ဓမ္မရာဇဝင်ပဌမစောင် - ၁၅
ဓမ္မရာဇဝင်ပဌမစောင် - ၁၅ အနက်ဖွင့်
(၃) နာခံမှုလုံးဝပျက်ကွက်ခြင်း (အခန်း ၁၅)
၁၅:၁–၃ ရှောလု၏ ဘုန်းတန်ခိုး ကံကြမ္မာသည် နိမ့်ကျသထက်နိမ့်ကျလာရာ အောင်ခြေနားရောက်နေပြီ။ အကျိုးအကြောင်းရှင်းပြခြင်း အထွေအထူးမရှိ။ ဘုရားသခင်က ဣသရေလလူမျိုးအား အဲဂုတ္တုပြည်မှ ခေါ်ထုတ်လာစဉ် အာမလက်လူတို့သည် ဣသရေလလူတို့အား လမ်းခုလတ်တွင် ရက်စက်စိမ်းကားစွာ ဆက်ဆံခဲ့ကြသည် (တရား ၂၅:၁၇-၁၉)။ ဘုရားရှင်ပေးသော စစ်မိန့်သံသည် ရှင်းလင်းပြတ်သားသည် တစ်ယောက်မှ အသက်ရှင် မထားရဟုဆိုသည်။ အာမလက်လူတို့၏ ဆိုးညစ်မှုကို မှတ်သားရပေါင်းများပြီ။ သို့သော် မပြောင်းလဲနိုင်သေး (ထွ ၁၇:၁၄-၁၆၊ တော်၂၄:၂၀)။ သို့ကြောင့် မိမိပြုသောအမှုဒုစရိုက်၏ အပြစ်ဒဏ် ခံကြရမည်။
၁၅:၄–၁၂ အာမလက်မြို့ တိုက်ခိုက်သိမ်းပိုက်ဖို့ ရှောလုသည် စစ်အင်အားစုစည်းသည်။ အာမလက်တို့အား ထိုသို့မတိုက်ခင်မီ အာမလက်လူများနှင့် ရောနှောနေထိုင်ကြသော ကေနလူများကို ပြောင်းရွှေ့ခိုင်းသည်။ ကေနလူများသည် ဣသရေလတို့ ကန္တာရခရီးစဉ်တွင် ကူညီပံ့ပိုး စေတနာထားသူဖြစ်သည်။ ဣသရေလတို့ ကန္တာရ ခရီးစဉ်တွင် ကူညီပံ့ပိုးစေတနာထားသူများဖြစ်သည်။ သို့ကြောင့် ကေနလူများအား ဘုမသိဘမသိ မသေစေလို။ ဘုရားသခင်၏ ရန်သူများကိုသာ မှတ်လောက်သားလောက်အောင် ဆုံးမချင်သည်။ ရှင်ဘုရင်နှင့် ကောင်းပေ့ဆူပေ့တိရစ္ဆာန်များမှလွဲ၍ အားလုံးသတ်ဖြတ်ပစ်သည်။ (အသက်ရှင်သူများကို ရွေးနှုတ်နိုင်ကြောင်း ၃၀:၁-၆၊ ၂ရာ ၈:၁၂၊ ၅ရာ ၄:၄၃တွင်လည်း ပြဌာန်းထားသည်။ ခရီးအတန်ကြာပေါက်လာသောအခါ ရှောလုက စကားတော်မနာခံပုံကို ရှမွေလသိရှိသားသည်။ ထို့ကြောင့်ဤပြဿနာ မည်သို့ကိုင်တွယ်ဖြေရှင်းရမည့်အကြောင်း ရှမွေလသည် တညဉ့်လုံး ဒူးထောက်ဆုတောင်းသည်။ နံနက်ယံတွင် အဖြေရရှိသွားသည်။
၁၅:၁၃–၃၅ ဂိလဂါလသို့ ပြန်လာရာ လမ်းခရီးတစ်ဝက်တွင် ရှောလုသည် အောင်မြင်မှု မှတ်တိုင်စိုက်ထူသည်။ သို့သော် ရှမွေလကမူ ရှောလု၏ မနာခံမှုအား စိတ်မချမ်းမြေ့။ ရှောလုကို နည်းနည်းမှ ခွင့်မလွှတ်နိုင်။ ပရောဖက်ရှမွေလ၏ နားတွင်ပြည့်လျှံနေသည်။ ငြင်းပယ်ခြင်းခံနေရာပြီ။ ရှမွေလသည် ဘုရားသခင်စကားထက် ဘုရားရှင်အတွက် ရွေးချယ်မှုက ပိုကောင်းသည်ဟု ယူဆခဲ့သည်။ ယခုမှားမှန်းသိသောအခါ နောင်တရလျက် ရှမွေလထံပြန်ချဉ်းကပ်သည်။ ရှမွေလက အတူတူမနေနိုင်ကြောင်း ငြင်းဆုံပြီး ထွက်သောအခါ လိုက်ဆွဲသောကြောင့် ရှမွေလ၏ ဝတ်ရုံမား ဆုတ်ပြဲသွားသည်။ ဘုရားရှင်၏ နိုင်ငံတော်သည် ရှောလုကြောင့် ပြိုကွဲပျက်စီးမည့် နိမိတ်လက္ခဏာဖြစ်သည်။
ရှမွေလက စိတ်တထစ်လျှော့၍ ရှောလုနှင့်အတူ ဘုရားသခင်အား ရှိခိုးကိုးကွယ်ကြပြီးသောအခါ စစ်သုံ့ပန်း အာခတ်မင်းအား ခေါ်ဆောင်လာခိုင်းသည်။ အာခတ်မင်းသည် သေကံမရောက်သက်မပျောက်၊ သေနေ့သေချိန်လွန်မြောက်ပြီဟု စိတ်ထင်ခဲ့သည်(ငယ်၃၂)။ တပည့်ရှောလု၏ မနာခံမှုကြောင့် ဆရာသမား ရှမွေလသည် အာပတ်သင့်လေပြီ။ မိခင်၏သားများကို သတ်ဖြတ်ခဲ့သည့်အတိုင်း အာခတ်မင်းသည် အပိုင်းပိုင်း ခုတ်ထစ်ခြင်းခံရပြီ။ လူ့လက်မှ လွတ်သော်လည်း တရားတော်ဓါးအောက်မှ မလွတ်။
အပိုဒ်ငယ် ၂၂မှ ဘုရားသခင်၏ နှုတ်ကပတ်တော်ထွက်စကားကို ဆင်ခြင်မှတ်သားကြပါစို့။ ဘဝအစအလယ်အဆုံး နာခံခြင်းရှိဖို့ မှာထားသည်။ နာခံခြင်းသည် ဘုရားသခင်၏ စိတ်တော်နှင့်ထိတွေ့ နားထောင်ခြင်းသည် သိုးထီးဆီဥ ပူဇော်ခြင်းထက်ကောင်း၏။ ထိုအကြောင်းနှင့်ပတ်သက်၍ Erdmann က ဤသို့ဆိုထားသည်။
နာခံခြင်းသည် ယဇ်ပူဇော်ခြင်းထက် ကောင်း၏ဟု ဆိုထားပါသည်။ နာခံခြင်းဟု ဆိုရာတွင် နားထောင်ရုံသက်သက်မဟုတ်ဘဲ လက်တွေ့လိုက်နာလုပ်ဆောင်ခြင်းသည်လည်း ပါဝင်သည်။ စိတ်နှလုံးမပါဘဲ ထုံးစံအတိုင်း ယဇ်ပူဇော်ခြင်းသည် တန်ဖိုးမရှိ။ ထို့ပြင်မနာခံငြင်းပယ်ခြင်းသည် ပုန်ကန်ခြင်းဖြစ်၍ မိမိစိတ်ထင်ရာ ဒုံးစိုင်းခြင်းဖြစ်သဖြင့် ဘဝပျက်စီးရာဖြစ်သည် အပြင်ပန်းသဏ္ဍာန်ဖြင့် ထိုမျှအရုပ်ဆိုးလျှင် အတွင်းသရုပ်သည် စာတန်၏ တန်ခိုးများဖြင့် ပြည့်နှက်နေပေမည်။ ရုပ်တုဆင်းတုကိုးကွယ်ခြင်းတစ်မျိုးဖြစ်သည်။၁၄
အပိုဒ်ငယ် ၂၉နှင့် ၃၅သည် ဖီလာဆန့်ကျင်သယောင်ရှိသည်။ ပထမတွင် ဘုရားသခင်သည် စိတ်သဘောမပြောင်းလဲဟု ဆိုသည်။ ဒုတိယတွင်မူ ရှောလုအား ဘုရင်အဖြစ် အမှတ်ထားသည်ဟု ဆိုသည်။ အပိုဒ်ငယ် ၂၉သည် ဘုရားသခင်၏ သဘောသဘာဝအရင်းခံဖြစ်သည်။ မနေ့၊ ယနေ့၊ နောင်ကာလ ပြောင်းလဲခြင်းမရှိပုံ ဖော်ညွှန်းသည်။ အပိုဒ်ငယ် ၃၅သည် ရှောလု၏ လုပ်ဆောင်ချက်အတိုင်း ဘုရားသခင်ထံတော်မှ ကောင်းကြီးပြောင်းလဲပုံကို ဆိုလိုသည်။ သို့ကြောင့် ဤကျမ်းစကားအရ နာခံသူသည် ကောင်းကြီးမင်္ဂလာခံစားရ၍ မနာခံသူသည် အရေးအပြစ်ပေးခြင်းခံရသည်ဟု နားလည်ရသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
7
Users Today : 7
Users Yesterday : 8
Users This Year : 1551
Views Today : 22
Views This Month : 263
Views This Year : 5288"
Our Visitor





