမှုကို ဤအဖြစ်အပျက်အား ပုံဥပမာပေး ရှင်းပြခဲ့သည်။ အကယ်၍ ဒါဝိဒ်သည် ဘုရင့်ပလ္လင်ပေါ်တွင် စိုးစံနေလျှင် ထိုကဲ့သို့ ကောင်းစားရမည့်ကိန်း ကြုံရမည်မဟုတ်။ ဤနေရာတွင် ပွဲတော်မုန့်ဖြင့် ကရုဏာတော်အား ချုပ်ချယ်ကန့်သတ်စရာ မဖြစ်စေရ။ ကျေးဇူးတော်ထင်ရှားဖို့ ဖြစ်ကြောင်း သင်ခန်းစာရရှိပါသည်။
၂၁:၇–၉ ထိုကာလတွင် ရှောလု၏ တပည့်ဒေါဂသည် ဘုရားသခင်ရှေ့တော်၌ အမှုတော်ထမ်းဆောင်ရန် ရှိနေသည်။ ဧဒံလူမျိုးဖြစ်သော်လည်း ဟေဗြဲဘာသာသို့ ကူးပြောင်းသက်ဝင်ယုံကြည်သူဖြစ်သည်။ ဗိမာန်တော်ဝတွင် စင်ကြယ်သောအရာနှင့် မစင်ကြယ်သောအရာများ စစ်ဆေးရသည်။ ယဇ်ပုရောဟိတ်အဟိမလက်နှင့် ဒါဝိဒ်တို့ တွေ့ဆုံဆက်ဆံကြပုံကို ရှောလုထံသို့ သတင်းပေးသည်။ ထိုအကြောင်းကို ဒါဝိဒ်ရိပ်မိသောကြောင့် လက်နက်တစ်စုံတရာရှိသလားဟု တောင်းဆိုသည်။ ဂေါလျက်ခေါင်းကို ဖြတ်သည့်ဓါးမှတပါး အခြားလက်နက်မရှိကြောင်း သိသောအခါ ထိုဓါးသည် ပို၍ကောင်းပါသည်ဟု ဝန်ခံရယူလိုက်သည်။ ထိုဓါးပေါ်တွင် ယုံကြည်စိတ်ချမှု အပြည့်အဝရှိသွားသည်။
၂၁:၁၀–၁၅ ဒါဝိဒ်သည် ဣသရေလမှ ဂေါလျက်ဇာတိ ဂါသမြို့သို့ ပြေးသည်။ ဘုရားသခင် ဘိသိက်ပေးထားသော ဣသရေလဘုရင်သည် ဘုရားသခင်၏ ရန်သူများအကြားတွင် ဒုက္ခသည်ဘဝဖြင့် ပြေးလွှားပုန်းခိုနေရသည်။ ဖိလိတ္တိလူများက ဒါဝိဒ်အား မှတ်မိ၍ အသက်ရန်ရှာကြသောအခါ အရူးယောင်ဆောင်လိုက်သည်။ ထိုအကြောင်းကို DeRothchildက လူ့ဇာတိအတွေးဖြင့် သတိလက်လွှတ် ရှိသော်လည်း ဘုရားသခင်ဝိညာဉ်တော်က ကွယ်ကာစောင့်ရှောက်သည်” ဟု ဆိုသည်။၁၉ ဣသရေလ ဆာလံဆရာများက မုတ်ဆိတ်တွင် တံတွေးပေကျံခြင်းကို လွတ်မြောက်ရာဂိတ်ဝတံခါးဟု တင်စား ဖွဲ့ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ လူများ၊ ဒါဝိဒ်ကဲ့သို့သောလူများကို ဘုရားသခင်က နှစ်လိုဖွယ်ရာ မဟုတ်သော အမှုအရာများ ဖြင့်လည်း ကယ်တင်တတ်သည်။
သို့သော် ဒါဝိဒ်အသက်တာမှ သင်ယူစရာသင်ခန်းစာများစွာရရှိသည်။ သင်ခန်းစာအသစ်မကူးပြောင်းမီ ဆာ ၃၄ကို ဦးစွာ ဖတ်ပါ။ ဤအကြောင်းအရာကိုသဘောပေါက်သွားမည်။ ဒါဝိဒ် ၏အတွင်းစိတ်ကို ပီပြင်စွာသရုပ်ဖော်ထားသည်။ အခြေအနေ နိမ့်ကျဆိုးဝါးနေသော်လည်း ဘုရားသခင် သိကျွမ်းခြင်း၌ ပိုမိုခိုင်မာ ကြီးပြင်းပုံဖော်စပ်ထားသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
7
Users Today : 7
Users Yesterday : 8
Users This Year : 1551
Views Today : 22
Views This Month : 263
Views This Year : 5288"
Our Visitor





